← Chapters

အနီရောင်ကောင်းကင်မြို့တော်တိုက်ခိုက်ခံရခြင်း

Vol. 3 Ch. 35

အနီရောင်ကောင်းကင်မြို့တော်တိုက်ခိုက်ခံရခြင်း

Vol. 3 Ch. 35

--------

အနီကောင်ကောင်းကင်မြို့တော်ရှိနေထိုင်သူတိုင်းက အေးချမ်းသာယာနေခဲ့ကြပြီး အန္တာရယ်တစ်ခု သူတိုကို ဖျက်စီးရန် ချည်းကပ်လာသည်ကို မည်သူမှ သတိမထားမိကျချေ။

ထိုညတစ်ညလုံးကတော့ သာမန်ညများလိုပင် ဘာပြဿနာမရှိပဲ အေးချမ်းစွာဖြင့် အချိန်များကို ဆုံးသွားခဲ့ကြ၏။

--------

နောက်တစ်နေမနက် ...

ကောင်းကင်ယံထက်ရှိနေဝန်းနီကြီးက လောကတစ်ခွင် အလင်းဖြာဆင်းလာခဲ့ကာ အာရုံဦးမနက်ခင်းအချိန်သို့ ရောက်ရှိလာကြသည်။

အနီရောင်ကောင်းကင်မြို့တော် ရှိနေထိုင်ကြသော သားရဲလူသားတိုင်းက ကိုယ်လုပ်စရာရှိသည်တိုင်းကို ပုံမှန်တိုင်းသာ လုပ်ကိုင်နေကြသည်။ ဆေးပင်တေ ရောင်းချသူများက ဆေးပင်တေ ရောင်းချရန် ဆိုင်ဖွင့်ရန်ပြန်ဆင်ကြ၏။ စားသောက်စာရာ ရောင်းချသူများ ၊ အတည်းခိုဆောင်ဖွင့်သူများ မှာလည်း သူတို့လုပ်နေကြအတိုင်းသာ လုပ်ကိုင်နေကြသည်။ နေထိုင်သူအားလုံးက အေးချမ်းသည်ဟုထင်နေစဉ်မှာ ပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကိုလိုက်က၏။

" ဘုန်း "

အနီရောင်ကောင်းကင်မြို့တော်ဟု ရေးသားထားခဲ့သော မြို့ဝင် ဆိုင်းပုဒ်ကြီးကို ဖြတ်စီးချခံလိုက်ရကာ မြို့ကို တံခါးကြီးပင်အဖျက်စီးခံလိုက်ရသည်။

ဟွိုက်ကျန်း ထွက်လာခဲ့စမ်း ။

ဒီအကြိမ်မင်းဘယ်ကိုပြေးမလဲ ။

ပေါက်ကွဲသံ၏ နောက်မှနေ၍ ပေါက်ကွဲသံအောက်ပင်မကျနိုင်သာ အသံက အနီရောင် ကောင်းကင်မြို့တော်တစ်ခုလုံးကိုပြန့်နှံသွားခဲ့သည်။

ဘယ်သူတေလည်း မြိုတော်ဝင်၏ နမ်မည်ကို တောင်ခေါ်ရဲ့တယ် သေချင်တာလား။

ရွှေခြင်္သေ့မျိုးနွယ်၏ စစ်သည့်များက ပေါက်ကွဲသံရှိရာထံသို့ အပြေးလွှားရောက်ရှိလာကြခြင်း အော်ဟစ်လိုက်သည်။

လေဓားသွား ....။

" ရွစ် "

" ရွစ် "

အပြေးလွှားရောက်ရှိလာကြသော ရွှေခြင်္သေ့မျိုးနွယ်၏ စစ်သည့်များကသူတို့၏ အရှေကမြင်ကွင်းမှ လူကို မြင်သည့်နှင့် အော်ဟစ်ကာသတိပေးရန်ပြင်ဆင်လိုက်ကြသော်လည်း သူတို့၏ နောက်စကားများကို ထပ်မံကာ မထွက်လာခင်မှာပင် သူတို့၏ ခေါင်းများက ခန္ဓာကိုယ်မှာ ကင်းကွာသွားရသည်။

ဟားဟား....။

သွေးတေမြင်ရတာ တစ်ကယ်ကို ပျော်စရာပဲ ....။

" အား "

ဒီမှာလူတစ်နေတယ် ဘေးနားမြင်သော သာမန်အကျင့်ကြံမှုသာရှိသော သားရဲများမှာ အထိတ်လန့် အာ်ဟစ်လိုက်သံက နေရာအနှံသို့ပြန့်နှံသွားခဲ့သည်။

လေဓားသွား.....။

နောက်ထပ် လေဓားသွားများက ပေါ်လာခဲ့ကာ အော်ဟစ်လိုက်သော သားရဲများ၏ အသတ်များကို နိဂုန်းချုပ်ပေးလိုက်ပြန်သည်။

ရင်စန်း မလိုအပ်ပဲ မင်းမသတ်ဖြတ်လို့မရဘူးလား ။

သူ၏ဘေးမှာ ကျိလင်းမှာ မျက်မှောင်ကြုပ်ကာ မကြည့်သာဟန်ဖြင့်ပြောလိုက်သည်။ သတ်ဖြတ်တာရကာ ငါကိုေပျာ်ရွှင်စေတယ် ။ ဒီအကြိမ်နောက်ဆုံးထားကာ ငါပြောလိုက်မယ် ငါကို အဲလိုပုံစံနဲ စကားထပ်ပြောရင် မင်းကိုပါသတ်ပစ်မယ်။ မင်းယုံလား။

ဟားဟား.....။

ရင်စန်း၏ မျက်လုံးများက နီရဲနေကာ ကျိလင်းကို ပြန်ကာမေးခွန်းထုတ်လိုက်သည်။ ကျိလင်းလည်း ရင်စန်း၏ အမေးကြောင့် ထပ်မံကာ စကားမပြောရဲ့တော့ချေ။

ရင်စန်း လို့စောက်ရူးက သူပြောရင်ပြောတဲ့ အတိုင်းလုပ်မည့်သူဖြစ်သည်။ သူ၏ ကျင့်ကြံမှုက ရင်စန်းလောက်မမြင့်မားသည့် အတွက်ကြောင့် အံကိုကျိတ်ကာပဲ သည်းညှင်းခံလိုက်ရသည်။

ထိုအစဉ်မှာပင်....

ခွေးမသား ရွှေဂဠုန်တေ မင်းတို့များသွားပြီကွ။

မင်းတို့ငါစီကို လာမယ်ဆိုငါစီပဲလာသင့်တယ် အပြစ်မဲ့တဲ့သူတေကို ဘာလို့သတ်နေတာလည်း ။ ဟွိုက်ကျန်းက၏ ကြီမားသော ခန္ဓာကိုယ်ကြီးက ခေါင်းကိုးလုံးရွှေခြင်္သေ့ကြီးသဏ္ဍန်ပြောင်းလည်းကာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မင်းကဒီကောင်ကို ရှုံးလာတာလား ရင်စန်းက ဟွိုက်ကျန်းကို ကြည့်ကာ မတူသလိုမတန်သလိုဟန်ဖြင့်ကြည့်ပြီး ကျိလင်းကို မေးလိုက်သည်။ ကောင်းကင်သားရဲ အဆင့်ရှစ် ကျင့်ကြံမှု မင်းတစ်ကယ်ကို အသုံးမကျတာပဲ ကျိလင်း မင်းက သားရဲဘုရင် အဆင့်တစ်ဖြစ်ပြီးတော့ ရူံးရတယ်လို့။

ကျိလင်းမှာ ရင်စန်း၏ စကားကြောင့် ဒေါသက ငယ်ထိပ်ရောက်အောင်ထွက်လာခဲ့ကာ မျက်နှာထက်ရှိသွားကြောများပင် ဒေါသကြောင့် ဖောင်းထွက်လာခဲ့ သည်။ သူက သည်းမခံနိုင်တော့ကာ အော်ပြောလိုက်သည်။

မင်းရဲ့ ဖေဖေကြီး ရူံးတာက မိုးပြာနဂါးမျိုးနွယ်က သားရဲဘုရင့်အဆင့်ခြောက်ကွ။ စောက်စကာများမနေနဲ့ သူကို ကူညီမဲ့သူမရှိတုန်း အမြန်လုပ် ဧကရာဇ်က ခိုင်းတာကို မပြီးစီးရအောင်လုပ်မနေနဲ့ ခွေးမသားရဲ့။

ကျိလင်းမှာ ရင်စန်းကို ကျိမ်ဆဲပြီးချိန်မှ သူ၏ ရင်ထဲမှ ပေါ့သွားသလို ခံစားရလိုက်ပြီး သူ၏ ဒေါသများလည်း အနည်းငယ်ပြေပျောက်သွားခဲ့သည်။

မင်းဘာပြောလိုက်တယ် ။

ခွေးမသားဟုတ်လား ။

ရင်စန်းက ဒေါသတကြီးဖြင့် ကျိလင်းကို ကြည့်လိုက်သည်။ ထိုအခါမှာသာလျှင် ကျိလင်းလည်း သူ၏ ဒေါသကြောင့်ကျိမ်ဆဲမိပြီးမှ ရင်စန်းက သားရဲဘုရင်အဆင့်ခုနှစ်သို့ ရောက်ရှိနေသော စွမ်းအားသားရဲဖြစ်ကြောင်းကို ပြန်ကာသတိရသွားခဲ့သည်။ ထိုအထိမှပင်သူ၏ နောက်ကျောတလျောက်တွင် ချွေးအေးများလည်း စိုချွဲကာ ထွက်လာခဲ့သည်။

မင်းနဲ့ပြီးမှ ပြဿနာရှင်းမယ်။

ရင်းစန်းက ကျိလင်းကို ကြည့်ကာ ပြောလိုက်သည်။

--------

ခေါင်းကိုလုံးရွှေခြင်္သေ့တေ မြေပုံကို ထုတ်ပေးရင် မင်းရဲ့ ခန္ဓာကိုယ်အကောင်းတိုင်းချန်ထားပေးမယ်။ ရင်စန်းက သူ၏ ဒေါသကို ဟွိုက်ကျန်းထံသို့အရင်ဦးတည်လိုက်သည်။

မြေပုံတော့မရဘူးကွ။

ဟွိုက်ကျန်းက ဦးစွာတိုက်ခိုက်လိုက်သည်။ သူ၏ ကြီးမားသော ရွှေရောင်အမွေးမျှင်များဖုံးလွမ်းနေသော ညာလက်ကြီးဖြင့် ရင်စန်းကို ရိုက်ချလိုက်သည်။

သေစမ်းခွေးမသား ရွှေဂဠုန်ကောင်။

ဟွိုက်ကျန်းက သူ၏ရန်သူကို အနိုင်မတိုက်နိုင်မှန်းသိရှိသည့်တိုင်အောင် သူ၏ ကျန်မျိုးနွယ်များ ထွက်ပြေးလွတ်မြှောက်စေရန် သူတက်စွမ်းသလောက် အချိန် ဆွဲ ပေးထားရန် ကြံရွယ်ထားခဲ့တာပဲဖြစ်သည်။

တိုက်ခိုက်ချင်ရင်လည်း ကိုယ်ရဲ့အဆင့်ကိုကိုယ်သိသင့်တယ် ။

ရင်စန်းက ဟွိုက်ကျန်းကို ကြည့်ကာ အထင်သေးဟန်ဖြင့် သူ၏ ညာလက်ကို မြောက်က ပြောလိုက်သည်။

လေဓားသွား....။

ပါးလွှာနေ၍ ကြည့်လင်နေသော ဓားသွားလေးများပေါ်လာခဲ့ကာ ဟွိုက်ကျန်း တိုက်ခိုက်ရန် မြောက်ထားသောရွှေရောင် လက်ကြီးက ရင်စန်း၏အနား ရောက်မလာခင်မှာပင် ဟွိုက်ကျန်း၏ ညာဘက်လက်က အရင်းမှနေ၍ မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

" အား "

ရွှေရောင်သွေးစက်များက နေရာအနှံကို ဖြန်းပတ်သွားကာ ဟွိုက်ကျန်းက လူသားအသွင်ပြန်ပြောင်းလိုက်ကာသူ၏ဘယ်လက်ဖြင့် ညာဘက်ကို ပြန်ကာ ကိုင်ထားလိုက်သည်။

All Chapters