← Chapters

ကြယ်ခြောက်ပွင့် အဆင့်နိမ့် လျှပ်စီးလက်သီးကျင့်စဉ်

Vol. 2 Ch. 20

ကြယ်ခြောက်ပွင့် အဆင့်နိမ့် လျှပ်စီးလက်သီးကျင့်စဉ်

Vol. 2 Ch. 20

-------

စစ်သူကြီးလင်းယုလည်း လုံထန့်သူကိုပေးသော ဆေးပုလင်းများကို ကြည့်၍ စကားပင်မပြောနိုင်ပဲ စွန့်အ နေခဲ့သည်။

" ကျေးဇူးတင်ပါတယ် အရှင့်သား "

" ကြိုးစားပါ " စစ်သူကြီး အများကြီးမျော်လင့်ထားတယ် ။

လုံထန့်လဲ ထိုသို့ပြောပြီးနောက် စစ်သူကြီးလင်းယုကို ချန်ထားရစ်ခဲ့ပြီးနောက် အဘိုးကြီးဖေးကို ရှာဖို့အတွက် ပြန်ထွက်လာခဲ့သည်။

စစ်သူကြီးလင်းယုက ထွက်ခွာသွားနေသော လုံထန့်ရဲ့ ကျောပြင်ကို ကြည့်ကာ သူပို၍ စဉ်းစားကြည့်လေ ပို၍နားမလည်နိုင်လေ ဖြစ်လာခဲ့သည်။

အရင်တုန်းက ဘုရင်ကြီး၏ အမိန့်ကို မလွန်ဆန့်ဝင့်၍ သာဒီမင်းသားငယ်လေးနောက်သို့ သူဤစစ်သည် တစ်သောင်းနှင့်အတူလိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘယ်သူကမှ သူနှင့် အတူတူ သွေးနဂါးနယ်မြေသို့ မလိုက်ချင်ကြသော်လည်း ဘုရင့်ကြီး၏ အမိန့်ကို မလွန့်ဆန့်၍ လိုက်ပါလာခဲ့ရချင်းဖြစ်သည်။

အားလုံးက အထင်သေးခဲ့သလို့ ဘုရင်ကြီးကလဲ အထင်သေးခဲ့တဲ့ ဒီမင်းသားလေးက ပိုပို၍ ဆန်းကျယ်လာတာကို သူခံစားခဲ့ရသည်။ မိုးပြာနဂါး အင်ပါယာမြို့တော်မှထွက်ခွာလာခဲ့သည်နှင့် တစ်ချိန်လုံး အဆင့်မတက်နိုင်ခဲ့တဲ့သူက သားရဲသခင်အဆင့်ကိုတက်ပြီးနောက် အခုဆိုရင် တစ်လအတွင်းလေး မြေကမ္ဘာသားရဲအဆင့်ကို ရောက်ရှိနေခဲ့တာကို လင်းယုလည်း လုံထန့်ရဲ့ အရှိန်ဝါကို ခံစားခဲ့မိသည်။

ဤအရာက လုံးဝကို မွန်းစတားလို့တောင်ပြော၍မရပဲ အဲဒီအရာထက်ပိုနိုင်သည့်ဟုသူပြောနိုင်သည်။ သူစိတ်ထဲတွင်တော့ ဒီတစ်ခါမှာတော့ မိုးပြာနဂါးဘုရင့်ကြီးရဲ့ ဆုံးဖြတ်ချက်မှားယွင်းသွားခဲ့ပြီကို သူနားလည်လိုက်သည်။

" ဟူး " လေးတွဲစွာဖြင့် လင်းယုလည်း သက်ပြင်းကိုချလိုက်သည်။" ထားပါလေ "ငါကဒီကို လိုက်ပါလာရထဲက မင်းသားလုံထန့်ရဲ လက်အောက်ငယ်သားဖြစ်နေပြီပဲ သူစကားကငါအတွက်အမိန့်ပဲ လုံထန့်ရဲ့ ကျောပြင်ကို ကြည့်ရင်းဖြင့် လင်းယုက သူစိတ်ထဲတွင် ပြောလိုက်သည်။

လုံထန့်ကတော့ အဘိုးကြီးဖေးကို ရှာရန်အတွက်သွားနေခဲ့ပြီး လင်းယုရဲ့ အတွေးတေကို မသိခဲ့ချေ။ သူသိလည်း သူအတွက် အရမ်းအထူးဆန်းကြီးတော့ မဟုတ်ချေ။ ထိုသို့ ဖြစ်လာလေ့မယ်ဆို တာ သူတွေးထားခဲ့ပြီးသား ဖြစ်သည်။

ဆယ်ရှစ်နှစ်လုံးလုံး အနိမ့်ခံ ခဲ့ရတဲ့ သူတစ်ယောက်ကို မလေးစားတာက ဖြစ်နိုင်ပါတယ် အဲတာက အရင်တုန်းက လုံထန့်သာဖြစ်မည် ဖြစ်သည်။ ယခု လုံထန့်က တော့ မျက်လုံးတစ်လုံး အတွက်မျက်လုံးတစ်လုံး လက်တစ်ဖက်အတွက် လက်တစ်ဖက် လုံထန့်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

နတ်ဘုရားနဂါး စနစ်ကြောင့် သူရဲ့သိမ့်ငယ်စွာ အနိမ့်ခံခဲ့ရသော အတိတ်ကို မေ့ထားခဲ့ပြီဖြစ်သည်။ သူစိတ်ထဲမှာ အတိတ် ၏ အကြောင်းကို တွေးခြင်းက တစ်ခုသာ ရှိသည်။ ထိုအရာက လက်စားခြေခြင်း ဖြစ်သည်။ အောင်းချင်းထန်ရဲ့ အမွေနှစ်တေကြောင့် လုံထန်ရဲ့ ပန်းတိုင်က တစ်ဆင့်ပို၍ နီးကပ်လာခဲ့ပြီပဲ ဖြစ်သည်။

-------

နန်းတော်ကြီးထဲ တွင် အဘိုးကြီးဖေးရဲ့ အရှိန်ဝါကို အာရုံခံပြီးနောက် လုံထန့်လဲ အဘိုးကြီးဖေး ရှိနေရာအခန်းသို့ သွားလိုက်သည်။

အဘိုးကြီး ဖေးနေထိုင်ရာ အခန်းသို့ ရောက်သည်နှင့်လုံထန်လဲ အခန်းတံခါးကို ခေါက်လိုက်သည်။

" ဒေါက် "

" ဒေါက် "

" ဒေါက် "

" အဘိုး "

ကျင့်ကြံနေရာမှ လုံထန့်ရဲ့ စကားသံကြောင့် အဘိုးကြီးဖေးလည်း ရပ်တန်လိုက်ပြီးနောက် အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

" အရှင့်သား "

ပြောစရာများရှိလို့လား ......။

အဘိုးကြီးဖေးက လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။

လုံထန့်ကိုကြည့်နေရင်း ဖြင့် အဘိုးကြီးဖေးရဲ့ နောက်ပြောမဲ့စကားများက ရပ်တန့်သွားခဲ့သည်။

အရှင့်သား ....။

ဒါက ....။

ဒါက .....။

ဘယ်လိုဖြစ်ရတာပါလဲ ......။

သတိပြန်ဝင်လာခဲ့သည်နှင့် အလောတကြီးဖြင့် လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။ သူ၏ စိတ်ထဲတွင် လုံထန့်က သူရဲ့ မြေးလေးတစ်ယောက်လို သဘောထားခဲ့သည့် အတွက်ကြောင့် အခုလို့ အချိန်ခနလေးအတွင်း နှင့် မြေမ္ဘာအဆင့်ကို ချိုးဖြတ်သွားတာကြောင့် လုံထန့်မဟုတ်တဲ့ နည်းလမ်းတေကို အသုံးပြုသည်ဟု ထင်သွားခဲ့ခြင်း ဖြစ်သည်။

လုံထန့်လဲ အဘိုးကြီးဖေး စိုးရိမ်ထိတ်လန့်နေခဲ့သော်မျက်နှာကို ကြည့်၍ လုံထန့်က ရီမောလိုက်ပြီး အမြန်ရှင်းပြလိုက်သည်။

ဟားဟားး ...။

ဒါကအဘိုးထင်နေခဲ့ သလိုမျိုးမဟုတ်ပါဘူး။ မနေက အဘိုးနဲ့ ဖွင့်ခဲ့တဲ့ သေတ္တာလေးထဲက ကြည့်လင်နေတဲ့ သလင်းလုံးလေးထဲက ပတ္တမြားရောင် သွေးတစ်စက်ကို မှတ်မိတယ်မလား အဘိုး....။

လုံထန့်က အဘိုးကြီးဖေး၏ စိုးရိမ်ထိတ်လန့်နေသော မျက်နှာကို ကြည့်၍ မေး လိုက်သည်။

မှတ်မိပါတယ် အရှင့်သား....။

အရှင့်သားပြောချင်တာက အဲဒီသွေးစက်ကို သန့်စင်လိုက်လို့ မြေကမ္ဘာသားရဲ အဆင့်ကို တန်းပြီး ရောက်ရှိသွားခဲ့တယ်လို့ ပြောချင်တာလား အရှင့်သား ...။

ဟုတ်တယ် ။ လုံထန့်လဲ ခေါင်းညိတ်ပြက အဖိုးကြီးဖေးကို ထောက်ခံလိုက်သည်။ ထိုနောက် လုံထန့်လဲ အဘိုးကြီးဖေးကို ဖြစ်ကြောင်းကုန်စင်ကို အကုန်ပြန်ပြောပြလိုက်တော့သည်။

ဒါကဒီလို့ ဖြစ်ခဲ့တာပေါ့ ......။

" ဟူး " အဘိုးကြီးဖေးက သက်ပြင်းချ လိုက်ကာ အရှင့်သား မဟုတ်တဲ့ နည်းလမ်းတစ်ခုသုံးလိုက်တယ် ထင်နေခဲ့တာ .....။ ဒါကဧရာမ ကံကောင်းမူကြီးပဲ ။

" ဂုဏ်ယူပါတယ် အရှင့်သား "

မြေကမ္ဘာသားရဲ အဆင့်ကို ရောက်ရှိသွားလို့ .....။

ဟားဟားး .....။ အဘိုးက မြှောက်နေတော့တာပဲ ဟားးဟားး...။ လာရင်းကိစ္စ တောင်မေ့တော့မလို့ပဲ ....။

အဘိုး ဒီအထဲက အဘိုးအတွက် သင့်တော်မည့် ကျင့်စဉ်ကို ရွှေးလိုက်ပါ .....။ လုံထန့်က သူရဲ့ သို့လှောင်လက်စွပ်အတွင်းမှာ အကျင့်စဉ် စာအုပ်အများအပြားကို အဘိုးကြီးဖေး၏ အရှေတွင် ထုတ်ပေးကာပြောလိုက်သည်။

ဒါက ....။

ဒါကများပြားလွန်းလှတယ်မဟုတ်ဘူးလား အဘိုးကြီးဖေးလည်း သူအရှေက ကျင့်စဉ်စာအုပ် ငါးဆယ်ခန့်လောက်ရှိသော ကျင့်စဉ်စာအုပ်များကို ကြည့်ကာ စွန့်အနေခဲ့သည်။

သူစိတ်ထဲတွင် ခန့်မှန်းထားခဲ့သည်မှာ အများဆုံးက ဆယ်အုပ်လောက်သာဖြစ်သည်။ အခုက ကျင့်စဉ် အခု ငါးဆယ်တောင် ရှိနေခဲ့သည်။ အနိမ့်ဆုံးကတောင် ကြယ်လေးပွင့် ကျင့်စဉ်ဖြစ်သည်။

အဘိုးကြီးဖေးလဲ သူမျက်လုံးကများမှားယွင်းနေလားဆိုတာကို သိရအောင် သူမျက်လုံးကို ပွတ်သပ်လိုက်ကာပြန်ကြည်လိုက်သော်လည်း ထိုအရာက ပြောင်းလဲသွားရှင်း မရှိချေ....။

အရှင့်သား ....ဒါက ။

" ဟားးဟား "ဒါက အကြီးကဲ အောင်ချင်းထန့်ပေးအပ်ခဲ့တဲ့အရာတေပါပဲ အဘိုးဖေး ကြိုက်တဲ့ကျင့်စဉ်ကို ရွှေးပါ။

ထိုအခါမှသာ အဘိုးကြီဖေးလဲ သူအရှေက ကျင့်စဉ်တေထဲက သူနှင့်သင့် တော်မည့်ကျင့်စဉ်တေကို လိုက်ကာ ရွှေးချယ်လိုက်တော့သည်။

{မီးတောက်ဟက်ကွဲ ဓားကျင့်စဉ်} --- ကြယ်ငါးပွင့် အဆင့်နိမ့်...။

{ အရိပ်ကိုးခုခြေလှမ်း }--- ကြယ်ငါးပွင့်အဆင့်မြင့် ....။

{ နတ်ဘုရားကိုးပါး ဓားကျင့်စဉ် }--- ကြယ်ခြောက်ပွင့် အဆင့်မြင့် ....။

{ လျှပ်စီး လက်သီးကျင့်စဉ် } ---ကြယ်ခြောက်ပွင့်အဆင့်နိမ့်....။

အဘိုးကြီးဖေးလည်း " လျှပ်စီးလက်သီးကျင့်စဉ် " ကိုကိုင်ကာ ရပ်တန့်လိုက်သည်။

လုံထန့်ကို ကြည့်ပြီး အရှင့်သား ဒီအဘိုးကြီးက ဒီကျင့်စဉ်နှင့်သင့်တော်လို ဒါကို ပဲ ရွှေးပါတော့မယ်။ အဘိုးကြီးဖေးကသူလက်ထဲက ကိုင်ထားခဲ့သော " လျှပ်စီးလက်သီး " ကျင့်စဉ်ကို ပြကာ ပြောလိုက်သည်။

အဘိုးသဘောပါ.....။

လုံထန့်လဲ ကျင့်သောကျင့်စဉ်များကို သိုလှောင်လက်စွပ်ထဲမှာ ပြန်သိမ်းဆည်းလိုက်သည်။ ထိုနောက်သူက ဆေးပုလင်းများစွာကို ထုတ်ပေးလိုက်သည်။

အဘိုးဒီကြယ်လေးပွင့် ဆေးလုံးတေက အဘိုးရဲ့ အဆင့်ကို နောက် အဆင့်ကို ရောက်နိုင်မယ် ထင်ပါတယ် ။ လုံထန့်က ဆေးပုလင်းများကို ထုတ်ပေးလိုက် အဘိုးကြီးဖေးကို ကြည့်ကာ ပြောလိုက်သည်။

အံဩစရာအကြောင်းရာတေများပြားလွန်းသည့်အတွက်ကြောင့် ဤအကြိမ်တွင်တော့ အဘိုးကြီးဖေးက မထိတ်လန့်တော့ချေ။

ကျေးဇူးတင်ပါတယ် အရှင့်သား....အဘိုးကြီးဖေးက လုံထန့်အရှေတွင် ဒူးထောက်ကာပြောလိုက်သည်။

မဟုတ်တာပဲ ....လုံထန့်က ချက်ချင်းပင် အဘိုးကြီးဖေး ဒူးထောက်လိုက်တာကို မက်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်သည်။

အဘိုးက ကျွန်တော်နှင့် အရင်းနှီးဆုံးလူတစ်ယောက်ပါ နောက်ဆို ဒါမျိုးတေ မလုပ်ပါနဲ့ အဘိုးကြီးဖေးကိုကြည့်ကာ ပြောလိုက်သည်။

နားလည်ပါပြီ အရှင့်သား....။

ဒါဆိုရင် ကျွန်တော်သွားတော့မယ် အဘိုး ဆက်ပြီးကျင့်ကြံပါအုန်း ။

လုံထန့်လဲ အဘိုးကြီးဖေးကို နှတ်ဆက်ပြီးနောက် သူအခန်းစီသို့ ပြန်လာခဲ့လိုက်သည်။

----------

သူခန်းထဲ ရောက်သည့်နှင့် လုံထန့်လဲ သူအခန်းတံခါးပေါက် စီမှ မြင်နေရသည့် လင်းယု လေ့ကျင့်ပေးနေခဲ့သော စစ်သည်များကိုကြည့်ကာ အတွေးတစ်ခုရ သွားခဲ့သည်။

" ဟုတ်ပြီ "

ငါ အခုထိလက်တွေတိုက်ပွဲမှာ မတိုက်ခိုက်ဖူးသေးဘူး ငါစစ်သည်တေနှင့် အရင်ဆုံးလေ့ကျင့်ပြီး တိုက်ပွဲအတွေကြုံယူသင့်တယ်။ လုံထန့်လဲ သူအခန်းထဲမှ ထွက်ကာ လင်းယုလေ့ကျင့်ပေးနေသော စစ်သည်များရှိရာလေ့ကျင့်ရေးကွင်းသို့နောက်ထပ်တစ်ကြိမ် ဦးတည့်သွားလိုက်တော့သည်။

All Chapters