မစ်ရှင်ပြီးမြှောက်ခြင်း။
Vol. 3 Ch. 39
---------
အနီရောင်ကောင်းကင်မြိုတော်မှနေ၍ ပြေးလွှားနေသော ကျိလင်းမှ သူ၏ ရွှေဂဠုန်ကြီးသဏ္ဍန်နှင့်တူသော လေသင်္ဘောကြီးကို အမြန်နူန်းမြင့်တင်က နောက်သို့ပင်လည့်မကြည့် ချေ။
သူတို့အုပ်စုက သူတို့၏ သဘာဝရန်သူများ၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ ထိုသို့ ကြီးမားသော ပျက်စီးမှုကို ဖြစ်စေတာက နဂါးမျိုးနွယ်စုများကို တစ်ဖက်သက် စော်ကားသလို့ဖြစ်နေ ခဲ့သည်။
ကျယ်လောင်လှသော ပေါက်ကွဲသံကြောင့် အနီးနားရှိ ထိပ်တန်းစွမ်းအားရှင်အများပြား ရောက်ရှိလာခဲ့ပါက ပိုင်နက်ကျော်က ဝင်ရောက်လာသည့် သူတိုအဖို့ တစ်ယောက်မှ ပင်အသတ်ရှင်လျက်လွတ်မြောက်မည့်မဟုတ်ချေ။
ဤအချိန်မှ သူတို့အဖို့က " ဖွတ်မရ ဓားမဆုံး "
ဖြစ်နေခဲ့သည်။ သူတို့အလိုချင်ဆုံး မြေပုံကိုလည်း မရခဲ့သလို အဆင့်မြင့်သားရဲ့ဘုရင့်ဆင့်တစ်ယောက်ကို ပင်ဆုံးရှံးခဲ့ရသည်။ ဤသည့်ကသူတို့အတွက်ကြီးမားသော ဆုံးရှံးမှုကြီးပင်ဖြစ်သည်။
မြန်မြန် ငါတို့ မြောက်ပိုင်းကို ပြန်ရောက်မှ လုံခြုံလေ့မယ် ။
မသေချင်ရန် အားလုံးသတိထားပြီး လေသင်္ဘောကို အရှိန်ကိုမြင့်တင်ထား ။
ကျိလင်း၏ အမိန့်ပေးသံက လေသင်္ဘောကြီးတစ်ခုလုံးကို ဟိန်းထွက်နေခဲ့သည်။
---------
တစ်ဖက်တွင်တော့ .....
ကောင်းကင်ကြီးထက်တွင် ထူးခြားလှသော မြင်ကွင်းတစ်ခုကို မြင်ရသူတိုင်းကို " ဟမ့် " ခနဲ့
" ဟာ " ခနဲ့ဖြစ်စေမည့်ကွင်းကို ကောင်းကင်ယံကြီး၏ အထက်၌ တွေမြင်ရနိုင်သည်။
မီတာ 100 ခန့်ရှည်လျားသော မိုးပြာရောင် နဂါးကြီးတစ်ကောင်က သူ၏ ကျော်ပြင်ထက်တွင် မီတာ 1000 ချီကျယ်ဝန်းသော ကုန်းမြေတစ်ခုကို သယ်ဆောင်ထားခဲ့သည်။ ဤ မိုးပြာနဂါးကြီး၏ ကျောပြင်ထက်မှာလည်း အသက်ဆယ်ရှစ်အရွယ် လူငယ်လေးတစ်ယောက်က မက်တပ်ရပ်လျက် လိုက်ပါနေခဲ့သည်။
ဤထူးမြင်ကွင်းက တစ်ကယ်ကို ထူးခြားလွန်းလှသည်။သူတို့နှစ်ယောက်ကတော့အခြားမဟုတ်ပဲ အဘိုးကြီးဖေးနှင့် လုံထန့်သာဖြစ်တော့သည်။
နောက်ထပ်သုံးရက်ခန့်ကုန်လွန်သွားခဲ့သည်။
မိုးကြိုးသိမ်းငှက်မျိုးနွယ်စုထံမှ မိုးကြိုးရေစင်အရင်းမြစ်နယ်မြေကြီးကို သယ်ဆောင်လာခဲ့သော မိုးပြာရောင်နဂါးကြီး နဲ လူငယ်လေး တစ်ယောက်က သွေးမြို့တော်သို့ ပြန်ရောက်လာခဲ့သည်။
အရှင့်သား ဒါကို ဘယ်နားမှာ ထားသင့်လည်းမိုးပြာနဂါးကြီး၏ထံမှ အသံထွက်လာခဲ့သည်။
လုံထန့်လည်း ခနတာ စဉ်းစားပြီးနောက်တွင် မြို့လယ်မှ ပဲ ထားမယ် အဘိုး။
" ကောင်းကင်ဘုံ " နန်းတော်၏ ဘေးနားမှ ထားမယ် ။
သွေးမြို့တော်၏ အတွင်းမှ လူများက ထူးခြားနေသော မြင်ကွင်းကို အံဩထိတ်လန့်ကာဖြင့် ကောင်းကင်ယံ ၏ အထက်သို့ကြည့်နေကြသည်။
အဲတာဘာကြီးလည်းဟ ...။
မိုးပြာနဂါးကြီးက အဲဒီနယ်မြေကြီးကို ဘာလို့ ဒီကို သယ်လာတာလည်းဟ။ မတော်လို့ သူသာပစ်ချလိုက်ရင်တော့ ငါတို့တော့ ပြားသွားတော့မှာပဲ မြန်မြန်လွတ်ရာကို သွားကြမယ် ။
အံဩထိတ်လန့်နေသော အသံများကို လုံထန့်နဲ အဘိုးကြီးဖေးတို့ အရှင်းသားကြားနေရသည်။ သူတို့နှစ်ဦးသားလည်း ခေါင်းကိုသာခါရမ်းပြီးရီမောလိုက်သည်။
ကောင်းကင်ယံထက်က မိုးပြာနဂါးကြီကို မြင်သည့်နှင့် စစ်သည်များကို လေ့ကျင့်ပေးနေသော လင်းယုက တွေပြီးနောက် ကောင်းကင်ယံထက်သို့ ပျံတက်လာခဲ့သည်။
အရှင့်သား ။
အထိန်းတော်ကြီး ကို နှတ်ဆက်ပါတယ်။
အင်း ။
စစ်သူကြီးလင်းယု ကောင်းဘုံနန်းတော်၏ ဘေးမှာ နေရာတစ်ခုလုပ်လိုက်ပါ ဒီနယ်မြေထားဖို့ အတွက်ပေါ့။
နားလည့်ပါပြီ အရှင့်သား။
လင်းယုလည်း လုံထန့်တို့ သယ်ဆောင်လာသော အရာကြီးကို ကြည့်ကာ ဘာဖြစ်နိုင်မလည်း ဆိုတာ သိချင်နေသော်လည်းပဲ လုံထန့်၏ အမိန့်ကို နာခံစွာအရင်ဆုံးနေရာတစ်ခုကို လျှင်မြန်စွာလုပ်ရန် ပြန်ဆင်းသွားခဲ့သည်။
သွေးမြိုတော်၏ အကျယ်ဝန်းက စတုန်ရန်းမီတာ သန်းနဲ ချီအောင် ကျယ်ပြောလွန်းလှသည်။ ထိုကြောင့် မီတာ 1000 ခန့်နယ်မြေတစ်ခုကို အလွယ်တစ်ကူ မြို့လည့်တွင်ထားနိုင်သည်။
အချိန်သိပ်ပြီး မယူလိုက်ရပဲ လင်းယုက မီတာ 1000 ခန့် ကျယ်ဝန်းတစ်ခုကို ကောင်းကင်ဘုံနန်းတော်၏ ဘေးတွင် ရှင်းလင်းလိုက်သည်။
အရှင့်သား ရှင်းလင်းပြီးပါပြီ .။
အင်း ။
ဒီနေရာမှာပဲ ထားလိုက်မယ် အဘိုး ။
နားလည်ပါပြီ အရှင့်သား။
အဘိုးကြီးဖေးက သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက လှုပ်ရမ်းလိုက်ကာ အောက်သို့ ထိုးဆင်းလိုက်သည်။ အောက်ရောက်သည့်နှင့် စစ်သူကြီးလင်းယု ပြင်ဆင်ထားသော နေရာတွင် မိုးကြိုးရေစင် အရင်းမြစ်နယ်မြေကြီးတစ်ခုလုံးကို ချထားလိုက်တော့သည်။
စစ်သူကြီး ဒီနေရာကို အစောင့်တေ များများ ချထားလိုက်ပါ လုံထန့်က လင်းယုကို လည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။
နားလည်ပါပြီ အရှင့်သား ။
ထိုအခိုက်တန်လေးမှာ ပင်....
ဒင် ။
မျိုးနွယ်စုငယ်များ စုဆောင်းခြင်းတာဝန်ကို အောင်မြင်သည်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါသည်။
မစ်ရှင်အောင်မြင်သည့်အတွက် ~~~ မထိုးဖောက်နိုင်သော အကာကွယ်ဝတ်ရုံ ကို ရရှိပါသည်။
ထုတ်ယူလိုပါသလား ။
သူ၏အရှေတွင်ပေါ် လာသော စာတန်းများကြောင့် လုံထန့် တစ်ယောက် မင်သက်သွားခဲ့သည်။
" ဟမ့် "
လုံထန့်လည်း အံဩသွားခဲ့သည်။
ငါတာဝန်ကို ပြီးဆုံးသွားခဲ့တာလား ။ အခုမှ ငါမျိုးနွယ်စုနှစ်ခုကိုပဲ စုစည်းရသေးတယ်လေ။ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုက ပျက်စီးသွားလို့ ထဲ တွက်မရဘူးမလား ။ အနီးကပ်ဆုံးမှာရှိတဲ့ အကြီးဆုံးမျိုးနွယ်စုတေမှိုလို့လား လုံထန်တစ်ယောက် သူတစ်ယောက်ထဲစဉ်းစားနေခဲ့သည်။
ဘာဖြစ်ဖြစ်ကွာ အောင်မြင်တယ်ဆို ။
အောင်မြင်တယ်ပေါ့။
ဟားဟား။
လုံထန့်လည်း စနစ်၏ ဆုလဒ်၏ စွမ်းရည်များကို သိရဖို့ မစောင့်နိုင်တော့ချေ။ သူက လိုအပ်သည့် များကို စစ်သူကြီးလင်းယုကို မှာကြားပြီးနောက် သူ၏ အခန်းစီသို့ လျှင်မြန်စွံာပြေးထွက်သွားခဲ့သည်။
ကျန်ရစ်နေသော စစ်သူကြီးလင်းယုနှင့် အဘိုးကြီးဖေးမှလည်း လုံထန့်၏ အလျှင်လို့နေဟန်ကို ကြည့်ကာ အံဩသင့်သွားခဲ့သည်။ တစ်ချိန်လုံး တည်ငြိမ်စွာနေတက် သော လုံထန့်၏ ဤပုံစံက သူတိုကို အမှန်ပင်အံဩသင့်စေသည်။
ရုတ်တရက်ကြီးထကာ ရီမောလိုက်သော လုံထန့်ကိုကြည့်ကာ သူတို့ပို၍ အံဩနေခဲ့သည်။ သူတိုနှစ်ဦးသား က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက် နှစ်ယောက်စလုံး နားမလည်နိုင်ဟန်ဖြင့် ခေါင်းကို ခါရမ်းလိုက်သည်။