← Chapters

မိုးကြိုးရေစင်

Vol. 3 Ch. 31

မိုးကြိုးရေစင်

Vol. 3 Ch. 31

-------

အဘိုးကြီးဖေးနှင့် အတူတူ လုံထန့်လည်း မိုးကြိုးတောအုပ်၏အတွင်းပိုင်း မိုးသိမ်းငှက်မျိုးနွယ်စု၏ အတွင်းပိုင်းကို ဆက်လက်ကာ ပျံသန်းလာခဲ့သည်။ သူတို့နှစ်ဦးသားကအချိန်ပေါင်းများစွာ မည်သို့ပင်ရှာဖွေ့ ရှာဖွေ့ကြည့်နေသော မိုးကြိုးရေစင် ရှိမည့်နေရာကို ရှာမတွေချေ။

အဘိုးဖေး သူတို့ အစီရင်ဝင်္ကပါ များကို သုံးပြီးတော့ ဖုံးကွယ်ထားတာ များဖြစ်နိုင်မလား လုံထန့်က စဉ်းစားကာ ပြောလိုက်သည်။

အဘိုးကြီးဖေးလည်း ဒီလောက်အချိန်ထိ သူတို့ရှာဖွေတာတောင် ရှာမတွေတာကို သူလည်းစဉ်းမိသည်။ ဒါပေမဲ့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုက ထိုကဲ့ အစီရင်ဝင်္ကပါမျိုးရှိလေ့မည်ဟု မတွေးမိသောကြောင့် မပြောမိခြင်းဖြစ်သည်။

ထိုကဲ့သို့အစီရင်ဝင်္ကပါများက တန်ဖိုးကြီးလွန်းပြီး အင်အားစုကြီးတေမှာ သာလျှင်တွေရတက်သည်။

ဒီအဘိုးကြီးလည်း တွေးမိပါတယ် အရှင့်သား ဒါပေမဲ့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုက ဒီလို့ တန်ဖိုးကြီး အစီရင်ဝင်္ကပါ မရှိနိုင်ဘူးထင်မိလိုပါ။

နောက်တစ်ကြိမ် ထပ်ရှာကြတာပေါ့ အရှင့်သား ။

လုံထန့် အဘိုးကြီးဖေးလည်း နောက်တစ်ကြိမ် ထပ်မံကာရှာဖွေကြပြန်သည်။ အကြိမ်များစွာရှာဖွေသောလည်း မထူးခြားလာသေးချေ။

ထိုအစဉ်မှာ အဘိုးကြီးဖေးက မိုးကြိုးသိမ်းငှက်မျိုးနွယ်စုခေါင်းဆောင် တုန်းဖန်းကျဲနေထိုင်သည်။ သစ်လုံးအိမ်ကြီးနောက်က ကြီးမားသော သစ်ပင်ကြီးကို ကြည့်လိုက်သည်။

အရှင့်သား ဒီကို တစ်ချက်ကြည့်ပါအုန်း ။

အဘိုးကြီးဖေးက ထိုသစ်ပင်ကြီးကို လက်ညိုးထိုးပြကာပြောလိုက်သည်။ ထိုသစ်ပင်ကအရမ်းကြီးမကြီးမားပဲ အားလုံးထက် သေးငယ်နေခဲ့သည်။ ထူးခြားချက်က လေတေ ဘယ်လောက် တိုက်တိုက် သစ်ခက်များက လွင့်မျောနေခြင်းမရှိချေ။

ဒါက အရှင့်သား ဖုံးကွယ်ထားတဲ့ အစီရင်ဖြစ်မယ် သတိမထားမိခဲ့ပါက သာမန်သစ်ပင်တစ်ပင်ဟုသာထင်မည့်မိမှာမလွဲချေ။

လုံထန့်လည်း အဘိုးကြီးဖေး၏ ပြသသည့်နေရာကို ကြည့်လိုက်သည်။ သူတို့သာ သတိမထားမိပါက ဘယ်တော့မှ တွေနိုင်မယ်မဟုတ်ချေ။ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုက တစ်ကယ်ကြီး အစီရင်ဝင်္ကပါ တစ်ခုရထားတာပဲ ဘယ်သူကထောက်ပံပေးထားတာလည်း အဘိုးသတိထားမိလား။

အဘိုးကြီးဖေးမှာ လုံထန့်၏ အမေးကြောင့် စဉ်းစားခန်းဝင်သွားခဲ့သည်။

အချိန်ခနအကြာတွင် အဘိုးကြီးဖေးက ရီမောကာ ပြောလိုက်သည်။

သိပြီ အရှင့်သား ။

လက်စသတ်တော့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုက ဒီလောက်ထိ မောက်မာ နေတာ မီးနဂါးအင်ပါယာ၏ အကူညီကို ရထားတာကြောင့်ပါ အရှင့်သား။

ဒါက မီးနဂါးမျိုးနွယ်ရဲ့ "ထင်ရောင်ထင်မှား " ဖြစ်စေတဲ့ ဝင်္ကပါတစ်ခုပါ စိတ်အာရုံကို လည့်စားထားစေတဲ့ အသေးစားဝင်္ကပါမျိုးပါ။

နောက်ဆုံးမှာ အဘိုးကြီးဖေးလည်း အားလုံးနားလည်သွားခဲကာ လုံထန့်ကို ပြောလိုက်သည်။

အရှင့်သား ဒီအဘိုးကြီးနောက်ကို လိုက်လာခဲ့ပါ။

အဘိုးကြီးဖေးက လုံထန့်ကို ခေါ်ဆောင်ကာ ဦးဆောင်ပြီး အရှေက သွားလိုက်သည်။

လုံထန့်လည်း အဘိုးကြီးဖေး၏ နောက်မှ လိုက်ပါသွားပြီးတော့ သစ်ပင်၏ အနားသို့ ရောက်သွားချိန်မှာ သစ်ပင်မှာ တစ်ကယ်ကို အစစ်မှန်တိုင်းပင်ဖြစ်သည်။ သေချာသတိထားပြီးသာ မကြည့်မိပါက အဖြေရှာတွေလေ့မည်မဟုတ်ချေ။

အဘိုးကြီးဖေးက သစ်ပင်ကို ဖြတ်ကာ လျှောက်ဝင်လိုက်သည်။ အေးအေးလှုပဲ သစ်ပင်မရှိသည့်အလား ဖြတ်ကျော်ကာ ဝင်ရောက်သွားခဲ့တော့သည်။ လုံထန့်လည်း အဘ်ုးကြီးဖေး၏ နောက်မှ လိုက်ကာဝင်ရောက်လိုက်သည်။

သူဝင်ရောက်ပြီးနောက် တွင် သူ၏ မြင်ကွင်းက ပြောင်းလဲသွားတာကို သတိထားမိလိုက်သည်။ သူ၏ အရှေမြင်ကွင်းမှာ ငါးမီတာဝန်းကျင် ကျယ်ဝန်းလှသော ရေကန်လေးကို မြင်လိုက်ရသည်။ ရေ ကန်၏ အပေါ်တွင် ခရမ်းရောင်လျှပ်စီး မိုးကြိုးများက မြွေသေးသေးလေးများ လိမ်လျက်နေသည့် တူညီကြသည်။ ရေ၏ ကန်အတွင်းတွင် ရေ၏ အရောင်မှာ ခရမ်းရောင်ဖြစ်နေခဲ့သည်။ ထိုကန်လေးက သေးငယ်သောလည်းပဲ အထင်သေး၍ မရချေ။ ပြင်းထန်လွန်းလှသော အဖျက်စီးအားများက အနားပင်ကပ်လို့မရအောင် တားစီးထားခဲ့သည်။ အလျှင်လိုပြီးသား ကန်အတွင်းသို့ ဝင်ရောက် သွားခဲ့ပါက ပြောနေစရာပင်မလို့ အောက် အဖျက်စီးခံလိုက်ရမယ် ဖြစ်သည်။

ဤရေကန်ကပြောနေစရာမလို့အောင်ပင် ထိုရေကန်သည့် သူတို့ ရှာဖွေနေသော မိုးကြိုးရေကန်ဖြစ်သည်။

အရှင့်သား ဒါက မိုးကြိုးသိမ်းငှက်မျိုးနွယ်ရဲ့ မိုးကြိုးရေစင်ပါ အဘိုးကြီး ဖေးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူလည်း ထိုမိုးကြိုး ရေစင်ကိုသာ အသုံးပြုလိုက်ပါ သူ၏ မိုးကြိုးလျှပ်စီး စွမ်းအားများက အဆင့်တစ်ခုထိရောက်အောင် တိုးတက်သွားမည်မှာ မလွဲချေ။

လုံထန့်တစ်ယောက် တော့ အဘိုးကြီးဖေး၏ စကားကို မကြားရပဲ အတွေးထဲတင်နှစ်မြုပ်နေခဲ့သည်။ သူတွေးထားခဲ့သည်က ဒြပ်စင်ငါးမျိုးဖြစ်သည်။ မီး၊ရေ၊လေ၊မြေ၊သတ္တု တို့ကို လေကျင့်ပြီးကာ မှ ကျန်ဒြပ်စင်စွမ်းများကို လေ့ကျင့်ရန် စီစဉ်ထားတာပဲ ဖြစ်သည်။ ဒီမိုးကြိုးရေစင်ကို သာအသုံးပြုလိုက်ပါက သူ၏ မိုးကြိုးစွမ်းအားက အများကြီးတိုးတက်သွားပြီး တစ်ခြားဒြပ်များနဲ မျှခြေကို မညီမျှနိုင်ဖြင်သွားနိုင်သည်။

" ဟူး "

ပထမအတိုင်းပဲ ဆက်သွားတာပေါ့ ။

အချိန်အကြာကြီးတွေးပြီး မှာ လုံထန့်လည်း ဆုံးဖြတ်ချက်ချလိုက်သည်။ ပထမချမှတ်ထားသည့် သူ၏ ပလန်တိုင်းသာသွားဖို့ ဆုံးဖြတ်လိုက်သည်။

" အဘိုး "

ဒီကိုက လာဖို့က အရမ်းဝေးလွန်းတယ် တစ်ရေကန် ကို ရွှေပြောင်းနိုင်မယ် နည်းလမ်းစဉ်းစားမိလား ။ အဘိုးကြီးဖေးကို ကြည့်ကာ မေးလိုက်သည်။

ဒါကိုတော့ မစဉ်းမိပါဘူး အရှင့်သား....။

အဘိုးကြီးဖေးက မစဉ်းစားပဲ ပြန်ဖြေလိုက်သည်။

ကောင်းပြီ ။

ဒါကို လုံထန့်လည်း တွေးပြီးသားဖြစ်သည်။ ပြောင်းရွှေရတယ်ဆိုမှ သာလျှင်သူအံဩ သွားရမည် ဖြစ်သည်။

အဘိုး အရင်မှာ လေ့ကျင့်လိုက်ပါ ။

ကျွန်တော်က မိုးကြိုးစွမ်းအားကို မလေ့ကျင့် သေးဘူး။ အဘိုးလေ့ကျင့်ပြီးကာ မှ တစ်ခုခု စဉ်းစားကြတာ ပေါ့။

ကောင်းပါပြီ အရှင့်သား ။

လုံထန့်လည်း အဘိုးကြီးဖေး ကို ထားခဲ့ကာ အပြင်သို့ ပြန်ထွက်လာလိုက်ဝော့ာသည်။ အဘိုးကြီး ဖေးလေ့ကျင့်ရာမှ ထွက်လာခဲ့ လျှင် သူ၏ အဆင့်က နောက်အဆင့်ကို ရောက်နေသည့်များတောင် ဖြစ်နိုင်သည်။

All Chapters