မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အရင်းမြစ်များ ၊ ဓားချီကို ထုတ်လွတ်နိုင်ခြင်း
Vol. 3 Ch. 32
-------
လုံထန့်တစ်ယောက် အဘိုးကြီးဖေးကို မိုးကြိုးရေစင် ကန်မှာထားခဲ့ပြီး အပြင်သို့ပြန်ထွက်လာခဲ့သည်။ အပြင်သို့ရောက်သည့်နှင့် မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ အရင်းမြစ်များ ထားရှိရာ နေရာသို့သွားလိုက်သည်။
အရင်းမြစ်များထားရှိရာနေရာက မိုးကြိုးရေကန်လောက် ရှာစရာမလိုခဲ့ချေ။ မိုးကြိုးသိမ်းငှက်မျိုးနွယ်စု ခေါင်းဆောင်တုန်းဖန်းကျဲ၏ နေထိုင်ရာနေရာနဲ မီတာတစ်ရာလောက် အကွာတွင် ကြီးမားသော သစ်လုံးအိမ်ကြီးနှင့် ထား ရှိထားသော ကြောင့် ဖြစ်သည်။
လုံထန့်လည်း မိုးကြိုးသိမ်းငှက်မျိုးနွယ် သစ်လုံးအိမ်ကြီး အတွင်းသို့ ဝင်လိုက်သည်။ ပုံမှန်ဆို အစောင့်ရှောက်များရှိသာလည်း ကံဆိုးစွာဖြင့် အဘိုးကြီး ဖေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးတော့ ဒီနယ်မြေတစ်ခုလုံးတွင် အသတ်ရှင်ကျန်ရစ်သူကို ပြပါဆိုလျှင် လုံထန်နှင့် အဘိုးကြီးဖေးသာဖြစ်သည်။
အတွင်းပိုင်းသို့ ဝင်လိုက်သည့်နှင့် များပြားလှသော အရင်းမြစ်များကို တွေလိုက်ရသည်။ ချီကျောက်တုန်းများ အဆင့်မြင် တစ်သောင်းနီးပါး ရှိကာ အလယ်လတ်ဆင့် ချီကျောက်တုန်း သုံးသိန်းနီးပါးတောင် ရှိနေခဲ့သည်။
မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏ ကျင့်ကြံခြင်းနည်းစနစ်များ လက်နက်များနဲ့ အကာကွယ်ချပ်ဝတ်များကို လည်း တွေလိုက်ရသည်။ လက်နက်တေ ထဲတွင် မြေကမ္ဘာဆင့် လက်နက်တောင် ပါသေးသည်။ ထိုအရာက ကြီးသော စစ်ပုဆိန်ကြီးဖြစ်သည်။ ထိုအရာကို လုံထန်က ဟွိုက်ကျန်းကို ပေးဖို့ ဆုံးဖြတ်လိုက်သည်။ အကာကွယ်များကတော့ သာမန်သေမျိုးဆင့် အကာကွယ်များသာဖြစ်သည်။
ဒီအရာတေက လုံထန့်အတွက် အသုံးမဝင်သော်လည်း သူ၏ စစ်တပ်အတွက်တော့ အသုံးဝင်သည်အတွက်ကြောင့် အားလုံးကို သိမ်းယူလိုက်သည်။ အားလုံးကို သိုလှောင် လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။
လုံထန့် ယူစရာရှိတာ အသုံးပြုလို ရသည့်များအားလုံးကို ယူဆောင်လာခဲ့ပြီး အပြင်သို့ပြန်ထွက်လာခဲ့တော့သည်။
သူအပြင်ရောက်ချိန်မှာ အဘိုးကြီးဖေးမှာ ထွက်မလာသေးသဖြင့် သူဓားရေးကို သာပြန်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်၏။
-----
ထိုအစဉ်ကန်အတွင်း၌ အဘိုးကြီးဖေးက မိုးကြိုးရေကန်၏ နံဘေးတွင် ထိုင်ကာ မိုးကြိုးရေကန် အတွင်းမှ မိုးကြိုးစွမ်းအားများကို သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် စုပ်ယူနိုင်အောင်ကြိုးစားနေခဲ့သည်။
အဘိုးကြီးဖေးက မိုးကြိုးရေစင် ကန်အတွင်းသို့ ကျောက်စိမ်းပုလင်းလေးဖြင့် ဂရုစိုက်ကာ ခပ်လိုက်ပြီးနောက် တွင် ဂရုစိုက်ကာ သောက်ချလိုက်သည်။
" ဂွက် "
" ဂွက် "
မိုးကြိုးရေစင်က အဘိုးကြီး ဖေး၏ အန္ဓာကိုယ်အတွင်းသို့ ရောက်သည့်နှင့် စတင်ကာ အာနိသင်များက စတင်ကာပြသ လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွက် လျှပ်စီးမြွေလေးများ ရှပ်ပြေးနေသည့်အလား ပင် တစ်ကိုယ်လုံးကို လျှပ်စီးအလင်းများဖြင့် ဖုံးအုပ်နေခဲ့သည်။
အဘိုးကြီးဖေးလို့ သားရဲ ဘုရင့်အဆင့်ခြောက်ရှိသူပင် နာကျင်မူကို အံကျိတ်ကာ တောင်ခံနေရသည်။ သူက အာနိသင်များကို အလေလွင့်မဖြစ်စေ ရန် ရနိုင်သမျှ မိုးကြိုးစွမ်းအားများကို စုပ်ယူနေခဲ့သည်။
အဘိုးကြီးဖေး၏ စွမ်းအားအဆင့်ကလည်း လျှင်မြန်စွာဖြင့် တိုးတက်လာခဲ့သည်။ သားဘုရင်အဆင့်ခြောက် အဆင့်မြင့် ၊အထိဍ်ထိပ် သို့ ရောက်ရှိသွားခဲ့သည်။
" ခရှက် "
အဘိုးကြီးဖေးမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှာ ပေါက်ကွဲသံသဲသဲလေးနှင့် အတူတူ သူ၏ အရှိန်များကလည်း ထိုးတက်လာခဲ့သည်။
" ဝုန်း "
သားရဲ့ဘုရင့် အဆင့် သတ္တမ အဆင့်သို့ တိုက်ရိုက်တက်ရောက်သွားခဲ့သည်။ အဘိုးကြီးဖေး၏ အသက်ရှုသံများကလည်း လေးလံလာခဲ့ကာ သူ၏အသက်ရှု သံတစ်ရှိုက်တိုင်းမှာ ကြောက်စရာကောင်းသော အငွေ့သတ်တေ စွမ်းအားကြီးမားသော အဖျတ်စွမ်းတေပါဝင်နေခဲ့သည်။
မိုးကြိုးရေစင်၏ စွမ်းအားက အဘိုးကြီး ဖေးကို သားရဲဘုရင်အဆင့် သတ္တမဆင့်သို့ ပိုဆောင်ပြီးနောက်မှာ သူ၏ အာနိ သင်များအားလုံးကို စုပ်ယူနိုင်လိုက်ပီဖြစ်သည်။
အဘိုးကြီးဖေး၏ မှိတ်နေသောမျက်လုံးများကို ပြန်ဖွင်လိုက်သည်။ သူ၏ မျက်လုံးများက တောက်ပနေခဲ့ကာ သူ၏ အသက်ရွယ်မှာလည်း အခြောက်ဆယ် နီးပါး အရွယ်သို့ ပြန်ရောက်နေခဲ့ပြီးတော့ သူ၏ ဆံပင်များကလည်း အားလုံးအနက်ရောင်သို့ ပြန်ပြောင်းသွားခဲပြီပဲ ဖြစ်သည်။
ဟားဟား....။
ဟားဟား....။
နောက်ဆုံးတော့ ဒီအဘိုးကြီးလည်း အင်ပါယာ သားရဲ့ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းနီးလာပြီပဲ ။ ထိုနေရာမှ ထကာ ရပ်လိုက်ပြီး အဘိုကြီးဖေးက မိုးကြိုးရေစင်ကန်အပြင်သို့ ထွက်လာခဲ့လာလိုက်တော့သည်။
သူအပြင်သို့ ထွက်သွားချိန် တွင် လုံထန် တရားထိုင်နေတာကို တွေလိုက်ရသည်။ အဘိုးကြီးဖေးလည်း သူ၏ ပျော်ရွှင်မူများကို မြို့သိပ်ကာ ဘေးကနေ အနှောက်ယုက်မဖြစ်အောင် ရပ်တန်လိုက်ကာကြည့်နေလိုက်သည်။
လုံထန့်တစ်ယောက် တရားထိုင်နေရာမှာ သူ၏ လက်ကို ဓားသဏ္ဍန် သဘောထားကာ အရှေ့သို့ ခုတ်ပိုင်းလိုက်ချိန်မှာ တောက်ပသော ဓားချီ အလင်းက သူနဲ ဆယ်မီတာဝန်းကျင့်အကွာကာ သစ်ပင်ကြီးကို ပိုင်းဖြတ်သွားခဲ့တာကို တွေလိုက်ရသည်။
ဟားဟား....။
အောင်မြင်ပြီ နောက်ဆုံးတော့ ငါဓားချီကို ထုတ်လွတ်နိုင်သွားပြီ။ လုံထန့်တစ်ယောက် အရှုးတစ်ယောက်ပမာ ရီမောလိုက်သည်။ သူက အဘိုးကြီးဖေး မိုးကြိုးရေကန်မှာ လျေ့ကျင့်နေစဉ်အတွင်းမှာ ဓားရေးလေ့ကျင့်ခြင်းဖြင့် ထိုးထွင်းသိမြင်မှုကို တစ်ခု ရရှိလိုက်ပြီးတော့ ဓားချီကို ထုတ်လွတ်နိုင်ခဲ့တာပဲ ဖြစ်သည်။
နောက်ဆုံးမှာ သူသာကောင်းကင်သားရဲ အဆင့်ကို ရောက်ရင် အောင်းချင်းထန် ပြောခဲ့သော ဓားကို ကိုင်ကာ အနိတ္တမ နတ်ဆိုးနဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း ဓားကျင့်စဉ်ကို လေ့ကျင့်နိုင်တော့မည်ဖြစ်သည်။
ဂုဏ်ယူပါတယ် အရှင့်သား ။
အဘိုးကြီးဖေးက လုံထန့်ပျော်ရွှင်နေသည်ကို ကြည့်ကာ ဂုဏ်ပြုစကားဆိုလိုက်သည်။
အဘိုးထွက်လာပြီလား လုံထန်လည်း အဘိုးကြီးဖေးကို အခုမှ သတိထားမိသဖြင့် ကြည့်ကာ မေးလိုက်သည်။
ဟုတ်တယ် အရှင့်သား ။
ဒီအဘိုကြီးအများကြီး ရိတ်သိမ်းနိုင်ခဲ့ပါတယ် ။ အဘိုးကြီးဖေးက ပျော်ရွှင်စွာပြောလိုက်သည်။
ထိုအခါမှ သာလျှင် အဘိုးကြီးဖေး၏ ပြောင်းလဲမူများကို သတိထားမိသွားခဲ့သည်။
ဟားဟား။
အဘိုး သားရဲဘုရင် သတ္တမ အဆင့်ကို ရောက်သွားပြီပဲ ။