← Chapters

ဆက်သွယ်ရေးသတ္တုပြား ၊ မိုးကြိုးရေစင်ရှာဖွေခြင်း

Vol. 3 Ch. 30

ဆက်သွယ်ရေးသတ္တုပြား ၊ မိုးကြိုးရေစင်ရှာဖွေခြင်း

Vol. 3 Ch. 30

-------

လုံထန့်လည်း အဘိုးကြီးဖေးနှင့် အတူတူ မိုးကြုးရေစင်ကို ရှာဖွေရန်သွားနေစင် သူ၏လက်အတွင်းတွင်း ကိုင်ထားကာ ပစ္စည်းကို အဘိုးကြီးဖေးကို မေးမြန်းရန်ပြင်ဆင်ထားသော အနက်ရောင်သတ္တုပြားလေးကို သတိရသွားသည်။

အဘိုး ဒါကို မြင်ဖူးလား...။

လုံထန့်လဲ သူ၏လက်ထဲမှ အနက်ရောင်သတ္တုပြားလေးကို ပြလိုက်သည်။ အဘိုကြီးဖေးလည်း လုံထန့်ပြသည့်အရာကို ကြည့်လိုက်သည်။

ဒါက ....။

ဒါက....။

ဒါကဘယ်ကရတာလည်း အရှင့်သား...။

အဘိုးကြီးဖေးလည်း လုံထန့်ပြသော ပစ္စည်းကြောင့် အံဩသင့်ပြီး စကားပြောရန် အတွက်တောင် နောက်စကားများ ထပ်ပြီး ထွက်မလာခဲသည့်အထိပင် ဖြစ်ခဲ့ရသည်။

အဘိုးဒါကိုသိလို့လား ...။

လုံထန့်လည်း အံဩနေသော အဘိုးကြီးဖေး၏ မျက်နှာကိုကြည့်ကာ မေးလိုက်သည်။

" အင်း "

သိတာပေါ့ အရှင့်သား...။

အဘိုးကြီးဖေးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ဟုတ်လား ...။

ဒါကဘာများလည်း အဘိုး ကျွန်တော် စစ်ဆေးကြည့်တော့ ထူးခြားတာ မရှိလို့ လုံထန့် က ထိုအနက်ရောင်သတ္တုပြားလေးကို ဖင်တပြန် ခေါင်းတပြန့်လန့်ကြည့်ရင်းဖြင့် မေးလိုက်သည်။

ဒီအဘိုးကြီးကို ခနလောက်ပေးကြည့်ပါ အရှင့်သား....။

အဘိုးကြီးဖေးက လုံထန့်၏ လက်အတွင်းမှ အနက်ရောင်သတ္တုပြားလေးကို တောင်းလိုက်သည်။

ရော့ကြည့် ပါအဘိုး ...။

လုံထန့်လည်း အဘိုးကြီးဖေးကို ကမ်းကာပြောလိုက်သည်။

အဘိုးကြီးဖေးက အနက်ရောင်သတ္တုပြားကို သေချာကြည့်ရူပြီးနောက် တွင့် ပျော်ရွင်နေသောအသံဖြင့်ပြောလိုက်သည်။

ဟားဟား...။

ဒါကပစ္စည်းကောင်းပဲ အရှင့်သား ...။

မကောင်းတာက တစ်ခုထဲဖြစ်နေပဲ အဘိုးကြီးဖေးက စိတ်မကောင်းသည်ဟန်ဖြင့် ခေါင်းကို ရမ်းကို ပြောလိုက်သည်။

ဘာလိုများလည်း အဘိုး...။ လုံထန့်တစ်ယောက် အခုထိ နားမလည်နိုင်သေးပေ ...။

ဒါက အရှင့်သားမတွေခဲ့ဖူးသေးလို့ ပါ...။

ဒါက လူသားမျိုးနွယ်ရဲ့ အခေါ်ဝေါ်အရ " ဆက်သွယ်ရေးသတ္တုပြား " လိုခေါ်ပါတယ် ။ ပုံစံတူ ဆက်သွယ်ရေးသတ္တုပြား နှစ်ခုရှိမှ အသုံးဝင်မှာပါ အခုက အရှင့်သားမှာက တစ်ခုထဲဖြစ်နေတော့ အသုံးမဝင်တဲ့ ပစ္စည်းလိုပါပဲ။

အရင်က အရှင့်သားရဲ့ ဖခင် ဘုရင့်ကြီးမှာလည်း ရှိပါတယ်။ ဒီအဘိုးကြီး အဲဒီအချိန်တုန်းက တစ်ကြိမ်မြင်ဖူးပါတယ်။ ဒီပစ္စည်းက သားရဲမျိူနွယ်မှာ ရှားပါးပေးမဲ့ လူသားမျိုးနွယ်မှာတော့ ရှားပါးတဲ့ အရာမဟုတ်ပါဘူး ကိုမှာသာ ချီကျောက်တုံးတေ ချမ်းသာရင် ဝယ်လို့ရပါတယ် ။

ဒီပစ္စည်းကိုက လူသားမျိုးနွယ်ရဲ့ အစီရင်ဝင်္ကပါပညာရှင်တေက ပြုလုပ် ဖန်တီးခဲ့တဲ့ ပစ္စည်းပါ လူသားမျိုးနွယ်က သားရဲ မျိုးနွယ်နဲ့ မတူပဲ သူတိုက ဒီလို ထူးခြားတဲ့ ပစ္စည်းတေကို လုပ်ရတာ စိတ်ဝင်စားဟန်ရပါတယ် ။ အဘိုးကြီးဖေးက တွေးတွေး ဆဆ ဖြင့် ပြောလိုက်သည်။

လုံထန့်လည်း လူသားမျိုးနွယ်အပေါ်မှာ သူ၏သိချင်စိတ် စူးစမ်းချင်စိတ်များက ပို၍ များပြားလာခဲ့သည်။ အခုလိုဖြစ်နေတဲ့ ပုံစံတေနဲ့ ထူးခြားတဲ့ ပစ္စည်းတေအလိုအရာတေ က လူသားများကို သူစူးစမ်းချင်စိတ်ဖြစ် လာသိမှာ အထူးဆန်းတော့မဟုတ်ချေ။

အဘိုးကြီးဖေး ကစိတ်မကောင်းဖြစ်နေသည့်မျက်နှာကို ကြည့်ကာ လုံထန့်က ရီမောက ဖြင့် သူ၏ သို့လှောင်လက်စွပ်အတွင်းမှ နောက်ထပ် အနက်ရောင်သတ္တု ဆက်သွယ်ရေးပြားတစ်ခုကို ထုတ်လိုက်သည်။

ဒီမှာ အဘိုး ...။

ဟားဟား....။

ကျွန်တော်မှာ ဒါမျိုးတေ အခုတစ်ရာတောင် ရှိသေးတယ် အဘိုးတစ်ခုယူလိုက်ပါ...။ လုံထန့်က ဆက်သွယ်ရေးသတ္တုပြား တစ်ခုကိုယ် အဘိုးကြီးဖေးကို ပေးလိုက်သည်။

" ဟမ့် "

ဘာပြောတယ် အရှင့်သား တစ်ရာကျော် ...။

ဟုတ်လား ...။

အဘိုးကြီးဖေးက မယုံနိုင်ဟန်ဖြင့်မေးလိုက်သည်။ ကြီးကျယ်လွန်လှသော မိုးပြာနဂါးအင်ပါယာကြီးမှာတောင် ဆက်သွယ်ရေး သတ္တုပြားက နှစ်ဆယ်လောက်သာရှိသည်။ အားလုံးကလည်း ရာထူးကြီး စွမ်းအားကြီးသူများလက်ထဲတွင်သာရှိကြသည်။

အခုတော့ သူအရှေ့မှာ လုံထန့်က အခုတစ်ရာဆိုတော့ သူအံဩပြီး မယုံနိုင့်ခဲ့သည်က အထူးဆန်း မဟုတ်ချေ။

ဟားဟား...။

အဘိုးက မယုံကြည့်နိုင်ဖြစ်နေတာ ပဲ ဒီမှာကြည့်လိုက်ပါ လုံထန့်က ဆက်သွယ်ရေး သတ္တုပြား တစ်ရာလုံးကို အဘိုးကြီး၏ အရှေတွင် ထုတ်ကာပြလိုက်သည်။

ဒါက ...။

ဒါက .... အဘိုးကြီးဖေးက အံဩလွန်းလှသဖြင့် စကားတောင့် မပြောနိုင်တော့ ချေ။

ဟားဟား...။

ဒါကဘယ်လို အသုံးပြုရမှာလဲ အဘိုး လုံထန့်က သူ၏ အရှေတွင် စွန့်အနေသော အဘိုးကြီးဖေးကို မေးလိုက်သည်။

" ဟမ် "

ထိုအခါမှာသာလျှင် ဆက်သွယ်ရေး သတ္တုပြားတေကို ကြည့်နေရင်းဖြင့် အဘိုးကြီးဖေး သတိဝင်လာခဲ့သည်။

ဒါက လွယ်ပါတယ် အရှင့်သား...။

ဒီအဘိုးကြီး က မိုးပြာနဂါးနယ်မြေမှာ တုန်း ဒီပစ္စည်းကို မဟာဝန်ကြီးချုပ်စီကိုတစ်ခေါက်အလှည့်သွားတုန်း သူပြလို့ အသုံးပြုနည်းလမ်းကိုသိပါတယ် ။

ဒီကဆက်သွယ်ရေးသတ္တုပြားထဲက အရှင့်သားရဲ့ စိတ်အာရုံ ခက်နှိပ့်လိုက်ရုံပါပဲ ...။

လုံထန့်လည်း အဘိုးကြီးဖေး ပြောသလိုပင် ဆက်သွယ်ရေးသတ္တုပြားတစ်ခုကို ယူကာ သူ၏စိတ်အာရုံကို ခက်နှိပ့်လိုက်သည်။

အဘိုးကြီးဖေးလည်း တစ်ခုကို ယူကာသူ၏ စိတ်အာရုံကို ခက်နှိပ့်လိုက်သည်။ အဲတာပြီးတဲ့ နောက် အဘိုးကြီးဖေးက သူသိထားတဲ့ အတိုင်းပင် ဆက်လက်လုပ်ကိုင်ပြီး ဆက်သွယ်ရမည့် အချက်လက်တေကို ဖလှယ်လိုက်သည်။

ဒါဆိုရင် အသုံးပြုလို့ရပါပြီ အရှင့်သား...။

လုံထန့်လည်း ယူကြည့်လိုက်ပြီး နောက် အဘိုးကြီးဖေးနှင့် မီတာတစ်ထောင်အကွာဝေးထိ ဆုတ်သွားခဲ့သည်။ အဘိုးကြီးဖေးနှင့် ဝေးကွာသွားသည့်နှင့် ဆက်သွယ်ရေးသတ္တုပြားကို အသုံးပြုကာ အဘိုးကြီးဖေးကို ဆက်သွယ်လိုက်သည်။

တစ်ဖက်ကအဘိုးကြီးဖေး၏ အသံက လုံထန့်၏ အရှေ့က ဆက်သွယ်ရေး သတ္တုပြားထံမှ ထွက်ပေါ်လာခဲ့သည်။

ဟားဟား....။

အံဩစရာပဲ ။ ဒါနဲဆို ရင် တကူးတစ်ကကြီး သတင်းတေ လာပို နေစရာမလို့တော့ ဘူး ပြန်ရောက်တဲ့ အခါ စစ်သူကြီး လင်းယုကို တစ်ခုပေးရမယ် ။ ဟွိုက်ကျန်းကို လည်းတစ်ခုပေးရမယ် ။ လုံထန့်တစ်ယောက် ဆုံးဖြုတ်ချက်ချလိုက်သည်။ သူကိုယ်တိုင်ကလည်း အဘိုးကြီးဖေး၏ အနီးသို့ ပျံသန်းသွားလိုက်သည်။

ဆက်သွယ်ရေးသတ္တုပြားကို ပြန်လည့်ကာ သိမ်းစည်းလိုက်ပြီးနောက်မှာ မိုးကြိုးရေးစင်ကို ရှာဖွေရန် ထွက်ခွာလာခဲ့တော့သည်။

All Chapters