← Chapters

မိုးကြိုးသိမ်းငှက်မျိုးနွယ်စု

Vol. 2 Ch. 27

မိုးကြိုးသိမ်းငှက်မျိုးနွယ်စု

Vol. 2 Ch. 27

--------

လုံထန့်တို့ မိုးကြိုးတောအုပ်အတွင်းသို့ဝင်ရောက်သွားချိန်တွင်.....။

---------

တစ်ဖက်တွင် အမှောင်ထုမြေခွေးမျိုးနွယ်စုရှိရာထံသို့ သွားရောက်ခဲ့သော စစ်သူကြီးလင်းယုမှာ သူ၏စစ်သည်တေနှင့် အတူတူ အမှောင်ထုမြေခွေးမျိုးနွယ်စုကို သိမ်းသွင်းနိုင်ခဲ့သည်။

အမှောင်ထုမြေခွေးမျိုးနွယ်စု၏ မျိုးနွယ်သားဦးရေ ရှစ်ထောင်ကျော်ကို ဦးဆောင့်ကာ သွေးမြို့တော်စီသို့ ပြန် လာခဲ့သည်။ လင်းယုအတွက် လုံထန့်ပေးခဲ့သော တာဝန်မှာ အောင်မြင် သွားခဲပြီးပဲ ဖြစ်သည်။

-------

ထိုအချိန်မှာ လုံထန်နှင့် အဘိုးကြီးဖေးမှာ မိုးကြိုးတောအုပ်၏ အတွင်းပိုင်းစီသို့ ဦးတည်သွားနေခဲ့သည်။ သူတို့သွားနေသည်မှာ တောအုပ်၏ အလယ်ရောက်သည့်အချိန်တွင် မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အစောင့်များ၏တားဆီးခံလိုက်ရသည်။

ရပ်လိုက်စမ်း....။

မင်းတိုဘယ်သူတေလဲ ငါတိုမျိုးနွယ်စုထံကို ဘာအတွက်လာခဲ့တာလဲ မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အစောင့်များကသတိထားကာ မေးလိုက်ကြသည်။ သူတိုအားလုံးက သားရဲသခင် အဆင့် ခုနစ် နဲ့ သားရဲသခင် အဆင့်ရှစ်တွင်ရှိကြသည်။

ထူးခြားချက်က သူတို့၏နောက်ကျောတွင်ရှိသော အနက်ရောင်အတောင်ကြီးများဖြစ်ပြီး သေချာကြည့်ပါက ထိုအတောင်များပေါ်တွင် ခရမ်းရောင်လျှပ်စီးများ တစ်ချက်တစ်ချက် ပေါ်နေခဲ့သည်။

လုံထန့်လဲ သူတိုကို သေချာလေ့လာပြီးနောက် ခေါင်းငြိမ်လိုက်သည်။ မျိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အင်အားကမနည်းချေ။ သူတွေးထားခဲ့သည် ထက်ပင်သာနိုင်သေးသည်။

မင်းတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပိုလိုက် သွေးမြို့တော်ရဲ့ အရှင်သခင် လာတယ်လို့...။အဘိုးကြီးဖေးက ဘေးကနေ ဝင်ပြောလိုက်သည်။

မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အစောင့်များက သွေးမြို့တော်အသံကြားသည့်ကြောင့် ခနတာထိတ်လန့်သွားခဲ့သည်။ လွန်ခဲ့သောလက သွေးနဂါးနယ်မြေတစ်ခုလုံးကို အုပ်ချုပ်မည် အဆင့်မြင်မျိုးနွယ်စုကလူတစ်ယောက် ရောက်လာသည်ကို သူတို့လို့ ဒီနယ်မြေအနီးမှ နေထိုင်သူတေလည်း သတင်းရကြသည်။

သူတိုအတွက်တော့ ဒီနယ်မြေ အနီးနားတွင်ရှိသည့် ထိပ်ထိန်းမျိုးနွယ်စုလို ဖြစ်နေသည်က ကြာမြင့်လာချိန်တွင် သူတို့မျိုးနွယ်စုက အနီးနားရှိမျိုးနွယ်စုတေကြားတွင်ဘုရင်တစ်ပါးလိုဖြစ်နေချိန်မှာ သွေးနဂါးမြို့တော်ကို ထိပ်တန်းမျိုးနွယ်စုက လူတစ်ယောက် ရောက်လာသည်ကို မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ လူတိုင်းက သဘောမကြကျချေ။

လုံထန့် သွေးနဂါးနယ်မြေကို ရောက်ရှိလာသည်အတွက်ကြောင့် မိုးကြိုးသိမ်းငှက်မျိုးနွယ်စုရဲ့ ရည်မှန်းချက်ကိုထိခိုက်သွားစေခဲ့သည်။ သူတိုက နဂိုကသွေးနဂါးနယ်မြေကို သူတို့အပိုင်အဖြစ်သိမ်းပိုက်ရန် ရည်ရွယ်ထားတာကို မိုးကြိုးသိမ်းငှက်မျိုးနွယ်စု မျိုးနွယ်စုဝင်တိုင်းသိကြသည်။

ထိုနယ်မြေသို့ ထိပ်တန်းမျိုးနွယ်စုကလူယောက်လာသည်အချိန်မှ စတင်၍ မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ ပတ်ဝန်းကျင့်၏ မျိုးနွယ်စုတေ အပေါ်လွမ်းမိုးမူကလည်း သိသိသာသာ လျော့ကြသွားခဲ့သည်။

ထိုကြောင့် သွေးနဂါးနယ်မြေ၏ အရှင်သခင်ကို သူတို၏ရည်မှန်းချက်ကို ဖျက်စီးသူဆိုပြီးတော့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုသားတိုင်းက မုန်းတီးကြသည်။

အရှင့်သား ရောက်နေတယ်လို့ ပြောတာ မကြားဘူး...။

အဘိုးကြီးဖေးက ထိုအစောင့်စစ်သည်များကို ကြည့်က ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။

" ဟမ့် "

မိုးကြိုးသိမ်းငှက်မျိုးနွယ်စု အစောင့်စစ်သည်များက နှာခေါင်းကို ရှုံလိုက်ကာ လှောင်ပြောင်နေသည့်မျက်နှာထားဖြင့် အဘိုးကြီးဖေးနဲ လုံထန့်ကို ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်က မရှိဘူး ...။

အဲတော့ မင်းတိုပြန်လို့ ရပီ ...။

မင်းတိုခွေးမသားတေ ဒီအကြိမ် အဘိုးကြီးဖေး အမှန်တစ်ကယ် ဒေါသထွက်လာခဲ့ပြီပဲ ဖြစ်သည် ။သားရဲသခင် အဆင့်ပုရွက်ဆိတ်လေးတေ အမှန်ပင်သူတိုကို ဒီလို့စကားမျိုးပြောသည်အတွက်ကြောင့် ဒေါသထွက်လာခဲ့ကာ သူ၏ သားရဲဘုရင်အရှိန်ဝါကို ထုတ်လွတ်လိုက်သည်။

သားရဲဘုရင့် အရှိန်ဝါအောက်မှာ မိုးကြိုးတောအုပ်ကြီးတစ်ခုလုံးပါ တုန်လှုပ်သွားခဲ့ရသည်။ အစောင့်စစ်သည်များ၏ မျက်နှာများကလည်း ဖြုလျော့နေခဲ့ကာ အဘိုးကြိးဖေးကိုအလန့်တကြားဖြစ်နေဟန်ဖြင် ကြည့်နေကြသည်။ သူတို၏မျက်နှာများက တုန်လုပ်ကာ ထိတ်လန့်ကြောက်ရွံမူကြောင့် ဖြုလျော့သွားခဲ့သည်။ သားရဲဘုရင်အဆင့် အရှိန်ဝါကြောင့် မြေပြင်နဲ မျက်နှာအပ်သွားတစ်ကိုယ်လုံး ဒါရခုနှစ်ပေါက်မှ သွေးများထွက်လာခဲ့ကာ မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အစောင့်စစ်သည်များသည် အရှင်လတ်လတ် ငရဲကြနေသည့်အလား အော်ဟစ်နေကြရသည်။

မိုးကြိုးသိမ်းငှက်မျိုးနွယ်စုခေါင်းဆောင် ဘယ်သူလည်း။

ထွက်လာခဲ့စမ်း ...။

မင်းထပ်ပြီး မောက်မာနေအုန်းမယ်ဆိုရင် ဒီအဘိုးကြီးကိုအဆိုးမဆိုနဲ တော့ အဘိုးကြီးဖေး၏ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သံက မိုးကြိုးတောအုပ်တစ်ခုလုံးကို ပျံနှံသွားပြီး မိုးကြိုးသိမ်းငှက်မျိုးနွယ်စုဝင်တိုင်းလည်းကြားလိုက်ကြရသည်။

ရမ်းကားလိုက်တာ ...။

ဘယ်ကောင်ကများ ငါတို့မျိုးနွယ်စုရဲ့ တံခါးပေါက်ကိုလာပြီး ငါတို့မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို အော်ဟစ်ကာခေါ်ဆိုရဲလဲဆိုတာ ငါသိချင်သေးတယ် ...။

ထိုအသံက လူမရောက်လာခဲ့ မှာပင် လုံထန့်တို့စီသို့ရောက်လာခဲ့သည်။ နောက်တစ်ခနတွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိုးကြိုးသိမ်းငှက်မျိုးနွယ်စုဝင်တစ်ယောက် ရောက်လာခဲ့သည်။ ထိုလူ၏ ခန္ဓာကိုယ်တစ်ဝိူက်တွင်လည်း ခရမ်းရောင်လျှပ်စီးများ ဝန်းရံနေခဲ့သည်။

မဟာအကြီးကဲ ကျုပ်တိုကိုကယ်ပါအုန်း ...။

စောစောက အဘိုးကြီးဖေး၏ အရှိန်ဝါကြောင့် ထိတ်လန့်နေသော မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှာ အစောင့်စစ်သည်များသည် သူတို့သေတော့မူဟုသတ်မှတ်ထားခဲ့ရာမှ ထိုလူကိုမြင်သည်နှင့် သူတို၏မျက်နှာများက ချက်ချက် ဝင်းပသွားခဲ့တာ အော်ခေါ်လိုက်သည်။

သူတို့စိတ်ထဲတွင်တော့ မဟာအကြီးကဲ မျိုးနွယ်စု ခေါင်းဆောင်ပြီးရင် အစွမ်းထက်ဆုံးဖြစ်သည်။ တစ်ခါက မဟာအကြီးကဲ သူထက်တောင်ပိုပြီး အစွမ်းထက်သေးသည်ဟု သူတို၏ မျိုးနွယ်စုခေါင်းဆောင် ပြောတာကို ကြားခဲရသေးသည်။ ဤအတွက်ကြောင့် သူတို့ကို ထိုလူနှစ်ယောက် လက်ထဲက မဟာအကြီးကဲက ကယ်တင်နိုင်မည်ဟု သတ်မှတ်ထားတာပဲ ဖြစ်သည်။

မိတ်ဆွေ မင်းက ငါတို့မျိုးနွယ်စုကို လာပြီး ငါတို့ရဲ့ မျိုးနွယ်ဝင်တွေကို အခုလို လုပ်ထားတာ ကာ လွန်တယ် မထင်ဘူးလား ...။

" ဟမ့် "

မိတ်ဆွေလား မင်းအဆင့်တန်းနဲ ငါတို့နဲ မိတ်ဆွေဖြစ်ဖို့ တန်တယ် ထင်လို့လား ။ အရှင့်သားကသာ မင်းတို့ကိုသူရဲ့ လက်အောက်ခံဖြစ်ဖို့ မပြောခဲ့ရင် ဒီအဘိုးကြီးက မင်းတို တစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီ....။

ဘာမဟုတ်တဲ့မျိုးနွယ်စုလေးက အရှင့်သားအရှေမှာ မောက်မာနေရအောင် မင်းတိုကို မင်းတို အရှင့်သခင်သားရဲအုပ်စုတေများထင်နေတာလား။ အဘိုးကြီးဖေးက နှာခေါင်းရူံကာ ပြောလိုက်သည်။

" မင်း "

မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ မဟာအကြီးကဲကဒေါသကြောင့် သူ၏မျက်နှာက အပြာရောင်သမ်းသွားခဲ့သည်။

သူ၏ဒေါသကို အရှင့်သခင်သားရဲဆိုသည့် အသံကြောင့် ထပ်မြိုသိပ်လိုကာစကားမပြောရဲတော့ချေ။

ဟားဟား ....။

ဒီက လူကြီးမင်း စိတ်လျော့ပါ ကျုပ်က မိုးကြိုးသိမ်းငှက်မျိုးနွယ်စု ခေါင်းဆောင် တုန်းဖန်းကျဲပါ ...။ ဒါကတော့ ကျုပ်ရဲ့ တူလေး တုန်းဖန်းနန့် လို့ ခေါ်ပါတယ်။ သူကစကေားပြောမတက်လို့ ကျုပ်ကပဲ လူကြီးမင်းကို ခွင့်လွတ်ပေးပါလို့ ပြောချင်ပါတယ်။ထိုသူက မဟာအကြီးကဲ ထံသို့ လက်ညိုးကာပြောလိုက်သည်။

မင်းက မျိုးနွယ်စု ခေါင်းဆောင်လား မင်းရဲ မျိုးနွယ်စုက လူတေက ဧည့်သည့်တေ လာတာကို ဘယ်လို့ ကြို့ဆိုရမယ်ဆိုတာ မသိဘူးလား ။ အဘိုးကြီးဖေးက နှာခေါင်းရှုံကာ ပြောလိုက်သည်။

ဒါက ကျုပ်လို့တာပဲ လူကြီးမင်း ကျုပ်ရဲ့ မျိုးနွယ်စုက လူတေကို နောက်ဒီလို့ကိစ္စတေ မဖြစ်ရအောင် ကျုပ်သေချာ သွန်သင်ထားလိုက်ပါမယ် ။ လာကြစမ်း ဒီကောင်တေကို ခေါ်သွားပြီး အပြစ်ပေးလိုက်ကြစမ်း။

ဒါနဲ လူကြီးမင်းတိုက ဘာများလိုအပ်လို့ ကျုပ်တို့ မျိုးနွယ်စုကိုလာတာလဲ သိလို့ရမလား...။

တုန်းဖန်းကျဲက အဘိုးကြီးဖေးနဲ လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။

အများကြီး မပြောချင်ဘူး မင်းလည်းဒီမှာ ရှိနေပြီဆိုတော့ မင်းတို့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုတစ်ခုလုံးကို အရှင့်သားက သူရဲ့စစ်တပ်မှာ တာဝန်ထမ်းဆောင်စေချင်တယ်။ သူရဲ့လက်အောက်ခံဖြစ်လာလိုက်ပါ။ မင်းတိုကို သွေးမြို့တော်မှာ အခွန့် ကင်းလွတ်စွာနဲ နေထိုင်ခွင်ပေးမယ်။

မင်းတို့က အရှင့်သားကို မိုးကြိုးရေစင်ကို ဆက်သရမယ်။

အဘိုးကြီးဖေးက ပြောလိုက်သည်။ အစမှ အဆုံးထိ လုံထန့်တစ်ယောက် စကားတစ်ခွန်းမှ မဟ ခဲ့ချေ။ ဒီမျိုးနွယ်စုက လူတေက အမှန်တစ်ကယ် ရည်မှန်းချက်ကြီးတာကို သူတို အံအားသင့်စေခဲ့သည်။

မျိုးနွယ်စုခေါင်းဆောင် တုန်းဖန်းကျဲဆို အပြုံးမျက်နှာနဲ စကားပြောနေပေမဲ့ အခွင့်ရေးသာရှိပြီး အကျိုးမြတ်များ ပေးမည်သူပါရှိပါက နောက်ကျောကို ဓားနဲထိုးမည့်လူစားမျိုးဆိုတာ သူတပ်အပ်ပြောနိုင်သည်။

မဖြစ်နိုင်ဘူး ...။

တုန်းဖန်းနန့်က ဝင်ပြောလိုက်သည် ။ မင်းတို့မင်းသားစစ်တပ်မှာ တာဝန်ထမ်းဆောင်ခိုင်းရင် ငါတို့ မျိုးနွယ်စုကလူတေ အလကားသေ သွားသေခိုင်းသလို့ပဲ။

ငါသဘောမတူဘူး ...။

နောက်ထပ်က မိုးကြိုးရေစင်က ငါတို့မျိုးနွယ်စုရဲ့ အထွဍ်မြတ် အရင်းမြစ်ပဲ မင်းတိုအပြင်လူတေ ဘယ်လိုသိတာလဲ။မင်းတိုကို မိုးကြိုးရေစင် ပေးဖို့ဆိုတာ ပိုမဖြစ်နိုင်ဘူး ။အိပ်မက်မက်နေတာ ဆိုရင် နိုးထလိုက် မင်းတိုပြောနေတာ မဖြစ်နိုင်ဘူး တုန်းဖန်းနန့်က အဘိုးကြီးဖေးကို ဒေါသတကြီးဖြင့်ပြောလိုက်သည်။ သူ၏မျက်လုံးများကလည်း နီနဲနေခဲကာ အဘိုးကြီးဖေးကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားခဲ့သည်။

ဟားဟား ....။

မင်းတိုက သိပ်ပြီး စိတ်ကူးယှဉ်နေတာ ပဲ ဒါကသဘောတူလား မတူဘူးလား မေးနေတာ မဟုတ်ဘူး။

အမိန့်ပေးနေတာ ကွ...။

မင်းတိုမျိုးနွယ်စုက ငါတို့နဲ ညှိနိုင်းဖို့အဆင့်မီတယ် ထင်နေတာလား ။မင်းတို မျိုးနွယ်စုက လူတေ မကျေနပ်ဖူးလား ...။

ဟားဟား ... ။

မင်းတို့ မျိုးနွယ်စု အားလုံးပေါင်းလို့ငါကို တိုက်ခိုက်နိုင်မယ် ထင်နေတာလား။

" ဒါကအမိန်ပဲ မနာခံရင်သေရမယ် "

အဘိုးကြီးဖေးက ကောင်းကင်ယံထက်သို့ တက်သွားပြိးနောက် အောက်သို့ငုံကြည့်ကာ ပုရွက်ဆိတ်လေးတေကို ပြောနေသလိုမျိုးပြောလိုက်သည်။

All Chapters