← Chapters

ရေဒြပ်စင်စွမ်းအား

Vol. 2 Ch. 22

ရေဒြပ်စင်စွမ်းအား

Vol. 2 Ch. 22

-------

လုံထန့် က ထို့ပါကျွင်း၏အခြေနေကို အခွင့်ကောင်းယူကာ အသုံးချလိုက်ပြီး မီးတောက်အကျဉ်းထောင်ကို အသုံးပြုလိုက်သည်။ ဒီအကြိမ်မီးတောက်အကျဉ်းထောင်ကို အသုံးပြုလိုက်ချိန်တွင် သူ၏စွမ်းများဖြင့် ထိန်းချုပ်ထားသဖြင့် ပထမကြိမ်အသုံးပြုသည့် အချိန်တုန်းကလောက် မကျယ်ဝန်းပဲ ပေတစ်ရာ ဝန်းကျင့်လောက်သာ ကျယ်ဝန်းတော့သည်။

မီးတောက်အကျဉ်းထောင်က သူနှင့် ထို့ပါကျွင်းကို ဖုံးအုပ်သွားခဲ့သည်။

ဒါကဘာလဲဟ ....။

ထို့ပါကျွင်းက သူ၏လျှပ်စီးများဖြင့် ဝန်းရံနေသော မိုးပြာနဂါးလက်သည်းကြီးဖြင့် မီးတောက်အကျဉ်းထောင်၏ မီးများတောက်လောင်နေခဲ့သော နံရံများကိုတိုက်ခိုက်လိုက်သည်။

" ဝုန်း "

ကြီးမားသော မိုးပြာနဂါးလက်သည်းကြီး အရာရာကို ထိုးခွဲစုတ်ဖြဲနိုင်လောက်သည်အထိ ချွန်ထက်နေသောလည်း မီးတောက်နံရံများနှင့် စုံတွေသွားချိန်တွင် ကျယ်လောင်

သောပေါက်ကွဲသံသာထွက်ပေါ် လာပြီး မီးတောက်နံရံက ပျက်စီးသွားခြင်းမရှိခဲချေ။

ဘာဖြစ်တာလဲ ဟ...။

အပြင်ဘက်တွင်ရှိနေသော စစ်သူကြီးလင်းယု ကျန်တပ်စုမူး ခုနှစ်ယောက်က လဲ ထိုဖြစ်ရပ်ကြောင့် ကြက်သေသေသွားခဲ့ကာ စွန့်အနေလျက် ရပ်ကြည့်နေမိသည်။ သူတို၏ပါးစပ်များကလဲ ယင်ကောင်ဝင်နိုင်လောက်သည့်အထိ ပွင့်ဟနေခဲ့သည်။

ထိုပါကျွင်း၏တိုက်ခိုက်ရေးစွမ်းအားကို သူတို့လဲသိသည့် သူ၏တိုက်ခိုက်ရေးစွမ်းအားက အမြင့်ဆုံးမဟုတ်တောင် အလယ်လတ်ထဲတွင်ပါလေသည်။

ထိုစွမ်းအားကတောင် မီးများတောင်လောင်နေသော နံရံကိုတိုက်ခိုက်ခဲ့တာ လူပ်ရှားမူတောင်မဖြစ်သွားခဲ့ချေ။

မီးတောက်အကျဉ်းထောင်အတွင်းတွင်မူ ထို့ပါကျွင်းက မီးတောက်နံရံတေကို တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီးနောက် သူ၏အကြည့်များက ဒီအရာကို ဖန်တီးလိုက်သောလုံထန့်ကို ကြည့်လိုက်သည်။ သူသာလုံထန့်ကို တိုက်ခိုက်လိုက်ရင် ဒီမီးတောက်အကျဉ်းထောင်သာ ပြိုလဲပျက်စီးသွားခဲရင် ဒီတိုက်ပွဲကသူအနိုင်သည်ဖြစ်သည်။

ထိုသို့တွေးပြီးသည့်နှင့် ထိုပါကျွင်းက သူ၏စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံစုစည်းလိုက်ပြန်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝိူက်တွင် ထူထဲသော မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာခဲ့ပြီးနောက် တစ်ကိုယ်လုံး ဝန်းရံနေလျက်ရှိသည်။

သူကလုံထန့်ကို ကြည့်ကာ အော်ပြောလိုက်သည်။

အရှင့်သား သတိထားပါတော့.....။

ထိုပါကျွင်းကသူ၏စွမ်းအားအပြည့်ဖြင့် စုစည်းထားခဲသော မိုးပြာနဂါးလက်သည်းကြီး လုံထန့်ကို လှမ်းကာ ကုပ်ဆွဲဖို့ပြင်ဆင်လိုက်ချိန်တွင် သူ၏စွမ်းများက ထိုးကြသွားခဲ့ကာဖိနှိပ့်ခံလိုက်ရပြီး သူ၏စွမ်းအား ငါးဆယ်ရာခိုင်းနူန်းလောက်ကို ကန့်သတ်ခံလိုက်ရတော့သည်။

ဒါက ....။

ဒါက .....။

ဒါကဘယ်လိုဖြစ်တာလဲ .....။

တစ်ချိန်လုံး ထိုပါကျွင်း၏ အဖြစ်ပျက်ကိုကြည့်နေကာ စကားတစ်ခွန်းမှ မပြောပဲ ရပ်ကြည့်နေခဲ့သောလုံထန့်က စကားပြောလိုက်သည်။

မင်းရူံးသွားပြီ ....။

ထိုအရာကို ထိုပါကျွင်းလည်းနားလည်သည့် စွမ်းအားပြည့်နှင့် တိုက်ခိုက်ချိန်မှာတောင် သူကလုံထန့်၏ အနီးနားတောင်မကပ်နိုင်ခဲ့ချေ။ ယခုလို့ သူ၏စွမ်း တစ်ဝက်လောက်ကို ဖိနှိပ့်ခံ လိုက်ရသည့်အချိန်မှာတော့ သူရူံးသွားပြီဆိုတာ လုံထန့်မပြောလဲ သူလည်းနားလည်သည်။

ထိုပါကျွင်းက ကြီးမားသော မိုးပြာနဂါးကြီး အသွင်မှ နေ၍ လူသားပုံသဏ္ဍန်ပြန်ပြောင်းလိုက်သည်။ ထိုနောက်လုံထန့်၏ အရှေသို့ရောက်လာကာ ဒူးထောက်လိုက်သည်။

အရှင့်သားရဲ့ စွမ်းအားက ကြီးမားလွန်းပါတယ် ကျွန်တော်မျိုး မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး ကျွန်တော်မျိုးရူံးပါတယ်။

လုံထန့်လဲ ဒြပ်စင်အလင်းများဖြင့်ရစ်ပတ်နေသောလက်ကြီးကိုဝှေ့ရမ်းလိုက်ချိန်တွက် မီးတောက်အကျဉ်းထောင်ကြီး ပျက်စီးသွားခဲ့တော့သည်။ ထိုနောက် သူ၏ကြီးများသော နဂါးခန္ဓာကိုယ်ကြီးဖြင့် ကောင်းကင်ထက်သို့ပြန်တက်လိုက်ကာ ကောင်းကင်ကြီးကိုကြည့်၍ သုံးကြိမ်တိုင်တိုင် ဟိန်းဟောက်လိုက်သည်။

" ဝေါင်း "

" ဝေါင်း "

" ဝေါင်း "

ထိုကျယ်လောင်လှသော အသံကြီးကြောင့် ကောင်းကင်ထက်က တိမ်ဆိုင်များလဲ ပြန်ကျဲသွားခဲ့ပြီး သွေးမြို့တော်ကြီး တောင် တုန်လူပ်သွားခဲ့သည့်အလားပင် ။ ထိုအသံကြောင့် အောက်ဘက်ရှိလူအားလုံးကာလည်း လုံထန့်ရှိသို့ ဒူးထောက်ကာ အားလုံးက ဦးညွှတ်ပြီး ဂရဝပြုလိုက်ကြသည်။

ထိုနောက်တွင် လုံထန့်လဲ လူသားသဏ္ဍန်ပြန်လည်ကာ ပြောင်းလဲလိုက်တော့သည်။ လင်းယုနှင့် ကျန်သည် တပ်စုမူးများက ပြေးလွှားဖြင့် လုံထန့်၏အနီးနားသို့ရောက်လာခဲ့သည်။

အရှင့်သား ...။

" အင်း "

စစ်သူကြီး လင်းယု ဒီနေတော့ ဒီလောက်ပါပဲ ။ လုံထန့်က ပြောလိုက်သည်။

နားလည်ပါပြီ အရှင့်သား...။

လုံထ့န်လဲ လည့်က ထွက်သွားဖို့ပြင်လိုက်ချိန်တွင် သူတွေးထားတာတစ်ခုကိုသတိရသွားခဲ့သည်။

ဒါနဲ စစ်သူကြီး သွေးမြို့တော် ရဲ့ အနီးနားတစ်ဝိူက်က မျိုးနွယ်စုတေအကြောင်းကို တစ်ချက်လောက် ကျွန်တော်ကို စုံစမ်းပေးပါအုန်း ။ တစ်ပတ်အတွင်း အဖြေသိချင်တယ် စစ်သူကြီး။

နားလည်ပါပြီ အရှင့်သား.....။

လုံထန့်လဲ ထိုလေ့ကျင့်ရေးကွင်းပြင့်မှ ထွက်ခွာကာ သူ၏အခန်းစီသို့ပြန်လာခဲ့လိုက်တော့သည်။

-------

လုံထန့်သူအခန်းစီသို့ရောက်သည့်နှင့် အနားမယူပဲ ထို့ပါကျွင်းနှင့် တိုက်ခိုက်သည်များကို ပြန်ကာ စဉ်းစားနေခဲ့သည်။ ထိုပါကျွင်းနှင့်သူတိုက်ခိုက်ချိန်တွင် သူ၏လူသားသဏ္ဍန် တိုက်ရေး နည်းစနစ်များမရှိမူကြောင့် နဂါးသဏ္ဍန်ပြောင်းလဲကာ တိုက်သည့် အတွက်ကြောင့် ထိုပါကျွင်းက ဖိနှိပ့်ခံလိုက်ရမှန်းသူလည်းသည်။

အမှန်ပင် ထိုပါကျွင်းကအားနည်းသူတစ်ယောက်မဟုတ်ချေ။ အားနည်းသူတစ်ယောက်ဆိုပါက နဂါးစစ်သည် စစ်တပ်တွင် စစ်သည် တစ်ထောင်ကိုဦးဆောင်ရသည် ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာမည်မဟုတ်ချေ။

{ နောက်အပိုင်းတေမှာ တပ်စုမူးမခေါ်ပဲ ဗိုလ်ချုပ်လို့ပြောင်းသုံးသွားပါမယ် }

လုံထန်က သူ၏ကိုးရောင်ခြယ်နဂါး အရှိန်နှင့်ထိုပါကျွင်းဖိနှိပ့်ခံခဲရသည်ကိုသူလည်းနားလည်ခဲ့သည်။

" ဟူး "သက်ပြင်းချလိုက်ကာ ငါလူသားခန္ဓာကိုယ်နှင်တိုက်ခိုက်ရေးနည်းစနစ်တေ ကျင့်ကြံရတယ်။ လူသားတေနေထိုင်ရာကိုသွားတဲ့ အခါငါရဲ့ အစစ်မှန်ခန္ဓာကိုယ်သုံးကာတိုက်ခိုက်လို့မရဘူး ။

လောလောဆယ်မှာတော့ ငါနောက်ထပ်ဒြပ်စင်စွမ်းအားကိုကျင့်သင့်ပြီ ....။

လုံထ့န်လဲ ကိုးရောင်ခြယ်ဒြပ်စင် နဂါးကျင့်စဉ်၏ ရေဒြပ်စင်စွမ်းအားကို ကျင့်ကြံရန်ပြင်ဆင်လိုက်သည်။

" ဟူး "

သက်ပြင်းတစ်ခုကို လေးတွဲကာချလိုက်သည်။

ရေနဲ့ မီးက ဆန်ကျင့်ဘက်စွမ်းအားတေပဲ ငါသတိထားပြီး တော့ ကျင့်စဉ်ရဲ့အညွှန်းတိုင်းလိုက်နာပြီး ကျင့်ကြံမှ ရမယ် ။ငါတစ်ချက်မှားလိုက်တာနှင့် ငါရဲ့ဘဝကအဆုံးသတ်ပြီပဲ။

လုံထန့်လဲ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏ ရေဒြပ်စင်စွမ်းအားကျင့်စဉ် အညွှန်းတိုင်း သူ၏ ရေဒြပ်စင်စွမ်းအားတေကိုစုစည်းကာ သတိထားပြီးလည့်ပတ်လိုက်သည်။

တစ်ကြိမ် ....။

နှစ်ကြိမ်....။

သုံးကြိမ်....။

အကြိမ်ပေါင်းအနည်းငယ်လောက် သူရှင်းပြထားသည့် အညွှန်းလည့်ပတ်ကာ သတိထားပြီးကျင့်ကြံခဲ့ပြီးနောက် ပြသာမရှိတော့ပဲ သူ၏သားရဲ့အမြုတေတွင် ရေစွမ်းအားကို ကိုယ်စားပြုသည့်။ အပြာရောင်အလင်းတန်းလေးတစ်ခု လင်းလတ်လာခဲ့သည်။

အောင်မြင်ပြီ ကွ.....။

အောင်မြင်ပြီ .....။

ဟားဟားးး.....။

လုံထန့်လဲ သူ၏လက်ဖဝါးကို ဖြန့်ကျက်ကြည့်လိုက်ချိန်တွင်သူ သူဘယ်ဘက်လက်ဖဝါးထဲတွင် ရေစွမ်းအားဖြင့် ဖြစ်တည်နေသော ရေဘောလုံးလေးတစ်ခုဖြစ်ပေါ်နေခဲ့သည်။

ထပ်ပြီးကျင့်ကြံကျဝာာပေါ့ သူ၏ပျော်ရွှင်မူများကိုဖိနှိပ်ကာ လုံထန့်လဲ ထပ်မံ၍ကျင့်ကြံရန်ပြင်လိုက်သည်။ လုံထန့်တစ်ယောက် ရေဒြပ်စင်စွမ်းအားကိုယ်ကျင့်ကြံ ရာတွင် အချိန်ပေးကာ ကျင့်ကြံနေခဲ့သည်။ အချိန်ကြာလာခဲ့သည်နှင့်အမျှ သူ၏သားရဲအမြုတေပေါ်က အပြာရောင်အလင်းက ပို၍ပို၍တောက်ပလာခဲ့သည်။

All Chapters