မထိုးဖောက်နိုင်သောအကာဝတ်ရုံ၏ စွမ်းအား
Vol. 3 Ch. 40
-------
လုံထန့်ကတစ်ယောက်သူ၏ နောက်တွင်အံဩနေသော အမှုရာနှင့် ကျန်ရစ်နေသော အဘိုးကြီးဖေးနှင့် လင်းယုတို့ကို ဂရုမစိုက်ပဲ ချန်ထားခဲ့ကာ သူ၏ အခန်းရှိရာသို့သာ ဦးတည့်သွားနေခဲ့သည်။
အချိန်နည်းငယ်လောက် လမ်းလျှောက်ပြီး သွားတဲ့ အချိန်မှာသူ၏ အခန်းရှိထံသို့ရောက်ရှိလာခဲ့သည်။ သူအခန်းရောက်သည့်နှင့်တံခါးကို လျှင်မြန်စွာပြန်ပိတ်လိုက်ကာ လုံထန့်လည်း သူစိတ်ထဲမှ ပြောလိုက်သည်။
" စနစ် "ဆုလဒ်ကို ထုတ်လိုက်ပါ ။
ဒင်။
ဆုလဒ်ကို ထုတ်ပေးလိုက်ပါပြီ ပိုင်ရှင်။
လုံထန့်၏ မျက်နှာအရှေ လေထဲတွင် ခရမ်းရောင် ဝတ်ရုံရှည်တစ်ခုပေါ်လာခဲ့သည်။
ဝတ်ရုံရှည်က သေချာကြည့်လိုက်သောလည်း ဘာမှ ထူးခြားမှုမရှိချေ။ လုံထန့် ဘယ်လောက်ပင် စစ်ဆေးကြည့်စေကာမှု အဖြေထုတ်မရခဲ့ချေ။ ဒါက သာမန်ဝတ်ရုံရှည်သာဖြစ်သည်။
စနစ်။
မင်းရဲ့ဟာက ဘာထူးခြားမှုမှလား ရှိမနေပါလားဟ။
ဒင် ။
ပြန်ဖြေပါတယ် ပိုင်ရှင်။
မဖြတ်စီးနိုင်သော ဝတ်ရုံရှည်က ရှေးဦးသားရဲ " တောက်" ဝါးမြို့ခြင်းသားရဲ ၏အရေ
ပြားနဲ့ ချုပ်လုပ်ထားပြီးတော့ ဝတ်ဆင်သူကို တူညီသောနယ်ပယ်တစ်ခုလုံး ၏ တိုက်ခိုက်မှုများနှင့် ကိုယ်ထက်အားနည်းသူများ၏ တိုက်ခိုက်ခြင်းများကို အလိုလျှောက် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ တိုက်ခိုက်နေတဲ့ အချိန်တွင်းမှာ တိုက်ခိုက်ခံရနေသောစွမ်းအားများကို စုပ်ယူထားပြီးတော့ ဝတ်ဆင်ထားသူ၏ တိုက်ခိုကိရေးစွမ်းအားကို တစ်ဆယ် ရာခိုင်နူန်းတိုးပေးနိုင်သည်။ ဝတ်ဆင့်သူ၏ ကျင့်ကြံမှုအလိုက် လိုက်ပါပြောင်းလည်းနိုင်စွမ်းရှိသည်။
{ ဉပမာ ။ ။ လုံထန့်က အခုချိန်မှာ မြေကမ္ဘာသားရဲ အဆင့်တစ် ဖြစ်သည်။ မထိုးဖောက်နိုင်သော အကာကွယ်ဝတ်ရုံကို ဝတ်ဆင်ထားချိန်မှာ မြေကမ္ဘာသားရဲ အဆင့်နယ်ပယ်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းလို့ပြောနိုင်သည်။ }
ဟာ။
လုံထန့်၏ ပါးစပ်က ယင်ကောင်တောင်ဝင်လို့ရအောင် ဟ ထားခဲ့ပြီး ရှင်းပြချက်ကို ဖက်ရှုပြီးနောက် အံဩသင့်နေခဲ့သည်။
ချီး ။
လုံထန့်လည်း အသက်ပြင်းပြင်းရှုလိုက်ကာ ဒါကြီးကစောက်ရမ်း မိုက်လွန်းတယ် ။ ဒီဝတ်စုံနဲ့သာဆိုရင် သူက နယ်ပယ်တူ အတွင်းမှာ ပြိုင်ဘက်ကင်း ဖြစ်လာမည်ဖြစ်သည်။ နယ်ပယ်တူမှာသာဆိုရင် တစ်ဖက်လူကို စိတ်ကြိုက် ရိုက်နက်နိုင်သည်။
ဟားဟား။
လုံထန့်လည်း သူစိတ်အခြေနေက ပို၍ ပျော်ရွှင်လာခဲ့သည်။ သူက လက်ကို ဆန့်ကာ ဝတ်ရုံရှည်ကို ထိလိုက်ချိန်မှာ ဝတ်ရုံရှည်က သူ၏ကိုယ်ထက်တွင် အလိုလျောက် ဝတ်ဆင်ပြီးသားဖြစ်သွားခဲ့သည်။ ဝတ်ဆင်လိုက်သည့်နှင့်သူ ဝတ်ရုံရှည်က သူ၏ခန္ဓာကိုယ်အတွက် ချုပ်လုပ်ထားသည့်အလား အပိုလိုမရှိ ကွတ်တိကျနေခဲ့သည်။ ထိုထက်ပိုသည့်က ဝတိရုံရှည်ကို ဝတ်ဆင်ပြီးချိန်မှာ လုံထန့်က သူခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
"စနစ် " ငါရဲ့ကိုရေးအချက်လက်ကိုပြပေး။
ဒင်။
ကောင်းပါပြီပိုင်ရှင်။
အမည်~~~ လုံထန်
မျိုးနွယ်~~~ နဂါး
စွမ်းအားအဆင့် ~~~ မြေကမ္ဘာသားရဲအဆင့်တစ် အလယ်လတ် ။
ကျင့်စဉ် ~~~ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၊ အဆင့်နိမ့်နဂါးအသက်ရှုခြင်း၊ နဂါးလက်သည်းကုပ်ချက်၊မီးတောက်အကျဉ်းထောင် ။
သွေးမျိုးဆက်~~~ကိုးရောင်ခြယ်ဒြပ်စင်နဂါး
အသုံးဆောင်~~~မထိုးဖောက်နိုင်သောဝတ်ရုံ
လုံထန်တစ်ယောက် သူ၏ ကိုယ်ရေးအချက်လက်ကို ကြည့်ပြီးချိန်မှာ သဘောကျစွာဖြင်ခေါင်းညိမ်လိုက်သည်။
ထိုအစဉ်မှာပင် ....
အပြန်ဘက်စီအမှ အလောတကြီး အသံများကို ကြားလိုက်ရသည်။ ဤအသံများကြောင့် သူ၏ ပျော်ရွှင်နေသော အမှုရာများပင် ပျက်ယွင်းသွားခဲ့သည်။
ဘာတေဖြစ်နေတာလည်း လုံထန့်လည်းသူ၏ အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်ဟန်ပြင်လိုက်ချိန်မှာ စစ်သူကြီးလင်းယုဦးဆောင်လာခဲ့သော ခေါင်းကိုးလုံးရွှေခြင်္သေ့များငါးဆယ်ခန့်ကို တွေလိုက်ရသည်။
ဒီရက်ပိုင်းတေမှာ သူတို့၏ အခြေနေက ဆိုးဝါးခဲ့ဟန်ရ၏။ ထိုရွှေခြင်္သေ့တို၏ တစ်ကိုယ်လုံးက ဒဏ်ရာများနှင့် ပြည်နက်နေခဲ့သည်။
လုံထန်လည်း မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။
ဘာဖြစ်တာခဲတာလည်း။
ရွှေခြင်္သေ့တေက သူ၏ လက်အောက်ခံဖြစ်ပြီး သူ၏ ပိုက်နက်မှာ နေထိုင်သူ တေလည်းဖြစ်သည်။ အခုလို ရွှေခြင်္သေ့များကို တိုက်ခိုက်ခြင်းက သူကို တစ်ဖက်လက်နဲ့ ရန်စခြင်းဖြစ်သည်။
ဒဏ်ရာအနည်းငယ်သာ ရထားသော မြေကမ္ဘာသားရဲ အဆင့် ရွှေခြင်္သေ့မျိုးနွယ်ဝင်တစ်ယောက်က လုံထန့်၏ အရှေမှောက်တွင် ဒူးထောက်ချလိုက်သည်။
အရှင့် ။
ထိုလူက ဝမ်းနည်းစွာဖြင့် လုံထန့်ကို ကြည့်ကာ ပြောလိုက်သည်။ ကျုပ်တို့ရဲ့ ခေါင်းဆောင် ဟွိုက်ကျန်း သေဆုံးသွားခဲ့ပါပြီ။ အနီရောင်ကောင်းကင်မြို့တော်တစ်ခုလုံးလည်း ရွှေဂဠုမ်တေရဲ့လက်ချက်ကြောင့်ပျက်စီးသွားခဲ့ပါပြီ။
ကျုပ်တိုကို့ တစ်ချိန်မှာကျုပ်တို့ကို ရွှေဂဠုန်မျိုးနွယ်ကို လက်စားချေနိုင်အောင် ကူညီပေးနိုင်မလား ။
ထပါ။
မင်းတိုကိုယ်တိုက်ခိုက်ခဲ့တာက ရွှေဂဠုန်တေလား။လုံထန့်လည်း မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။
ဟုတ်ပါတယ် အရှင့်။
ဒင်။
မစ်ရှင်ရှိပါတယ်။
ရွှေဂဠုန်အမျိုးနွယ်စုကို ချေမှုန်းပါ။
ဆုလဒ်~~~?
အချိန်အကန့်သတ် ~~~ မရှိ။
ဘာလဲဟ ။
လုံထန့်လည်း မစ်ရှင်ကြောင့် အံဩသွားခဲ့သည်။ သူတို့နှင့် ရွှေဂဠုန်တေက သဘာဝ ရန်သူများဖြစ်သော်လည်း ကြားထဲတွင် နယ်မြေပေါင်းများစွာ ဝေးကွာလွန်းလှသည်။
ထားပါလေ။
အချိန်အကန့်သတ်မှ မရှိပဲ အဆင်ပြေပါတယ် ။
ဆက်၍ဒူးထောက်နေသေးသော ရွှေခြင်္သေ့ မျိုးနွယ်သားကို ပြောလိုက်သည်။ ငါမင်းတို့ကို လက်စားချေနိုင်အောင်ကူညီပေးမှာပါ။
စစ်သူကြီး သူတို့ကိုယ်ခေါ်ပြီးတော့ ဆေးကုသပေးလိုက်ပါ။
နားလည်ပါပြီ အရှင့်သား ။
လင်းယုလည်း လုံထန့်၏ အမိန့်ရသည်နှင့် ရွှေခြင်္သေ့မျိုးနွယ်သားကို ခေါ်ဆောင်သွားပေးလိုက်သည်။