မြေကမ္ဘာဆင့်သားရဲအဆင့်နဂါးစစ်သည်များနှင့်တိုက်ခိုက်ခြင်း
Vol. 2 Ch. 21
----------
လုံထန့်တစ်ယောက် အခန်းအောက်ထပ်သို့ဆင်းလာခဲ့ရင်းဖြင့် စစ်သူကြီးလင်းယုလေ့ကျင့်ပေးနေခဲ့သော လေကျင့်ကွင်းရှိရာ မြို့တော်အလယ်ခေါင်တွင်ရှိသော လေ့ကျင့်ကွင်းကြီး ရှိရာစီသို့ ဦးတည်လိုက်တော့သည်။
အချိန်နာရီဝတ် အချိန်နီးပါးလောက် လမ်းလျှောက်ပြီးသည့်အချိန်တွင် စစ်သူကြီးလင်းယုလေ့ကျင့်ပေးနေခဲ့သော လေ့ကျင့်ရေး ကွင်းပြင်စီသို့ နောက်တစ်ကြိမ်ထပ်မံရောက်ရှိလာခဲ့သည်။
လင်းယုလဲလုံထန့်ကိုမြင်သည့်နှင့်ပြေးလာခဲ့သည်။
အရှင့်သားကို ဂါရဝပြုပါတယ်....။
အရှင့်သား မိန့်ကြားစရာများရှိလို့ပါလား .....။
တစ်ခနအကြာလေးတုန်းကမှ လုံထန့်ဒီကို လာသွားခဲ့တာပဲဖြစ်သည်။ အမိန့်ပေးစရာမရှိပါက ဒီကိုထပ်မံရောက်လာမည်မဟုတ်ဟု လင်းယုထင်ထားခဲ့သောကြောင့် ဖြစ်သည်။
မဟုတ်ဘူး စစ်သူကြီး .....။
ကျွန်တော်ဒီကိုလာခဲ့တာ မြေကမ္ဘာသားရဲအဆင့်ကို ရောက်နေတဲ့သူတေနှင့် လက်ရည်စမ်းရင်း တိုက်ပွဲ အတွေကြုံယူဖို့ အတွက်ပဲ လုံထန့်လဲ သူ၏လာရင်း အကြောင်းကိစ္စကို ပြောပြလိုက်သည်။ ထိုအခါမှာသာ စစ်သူကြီးလင်းယုလည်းသဘောပေါက်သွားခဲ့သည်။
နားလည်ပါပြီ အရှင့်သား ကျွန်တော်မျိုး မြေကမ္ဘာသားရဲ အဆင့်စစ်သည်တေကို ခေါ်ဆောင်လိုက်ပါမယ် ။
ခနစောင့်ပေးပါ.....။
အမှန်ပင်သူလည်းပဲ လုံထန့်၏ တိုက်ခိုက်ရေးစွမ်းအားက ဘယ်အတိုင်းတာထိရောက်ရှိနေခဲ့သည်ကို သူကိုယ်တိုင်လဲသိချင်နေခဲ့တာပဲ ဖြစ်သည်။ လုံထန့် တစ်ယောက် သူနှင့်အတူ မိုးပြာနဂါးအင်ပါယာမှ ထွက်ခွာလာခဲ့သည့် အချိန်ကစလို့ အခုမြေကမ္ဘာသားရဲ အဆင့်ကို ချိုးဖြတ်သွားသည့်အချိန်ထိသူ တိုက်ခဲ့သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဟွိုက်ကျန်းနှင့် လိုက်ပါခဲ့သည် ။ နဂါးစစ်သည်များကတော့ လုံထန့် မီးတောက်အကျဉ်းထောင်ကို အသုံးပြုတာကို တစ်ခါ တွေခဲဖူးကြသည်။ ထိုအကြိမ်ထဲတင်ပင် လုံထန့် ၏စွမ်းအားက ကြောက်မက်ဖွယ်ရာအဆင့်တွင်ရှိသည်ကို သတိထားမိခဲ့သည်။ ကံဆိုးသည်က ထိုအကြိမ်တွင် စစ်သူကြီးလင်းယုမပါခဲသောကြောင့် လုံထန့်၏ တိုက်ခိုက်ရေး စွမ်းအားကို မသိခဲတာပဲ ဖြစ်သည်။
စစ်သူကြီးလင်းယုက လေ့ကျင့်နေသော စစ်သည်များထံထွက်ခွာသွားပြီးနောက် သူပြန်ရောက်လာခဲချိန်တွင် သူ၏ဘေးတွင် နဂါးစစ်သည် ရှစ်ယောက်ကခန့်ပါလာခဲသည်။ ထိုသူများစ တပ်စုမူးအဆင့်ရှိသည့် နဂါးစစ်သည်တေ ဖြစ်ပြီးအားလုံးက မြေကမ္ဘာသားရဲ အဆင့်တွင်ရှိကြသည်။
အရှင့်သား ဒီရှစ်ယောက်လုံးက မြေကမ္ဘာသားရဲအဆင့်ပါ...။
စစ်သူကြီးလင်းယုက လုံထန့်ရှေတွင် ဦးညှိတ်ကာပြောလိုက်သည်။
အရှင့်သားကို နှတ်ဆက်လိုက်ကြ ။
စစ်သူကြီးလင်းယုကသူ၏ နောက်ရှိရပ်တပ်နေသော မြေကမ္ဘာသားရဲ အဆင့် ရှစ်ယောက်ကို ပြောလိုက်သည်။
ထိုအခါမှ ထိုလူများက အရှေ့သို့တက်လာကာ နှတ်ဆက်လိုက်ကြသည်။
အရှင့်သား ....။
အင်း .....။
ငါနှင့်အတူတူ လက်ရည်စမ်းပြီးတိုက်ခိုက်ပေးပါ အုန်း ....။
နားလည်ပါပြီ အရှင့်သား...။
လုံထန့်လဲ ကွင်းပြင်အလည့်တည်တည့်တွင် ရပ်တန့်လိုက်သည်။ လာကြတော့ ....။
ထိုမြေကမ္ဘာသားရဲ အဆင့်တပ်စိတ်မူး ရှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည် ။ ။နောက်ဆုံး တွင် အသက် သုံးဆယ်အရွယ်ခန့် ရှိသော ကြီးမားကာတုတ်ခိုင်သော ခန္ဓာကိုယ်ရှိသည် လူတစ်ယောက်က လုံထန့် နဲ့ မျက်နှာရှင်းဆိုင်တွင်ရပ်လိုက်သည်။
အရှင့်သားကျွန်တော်မျိုးက အမည်က ထို့ပါကျွင်းပါ မြေကမ္ဘာသားရဲ ပဉ္စမအဆင့် ပါ ကျွန်တော်မျိုး မြေကမ္ဘာသားရဲအဆင့် ပထမအဆင့် ထိဖိနှိပ့်လိုက်ပါမယ် ။ ထိုလူက လုံထန့်ကို နှတ်ဆက်လိုက်ရင်းဖြင့်ပြောလိုက်သည်။
ကောင်းပြီ ....။
လုံထန့်လဲ သူ၏စွမ်းအားအကန့်သတ်ကိုမသိသေးသည့်အတွက်ကြောင့် သူနှင့် အဆင့်တူ မြေကမ္ဘာသားရဲအဆင့် ပထမဆင့် နှင့်သာ တိုက်ဖို့တွေးထားတာပဲဖြစ်သည်။
စတင်ပါအရှင့်သား.....။
လုံထန့် ကိုကြည့်ကာထို့ပါကျွင်းက ပြောလိုက်သည်။
ကောင်းပြီ သတိထားပါ ...။
လုံထန့်လဲ ကျင့်စဉ်၏ စွမ်းအားမပါပဲနှင့် သာမာန်လက်သီးတစ်ချက်ဖြင့် ထိုပါကျွင်းကို တိုက်ခိုက်လိုက်သည်။ ထိုအရာကို ကြည့်ပြီးနောက်တွင် ထို့ပါကျွင်းက သူကို ဒီမင်းသားက အထင်သေးနေသည့်ဟု ထင်သွားခဲ့သည်။ တိုက်ခိုက်တာ တောင်မှာ သာမာန်အတိုင်းတိုက်ခိုက်ခဲ့သည့်အတွက်အကြောင့် သူလည်း ဒေါသထွက်သွားခဲ့သည်။
ဝေါင်း .....။
ဝေါင်း....။
ဝေါင်း...။
နဂါးဟိန်းသံအကျယ်ကြီးက သွေးမြို့တော်၏ မြို့အလည်ခေါင်မှ နေ၍ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ နောက်တစ်ခနတွင် ကောင်းကင်ယံထက်၌ ကြီးမားပြီး ပေနှစ်ဆယ် ခန့်ရှည်လျားသော မိုးပြာရောင်နဂါးကြီးတစ်ကောင်ကို တွေမြင်လိုက်ကြရသည်။ ထိုနဂါးကြီးကတော့ ထို့ပါကျွင်းသာဖြစ်သည်။
ထိုမိုးပြာနဂါးကြီးက လုံထန့်ကိုကြည့်ကာ ပြောလိုက်သည်။ အရှင့်သား အတည်တိုက်ခိုက်သင့်တယ်လို့ ထင်ပါတယ် ။
ဟားဟား ....။
ကောင်းပြီလေ....။
လုံထန့်လဲ လူသားမျိုးနွယ်ရဲ့ ကျင့်စဉ်တေကို မလေ့ကျင့်ရသေးသည့်အတွက်ကြောင့် လူသားသဏ္ဍန်နဲ တိုက်ခိုက်ရန်အတွက် သူသည့်သိတိုက်ခိုက်ရေး ပညာရပ်များကမရှိချေ။ သူ၏မူရင်းနဂါးသဏ္ဍန် သို့ပြောင်းလဲတိုက်ခိုက်ဖို့ အတွက် အရင်ထဲကတွေးထားတာပဲ ဖြစ်သည်။
ဝေါင်း ...။
ဝေါင်း...။
ဝေါင်း...။
နောက်ထပ်တစ်ကြိမ် သွေးမြိုတော်၏ မြို့လည့်ခေါင်မှနေ၍ နဂါးဟိန်းသံအကျယ်ကြီးကို ကြားလိုက်ရပြန်သည်။ ဤအကြိမ်တွင် ကြားလိုက်ရသည် နဂါးဟိန်းသံက တစ်မူထားခြားကာ ပထမအကြိမ်ဟိန်းခဲ့သောအသံနှင့်မတူပဲ ဤအကြိမ်ဟိန်းခဲ့သော နဂါးဟိန်းသံ ထွက်ပေါ် လာသည်နှင့် မြေကမ္ဘာသားရဲ အဆင့်အောက်သားရဲ့များအားလုံး ကြောက်လန့်သွားခဲ့ကာ အကုန်လုံး သွေးမြို့တော်၏ အလယ်သို့ကြည့်၍ ဒူးထောက်ကျသွားကြသည့်အထိပင်ဖြစ်သည်။
စစ်သူကြီးလင်းယုပါ ထိုအရာကြောင့် အံအားသင့်သွားခဲ့ရကာ နောက်ထပ်ပြောမည်စကားက စွန့်အသွားခဲ့သည်။
နဂါးစစ်သည် ရှစ်ထောင်က လုံထန့်ရှိရာစီသို့ ဦးတည်ကာ ဒူးများထောက်ကာ အရိုသေ ပေးနေကြသည်။ ထိုမြင်ကွင်းထက်ပို၍ ထူးခြားနေသည့်ကာ လုံထန့်၏ ပုံသဏ္ဍန်ဖြစ်သည်။
ထိုပုံသဏ္ဍန်မျိုးကို စစ်သူကြီးလင်းယုသူ၏ တစ်သက်တာတွင် တစ်ခါပင်မမြင်ဖူးချေ။ တစ်ခြားမင်းသားတေနှင့် မင်းသမီးတေရဲ့ ပုံသဏ္ဍန်ကို မြင်ဖူးသော်လည်း လုံထန့်ပုံသဏ္ဍန်က ထူးခြားဆုံးဖြစ်သည်။
ဒါကဘာကြီးလဲဟ အံဩတစ်ကြီးဖြင့် လင်းယု၏ပါးစပ်မှနေ၍ ထိတ်လန့်စွာဖြင့်ရေရွက်လိုက်သည်။
လုံထန့်၏ ပုံပန်းအသွင်ပြင်ကို ကြည့်လိုက်သည် နှင့် ဒူးထောက်ကာ ကိုးကွယ်ချင်စိတ်ဖြစ်လာမည်အထိ သူ၏ ခန္ဓာကိုယ်နေ၍ မြင့်မြတ်ကာ တော်ဝင်ဆန်သောအငွေသက်များနှင့် ကြီးမားကာ တစ်လောကလုံးကို ဖိနှိပ့်ထားနိုင်သည်အငွေသတ်များကိုလည်းထုတ်လွတ်နေခဲ့သည်။
ကောင်းကင်ယံထက်တွင် ဒြပ်စင်အလင်းများဖြင့် ရစ်ပတ်နေသော ခန္ဓာကိုယ်တစ်ခုလုံး အရောင်ကိုးရောင်တောင် ရှိကာ ပေသုံးဆယ်ထိရှည်လား သော ကိုးရောင်ခြယ်ဒြပ်စင်နဂါးကြီးတစ်ကောင်ပေါ်လာခဲ့သည်။ သူကိုသေချာကြည့်ပါကာ တစ်ခြားဒြပ်စင်အရောင်တေက မှေးမှိန်နေကာ မီးဒြပ်စင်ကိုကိုယ်စားပြုသည် အနီရောင်ရှိသည်နေရာက သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အတောက်ပဆုံးဖြစ်သည်။
ထို့ပါကျွင်းပြောင်းလဲ သွားသော မိုးပြာနဂါးကြီး ထို ကိုးရောင်ခြယ်ဒြပ်စင်နဂါးကြီး ၏အရှေတွင် ဆင်နှင့်ဆိတ်လား ပင်ဖြစ်နေပြီး။ ထိုကိုးရောင်ခြယ်ဒြပ်စင်နဂါးကြီးမှနေ၍ လာသော ဖိနှိပ့်မူအမျအားလုံးက သူ၏ထံသို့ ဦးတည့်နေသောကြောင့် သူကိုပို၍ မခံရပ်နိုင်အောင်ဖြင့်လာပြီး အသက်ရူခက်ခဲသည့်အထိဖြစ် လာခဲ့သည်။
ထို့ပါကျွင်းလဲ လုံထုံကိုကြည့်ကာ ပြောလိုက်သည်။ အရှင့်သား အဆင့်တူခြင်းဆိုရင် အရှင့်သားကို တိုက်ဖို့မဖြင့်နိုင်ပါဘူး အရှင့်သား၏ အရှိန်ဝါနှင့်တင် ကျွန်တော်မျိုးအသက်ရူရတာ ခက်ခဲလာသိအထိပါပဲ ။
ပုံမှန်တိုင်း တိုက်ခိုက်ကြည့်ပါ။
ကိုးရောင်ခြယ်ဒြပ်စင်နငါးကြီး ထံမှ သီးခြားဆန်ကာ အေးစက်ကော စကားသံထွက်ပေါ်လာခဲ့သည်။
နားလည်ပါပြီ အရှင့်သား...။
ထို့ပါကျွင်းလည်း သူ၏အဆင်ဖိနှိပ့်ထားခဲ့သည်ကို ဖြေလျော့လိုက်သည် ။ ထိုချိန်တွင် သူ၏ စွမ်းအင်များက နဂိုထက် ဆယ်ဆခန့်လောက်ထိ ပို၍ သန်မာလာခဲ့ကာ လုံထန့်ရှိမှ နေ၍ လာခဲ့သော ဖိနှိပ့်မူမျကို ပြန်၍ တွန်းလန့်နိုင်လာခဲသည်။
သတိထားပါအရှင့်သား ....။
မိုးပြာနဂါးကြီးက ကောင်းကင်ယံကိုကြည့်ကာ အော်ဟစ်လိုက်သည်။
{ အပြစ်ပေးခြင်း မိုးကြိုး }
ကောင်းကင်ယံ၏ အထက်တွက် တိမ်ညိုတိမ်မဲများကလျှင်မြန်သည့် အချိန်ဖြင့် စုဝေးလာခဲ့ကြသည်။ ထိုတိမ်မဲများ၏ အလယ်တွင် လျှပ်စီးမိုးကြိုးများ ဖြတ်သန်းသွားလာနေကြသည်ကို အောက်ကနေကြည့်နေသူများပင်တွေမြင်ရနိုင်သည်။
{ဤနည်းစနစ်က မိုးပြာနဂါးမျိုးနွယ်ရဲ့ အပြစ်ပေးမိုးကြိုး ကြိုးကျင့်စဉ် ။ ကြယ်သုံးပွင့်အဆင့်မြင့် ကျင့်စဉ်သာဖြစ်သည်။ }
" ဝုန်း "
" ဝုန်း "
" ဝုန်း "
မိုးကြိုးများက လုံထန့်ရှိရာစီသို့ ဖျက်စီးအားပြင်းထန့်စွာဖြင့် လျှင်မြန်သောအရှိန်ဟုန်ဖြင့် ဝင်ရောက်လာခဲ့ကြသည်။ ထိုမိုးကြိုးများထဲက တစ်ခုလေးထိခဲ့သည်နှင့် လုံထန့်ကို ဒဏ်ရာရစေသည်မှာကမလွဲချေ။
{ နဂါးလက်သည်းကုပ်ချက် }
ကိုးရောင်ခြယ်ဒြပ်စင်နဂါးကြီးက သူ၏ကြီးမားသောလက်ကြီးကို ကောင်းကင်သို့ဦးတည်ကာ တိုက်ခိုက်လိုက်သည်။
မီးတောက်များဖြင့်ထွက်ပေါ်နေသောကြီးမားသော နဂါးလက်ကြီးတစ်ဖက်ကာ ကောင်းကင်ပေါ်မှ ကျဆင်းနေခဲ့သော မိုးကြိုးများနှင့် စုံတွေသွားခဲ့ကာ ထိုမိုးကြိုးများနှင့် ကောင်းကင်ယံထက်က တိမ်တိုက်များကို ပင်ဖြစ်စီးသွားခဲ့သည်။
လုံထန့်လဲ ထိုအရာကိုမြင်သည်နှင့် အခွင့်ကောင်းယူကာလိုက်သည်။
{မီးတောက်အကျဉ်းထောင် }
သူနှင့် ထို့ပါကျွင်းရှိနေသော ကောင်းကင်ယံထက်တွင် ကြီးမားကာ မီးတောက်များတောက်ေလာင်နေခဲ့သော လှောင်အိမ်ကြီးတစ်ခုဖြစ်ပေါ်ခဲ့တော့သည်။