← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

----------

ကျိလင်း၏ အမိန့်ပေးသံကြောင့် ရွှေခြင်္သေ့များကို လိုက်လံကာ ဖမ်းစီးနေသော ရွှေဂဠုန်စစ်သည့်များမှာလည်း ရပ်တန့်လိုက်သည်။

သူတို့အားလုံးက သူတို့၏ နောက်ရှိ အနီရောက်ကောင်းကင်မြို့တော်ထံသို့ ပျံသန်းသွားကျသည်။

ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်စု၏ ကျန်ရစ်သူများကလည်း ထိုအရာကို အခွင့်ကောင်းယူကာ သူတို့တေက သွေးမြို့တော်ကို အသည်းသန်ဖြင့် ပြေးလွှားသွားခဲ့ကြသည်။

မတော်လို့ ရွှေဂဠုန်မျိုးနွယ်ကလူများ သူတို့ရှိရာသို့ အာရုံပြန်စိုက်လာခဲရင် သူတို့မှ ထွက်ပြေး လွတ်မြှောက်ဖို့ မဖြစ်နိုင်သလောက်ပေ။

သူတို့၏ ခေါင်းဆောင်စတေးခဲ့သည့်များကို သူတို့ အသုံးမပြုခဲ့ပါက သူတို့၏ ခေါင်းဆောင်စတေးမှုက အလကား ဖြစ်သွားပေလေ့မည်ဖြစ်သည်။

ရွှေခြင်္သေ့မျိုးနွယ်စုများ၏ ရင်ထဲမှာလည်း သူတို့တစ်နေမှာ ရွှေဂဠုန်မျိုးနွယ်ထက် ပို၍ အားကောင်းလာ အောင်ကြိုးစားကာ သူတို့မျိုးနွယ်စု အတွက် လက်စားချေလို့ စိတ်က ပို၍ သာ ကြီးမားလာခဲ့သည်။ ရွှေဂဠုန်မျိုးနွယ်စု၏ အပေါ်သို့ မုန်းတီးမှုက ပို၍ ကြီးမားလာခဲ့ကြသည်။ ရွှေဂဠုန်များကို သတ်မဖြတ်ပြီး အသားကို စားကာ သွေးကိုပင် သောက်ချင်လာခဲ့သည်။

ရွှေဂဠုန်မျိုးနွယ်များ ရောက်လာချိန် ဟွိုက်ကျန်းက သူအနိုင်မတိုက်နိုင်သည့် အရှိန်ဝါတစ်ခုကို အာရုံခံမိသည့် အတွက်ကြောင့် သူအသေခံကာ အချိန်ဆွဲပေးပြီး သူ၏ မျိုးနွယ်သားများကို လွတ်မြှောက်စေရန် ဆုံးဖြတ်ခဲ့သည်။

အားလုံးက ဟွိုက်ကျန်းနဲ့ အတူ တိုက်ခိုက်ချင်ကြသော်လည်းပဲ ဟွိုက်ကျန်းက လက်မခံပဲ အနာဂတ်မှ သာလျှင် သူအတွက် လက်စား ချေနိုင်ရန် ရွှေဂဠုန်မျိုးနွယ်စုထက် ပို၍ သာလွန်အားကောင်းလာ အောင်သာ ကြိုးစားရန်သာ တိုက်တွန်းခဲ့သည်။

အနီရောင်ကောင်းကင်မြို့တော်ထံမှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားချိန်မှာ သူတို့၏ ခေါင်းဆောင်က နောက်ဆုံးမှာ ထိုနေရာမှာ သေဆုံးခဲ့ပြီဆိုတာကို သိလိုက်ရသည်။

မြန်မြန် ပြေးကြ ။

ငါတို့ခေါင်းဆောင်ရဲ့ စတေးမှုကို အလကားမဖြစ်စေနဲ မြေကမ္ဘာသားရဲ့ အဆင့် ရွှေခြင်္သေ့တစ်ယောက်က ကျန်လူများကို လောဆောလိုက်သည်။

သူတို့ အဖွဲ့ငယ်လေးများဖြင့် ဆယ်ယောက်တစ်ဖွဲ့စီ ခွဲပြေးခိုင်းခဲ့ပြီး တစ်ချို့မှ ရွှေဂဠုန်တေ၏ ဖမ်းစီးခြင်းခံရကာ တစ်ချိုမှာလည်းထိုနေတွင်ပင် သတ်ဖြတ် ခံခဲ့ရသည်။ သူတို့ ရွှေခြေင်္သေ့မျိုးနွယ်စု ဦးရေတွက်မှာ သိသိသာသာ လျော့နည်းလာခဲ့ကြသည်။

-------

တစ်ဖက်တွင် ....

ကျိလင်းဦးဆောင်လာသည့် ရွှေဂဠုန် အုပ်စုလည်း အနီရောင် ကောင်းကင်မြို့တော်ထံသို့ ပြန်လည့်ကာ ရောက်ရှိလာကြသည်။

ဘာဖြစ်သွားတာလည်း ။

သူတို့၏ အရှေတွင် မြင်နေရသမျှအားလုံးက အပျက်စီး ပုံကြီး ဖြစ်နေခဲ့သည်။

ရင်စန်း လုပ်လိုက်တာလား ။

ကျိလင်းက သူတစ်ယောက်ထဲ တွေးလိုက်သည်။ ရင်စန်း၏ အငွေ့သတ်ကို အာရုံခံလိုက်သော်လည်း ရင်စန်းတစ်ယောက် ကမ္ဘာပေါ်မှ အပြီးတိုင်ပေါက်ကွယ်သွားသလို ဘယ်သို့ ရောက်ရှိသွားမှန်းသိချေ။

စစ်သူကြီး ...။

ကျိလင်းတစ်ယောက် အတွေးများနေချိန်မှာ သူ၏ ဘေးမှ ခေါ်သံကို ကြားလိုက်ရသည်။

သူလှည့်ကာ ကြည့်လိုက်ချိန်မှာသွေးများစိုက။ချွဲနေသော အနက်ရောင် သတ္တုပြားလေးတစ်ခုကို တွေလိုက်ရသည်။

ဒါက ....။

ရင်စန်းရဲ့ တံဆိပ်ပြားပဲ ဒါဆိုရင် ရန်သူများရောက် လာတာလား ။ မဖြစ်နိုင်ဘူး ကျိလင်းတစ်ယောက် အကြောင်းရာများကို ဆက်ဆက်ကာ တွေးလိုက်ချိန်တွင် နားလည်သွားတော့သည်။

အမြန် ....။

မြို့တော်ထဲက အသက်ရှင်နေတဲ့ သူတေအားလုံးကို သတ်လိုက် တစ်ယောက် မှ မရှင်စေနဲ ပြီးတာနဲ ငါတို့ ထွက်ခွာမယ်။

ကျိလင်းတစ်ယောက် ရွှေဂဠုန် စစ်သည့်များကို အမိန့်ပေး လိုက်သည်။

နားလည်ပါပြီ စစ်သူကြီး ။

ရွှေဂဠုန်စစ်သည့်များကလည်း အနီရောင်ကောင်းကင်မြို့တော်စီမှ အသက်ရှင်ကျန်ရစ်သူများကို သတ်ဖြတ်ရန် အသီးသီး ထွက်ခွာသွားတော့သည် ။

" ဟူး "

ထိုအခါမှ သာလျှင် ကျိလင်းလည်း သက်ပြင်းရှည်ကြီး ဆွဲကာ ချလိုက်သည်။ သူကိုယ်တိုင်က ရင်စန်းကို ပင် ကျေးဇူးတင်ရမလို့ ဖြစ်နေခဲ့သည်။ ရင်စန်းကသာ သူကို ရွှေခြင်္သေ့များကို လိုက်လံ မဖမ်းခိုင်းခဲပါက သူလည်း ဒီနေရာမှ ရှိနေမည်ဖြစ်သည်။ ထိုသို့ ဆိုပါက။ ၏ယခု အချိန်မှာ သူအခုလိုမျိုး ရပ်တန့်နေနိုင်မည်မဟုတ်ချေ။

ဟွိုက်ကျန်း ။

ဟွိုက်ကျန်း ဒါကမင်းရဲ့ အကြံစီပေါ့ ။

ကျိလင်းတစ်ယောက် ဟွိုက်ကျန်း၏ နောက်ကို အချိန်များစွာ လိုက်လံကာ ဖမ်းစီးခဲ့ပြီး တော့ ဟွိုက်ကျန်း အကြောင်းနားလည်လာခဲ့သည်။

ထိုခေါင်းကိုးလုံးရွှေခြင်္သေ့က ဉာဏ်များလွန်းလှသည်။ ထိုကြောင့်မှိုလိုသာ မြောက်ပိုင်းကနေမှာ ဒီနေရာထိ ထွက်ပြေးလာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုငတိက စောစောထဲ သူကို သူဖောက်ခွဲရန် ပြင်ဆင်ကာ လာခဲ့ခြင်းဖြစ်သည်။ ဤ အတွက်ကြောင့်သာ လျှင် သူတိုက်ခိုက်ချိန်မှာ သူ၏ ခွန့်အားများကို အသုံးမပြုပဲ ပုံမှန်သာတိုက်ခိုက်ခဲ့သည်။

ရင်စန်းကပြန်လှည့်ကာ တိုက်ခိုက်ချိန်မှာ ဘုရင်အဆင့်နှင့် ကောင်းကင်ဆင့်ဖြစ်သည့် အတွက် တစ်ချက်ထဲနှင့် ဒဏ်ရာသွားသည့်က အထူးဆန်းမဟုတ်ချေ။ သူဒဏ်ရာ ရသွားချိန်မှာ ရင်စန်းက သတိလက်လွတ်ဖြစ်နေပြီး ထိုအချိန်မှာ ဟွိုက်ကျန်းက သူကိုယ်သူ ဖောက်ခွဲကာ အဆုံးစီရင်လိုက်ကာ ရင်စန်းကို အပါခေါ်သွားခဲ့ခြင်းဖြစ်နိုင်သည်။

ရင်စန်းက သူကိုသူ အထင်ကြီးပြီး ရန်သူကို အထင်သေးက ဆက်ဆံတက်သည့်။ ထိုအတွက်ကြောင့်ပင် ဟွိုက်ကျန်း၏ ထောင်ရှောက် အတွင်းသို့ တည့်တည့်ကို သက်ဆင်းသွားကာ နောက်ဆုံးမှာ သေဆုံးသွားရခြင်းဖြစ်သည်။

ကျိလင်းလည်း သူ၏ အသုံးသပ်ချက်များကို ဤသို့သာ တွေးမိသည်။ သူ၏ သုံးသပ်ချက်များမှာက တစ်ဝတ်က မှန်သလို့ တစ်ဝတ်က မှားနေခဲ့သည်။ အမှန်တစ်ဝတ်မှ ဟွိုက်ကျန်းက အသေခံရင်ပြင်ဆင်ထားခဲ့သည့်က အမှန်ဖြစ်သည်။ ထိုသို့ ဆိုရင် ရင်စန်းက သေဆုံးမည့် မဟုတ်ချေ။ အဖမ်းခံမိလာသော ရွှေခြင်္သေ့ တေကြောင့် ဟွိုက်ကျန်း၏ အသံခံ ဖောက်ခွဲမည့် အစီစဉ်ကာ ပို၍ ပြီးပြည့်စုံသွားခြင်းဖြစ်သည်။

သို့သော်လည်း ကာရံကန်ရှင် ဖြစ်သူမှာ သေဆုံးသွားသည့် အတွက် ကျိလင်းအတွေးမှန်သည့်မှားသည် ကို ပြန်ပြောပေးနိုင်သူ မရှိတော့ချေ။

အချိန်က အမွေးတိုင်တစ်ချောင်းသာ ကုန်ဆုံး ချိန်မှာ အသက်ရှင်သန် ကျန်ရစ်သည့် သူများကို သတ်ဖြတ်ရန် သွားခဲ့သော ရွှေဂဠုန် စစ်သည့် များ ပြန်လှည့် ရောက်ရှိလာကြသည်။

သူတို့အားလုံးက လေသင်္ဘောကြီး ပေါ်သို့ တက်ကာ လျှင်မြန် သည့် အရှိန်ဟုန်ဖြင့် အနီရောင် ကောင်းကင်မြို့တော်မှ အဝေးသို့ ပျံသန်းက ထွက်ခွာသွားတော့သညါ။

ယခုအကြိမ်မှာလည်း ရွှေဂဠုန်စစ်သူကြီး ကျိလင်းတစ်ယောက် ရွှေခြင်္သေ့များကို အမြစ်ပြတ်သုတ်သင်ရန် ကျရုံးခဲ့သည်သာမက ။ ဘုရင်ဆင့်တစ်ယောက်ပင် သေဆုံးခဲ့ရသည့်။ ဆုံးရူံးမှုက ကြီးမားလွန်းလှသည်။ ပြန်ရောက်သည့်ကခါမှာ ဧကရာဇ် ဟွမ်းချီ၏ အပြစ်တင်ပြောဆိုခြင်းကို ခံရမည့်မှာ မလွဲချေ။

--------

ရွှေဂဠုန် စစ်သည်များ ထွက်သွားပြီးလို့ တအောင့် အကြာမှာ အနီးနားရှိ မျိုးနွယ်စုများက မြေကမ္ဘာသားရဲ့အဆင့်များက လျှင်မြန်သည့် အရှိန်ဟုန်ဖြင့် အနီရောင်ကောင်းကင်မြို့တော်ရှိရာသို့ ပျံသန်းလာခဲ့ကြသည်။

သူတို့ ရောက်ရှိသွားချိန်တွင်တော့ တစ်ချိန်က စီကား သိုက်မြိုက်လှသော အနီရောင်ကောင်းကင်မြို့တော်ကြီးက အပျက်စီးပုံကြီး အဖြစ်သို့ ရောက်ရှိနေပြီး အသက်ရှင်ကျန်သူတစ်ယောင်မှ ရှိနေခဲ့ချေ။

ဘာတေ ဖြစ်ကုန်တာလည်း ။

ဘယ်သူလုပ်လိုက်တာလည်း ။

ရောက်ရှိလာသူများမှာလည်း ဘယ်သူမှ အဖြေမထုတ်နိုင်ကြချေ။ ဤကိစ္စက မျိုးနွယ်စုတေ ကြားမှာ ပြဿနာကြီးတစ်ခုဖြစ်လာမှ မလွဲချေ။ ပြဿနာထဲ ရောကာ ပါသွားမည့် ဆိုးသဖြင့် ထိုလူများမှာလည်း လျှင်မြန်စွာဖြင့် ပြန်လှည့်ကာ ထွက်ခွာသွားခဲ့ကြတော့သည်။

All Chapters