မိုးကြိုးသိမ်းငှက်မျိုးနွယ်စုထံသို့သွားခြင်း
Vol. 2 Ch. 25
-------
အဘိုးကြီးဖေးတစ်ယောက် သားရဲဘုရင်အဆင့်ခြောက်သို့ရောက်ရှိသွားသည့်ပြီးနောက် တိုးပွားလာသည်စွမ်းအင်များကိုချိန်ညှိရန်အတွက် အချိန် တစ်ရက်နီးပါးအသုံးပြုခဲ့ရသည်။
ကောင်းကင်ဘုံနန်းတော်၏ အလည်၌တည်ရှိသော ငါးကန်များနှင့် ဝါးပင် များကြားထဲတွင်ရှိနေသောနေရာတွင်ပြုလုပ်ထားသော လက်ဖက်ရည်ဝိုင်းတွင် လက်ဖက်ရည်ကိုအရသာခံကာသောက်သုံးရင်းဖြင့် ပတ်ဝန်းကျင့်၏ ရှုခင်းများကို ကြည့်ရင်းဖြင့် အနားယူကာ သောက်သုံးနေခဲ့သည်။
ထိုအစဉ် သူအနောက်ဘက်မှနေ၍ အဘိုးကြီဖေး၏အသံကိုကြားလိုက်ရသည်။
" အရှင့်သား "
လုံထန့်လှည့်ကြည်လိုက်ချိန်တွင် အဘိုးကြီးဖေး၏ ပုံပန်းအသွင်ပြင်က အနည်းငယ်လောက်ပြန်လည့်ကာ နုပျိုသွားသည်ကိုတွေလိုက်ရသည်။ အရင်တုန်းကဆိုရင် အဘိုးကြီးဖေးက အသက်ရှစ်ဆယ်အရွယ်အဘိုးကြီးတစ်ယောက်လိုမျိုးသူ၏ ဆံပင်တေက ဖြုဖွေးနေခဲ့ကာ ခါးကလည်းကိုင်းနေခဲ့သည်။ ယခုအခါမှာတော့ အဘိုးကြီးဖေးက ခါးကလည်းသိပ်ပြီးကိုင်းမနေတော့ပဲ သူ၏ဆံပင်ဖြုတေများ ကလည်းတစ်ခေါင်းလုံးဖြုမနေတော့ အမဲတစ်ဝတ် အဖြုတစ်ဝတ်ဖြစ်နေခဲ့သည်။ အသက်ရွယ်ကလည်း ခုနှစ်ဆယ်လောက်လို့သဏ္ဍန်ပြန်ဖြစ်သွားခဲ့ပြီး ပါးရည်းအတွန်များလည်း လျော့ပါးလာခဲ့သည်။
အဘိုးကြီးဖေး၏ တိုးတက်မူကို လုံထန့်လဲ ဝမ်းသာသွားခဲ့သည်။ သူဘေးမှ အချိန်ကြာကြီး ရှိနေခဲ့သော ဒီအဘိုးကြီး ကျင့်စဉ်အဆင့်မတက်နိုင်ပဲ ပိတ်စို့သွားသည့်နှင့် သူ၏အခွင့်လမ်းတေ ဆုံးရှုံးသွားခဲ့ကာ သူအနားမှာအစောင့်ရှောက်ဖြစ်ရန်အတွက် အမိန့်ပေးခံခဲ့ရသည်။ ပြီးခဲတဲ့နှစ်တေအတွင်းမှာ အဘိုးကြီးဖေးတစ်ယောက် အဆင့်ချိုးဖြတ်တက်ရောက်နိုင်ရန် ကြိုးစားနေခဲ့တာကိုသူလည်းသတိထားမိသည်။
" လာထိုင်အဘိုး "
ဟားဟား ကျေးဇူးတင်ပါတယ် အရှင့်သား...။
အဘိုးကြီးဖေးက လုံးဝလူသစ်တစ်ယောက်လိုဖြစ်နေပြီးတက်ကြွနေခဲ့သည်။
"အရှင့်သားအရေးကြီးကိစ္စများရှိလို့လား ..."
အဘိုးကြီးဖေးက စားပွဲခုံတွင် ဝင်ထိုင်လိုက်ရင်းလုံထန့်ကိုကြည့်ကာမေးလိုက်သည်။
" ဟုတ်အဘိုး "
သွေးနဂါးနယ်မြေဝန်းကျင်က မျိုးနွယ်စုငယ်လေးတေ စုဆောင်းဖို့ကိစ္စမှတ်မိတယ် မလား ...။
မှတ်မိပါတယ်အရှင့်သား...။
အဲဒီကိစ္စပြောမလို့ ပဲ ...။
လုံထန့်က စစ်သူကြီးလင်းယုပြောလာတဲ့သတင်းစကားများကို အဘိုးကြီးဖေးကို နောက်တစ်ကြိမ်ပြောပြန်ကာပြောလိုက်သည်။
ဆိုတော့ အရှင့်သားပြောချင်တာက မိုးကြိုးသိမ်းငှက်မျိုးနွယ်စုကို ကိုယ်တိုင်သွားမလို့လား ....။
" ဟုတ်တယ် "
ဒီအဘိုးကြီးတာဝန်ယူပေးပါမယ် အရှင့်သားကလေ့ကျင့်ရာမှာပဲ အာရုံစိုက်ထားပေးပါ ဒီလို့တာဝန်မျိုးကို အရှင့်သားလိုက်ပါလုပ်နေစရာမလိုပါဘူး ။ အဘိုးကြီးဖေးက လုံထန့်ကိုပြောလိုက်သည်။
မဟုတ်ဘူး အဘိုး ....။
ကျွန်တော် ဒီမှာတစ်ချိန်လုံးလေ့ကျင့်နေရတာပျင်းလာပြီ အဲတာကြောင်အပြင်ထွက်ဖို့လည်း လိုတယ် လေ။
အရှင့်သားသဘောပါပဲအဘိုးကြီးဖေးလည်းလက်လျော့ကာပြောလိုက်သည်....။
ဘယ်ချိန်သွားမှာပါလဲ အရှင့်သား ....။
မနက်ဖြန် မနက်မှ စထွက်တာပေါ့ အဘိုး...။
ဒီလို့နဲသာ အဘိုးကြီးဖေးနှင့် လုံထန့်နှစ်ယောက်စလုံး နောက်တစ် နေ့တွင် စတင်ကာ ထွက်ခွာရန်အတွင်ပြင်ဆင်လိုက်ကြသည်။ မိုးကြိုးသိမ်းငုက်မျိုးနွယ်စုများနေထိုင်သည်နေရာက သွေးနဂါးနယ်မြေနဲ့ အရှေဘက်အရပ်ရှိ မိုးကြိုးတောအုပ်လို့ ခေါ်ပြီးတော့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုကို အဆွဲပြုကာ ပေးထားသည် တောအုပ်မှာနေထိုင်ကြတာပဲဖြစ်သည်။
သွေးမြို့တော်ကနေဆိုရင် အနည်းဆုံး ငါးရက်သို့မဟုတ် ခြောက်ရက်ခန့်လောက်ထိ အချိန်ယူကာသွားရနိုင်၏။ အဲဒီအတွက်ကြောင့်သာ လုံထန့်လည်း အလောတကြီးမသွားခြင်းဖြစ်သည်။
--------
နောက်တစ်နေ့မနက် နေမင်းက၏အလင်းရောင်က လောတခွင် အလင်းများဖိတ်စင်လာချိန်တွင် လုံထန့်ရှိရာအခန်းသို့ အဘိုးကြီဖေး ရောက်ရှိလာခဲ့သည်။
အရှင့်သား ...။
မိုးကြိုးသိမ်းငှက်မျိုးနွယ်စုကို သွားရန်အတွက် အဆင့်သင့်ဖြစ်ပါပြီ ....။
ဒါဆို့ဆိုရင်သွားကြတာပေါ့ အဘိုး ....။
လုံထန့်လဲ အခန်းတံခါးကို ဖွင့်ကာထွက်လာရင်းဖြင့် ပြောလိုက်သည်။
အဘိုးကြီးက လုံထန့်နှင့် အတူတူထွက်လာပြီး ကောင်းဘုံနန်းတော်၏ နေရာလွတ်ရှိသည်နေရာတွင် လေသင်္ဘောကို ထုတ်ယူလိုက်သည်။
လုံထန့်ကထိုအရာကိုမြင်သည်နှင့် တားလိုက်သည်။ အဘိုး ပုံမှန်တိုင်းပဲ ပြန်သန်းသွားရအောင် အဲတာကို လေသင်္ဘောကို မထုတ်နဲတော့ ....။
ဒီအဘိုးကြီးနားလည်ပါ...။
အဘိုးကြီးဖေးလည်း လုံထန့်စကားကို နားထောင်ပြီးနောက် လေသင်္ဘောကို ပြန်သိမ်းလိုက်ကာ သွေးမြို့တော်အပြင်သို့ မြို့တော် အတွင်းတွင် စည်းကားနေသည်များကိုကြည့်ရင်းဖြင့် စကားပြောရင်းဖြင့် ထွက်လာခဲ့သည်။
သွေးမြို့တ်ောအပြင်သို့ရောက်သည်နှင့် သူတိုနှစ်ဦးစလုံးက မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ တည်ရှိရာ အရှေအရပ်သို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။
---------
ထိုအချိန် တစ်ဖက်တွင် စစ်သူကြီးလင်းယု ဦးစောင့်သွားခဲ့သည် နဂါးစစ်သည်တေက လျှပ်စီးဝံပုလွေမျိုးနွယ်စုထံသို့ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်သည်။
လင်းယုက သူနဲ့အတူတူ မြေကမ္ဘာသားရဲအဆင့် ဗိုလ်ချုပ်ဆယ်ယောက်နဲ နောက်ထပ် လုံထန့်ပေးခဲ့သည် ဆေးလုံးများချီကျောက်တုံးများကို သုံးကာအဆင့်တက်လာကြသည်။ မြေကမ္ဘာသားရဲ ဆယ်ကောင်နဲဆို အားလုံးပါ မြေကမ္ဘာသား အယောက်နှစ်ဆယ်ပဲ ခေါ်ဆောင်လာခဲ့တာဖြစ်သည်။
ရပ်လိုက်စမ်း ....။
အဲမှာဘယ်သူလည်း ဒီနယ်မြေကငါတို့ရဲ့ လျှပ်စီးဝံပုလွေမျိုးနွယ်အပိုင်ဆိုတာ မသိဘူးလား .....။
လင်းယုတို့အဝေးတွင် ဆယ်မီတာခန့်အမြင့်ရှိသော ဝံပုလွေကြီး ဆယ်ကောင်ကျော် ပေါ်လာခဲ့သည်။ သူတို၏ ဦးခေါင်းထပ်က ဂျိုတစ်ချောင်းလည်းရှိပြီး ဒါကလျှပ်စီးဝံပုလွှေမျိုးနွယ်စု၏ အမှတ်သားဖြစ်သည်။ ထိုဦးချို့ကနေ လျှပ်စီးများကို ပစ်ခက်ကာ ရန်သူများကို တိုက်ခိုက်နိုင်သလို ခုခံကာကွယ်မူများကို ထုတ်လွတ်နိုင်ကြသည်။
ဒီဝံပုလွေအုပ်စုက သားရဲသခင် အဆင့်ပဲ ရှိပီး နယ်မြေကို ကင်းလည့်နေသည် အုပ်စုသာဖြစ်သည်။
ငါက သွေးမြို့တော်ရဲ့ အရှင့်သားလုံထန့်ရဲ့ လက်အောက်ခံစစ်သူကြီးတစ်ယောက်ပဲ အရှင့်သားက မင်းတိုရဲ့ ခေါင်းဆောင်ကို သတင်းစကားပေးလို့လာခဲ့တာ မင်းတိုရဲ့ ခေါင်းဆောင်ကို သတင်းပို့ပေးပါ....။
လင်းယုက ပြောလိုက်သည်။
လျှပ်စီးဝံပုလွေအုပ်စုက သွေးမြို့တော်အသံကြားသိနှင့် ခနတာထိတ်လန့်သွားခဲ့ကာ လင်းယုတို့အုပ်စုကို သေချာကြည့်ပြီးနောက် ခေါင်းစုဟု ထင်ရသည် လျှပ်စီးဝံပုလွေတစ်ကောင်က လင်းယုတို့ကို ပြောလိုက်သည်။
ဒီမှာ ခနစောင့်ပါ ငါမျိုးနွယ်စု ခေါင်းဆောင်ကို သတင်းပို့လိုက်မယ် ....။
ကောင်းပြီ .....။
လျှပ်စီးဝံပုလွေက လျှင်မြန်စွာဖြင့် တောအုပ်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက်မှသတင်းပိုရန်အတွက်ထွက်ခွာသွားသည် လျှပ်စီးဝံပုလွေနှင့် အတူတူ အသက် ငါးဆယ်အရွယ်လောက်ရှိသော လူတစ်ဦးပါလာခဲ့သည်။
ဒီကလူကြီးမင်း ကိုဘယ်လို့ ခေါ်ရမလဲ သူကလင်းယုကိုကြည့်ကာ မေးလိုက်သည်။ ကျုပ်က လျှပ်စီးဝံပုလွေမျိုးနွယ်စုခေါင်းဆောင် ဖန်ထင်းပါ ထိုလူက လင်းယုကို အနည်းငယ်ဦးညွှတ်ကာ ပြောလိုက်သည်။
ကျုပ်က လင်းယုပါ အရှင့်သားရဲ့ အမိန့်ကို ယူဆောင်လာခဲ့ပါတယ် ...။
ဒီဘက်ကို ကြွပါတယ် လူကြီးမင်း လျှပ်စီးဝံပုလွေမျိုးနွယ်စု ခေါင်းဆောင်က လင်းယုကို သူတို့နေထိုင်ရာစီသို့ ခေါ်ဆောင်သွားခဲ့သည်။
လျှပ်စီးဝံပုလွေများက ကျောက်ဂူကြီးတေမှာနေထိုင်ပြီး အဆောက်ဦးများလည်း မရှိချေ။ လင်းယုတို့ ကြီးမားသော ကျောက်ဂူကြီး တစ်လုံးထံသို့ ခေါ်ဆောင်လာခဲ့သည်။
လျှပ်စီးဝံပုလွေခေါင်းဆောင်က ရှက်ရွံစွာဖြင့် ကျုပ်တို့မျိုးနွယ်က မချမ်းသာတော့ ဒီလို့ပုံစံမျိုးတေမြင်ရလို့ လူကြီးမင်းကို တောင်းပန်ပါတယ်...။
ဒီမှာထိုင်ပါလူကြီးမင်း ....။
ကျောက်သားများဖြင့် ပြုလုပ်ထားသည် စားပွဲခုံများနှင့် ထိုင်ခုံလေးများရှိရာကို ဖန်ထင်းက ညွှန်ပြလိုက်သည်။
လင်းယုလည်း ထိုင်ခုံမှ ဝင်ထိုင်လိုက်ပြီးသည်နှင့် ဖန်ထင်းကိုကြည့်ကာ ကျုပ်ခင်ဗျားကို အရှင့်သားမှာလိုက်တဲ့စကားကိုပြောမယ် သေချာနားထောင်ပါ....။
ပြောပါလူကြီးမင်း...။
အရှင့်သားက ခင်ဗျားတို့ မျိုးနွယ်စုကို သူလက်အောက်ကို ခုံလုံစေချင်တယ် ။ သူရဲ့စစ်တပ်မှာ ခင်ဗျားတို့ မျိုးနွယ်စုကို ပါဝင်စေချင်တယ် ။ အဲဒီအတွက်ကြောင့် ခင်ဗျားတို့ကာ သွေးမြို့တော်မှာ နေထိုင်လို့ရတယ် လို့ အရှင့်သားကမှာကြားလိုက်တယ် ...။
ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘာများလည်း မျိုးနွယ်စုခေါင်းဆောင် ....။
အာ ...။
ကျုပ်ကိုခွင့်လွတ်ပါ ဒီလို့အရေးကြီးတဲ့ ကိစ္စတေကို ကျုပ်တစ်ယောက်ထဲ ဆုံးဖြတ်ချက် ချလိုက်လို့မရပါဘူး မျိုးနွယ်စုက အကြီးကဲတေ နဲတိုင်ပင်လိုက်ပါအုန်းမယ်။
မနက်ဖြန်မှ လူကြီးမင်းကို အကြောင်းပြန်ပေးပါမယ်....။
အမြန်လုပ် .....။
လင်းယု မျက်နှာထားတင်းကာပြောလိုက်သည်။ သူစိတ်ထဲတွင် အနေထိုင်စုတ်ပျက်နေသည့် ဒီလို့မျိုးနွယ်စုငယ်လေးကများက သူ၏ အရှင့်သား အမိန့်ကို တန်းလက်မခံပဲ စဉ်းစားနေသေးသည့် အတွက် ဒေါသထွက်နေခဲ့သည်။ လုံထန့်က သာသူကို အေးအေးဆေးဆေး ဆွေးနွေးပါလို့ မပြောခဲ့လိုက်ရင် သူထပြီး သောင်းကျမ်းနေပြီဖြစ်သည်။
ကောင်းပါပြီ လူကြီးမင်း ....။
ဒီညတော့ ကျုပ်တို့မျိုနွယ်စုက လူကြီးမင်းတိုကို ဧည်ခံပွဲလေး လုပ်ပေးပါရစေ ဖန်တင်းက လင်းယုကို ခွင့်တောင်းလိုက်သည်။
ရပါတယ် အဆင်ပြေသလို့ လုပ်ပါ ....။
လျှပ်စီးဝံပုလွေ မျိုးနွယ်မှ အမျိုးသမီးများ ဝင်လာခဲ့သည်။
လာကြစမ်း ညအတွက် ဒီကလူကြီးမင်းများအတွက် ဧည်ခံဖို့ စားသောက်ပွဲတေ ပြင်ဆင်လိုက်ကြစမ်း....။
နားလည်ပါပြီ ခေါင်းဆောင် ...။
လင်းယုလည်း လျှပ်စီးဝံပုလွေမျိုးနွယ်စုခေါင်းဆောင်၏ သဘောတိုင်းသာ တစ်ညနေရန်ဆုံးဖြတ်လိုက်သည်။ ထိုညတွင် လျှပ်စီးဝံပုလွေမျိုးနွယ်စုက စားသောက်ပွဲကြီးကို လုပ်ကာ လင်းယုတို့ကို ဧည်ခံခဲ့သည်။
သူတိုလျှပ်စီးဝံပုလွေမျိုးနွယ်စု အကြီးကဲများကို စုဝေးကာ
လင်းယုပြောသည့် အကြောင်းရာများကို ပြန်ပြောကြားလိုက်ပြီး နောက် ထိုကိစ္စကို ဆွေးနွေးကြသည်။
နောက်တစ်နေမနက်ခင်းတွင် လျှပ်စီးဝံပုလွေမျိုးနွယ်စုခေါင်းဆောင်ဖန်ထင်းနဲ သူတို့မျိုးနွယ်၏ အကြီးကဲများက လင်းယု နေထိုင်ရာစီသို့ ရောက်လာကြသည်။
လူကြီးမင်း လင်းယု အရှင့်သား ပြောတဲ့ ကိစ္စကို ကျုပ်တို့မျိုးနွယ်စုက လက်ခံပါတယ် ....။
ဟားဟား....။
ကောင်းတယ် .... ။
အရှင့်သား နောက်လိုက်တာက မင်းတို့မျိုးနွယ်စုကို ကြီးမြတ်မူတေ ချမ်းသာကြွယ်ဝမူတေ အာဏတေကို ယူဆောင်လာပေးလေ့မယ် ....။
လာကြစမ်း ....။
လင်းယု၏ အော်ခေါ်သံကြောင့် ....။
စစ်သူကြီး မြေကမ္ဘာသားရဲ အဆင့်တစ်ယောက်က ဝင်ယောက်လာခဲ့သည်။ လျှပ်စီးမျိုးနွယ်စုက လိုအပ်တာတေသိမ်းစည်းပြီးတဲ့ အခါကြရင် သွေးမြို့တော်ကို ခေါ်ဆောင်သွားပြီး လိုအပ်တာတေ လုပ်ပေးလိုက်....။
နားလည်ပါပြီ စစ်သူကြီး ....။
ကဲဒါဆို.... ငါတို့လည်း သွားကြစို့ လင်းယုက သူ၏နောက်လိုက် မြေကမ္ဘာသားရဲ့ ဆယ်ကိုးယောက်ကို ခေါ်ဆောင်ကာ အမှောင်ထုဝံပုလွေမျိုးနွယ်စုထံ ခရီးဆက်ခဲ့ကြတော့သည်။