Chapters

ရွှေဂဠုန်မျိုးနွယ်စု၏ စစ်တပ်များရောက်ရှိလာခြင်း

Vol. 3 Ch. 34

ရွှေဂဠုန်မျိုးနွယ်စု၏ စစ်တပ်များရောက်ရှိလာခြင်း

Vol. 3 Ch. 34

--------

လုံထန့်နှင့် အဘိုးကြီးဖေး သွေးမြို့တော်သို့ ပျံသန်းနေစဉ်မှာ တစ်ဖက်တွင်တော့ ပြဿနာကြီးတစ်ခုဖြစ်လာတော့မည်ကို သူတို့သတိမထားခဲ့မိကြချေ။

-------

မြောက်ပိုင်းဒေသမှ ရွှေဂဠုန်မျိုးနွယ်စု၏ ဧကရာဇ် ဟွမ်းချီ စေလွတ်လိုက်သော ရွှေဂဠုန်မျိုးနွယ်စု၏ စစ်တပ်မှာ သွေးနဂါးနယ်မြေ စီသို့ ချည်းကပ်လာနေကြသောကြောင့်ပင်ဖြစ်သည်။

ယခုအကြိမ်မှာတော့ ရွှေဂဠုန်မျိုးနွယ်၏ စစ်တပ်မှာ ဂရုတစိုက်ကာဖြင့် နဂါးမျိုးနွယ်များ၏ ပိုက်နက်အတွင်းကို သတိထားကာဝင်ရောက်လာခဲ့ကြသည်။

သူတို့စစ်တပ်၏ ကြီးမားက ရွှေဂဠုန်ကြီးတစ်ကောင်နဲ ပုံသဏ္ဍန်ဆင်တူသော လေသင်္ဘောကြီးမှာ အစီးငါးဆယ်ခန့်ရှိနေ၏ ။

ယခင်တစ်ကြိမ်မှာ ကျိလင်းတစ်ယောက်ထဲတုန်းက ဆယ်စီးခန့်သာပါရှိပြီး တော့ ဒီတစ်ကြိမ်မှာ ရင်စန်း ပါပါရှိနေပြီး သူတို့၏ ဧကရာဇ်ဖြစ်သူက ဒီကိစ္စကို ဘယ်လောက် အလေးထားကြောင်းသိနေသည့် အတွက်ကြာင့် ကျိလင်းလည်း အရောက်တစ်ကြိမ်လို့ ပေါ်တင်မဝင်ရောက်တော့ပဲ ခိုးကာ သတိထားပြီးဝင်ရောက်လာတာပဲ ဖြစ်သည်။

" သတင်းပိုပါတယ် ...။

ကြီးမားသော ရွှေရောင်အသုံးဆောင်များဖြင့် သန့်ရှင်းသပ်ရပ်သော အခန်းကြီးထဲတွင် ကျိလင်းနဲ့ ရင်စန်းတို စကားပြောနေချိန်မှာ ရွှေဂဠုန်စစ်သားတစ်ဉီးကာ ဝင်ရောက်လာကာ ပြောလိုက်သည်။

ပြော ...။

ရင်စန်း၏ အေးစက်နေသော မျက်လုံးများက ထိုစစ်သားကို ကြည့်ကာ အမိန့်ပေးလိုက်သည်။သတင်းလာပို့သော ရွှေဂဠုန်စစ်သားမှာ ရင်စန်း ၏ အေးစက်စက်အကြည့် ကြောင့် တုန်လှုပ်သွားခဲ့ကာ သူ၏ကျောရိုးတလျောက် ချွေးအေးများ ထွက်လာခဲ့ကာ သူ၏ ခေါင်းကို ပို၍ ငုံချလိုက်သည်။

စစ်သူကြီးတို့ ...။

မနက်ဖြန် မှာ အနီရောင်ကောင်းကင်မြို့တော်သို့ ရောက်ရှိပါတော့မယ်။ ထိုသတင်းပို စစ်သားက ကြောက်ရွံ့စွာဖြင့် သတင်းစကားကို ပြောလိုက်သည်။

အင်း ....။

အားလုံးကို သတိထားဖို့ ပြောလိုက် ဒီကိစ္စက အရေးကြီးတယ် နည်းနည်းလေးမှာ မှားသွားလို့ မဖြစ်ဘူး။ တခြားမျိုးနွယ်စုတေကို လည်း သိမသွားစေနဲ ကျိလင်းက သတင်းပိုစစ်သားကို ကြည့်ကာ အမိန့်ပေးလိုက်ပြီး ထွက်သွားခိုင်းလိုက်သည်။

မနက်ဖြန် မှာ ရွှေခြင်္သေ့တေ နဲ တွေချိန်မှ ငါကို လာရှာပဲ ကြားထဲမှာငါကို လာမနှောက်ယှက်နဲ့ ရင်စန်းက ကျိလင်းကို ကြည့်ကာ ပြောလိုက်ပြီး သူက ခန်းတွင်းမှာ ထွက်ခွာသွားတော့သည်။

ကောင်းပြီ ....။

ရင်စန်း၏ စရိုက်ကို သိနေသော်လည်း သူမှ ဒေါသထွက်၍မရချေ။ မဟုတ်လို့ ဒေါသထွက်ကာ သူကို သွားစိန်ခေါ်ပါက သူပဲ အတီးခံရမည်ဖြစ်သည်။ ရင်စန်း၏ ကျင့်ကြံမူက သူထက်များစွာမြင့်မားလှသည်။

သည်းခံ သည်းခံ ....။

ကျိလင်းတစ်ယာက် အံကိုကျိတ်ကာ ဒေါသကို ဖြေဖျောက်စေရန် သူအရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကိုင်ကာ မော့ချလိုက်သည်။

အား ....။

ငါ ီးလိုပဲ ပူလိုက်တာ ....။

------

တစ်ဖက်တွင် အနီရောင်ကောင်းကင်မြို့တော် တွင်တော့ အေးချမ်းကာ ငြိမ်သက်နေခဲ့သည်။ အရင်တုန်းက မြို့တော်က ရာဇဝတ်သားများနဲ ဝရမ်းပြေးများသာလျှင်ရှိနေသဖြင့် မြို့တော်တစ်ခုလုံးက အေးချမ်းမူဆိုတာက ဂျိုနဲ့အကောင်လားမေးရမည့် အထိပင်ဖြစ်သည်။

ယခုအချိန်မှာ လုံထန့်ရောက်ရှိလာပြီး သွေးနဂါးနေမြေတစ်ခုလုံးကို သူ၏ လက်အောက်ခံဖြစ်သို့ ပြောင်းလဲစေလိုက်သည်။

မြိုတော်များကို လည်း စည်းကမ်းတကျဖြစ်စေပြီးတော့ စည်းမျဉ်းများကိုလည်း ထုတ်ပြန်ထားခဲ့သည်။ အရေးကကြီးဆုံးက မြို့တော်အတွင်းမှာ တိုက်ခိုက်မရခြင်းပင် မြိုတော်အတွင်းမှာ တိုက်ခိုက်ခဲ့ပါ ဘာမေးခွန်းမှ မေးမနေပဲ နှစ်ယောက် စလုံးဖမ်းစီးကာ သတ်ဖြတ်ခြင်းခံမည်ဖြစ်သည်။ ထိုအစည်းမျဉ်းများကြောင်ပင် မြို့တော်က တိုက်ခိုက်မူများနှင့် အရင်လို့ ရမ်းကားမူများမရှိတော့ ပဲ ပို၍ သာစည်ပင်သာယာဝပြောလိုက်ခဲ့သညါ။

ဟွိုက်ကျန်း၏ ခေါင်းဆောင် မှုအောက်မှာ မြို့တော် အရှိန်လျှင်မြန်စွာဖြင့်တိုးတက်လာခဲ့သည်။ယခုအချိန်မှာ မြိုတောအတွင်းမှာ ကုန်သည့်များပင် သွားလာနေခဲ့ကြသည်။

အနီးနားက သေးငယ်သော မျိုးနွယ်စုဝင်များပင် ပြောင်းရွှေကာ လာရောက်နေထိုင်သည့် အထိပင် အေးချမ်းသာယာလာခဲ့သည်။