မိုးကြိုးသိမ်းငှက်မျိုးနွယ်စုကို ဖိနှိပ့်ခြင်း
Vol. 2 Ch. 28
--------
အဘိုးကြီးဖေး၏ ပြောဆိုဟန်ကြောင့် မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ လူများကဒေါသထွက်သွားခဲ့ကြသည်။ ဒေါသထွက်နေသော်လည်းပဲ သူတို့မှာ ပြန်ခံမပြောရဲချေ။
ကောင်းကင်ယံထက်မှာ အဘိုးကြီးဖေး၏ ဖိနှိပ့်ထားသော အရှိန်ဝါများက မိုးကြိုးသိမ်းငှက်မျိုးနွယ်စုရှိလူတိုင်းကို ဖိနှိပ့်ထားခဲ့သည်။
မဖြစ်နိုင်ဘူးကွ....။
ငါတို့မျိုးနွယ်စုက မင်းစွမ်းအားမြင့်တယ်ဆိုတိုင်းကြောက်ပြီး ခေါင်းငုံခံနေမှာမဟုတ်ဘူးကွ...။
တုန်းဖန်းနန့်က ဒေါသတကြီးဖြင့် သူ၏နီရဲနေသောမျက်လုံးများဖြင့် ကြည့်ကာပြောလိုက်သည်။ အဘိုးကြီးဖေး၏ ဖိနှိပ့်ထားသော အရှိန်ဝါ၏ အောက်တွင် သားရဲဘုရင့်အဆင့် ဒုတိယ အဆင့်၏ အရှိန်ဝါက ပေါက်ကွဲထွက်လာခဲ့သည်။
ဦးလေး ငါတို့နှစ်ယောက်ပေါင်းပြီးတိုက်ရအောင် ...။
တုန်းဖန်းနန့်က တုန်းဖန်းကျဲကို ကြည့်ကာပြောလိုက်သည်။
" ဟူး "
သက်ပြင်းရှည်ကြီးချကာပြောလိုက်သည်။
ဘယ်တက်နိုင်မှာလည်း ငါကဒီအချိန် ငါကိုငါဖုံးကွယ်ထားခဲ့တာ ငါမျိုးနွယ်စုကို အဆင့်မြင့်မျိုးနွယ်စုတစ်ခုဖြစ်လာစေချင်လို့ပဲအမြင့်ဆုံးထိဆွဲတင်သွားချင်ခဲ့တာ အခုတော့ ငါဆက်ပြီး ဖုံးကွယ်မထားတော့ဘူး ...။
ငါတို့မျိုးနွယ်စုက မင်းအနိုင့်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ မျိုးနွယ်စုမဟုတ်ဘူးကွ...။
" ဝုန်း "
အဘိုးကြီးဖေး၏ သားရဲဘုရင့် ဆဠမ အဆင့်အရှိန်ကို တွန်းလှန်လိုက်ရန်အတွက် တုန်းဖန်းကျဲ သားရဲဘုရင့် ပဉ္စမဆင့် ၏ အလယ်လတ်အဆင့်ကို ရောက်နေသော အရှိန်ဝါကို ထုတ်လွတ်လိုက်သည်။
မိုးကြိုးသိမ်းငှက်မျိုးနွယ်စုဝင်များကလည်း သူတို့၏မျိုးနွယ်စု ခေါင်းဆောင်၏ ကြီးကျယ်မြင့်မြတ်လှသော အရှိန်ကြောင့် အံဩကာ ပျော်ရွှင်သွားကြသည်။
ဟားဟား...။
မျိုးနွယ်စုခေါင်းဆောင်က တချိန်လုံးဖုံးကွယ်ထားတာပဲ ..။
မျိုးနွယ်စုခေါင်းဆောင် သူတိုကိုသတ် ...။
သူတိုကိုသတ် ....။
သူတို့ကိုသတ်...။
သူတို့ကိုသတ်...။
မိုးကြိုးသိမ်းငှက်မျိုးနွယ်စုများက လုံထန့်နဲ အဘိုးကြီးဖေးကို မုန်းတီးစွာကြည့်လိုက်ပြီး စတင်ကာ သူတိုကို့ သတ်ဖြတ်စေရန် အတွက် အော်ဟစ်ကာ ပြောဆိုလိုက်ကြသည်။
" ဟမ့် "
ကောင်းကင်ယံထက်မှ နေ၍ အဘိုးကြီးဖေးက တုန်းဖန်းကျဲ့ကို အံဩတစ်ကြီး ငုံကြည့်လိုက်မိသည်။ ဒီ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုခေါင်းဆောင်က တော်တော်ရည်မှန်းချက်ကြီးတာပဲ သူကတစ်ချိန်လုံးဖုံးကွယ်ထားပြီးတော့ နေခဲ့တာပဲ ...။
အရှင့်သားပြောတော့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စု သားရဲဘုရင့် အဆင့်ကို တက်ရောက်နိုင်ဖို့ အရည်ချင်းရှိတဲ့လိုပဲ ပြောထားတာ အခုတော့ သတင်းက မှားနေပုံပဲ ... ။
သူကရည်မှန်းချက်ကြီးလွန်း အရှင့်သားရဲ့ သွားမည့် လမ်းကြောင်းမှာ ဆူးညွှန်ခလုပ်တေ ဖြစ်လာလေ့မယ်။ ဒီအဘိုးကြီးကပဲ အရှင့်သားလမ်းမှာရှိတဲ့ အနှောက်ယုက်တေကို တစ်ခါထဲရှင်းပြစ်လိုက်မယ်။
လုံထန့်လဲ အံဩတစ်ကြီးကြည့်နေမိသည်။ တုန်းဖုန်းကျဲက သူ၏ အကြောင်းကိုပတ်ဝန်းကျင့်တစ်ခုလုံးက အခြားမျိုးနွယ်စုတေမသိအောင် ဖုံးကွယ်ထားပြီး တစ်ခါထဲနဲ့ အကွက်ကြီး ရွှေ့ရန်ပြင်ဆင်နေတဲ့ပုံပဲ သူတိုရဲ့ ရည်မှန်းချက်က သွေးနဂါးနယ်မြေဖြစ်မယ် ကံဆိုးတာက ငါရောက်လာတော့ သူတို့ရဲ့ ရည်မှန်းချက်က ပျက်စီးသွားတော့ ငါကိုမှန်းတီးနေတာပေါ့...။
လက်စသတ်တော့ ဒီလို့ကို......။
လုံထန့်လည်း ကိစ္စတေကို ဆက်ဟက်ပြီး တွေးကြည့်လိုက် ပြီးတဲ့နောက်မှာ ပြသာနာရဲ့ အရင်းမြစ်ကို သဘောပေါက်သွားခဲ့သည်။ တုန်းဖန်းကျဲ အတော်ရည်မှန်းချက်ကြီးတာပဲ ...။
သူလိုရည်မှန်းချက်ကြီးတဲ့သူက ငါလက်အောက်ခံဖြစ်မလာဘူးဆိုတော့နှစ်မျောစရာပဲ သူက ငါအတွက်နောင် အချိန်မှာ အနှောင့်ယုက်ပဲ ဖြစ်လာလေ့မယ် ...။
အဘိုး သူတိုကလက်မခံဘူးဆိုရင်လည်း သူတိုကို အလိုမရှိတော့ဘူး ...။
ဟားဟား...။
ဒီအဘိုးကြီး တွေးနေတာလည်း အဲတာပါပဲ အရှင့်သား ...။
သားရဲဘုရင့် ပဉ္စမအဆင့်၏ အလယ်လတ်ဆင့်ရောက်ရုံနဲ့ သူတို့ကို ဘယ်သူကများ အခုလိုမောက်မာရမယ်လို့ သတ္တိတေပေးထားလည်း ဒီအဘိုးကြီးလည်း တစ်ကယ်ပဲသိချင်မိတယ် ....။
ခွန့်အားမရှိရင် ရည်မှန်းချက်ကြီးကြီး မထားသင့်ဘူး မြန်မြန် သေရလေ့မယ် ။ မှတ်ထားပါ နောက်ဘဝကြရင် မစော်ကားသင့်တဲ့ သူတေကို မစော်ကားမိစေနဲ...။
{ လျှပ်စီးလက်သီး ...}
အဘိုးကြီးဖေးက လုံထန်ရှိမှ ရရှိထားသော လျှပ်စီးလက်သီးကျင့်စဉ် ကျင့်ထားပြီးပဲဖြစ်သည်။
မိုးကြိုးလျှပ်စီးများ ဝန်းရံနေတဲ့ လက်သီးကြီး အားနည်းဆုံးလူဖြစ်တဲ့ တုန်းဖန်းနန့်ထန် တိုးဝင်သွားခဲ့သည်။
သတိထား တုန်းဖန်းကျဲက သူ၏တူဖြစ်သူကို သတိပေးလိုက်သည်။
{ မိုးကြိုးဒိုင်းကာ...}
တုန်းဖန်းနန့်က မကြောင့်ရွံ့ပဲ အဘိုးကြီးဖေး၏လက်သီးချက်ကို တားရန်ပြင်ဆင်လိုက်သည်။
" ဝုန်း "
မိုးကြိုးဒိုင်းကာကြီးက လက်သီးချက်ကို တောင်မခံနိုင်ပဲ လက်သီးချက်နဲ ထိလိုက်သည်နင့် မှန်တစ်ချပ်လိုက်အက်ရာများ ဖြစ်လာခဲ့သည်။
" ခရှက် "
" ခရှက် "
" ခရှက် "
" သတိထား "တုန်းဖန်းကျဲက လျှင်မြန်သော အရှိန်ဖြင့်ပြေးလာနေရင်း ထပ်ကာအော်ဟစ်လိုက်သည်။
" ဘုန်း "
မိုးကြိုးဒိုင်းကာကြီးက ကြေကွဲသွားသည်နှင့် တုန်းဖန်းနန့်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကြဆင်းသွားခဲ့သည်။
" ဘုန်း "
တုန်းဖန်းနန့်၏ ခရမ်းရောင်မိုးကြိုးတေ ဝန်းရန်နေသော ခန္ဓာကိုယ်ကြီးက အက်ကြောင်းတေ ထွက်လာခဲ့သည်။
" ဝုန်း "
တူလေး ...။
တုန်းဖန်းကျဲ အနားရောက်သည့်အချိန်မှာ တုန်းဖန်းနန်၏ ခန္ဓာကိုယ်က သွေးသားပုံကြီးဖြစ်သွားခဲ့ရတော့သည်။
တုန်းဖန်းနန်လို့ သားရဲဘုရင် ဒုတိယအဆင့်တစ်ယောက်က အဘိုးကြီးဖေးလို့ ဆဠမ အဆင့်တိုက်မူအောက်မှာပင် ခန္ဓာကိုယ်က တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။
" မဟာအကြီးကဲ "
မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ အော်ဟစ်အားပေးနေသူများမှ ချက်ရှင်းတိတ်ဆိတ်သွားခဲ့ကာ ဘာသံမှ ထပ်မံမထွက်လာခဲ့ချေ။သူတို့မြင်တွေရတဲ့ မြင်ကွင်းကို ကြောင်အစွာဖြင့် ရပ်ကြည့်နေမိသည်။ သူတိုစိတ်ထဲမှာ နတ်ဘုရားတစ်ပါးလို အစွမ်းထက်သည်ဟုထင်မြင်ထားခဲ့သော မဟာအကြီးကဲ တုန်းဖန်းနန့်မှာ လက်သီးတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည့် မြင်ကွင်း သူတိုတစ်ဘဝလုံးအရိပ်မဲကြီးတစ်ခုဖြစ် ကပ်ပါသွားမည်မှာ မလွဲချေ။
" မင်း "
ခွေးမသား ...။
မင်းဘာလုပ်လိုက်တာလည်း ....။
တုန်းဖန်းကျဲက အဖိုးကြီးဖေးကို သူ၏နီရဲနေသောမျက်လုံးများဖြင့်ကြည့်ကာမေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကလည်း ဒေါသကြောင့် တဆက်ဆက် တုန်ယင်နေတာကို အရှင်းသားမြင်တွေနိုင်သည်။ သူ၏ပုံသဏ္ဍန်က စတင်ရောက်ရှိလာသည် အချိန်တုန်းကလိုမျိုး သန့်ရှင်းစင်ကြည့်ကာ စာသင်သားတစ်ယောက်၏ ဟန်မျိုးပင်ရှိပြီး စကားပြောရင် အပြုံးလေးနဲ ပြောနေတဲ့သူက အခုချိန်မှာဘေးကကြည့်နေသူလူများကို တောင် လူမှားသွားသည့်အလားထင်ပြီး နှစ်ခါပြန်ကြည့်ရမည်ဖြစ်သည်။
ဟားဟား...။
ဒီအဘိုးကြီးမပြောခဲ့ဘူး ကိုယ်ရဲ့လုပ်နိုင်စွမ်းအားကို သိပြီး မမောက်မာသင့်ဘူး။ အခုတော့နားလည့်သင့်ပြီမဟုတ်လား။
မင်းခွေးမသား....။
ငါမင်းကို သတ်မယ် ....။
တုန်းဖန်းကျဲ ခန္ဓာကိုယ်ကြီးက လေထဲသို့ပြန်တက်သွားခဲ့ကာ ကြီးမားသော အနက်ရောက်သိမ်းငှက်ကြီးတစ်ကောင်ဖြစ်သွားစေခဲ့သည်။ အတောင်ကြီး နှစ်ဖက်ကလည်း ကြီးမားလွန်းသည် အတွက်ကြောင့် ဖြန့်ကျက်လိုက်သည်နှင့်ကောင်းကင်ကို တောင် ဖုံးအုပ်နိုင်မည်ဟုထင်နေ ရသည်။
အနက်ရောင်မိုးကြိုးသိမ်းငှက်ကြီး အဖြင့်ပြောင်းလဲသွားသည်နှင့် တုန်းဖန်းကျဲ၏ သားရဲခန္ဓာကိုယ်တစ်ဝိူက်မှာ ခရမ်းရောင် မိုးကြိုးတေက ပို၍စုဝေးလာခဲ့သည်။
မိုးကြိုးပင်လယ်...။
ငါဒီနေမင်းကို ငါတို့မျိုးနွယ်ရဲ့ နတ်စွမ်းရည်ဖြစ်တဲ့ မိုးကြိုးပင်လယ်ထဲမှာ မသေမရှင်း ညင်းပန်းနှိပ့်စက်ခံရမယ် မင်းသေချင်တယ်ပြောလာရင်တောင် ဘယ်တော့မှမသေစေရဘူး။ မင်းဘာသာ မြင့်မြတ်မျိုးနွယ်မကလို ငါဂရုမစိုက်ဘူး...။ ငါတို့မျိုးနွယ်စုကို လာထိရင်မင်းသေရမယ်။
အနက်ရောင်မိုးကြိုးသိမ်းငှက်ကြီး ထံမှစကားသံထွက်လာခဲ့သည်။
စိတ်မကောင်းစရာပဲ မင်းရဲ့ မိုးကြိုးတေက ငါအတွက်အလုပ်မဖြစ်ဘူးကွ...။
ဟားဟား....။
အဘိုးကြီးဖေး တုန်းဖန်းကျဲ၏ နတ်စွမ်းရည်ဖြစ်သည့် မိုးကြိုးပင်လယ်ကြီး အတွင်းသို့ ခြေလှမ်းကာ ဝင်ရောက်လိုက်သည်။
မဆိုးဘူး သန့်စင်တဲ့ မိုးကြိုးတေပဲ မင်းတိုမျိုးနွယ်စုရဲ့ မျိုးကြိုးရေစင်ကြောင့်ဖြစ်မယ် ...။
အဘိုးကြီးဖေးက မိုးကြိုးပင်လယ်အတွင်းမှ မိုးကြိုးတေကို စုပ်ယူခြင်း ပြောလိုက်သည်။
" မင်း "
တုန်းဖန်းကျဲ အမှန်တစ်ကယ် ထိတ်လန့်သွားခဲ့သည်။သူ၏ရန်သူက မိုးကြိုးကို အသုံးပြုသူမှန်း တစ်ကယ်မသိထားခဲ့ချေ။
ထိုအခိုက်တန်မှာပင် နဂါးဟိန်းသံကျယ်ကြီး ထွက်လာခဲ့သည်။
" ဝေါင်း "
" ဝေါင်း "
" ဝေါင်း "
အဘိုးကြီးဖေးက ကြီးမားသောမိုးပြာရောင် နဂါးကြီးအသွင်ပြောင်းကာ တုန်းဖန်းကျဲ၏ မိုးကြိုးပင်လယ်အတွင်းမှ သန့်စင်သော မိုးကြိုးစွမ်းအားများကို သူ၏ကြီးမားသော ပါးစပ်ကြီးကို ဖွင့်လျက် စုပ်ယူဝါးမြို့နေခဲ့သည်။
ဘယ်လို့ဖြစ်နိုင်မှာလည်း တုန်းဖန်းကျဲ အမှန်တစ်ကယ်ထိတ်လန့်သွားခဲ့သည်။ သူ၏ရန်သူက မိုးပြာနဂါးမျိုးနွယ်ဖြစ်မယ်ဟု မထင်ခဲ့ချေ။ သူကရန်သူထက် စွမ်းအားအဆင့်ကနိမ့်ကျတဲ့အပြင် သူကျွမ်းကျင်တဲ့ စွမ်းရည်ကိုပါအသုံးပြုလိုက်သေးသည်။ သူပုံစံက လူကြီးတစ်ယောက်အရှေ့မှာ ဆော့ပြနေသော ကလေးတစ်ယောက်နဲ့ပင် တူညီလှသည်။
သူထင်ထားခဲ့သည်က သွေးနဂါးနယ်မြေကို ရောက်လာသည် အဆင့်မြင်မျိုးနွယ်က မိုးပြာနဂါးမျိုးနွယ်ဖြစ်မည်ဟု လုံးဝတွေးမိခဲ့ခြင်းမရှိချေ။
တုန်းဖန်းကျဲ၏ တိုက်ခိုက်ချင်စိတ်များဆုံးရုံးလိုက်ချိန်မှာ သူ၏ သားရဲသဏ္ဍန်ကနေ လူသားပုံသဏ္ဍန်ပြန်လည်ကာပြောင်းလည်းသွားခဲ့တော့သည်။