ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်ဝင်များသေဆုံးခြင်း
Vol. 3 Ch. 36
---------
ပြတ်နေသောလက်မောင်းကို ဆုပ်ကိုင်ထား
သော ဟွိုက်ကျန်းကို ကြည့်ကာ ရင်စန်းကပြောလိုက်သည်။
မြေပုံဘယ်မှာလည်း အခုချိန်ပေးမယ်ဆိုရင်
မင်းကို နာကျင်မှုမရှိပဲ သေစေရမယ်လို့အာမခံ
တယ်။ ရင်စန်း၏ မျက်နှာထားက ကြည့်ရှုမိသူ
တိုင်းကို ထိတ်လန့်ဖွယ်ရာ ခံစားချက်ကို ပေး
စွမ်းလျက်ပြောလိုက်သည်။
မင်းငါကို သတ်ပြစ်လိုက်စမ်းပါ။ငါမင်းကို
ဘယ်တော့မှ မြေပုံကိုပေးမှာမဟုတ်ဘူး။
မင်းသိပ်ခေါင်းမာနေတာပဲ စိတ်မကောင်း
စရာပဲ ငါအရှေမှာတော့ ခေါင်းမာတာက
အသုံးမဝင်ဘူး ။ ကျိလင်း မင်းကိုတိုင်သွားပြီး
တော့ ခေါင်းကိုးလုံးရွှေခြင်္သေ့တေကို ဖမ်းစီးခဲ့
လိုက် မင်းရဲ့ မျိုးနွယ်စုဝင်တေ မင်းအရှေ့မှာ
သေဆုံးနေတာကို တွေခဲ့ရင် မင်းဘယ်လောက်
ထိ ခေါင်းမာအုန်းမလည်း ငါသိချင်သေးတယ်။
ဟားဟား....။
ကျိလင်းလည်းရင်စန်းလို့ စောက်ရူးအနားမှာ မ
နေချင်သည့်မှို လျှင်မြန်စွာထွက်သွားခဲပြီး ရွှေ
ခြင်္သေ့တေ ကို လိုက်ဖမ်းစီးရန်ပြင်လိုက်သည်။
ဟွိုက်ကျန်းက ဖြုလျော့နေနေနေသော
မျက်နှာဖြင့် ရင်စန်းကို ကြည့်ကာပြော လိုက်
သည်။ စိတ်မကောင်းစရာပဲ ငါဒီကို ရောက်လာ
တဲ့ အချိန်ကထဲက ငါမျိုးနွယ်စုသားတေကို
ထွက်ပြေးခိုင်းထားပြီးပြီ။
သိပ်မပျော်နေပါနဲ့အုန်း။ ငါဒီကို မဝင်လာခင်
ကတည်းက ဒီမြို့တော်တစ်ခုလုံးကို ဝိုင်းရန်
ကာ စောင့်ကြည့်ခိုင်းထားပြီပြီ ။
ရင်စန်းပြောပြီးသည့်နှင့် ရွှေဂဠုန်တပ်သား
အုပ်စုက ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်သားဆယ်ယောက်ကျော်ကို ဖမ်းစီး ခေါ်ဆောင်လာ
ခဲ့သည်။
ဟွိုက်ကျန်းလည်း သူ၏မျိုးနွယ်သားကိုမြင်
သည့်နှင့် မျက်နှာက ပျက်ယွင်းသွားခဲ့သည်။
ခေါင်းဆောင် .....။
ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုဝင်များက ဟွိုက်ကျန်း၏ ပုံစံကို မြင်လိုက်သည်နှင့် သူတို့က ရုန်းကန်လိုက်ပြီး ဟွိုက်ကျန်းထံသွားရန်ပြင်လိုက်သည်။
သို့သော်လည်းပဲ သန်မာလှသော ရွှေဂဠုန် စစ်သည်များ၏ လက်ထဲမှ လွတ်မြှောက်အောင်မစွမ်းဆောင်နိုင်ခဲ့ချေ။
မင်းတို့ကို လွတ်အောင်ပြေးတော့ လို့ ငါပြောထားတယ် လေ ။ဘယ်လို့ဖြစ်လို့ အဖမ်းခံလာရတာလည်း ။ ရွှေဂဠုန်တေက ပြေးမဲ့လမ်းပေါက်တေ တိုင်းကို တားစီးထားတာပါ အဲတာကြောင့် ကျွန်တော်တို့ အဖမ်းခံလိုက်ရတာပါ။ အဖမ်းခံရသော ရွှေခြင်္သေ့များထဲမှ တစ်ယောက် ဟွိုက်ကျန်းကို ပြန်ပြောလိုက်သည်။
သူအထင်မှာ ရွှေဂဠုန်မျိုးနွယ်စုက နဂါးတေရဲ့
ပိုက်နက်အတွင်းကို သူတို့လူတေ အများကြီး
ခေါ်လာလေ့မည့်ဟု သူမတွေးထားခဲ့ချေ။ နဂါး
မျိုးနွယ်စုတေသာ သိရှိသွားခဲ့ပါက ဝင်
ရောက်လာတဲ့ ရွှေဂဠုန်မျိုးနွယ်သား အသတ်ခံ
ရမှာသာဖြစ်သည်။ ရွှေဂဠုန်မျိုးနွယ် ဧကရာဇ်
ကထိုလောက်ထိ သူ၏ မျိုးနွယ်သားများကို
ရင်းမယ်လို ဟွိုက်ကျန်း မတွေးထားမိချေ။
ဤအကြိမ်တော့ သူ၏အတွေးများက အမှားကြီးမှားသွားခဲ့ချေ။ ရွှေဂဠုန်ဧကရာဇ် မြေပုံကို လိုချင်စိတ်က သူမှန်းထားသည့်ထက်ပင် ကျော်လွန်နေခဲ့သည်။
ကဲ့ကဲ့ ပြောစရာလေးတေလည်းပြောဆိုပြီးသွားပြီမလား။ ဒါဆိုရင် သူတိုနှင့် အရင်စတင်လိုက်ကြမလား။ရင်စန်း၏ မျက်နှာက နတ်ဆိုးဆန် စွာဖြင့် ဟွိုက်ကျန်းက ရွှေခြင်္သေ့မျိုးနွယ်သားများကို လက်ညိုးထိုးကာမေးလိုက်သည်။
မင်းလုပ်ရဲလား ။
ခွေးမသား ။
ဟွိုက်ကျန်းက ဒေါသတကြီးဖြင့် ကျန်နေသော နောက် လက်တစ်ဖက်ဖြင့် ရင်စန်းကို တိုက်ခိုက်လိုက်သည်။
အို့အို့ ။
ကိုယ်အခြေနေကို သိသင့်တယ် ။
လေဓားသွား ....။
ယခုအကြိမ်မှာတော့ ဖောက်ထွင်းမြင်ရမတက်ကြည့်လင်နေသော ဓားလေး သုံးချောင်းပေါ်လာခဲ့သည်။
သွား ...။
ရင်စန်းက သူ၏လက်ကိုဝှေ့ရမ်းလိုက်ချိန်တွင် လေဓားသွားသုံးချောင်းက အလင်းတစ်ခုသွင်ပြောင်းသွားသည့်အလား တိုက်ခိုက်ရန်ပြေးလာနေသော ဟွိုက်ကျန်းထံသို့ ရောက်ရှိသွံားခဲ့သည်။ လေဓားသွားသုံးချောင်းက ဟွိုက်ကျန်း၏ ကျန်လက်တစ်ဖက်နှင့် ခြေနှစ်ဖက်ကို ဖြတ်ပိုင်းပစ်လိုက်သည်။
ခေါင်းဆောင် ....။
ငါတို့ကို လွတ်စမ်း ခွေးမသားတေ။
ရွှေခြင်္သေ့မျိုးနွယ်စုဝင်များက ဟွိုက်ကျန်း ဖြစ်ပျက်နေသော အရာများကြောင့် အတင်းရုံးန် ကန် လိုက်ရင်းဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဟားဟား....။
ငါပြောပါတယ် မြေပုံအခုချိန်ပေးလိုက်ရင် မင်းကို အခုဖြစ်နေတဲ့ အခြေနေကနေ နာကျင်ါမှုမရှိပဲ သေအောင် လုပ်ပေးနိုင်တယ် ။
ငါကိုသတ်လိုက် ငါမင်းကို မြေပုံတော့ ဘယ်တော့ မှ ပေးမှာ မဟုတ်ဘူး။
ခွေးမသားကောင်။
အို့ ။
ဒါဆိုရင်လည်း စိတ်မကောင်းစွာနဲပဲ ရင်စန်းက သူ၏ လက်ကို ဝှေရမ်းလိုက်ရာ ရွှေခြင်္သေ့မျိုးနွယ်စုသားတစ်ယောက်၏ ခေါင်းကို ဖြတ်လိုက်သည်။
ဘယ်လိုလဲ ပေးတော့မလား ။
ခေါင်းဆောင် ကျုပ်တို့သေသွားခဲ့ရင်တောင် နှောင်တမရပါဘူး။ ဒီလို့ ခွေးမသားတေကိုတော့ဘယ်တော့မှာ မြေပုံကို မပေးလိုက်ပါနဲ။
ဒါဆိုရင်မင်းလည်း သေလို့ရပြီ ရင်စန်းက သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေရမ်းလိုက်ချိန်မှာ စကားပြောနေသော ရွှေခြင်္သေ့မျိုးနွယ်စုသား၏ ခေါင်းကို ဖြတ်လိုက်သည်။
လက်နှစ်ဖက် ခြေနှစ်ဖက်လုံး အဖြတ်ခံထားရကာသွေးအိုင်ထဲတွင်လှဲလောင်းနေ သော ဟွိုက်ကျန်းမှာ သူ၏ မျိုးနွယ်စုသားများက သူ၏ အရှေမှာ အသတ်ခံနေရသော မြင်ကွင်းကြောင့် သူ၏ မျက်လုံးအိမ်များ အတွင်းမှ ပင် သွေးမျက်ရည်များကျဆင်းလာခဲ့သည်။
အား ။
ငါမင်းတို့ကိုသတ်မယ်ကွ ။
ဟွိုက်ကျန်းက သူ၏လက်ကျန်စွမ်းအင်များကို စုဆောင်းကာ သူကိုယ်သူအသေခံကာ ဖောက်ခွဲရန် ပြင်ဆင်လိုက်သည်။ သူသေဆုံးသွားသည့်တိုင်အောင်တောင်မှာ သူမုန်းတီးနေသော ထိုလူများကို ပါအောင်ခေါ်သွားနိုင်သောနည်းလမ်းမှာ ဤနည်းလမ်းသာရှိတော့ သည်။