← Chapters

ဒဏ္ဍရီလာ " မိုးထိတောင် " သို့မဟုတ် " ပြန်လမ်းမဲ့တောင်"

Vol. 2 Ch. 26

ဒဏ္ဍရီလာ " မိုးထိတောင် " သို့မဟုတ် " ပြန်လမ်းမဲ့တောင်"

Vol. 2 Ch. 26

---------

တစ်ဖက်တွင် သစ်တောအုပ်များ နှင့် မြင့်မားသော တောင်ကြီးများကို ဖြတ်သန်းက ပျံသန်းနေသော အနက်ရောင်အမဲစက်လေးနှစ်ခုက ပျံသန်းနေခဲ့သည်။ သူတိုပျံသန်းနေချိန်တွင် တစ်ကောင်ထဲသာ ရှိနေတက်သော သားရဲတေအများပြားကိုလည်းတွေခဲ့ရသည်။ တချို့သားရဲများဆိုရင် အုပ်စုဖွဲ့ကာ အားနည်းတဲ့သူများကို လုယက်သတ်ဖြတ်တက်ကြသေးသည်။ သူတိုတေလမ်းတစ်လျောက်တွင် အမြင်ကွင်းမျိုးစုံကိုလည်း တွေခဲ့ရသေးသည်။ သူတိုနှစ်ယောက်ကိုမြင်သည်နဲ့ တိုက်ခိုက်ဖို့ ထွက်လာကြသော်လည်း အားလုံးကိုရှင်းလင်းဖယ်ရှားပစ်ခဲ့လိုက်သည်။

ဘယ်လောက် ဝေးသေးလဲ အဘိုး ...။

ဒီအမြန်နူန်းအတိုင်းဆိုရင် နောက်နှစ်ရက်လောက်ဆိုရောက်ပါမယ် အရှင့်သား ...။

ဒါဆိုလည်းပုံမှန်ပဲသွားကြတာပေါ့ အဘိုး ...။

ထိုပုံရိပ်နှစ်ခုက ဆက်လက်ကာ ပျံသန်းနေခဲ့သည်။ထိုနှစ်ယောက်ကတော့ လုံထန့်နဲ အဘိုးကြီးဖေးသာဖြစ်သည်။

သူတိုပျံသန်းသွားနေချိန်တွင် ပုံမှန်တွေ့မြင်နေရသော တောင်ကြီးထက်မြင့်မားသော တောင်တစ်လုံး၏အနားသို့ရောက်ရှိလာခဲ့သည်။ အဘိုးဒီတောင်က ထူခြားလှတယ်မဟုတ်ဘူးလား။ ဒီတောင်ကြီးက အမည်ရှိလား...။

လုံထန့်လည်းသိချင်စိတ်ဖြစ်လာသဖြင့် မေးလိုက်သည်။

အဘိုးကြီးမေးက မြင့်မားသောတောင်ကြီးကို ငေးမောကာကြည့်လိုက်ရင်းဖြင့်ပြောလိုက်သည်။ ဒါက " မိုးထိတောင် " သို့မဟုတ် " ပြန်လမ်းမဲ့တောင် " လို့ခေါ်ပါတယ်အရှင့်သား ။ သွေးနဂါးနယ်မြေနားမှာ ရှိတယ် အထူးခြားဆုံးတည်ရှိမူလည်းဟုတ်ပါတယ် ...။ ဒီတောင်ရဲ့ ထူးခြားချက်က တောင်ထိပ်ပေါ်ထိ ရောက်အောင်ဘယ်သူမှ တက်နိုင်ခဲ့ခြင်းမရှိပါဘူး။

မျိုးနွယ်စု အမျိုးမျိုးကလာသော စွမ်းအားမြင့်သားရဲတေ လာစမ်းကြည့်ကျသောလည်း ဘာသတင်းအစနမှ ပြန်မရခဲ့ပဲ ပျောက်ကွယ်သွားတာ ချည်းသာပါပဲ အရှင့်သား...။

လုံထန့်လဲ ကောင်းယံနဲ့ ဆက်သွယ်ထားကာ ထောက်တိုင်ကြီးတစ်ခုလို့ ဖြစ်နေသော တောင်ကြီးကို အံဩတစ်ကြီးကြည့်လိုက်သည်။

" ဒင် "

မစ်ရှင်ပေါ်လာပါပြီ....။

" မိုးထိတောင် " သို့မဟုတ် " ပြန်လမ်းမဲ့တောင် " ထိပ်သို့တက်ပြီး " နှစ်သန်းရှိသက်တမ်းရှိနေသော "{ ဝိညာဉ်ရေစင်ကို ရှာဖွေ့ပါ}။

ဆုလဒ်~~~...?

အချိန်သတ်မှတ်ချက် ~~~ တစ်နှစ် ။

မစ်ရှင်မပြီးဆုံးခဲ့ပါက အလိုအလျှာက်ပျောက်ကွယ်သွားပါမည်။

လုံထန်တစ်ယောက် အဘိုးကြီးဖေး ၏စကားများကို နားထောင်နေတုန်းမှာပင် သူ၏ အရှေတွင် ဇယားကွက်မှန်ဘောင်ပေါ်လာကာ စာကြောင်းများကို တွေလိုက်ရသည်။

" ချီး "

ငါကိုများသေ စေချင်နေတာလားဟ...။

ငါထက်စွမ်းအမြင့်တဲ့သူတေတောင် ပြန်မလာနိုင်တာ ငါသွားလည်းပြန်မလာနိုင်ရင်ဘယ်လို လုပ်မလဲ ...။ သူစိတ်ထဲတွင်သာ ကျိမ်ဆဲလိုက်မိသည်။

" ဟူး "

ထားပါလေ။ ငါ နောက်တစ်ကြိမ်မှ လာပြီးစမ်းသပ်ကြည့်တော့မယ် လုံထန့်လဲ သက်ပြင်းချကာတွေးလိုက်သည်။

သွားကြစို့အဘိုး ...။

သူတိုနှစ်ယောက် ဆက်သွားဖို့ပြင်လိုက်ချိန်တွင် မွှေးပျံလွန်းတဲ့ သင်းရနံတစ်ခုကို လုံထန့် ရလိုက်သည်။ ထိုသင်းရနံကို ရှုမိရုံနဲ့ တင် သူ၏ကုန်ဆုံးသွားသော စွမ်းအင်များကို အထွဍ်ထိပ်ထိပြန်လည့်ပြည်သွားခဲ့သည်။

ဒါကဘာလည်းဟ ....။

လုံထန့်လည်း အံဩတစ်ကြီးရေရွက်ကာ အဘိုးကြီးဖေးကိုကြည့်ပြီးမေးလိုက်သည်။ အဘိုးကြီးဖေးက အံဩဟန်မပြပဲ တည်ငြိမ်စွာဖြင့်ပင် " ဒါက တစ်လပြည့်တိုင်းမှာ ဒီတောင်ကနေ ထုတ်လွင့်တဲ့ ရနံပါ အရှင့်သား။

ဘာလည်းတော့ မသိပေ အားလုံးကတော့ ဒါကထိပ်တန်းအင်မော်တယ်ဆေးပင်တစ်ပင်လို့ ဆိုကြပါတယ် ...။

ဒီမွှေးရနံကြောင့်ပဲ စွမ်းအားကြီးသားရဲတေက မတက်ခင်မှာတက်သွားကြတဲ့ သားရဲတေလည်း တောင်ပေါ်ကပြန်ဆင်းမလာတော့ပါဘူး။ ဒီတောင်ကမွှေးရနံနဲ့ ပျောက်ကွယ်သွားသောသားရဲတေရဲ့သတင်းများက နောက်တော့ ဒီသတင်းက နေရာတော်တော်များများကို ပျံနှံသွားပြီးတော့ စွမ်းအားမြင့်သားရဲတေ ဒီတောင်ကိုရောက်လာကြပါတယ်။ သူတို့က ဆေးပင်ကိုရှာဖွေ့အတွက်ပါ။ အနိမ့်ဆုံးကတောင် ကောင်းကင်သားရဲအဆင့်ပါ။ အမြင့်ဆုံးဆိုရင် အင်ပါယာသားရဲ အဆင့်ပါ ။

သူတိုအားလုံးတောင်ပေါ်တက်သွားပေမဲ့ ဘယ်သူမှ ပြန်ဆင်းမလာတော့ပါဘူး ။ ဒါကြောင့် ဒီတောင်ကို အမည်ပြောင်ပေးထားတာက ။ အဲဒီအချိန်ကစပြီး " မိုးထိတောင်" မဟုတ်တော့ပဲ " ပြန်လမ်းမဲ့ " တောင် ဖြစ်သွားတာပါပဲ ...။

အဘိုးကြီးဖေးက တောင်ကြီးကို့ကြည့်ကာ ငေးမောစွာဖြင့်ပြောလိုက်သည်။ သူ၏မျက်လုံးများကလည်း တစ်ခုခုကို လွမ်းဆွတ်သတိရနေဟန်ရသည်။

လုံထန့်လည်းအဘိုးကြီးဖေးကို အံဩသင့်စွာကြည့်လိုက်သည်။ အဘိုးကြီးကသူဘေးမှ နေခဲ့သည် တလျောက်လုံးထိုမျက်နှာမျိုး မပြသခဲ့ဖူးချေ။

အဘိုးဘာဖြစ်လို့လဲ ....။

လုံထန့်လဲ အဘိုးကြီးဖေးကို သတိထားကာမေးလိုက်သည်။

" ဟူး "

သက်ပြင်းအရှည်ကြီးကို ဆွဲကာချလိုက်သည်။

အရှင့်သားသိချင်ရင်တော့ ဒီအဘိုးကြီး ပြောပြပါမယ်။ အဲဒီ အဖြစ်ပြက်တေက ဒီအဘိုးကြီး ငယ်စဉ်တုန်းက ဖြစ်ခခဲ့တာ ပါ တောင်ပေါ်ကို တက်သွားခဲ့တဲ့ အုပ်စုထဲမှာ " ဒီအဘိုးကြီးရဲ့ ဆရာပါ ပါသွားခဲ့တာပါ။ အခုဆိုရင်ဒီအဘိုးကြီးရဲ အသက်က နှစ်ငါးရာ ရှိနေပြီ ...။ အဲဒီအချိန်တုန်းကလဲ ဒီမွေးရံနံကြောင့် နေရာတော်တော်များက အုပ်အုပ်ကြပ်ကြပ်ဖြစ်နေကြပြီး ဆရာကလည်း သတင်းကြားတော့သူလည်း သိချင်တာနဲ့ပဲ ဒီတောင်ကို လေ့လာဖို့အတွက် သူနဲနှစ်ယောက်သားလာခဲ့တာပါ။ ဆရာတက်သွားပြီးနောက်

ဒီအဘိုးကြီးကတောင်ခြေမှာ တစ်နှစ်တိတိ စောင့်နေခဲ့ပေမဲ့။ ဘယ်သူမှ ပြန်မလာခဲ့တော့ဘူး...။

အဲဒီနောက်ပိုင်း အချိန်ကစလို့ ဒီတောင်ကို ဘယ်သူမှလဲ မစူးစမ်းတော့သလို့ ဘယ်သူကမှလည်း တောင်ပေါ်ကို တက်ရောက်ဖို့မကြိုးစားတော့တာ အခုထိပါပဲ။

အဘိုးကြီးဖေးက လုံထန့်ကို ကြည့်ကာ တောင်ကြီးကိုငေးမော နေရင်းဖြင့်ပြောလိုက်သည်။

လုံထန့်စိတ်ထဲတွင့် အဘိုးကြီးဖေးဖြစ်နေသည် ပြဿနာများကို သူဒီတောင်ကိုတက်တဲ့အချိန်ကြရင် ဘိုးကြီးဖေး၏ဆရာသာအသက်ရှိနေသေးပါက တောင်ပေါ်ရောက်တဲ့အခါမှာ ရှာဖွေပေးဖို့ ဆုံးဖြတ်လိုက်သည်။

တောင်ကြီးကို ငေးမောနေသည်မှာ အချိန်တစ်ချို့ကြာပြီးနောက် အဘိုးကြီးဖေးက သတိပြန်ဝင်လာခဲ့သည်။

သွားကြစို့ အရှင့်သား...။

ဒါတေက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာတုန်းက ဖြစ်ခဲတာပါ..။

အဲဒီအချိန်က စပြီး ဒီတောင်ကိုဘယ်သူမှ ခြေမချတော့ပါဘူး ။ ဒီအဘိုးကြီးလဲ အင်ပါယာသားရဲ အဆင့်၏ အထက်ဆင့်ကို ရောက်တဲ့အခါတောင်ပေါ်ကို တက်ရှာမလို့ပါပဲ အရှင့်သားသိတဲ့ အတိုင်းပဲ ဘုရင်သားရဲ အဆင့်ငါးမှာ ပိတ်မိသွားပြီး အဆင့်မတက်တော့တာပါပဲ ။ အရင်က ဖြစ်နိုင်ချေ မရှိတောပေမဲ့ အခုတော အရှင့်သားပေးတဲ့ ဆေးတေ ကြောင့် အဆင့်တက်နိုင်သွားတဲ့ အပြင် အဆင့်ခြောက်ရဲ့ အလယ်လတ်အဆင့်ကို ရောက်ဖို့တောင် သိပ်မလို့တော့ဘူးလို့ ခံစားနေရပါတယ်...။

အဘိုးကြီးဖေးက လုံထန့်ကို ပျော်ရွှင်နေသောမျက်နှာထားဖြင့်ပြောလိုက်သည်။

အခုမှပဲ လုံထန့်လဲ အရာအားလုံးကိုနားလည်သွားတော့သည်။ အဘိုးကြီးဖေး အဆင့်တက်တုန်း အရမ်းပျော်နေတာကို သိသွားခဲ့တောသည်။

ပြန်လမ်းမဲ့တောင်ကြီးကို နောက်ထားခဲ့ပြီးသူတို့ကတော့ပျံသန်းရင်းထွက်ခွာသွားခဲ့ကြသည်။

-------

အချိန်ကနောက်ထပ်နှစ်ရက်ခန့်ကုန်ဆုံးသွားချိန်တွင် ပေပေါင်းများစွာမြင့်မားသော တောအုပ်ကြီးတစ်ခု၏ အရှေ့သို့လုံထန့်နဲ့ အဘိုးကြီးဖေးတို့ ရောက်ရှိလာကြသည်။

ဒါကမိုးကြိုးတောအုပ်ပေါ့ ...။

လုံထန့်လဲ မြင့်မားလွန်းလှသော သစ်ပင်ကြီးတေ အုပ်ဆိုင်းနေသော တောအုပ်ကြီးကို ကြည့်ကာပြောလိုက်သည်။

သွားကြစို့ အဘိုး...။

စစ်သူကြီး လင်းယုရဲ့သတင်းအရဆိုရင် သူတို့က တောအုပ်အတွင်းမှာနေ ထိုင်တာ လို့ ပြောတယ် ။လုံထန့်နဲ အဘိုးကြီးဖေးလည်း မိုးကြိုးတောအုပ်၏အတွင်းပိုင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည် ။

All Chapters