← Chapters

ဟွိုက်ကျန်းသေဆုံးခြင်း

Vol. 3 Ch. 37

ဟွိုက်ကျန်းသေဆုံးခြင်း

Vol. 3 Ch. 37

--------

ဘေးပတ်ဝန်းကျင့်ရှိ မီတာသောင်း ချီအကျယ်ဝန်းကျင့်မှ ဝိညာဉ်ချီစွမ်းအင်များက ဟွိုက်ကျန်း၏ခန္ဓာကိုယ်အတွင်းသို့ လေဝဲကြီးသဏ္ဍန်ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်ကိုကဖောင်းကြွလာခဲ့ရာ ဘောလုံးကြီး တစ်လုံးသဏ္ဍန်ဖြစ်လာခဲ့၏။

ဝိညာဉ်ချီစွမ်းအင်များကို စုစည်းနေသည့်ကို မြင်လိုက်ချိန်မှာ ရင်စန်းတစ်ယောက် သူ၏ ခေါင်းကိုခါရမ်းကာဖြင့်ရီမောလိုက်သည်။

ဟားဟား။

ဟွိုက်ကျန်း ။

ဟွိုက်ကျန်း မင်းက သိပ်ပြီးတော့ စိတ်ကူးယှဉ်တာ ပဲ မင်းအဲလိုမျိုးလှည့်ကွက်တေ လုပ်လာခဲ့မှာကို ငါမမျော်လင့်ထားဘူးထင်နေတာ လား။

"ဟမ့် "

ရင်စန်းက သူ၏ ရပ်တန့်နေရာမှ လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ရာ ထိုနေရာမှာ ပျောက်ကွယ်သွားပြီးတော့ ဟွိုက်ကျန်း အရှေ့သို့ ရောက် ရှိလာခဲ့သည်။

အရိုင်းဆန်က ရုန်းရင်းဆန်ခက်ဖြစ်နေသော ဝိညာဉ်ချီစွမ်းအင်များကိုကြည့်ကာ ရင်စန်းက ဟွိုက်ကျန်း၏ ဦးခေါင်းကို သူလက်ဖြင့်ကိုင်လိုက်ကာ သူ၏ သားရဲဘုရင် အဆင့်ခုနှစ်ခွန်အားဖြင့် ဖိနှိပ့်လိုက်သည်။

အရိုင်းဆန်ကာ ရုန်းရင်းဆန်ခက်ဖြစ်နေသောဝိညာဉ်စွမ်းအင်များကပြန်လည့်ကာငြိမ်သက်သွားပြီးနောက် အရင်က ပေါက်ကွဲဖို့ဖြစ်နေသည့် ဘောလုံးကြီးအလား ဟွိုက်ကျန်းလည်း ပြန်လည်ကာ သေးငယ်လာခဲ့သည်။ နဂိုက ရုန်းရင်းဆန်ခက်ဖြစ်နေကာ အရိုင်းဆန်နေသော ဝိညာဉ်ချီများမှာလည်း ပြန်လည့်ကာ သိမ်မွေ့သွားခဲ့သည်။

ဘယ်လိုလဲ ဟွိုက်ကျန်း မင်းငါလက်ကနေ အဲဒီလောက် လွယ်လွယ်နဲ့ လွတ်မြှောက်နိုင်မယ်လို့ တွေးထားရင်တော့ ငါကို အရမ်းလျော့တွက်လွန်းသွားပြီပဲ ရင်စန်းက ဟွိုက်ကျန်း၏ ဦးခေါင်းကို ကိုင်ထားခြင်းဖြင့် နတ်ဆိုးဆန်စွာဖြင့် ပြုံးကာ ပြောလိုက်သည်။

ထိုအစဉ်မှာ ရင်စန်းကသူကို ကြည့်ကာ ပြုံးနေသည့် ဟွိုက်ကျန်းကို မြင်လိုက်ရသည်။

" မင်း "

ထိုအစဉ်.....

" ဝုန်း "

" ဝုန်း "

ဤပေါက်ကွဲမှုတေက သူနှင့်ဝေးကွာသော်လည်းပဲ ပြင်းထန်သောအဖျက်စွမ်းအားများကို ရင်စန်းတစ်ယောက်ခံစားမိသေးသည်။

ပေါက်ကွဲသံများကြောင့် ရင်စန်း၏ မျက်နှာ ကထိတ်လန့်မှုကြောင့် အရောင်ပြောင်းသွားခဲ့သည်။

ခွေးမသား ။

သူဒေါသတကြီးဆဲဆိုလိုက်ကာ ဟွိုက်ကျန်း၏ ဦးခေါင်းကို ကိုင်ထားသော လက်ကို လွတ်ကို သူ၏ခန္ဓာကိုယ်ကို ဝိညာဉ်ချီစွမ်းအင်များဖြင့် ဖုံးအုပ်ကာ အကာကွယ်တစ်ခုဖန်တီးလိုက်သည်။

များပြားလှသော အဖျက်စွမ်းအင်များက သူနှင်ဟွိုက်ကျန်းရှိရာသို့ ဖြာထွက်လာခဲ့သည်။ ကံကောင်းခဲ့သည်က ရင်စန်းသူ၏ လျှင်မြန်စွာဖန်တီးခဲ့သည်အကာကွယ်ကြောင့်သာသူတို့နှစ်ဦးလွတ်မြှောက်သွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုမှာ ငြိမ်သက်သွားပြီး ဖုန့်မှုန်များ ရှင်းလင်းသွားချိန်မှာ ပေါက်ကွဲသည့် နေရာကို ကြည့်ခိုက်ချိန်မှာမသတ်ဖြတ်ရသေးကာ ကျန်ရစ်နေသည့်။ ခေါင်းကိုးလုံးရွှေခြင်္သေ့များထံမှ ဖြစ်သည်။ ရွှေခြေင်္သေ့များကို ဖမ်းချုပ်ထားသော ရွှေဂဠုန် တပ်သားများမှာ ကိုယ်ကို ဖောက်ခွဲလိုက်ကြသော ရွှေခြင်္သေ့ မျိုးနွယ်သားများကြောင့် အငွေ့ပြန်ထွက်သွားသည့်အလားပျောက်ကွယ်သွားခဲ့တော့သည်။

ရင်စန်းမှာလည်းသူ၏ အကာကွယ်ကို လျှင်မြန်စွာပြုလုပ်လိုက်၍ သာ ကံကောင်းသွားခဲ့ခြင်းဖြစ်သည်။

" တောက် " ခွေးမသားတေ ။

ရင်စန်းက ဒေါသတစ်ကြီးဖြင့် ကျိမ်ဆဲလိုက်သည်။

ထိုအခိုက်တန်မှာပတ်ဝန်းကျင်တစ်ခုလုံးတွင် နောက်တစ်ကြိမ်ကြီးမားသော ဝိညာဉ်ချီစွမ်းများစုဝေးလာခဲ့ကြပြန်သည်။ ယခုတစ်ကြိမ်မှ ဝိညာဉ်ချီစွမ်းအင်များက အရင်တစ်ကြိမ်ထက်ပို၍ အရိုင်းဆန်က ပို၍လည်းများပြားသေးသည်။

မဟုတ်ဘူး။

ဟွိုက်ကျန်း၏ ပထမအကြိမ်က ဟန်ပြပြုလုပ်ကာ သူရဲ့ အစစ်မှန်ရည်ရွက်ချက် သူ၏ သတိလက်လွတ်ဖြစ်နေချိန်မှသူကိုယ့် သူဖောက်ခွဲစေဖို့ ဖြစ်သည်။

မဟုတ်ဘူး ။

ထိုအတွေးဝင်လာသည့်နှင့် ရင်စန်းလည်း ဟွိုက်ကျန်းကို လှည့်ကာ ကြည့်လိုက်ချိန်မှာ နောက်ကြသွားခဲ့ပြီဖြစ်သည်။

" ဝုန်း "

ဤ အကြိမ်ပေါက်ကွဲမှုက ပို၍ ပြင်းထန်က အနီရောင်ကောင်းကင်မြို့တော်ကြီးတစ်ခုလူံကို ပြင် တုန်ခါသွားစေခဲ့သည်။

ရင်စန်း၏ မျက်နှာမှာလည်း ဖြုလျော့သွားခဲ့သည်။ ပထမအကြိမ်က သားရဲသခင်အဆင့် ရွှေခြင်္သေ့များ ဖောက်ခွဲချိန်မှာကသူနှင့် ဝေးကွာနေသေးသည်။ သားရဲ့သခင်ဆင့်၏ ဖောက်ခွဲမှုက သူကို ဒဏ်ရာအနည်းငယ်ရာဖို့တောင်မဖြစ်နိုင်ချေ ။ ယခုအချိန်မှာကမတူ ညီချေ ။

သူနှင့် နီးကပ်နေရာမှာဖြစ်သည့်အပြင်ဟွိုက်ကျန်းက ကောင်းကင်ဆင့်သားရဲ့ အဆင့်ရှစ်ဖြစ်သည်။

ပြန်နှံကာ ထွက်ပေါ်လာခဲ့သော အဖျက်စွမ်းအား လိုင်းလုံးကြီးများ၏ အောက်တွင် ရင်စန်းတစ်ယောက်မှာ မုန်တိုင်းကြားမှ လှေငယ်လေး သဖွယ် ဖြစ်နေခဲ့ကာ အချိန်မရွှေး ပျက်စီးတော့ မယောင် ရှိနေခဲ့သည်။

သူ၏ ဝိညာဉ်ချီအကာကွယ်မှာလည်း အက်ကြောင်းများစွာ ထင်ပေါ်လာခဲ့သည်။

" ခရှက် "

" ခရှက် "

မဟုတ်ဘူး ငါလက်မခံနိုင်ဘူးကွ ။

" ဝုန်း "

စုစည်းထားသော အဖျက်စွမ်းအင်လိုင်းလုံးကြီးများ၏ အောက်မှာ ရင်စန်းတစ်ယောက်သူ၏ခန္ဓာကိုယ်ကို၏ အကာကွယ်က ပျက်စီးသွားခဲ့ရာ ရက်စက်ကြမ်းတမ်းနေသော ဝိညာဉ်ချီစွမ်းအင်များ အောက်မှာ အနည်းငယ်မျှပင် မလှုပ်နိုင်ခဲ့ပဲ သေဆုံးခဲ့ရတော့သည်။

စတင်ကာရောက်ရှိလာခဲ့ချိန်မှ အဆုံးထိ ရင်စန်းတစ်ယောက် အခုလိုအဆုံးသတ်ရလေ့မည်ဟု သူကိုယ်တိုင် တွေးခဲ့မိမည်မဟုတ်ချေ။

နောက်ဆုံးမှာတော့ ဟွိုက်ကျန်း၏ အကြံစီက အောင်မြင်ခဲ့၏ ။ သူ၏ အသေခံက သူအမုန်းဆုံးရန်သူကို အပါခေါ်မည့် အကြံစီက အောင်မြင်သွားခဲ့သည်။ သူသေဆုံးခဲ့သော်လည်းပဲ သူ၏ ရန်သူကို သတ်ဖြတ်နိုင်ခဲ့သည်။

ဟွိုက်ကျန်း၏ အသေခံကာ ဖောက်ခွဲမှုကြောင့် ကျယ်လောင် လှသော အသံကျယ်ကြီးနှင့် ပြင်းထန်သော အဖျက်စွမ်းအားများကို လူတိုင်းခံစားလိုက်ကြရသည်။

ကံကောင်းခဲ့သည်က ဟွိုက်ကျန်း ဖောက်ဖွဲခဲ့သည်နေရာက အနီရောက်ကောင်းကင်မြို့တော်၏ ဝင်ပေါက်နေရာမှာ ဖြစ်နေသောကြောင့်ပင် ။ အဲတာတောင်မှာပင် ဟွိုက်ကျန်းရှိနေရာ မြို့တော်ဝင်ပေါက်မှ အနီရောင်ကောင်းမြို့တော်၏ မြို့လည်ခေါင်ထိကို ပြင်းထန်လွန်းလှသော အဖျက်စွမ်းအားများအောက်မှ ပျက်စီးပုံကြီး ဖြစ်သွားခဲ့ရသည်။

သက်ရှိဆို့သောအရာမှာလည်း တစ်ခုတောင် မကျန်ရစ်ခဲ့ချေ။

ဘာဖြစ်တာလည်း ။

ဟိုခွေးကောင်ရင်စန်းလက်ချက်လား ။

ရန်သူတေ ရောက်လာတာလား ။

ရွှေခြင်္သေ့မျိုးနွယ်များ လိုက်လံကာ ဖမ်းစီးနေသော ကျိလင်းတစ်ယောက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးလာရာသို့ ကြည့်ကာ သူ၏ နောက်လိုက်တစ်ယောက်ကို မေးလိုက်သည်။

အမေးခံရသော သူ၏ နောက်လိုက်မှာလည်း သူ၏ စစ်သူကြီး၏ အမေးကို ဘာဖြေရမှန်းမသိချေ။

ကျိလင်းလည်း သူ၏ စိတ်ထဲတွင် ခံစားချက်များကောင်းမနေခဲ့ချေ။

အားလုံးလိုက်ဖမ်းနေတာ ရပ်လိုက်။

ပြန်ဆုတ်ပြီး။

အနီရောင်ကောင်းကင်မြို့တော်ကို ပြန်ဆုတ်ကြမယ် ။ကျိလင်းက သူ၏ နောက်လိုက်များကို အမိန့်ပေးလိုက်သည်။

သူ၏စိတ်ထဲတွင်လည်း ရင်စန်းကို ကျိမ်ဆဲနည်းပေါင်းစုံနှင့် ကျိမ်ဆဲနေခဲ့သည်။

All Chapters