အခန်း (၄၁)
Vol. 3 Ch. 41
--------
လုံထန်လည်းတစ်ယောက်ထဲ ကျန်ခဲ့ကာအတွေးများထဲတွင် နစ်မြုပ်နေခဲ့သည်။ ရွှေဂဠုန်မျိုးနွယ်စုနှင့် ရွှေခြင်္သေ့မျိုးနွယ်စုကြားက ပဠိပက္ခကို သိထားသော်လည်း ဒီကိစ္စက ထင်သလောက် မရိုးရှင်း ချေ။
ဟွိုက်ကျန်းသူကို ဖုံးကွယ်ထားခဲ့တာ တစ်ခုခုရှိနေနိုင်သေးတာကို လုံထန့်အခုမှ နားလည်သွားခဲ့သည်။ အရင်တုန်းက တော့ သူဒီလိုကိစ္စကို ဟွိုက်ကျန်း ဖုံးကွယ်ထားခဲ့ရင်တောင်မှ သူဂရိုစိုက်ချေ။
အခုတော့မတူတော့ချေ။
ဟွိုက်ကျန်းသေသွားသည့်အပြင် သူ၏ လက်အောက်ခံနယ်မြေတစ်ခုကပါ ပျက်စီးသွားသည်အတွက် ဒီကိစ္စက သူနှင့်သက်ဆိုင်နေပြီဖြစ်သည်။ ရွှေဂဠုန်မျိုးနွယ်စုက လူတေက သူကိုတောင် မျက်လုံးထဲမထည့်ပဲ သူ၏ လက်အောက်ခံများနှင့် နယ်မြေကို ဖျက်စီးသွားတာက တစ်ဖက်လက်နဲ့ သူမျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို့ ခံစားလိုက်ရသည်။
အကြိမ်ကြိမ်အခါခါ နယ်မြေကျော်ကာ လုပ်ချင်သလို လုပ်နေခဲ့သော ရွှေဂဠုန်များကို သူဘာကောင်မှန်းသိအောင်တော့ ပြသင့်သေးသည်။
[နဂါးလေးက နဂါးမှန်းသိအောင်အမောက်ထောင်ပြချင်တာပါ 😅]
ဒီကိစ္စမျိုးက အလျှင်လို့မရပဲ ဂရုတစိုက်ဖြင့် အစီစဉ်သင့်သည်။ အခုချိန်မှာတော့ ဘယ်လိုပင် ဖြစ်နေစေကာမှု သူရွှေဂဠုန်မျိုးနွယ်စုကိုပေါ်တင် လက်တုန့်မပြန်နိုင်သေးတာတော့ အမှန်ပင်ဖြစ်သည်။
ရွှေဂဠုန်တေ ရှိရာနေရာနှင့် သူတို့ နေထိုင်ရာ နေရာနဲ့က မိုင်ပေါင်းသန်းချီဝေးကွာအလှမ်းကွာလွန်းလှသည်။ ကြားထဲတွင်လည်း အခြားမျိုးနွယ်စုများ၏နယ်မြေများလည်း ရှိနေသေးသည်။
သူအနေနဲ့ ရွှေဂဠုန်မျိုးနွယ်ကို တိုက်ခိုက်စေချင်ရင် သူ၏ လက်အောက်မှ ကျွမ်းကျင်သူအချို့ကို ဖုံးကွယ်ကာ စေလွတ်ပြီး အမှောင်ထဲမှ တိုက်ခိုက်စေရန်သာရှိသည်။ ခက်ခဲတာက သူ၏ လက်အောက်တွင် အစစ်မှန် ကျွမ်းကျင်သူများက ရှားပါးလွန်းလှသည်။ ဒီကိစ္စက လုံထန့်ကို ခေါင်းကိုက်စေတဲ့ အကြီးမားဆုံးကိစ္စကြီးဖြစ်သည်။
ဒေါက် ။
ဒေါက် ။
အရှင့်သား ။
လုံထန့်အတွေးများနေချိန်မှာ အဘိုးကြီးဖေး ရောက်လာခဲ့သည်။
အင်း ။
ရွှေဂဠုန်ကိစ္စကို တွေးနေတာလား အရှင့်သား။ အဘိုးကြီးဖေးက လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။
ဟုတ်တယ် အဘိုး ။
အဲဒီကိစ္စပါပဲ ။
ရွှေဂဠုန်တေက တစ်ကယ်ကို မောက်မာလွန်းနေပြီ ကျွန်တော်ရဲ့ နယ်မြေထဲကို လာပြီးတော့။ ကျွန်တော်ရဲ့ လက်အောက်ငယ်သားကိုသတ်ကာ နယ်မြေကို ပါဖျက်စီးသွားသေးတယ်။ ဒါက သက်သက်မဲ့ ကျွန်တော်ကို စိန်ခေါ်နေတာပဲ။ သူတို့ကိုယ် ကျွန်တော် ဘာမှန်းသိအောင်တော့ လက်တုန့်ပြန်သင့်တယ် ။
လုံထန့်လည်း အဖိုးကြီးဖေးကို ကြည့်ကာ သူစောစောက တွေးထားသည့်များကို ပြောပြလိုက်သည်။
ခက်ခဲတာက သူတို့ကိုယ်တိုက်ခိုက်ဖို့ ကျွမ်းသူတေ အလုံလောက် ကျွန်တော်မှ မရှိတာပါပဲ ။ဒီကိစ္စက တစ်ကယ်ကိုယ် ခေါင်းစားစရာပဲ ။ လုံထန့်က သူ၏ ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။
ဟားဟား ။
အရှင့်သား မေ့နေတာ တစ်ခုရှိသေးတယ်လေ။
အဘိုးကြီးဖေး၏ စကားကြောင့် လုံထန့်လည်း အံဩသွားခဲ့သည်။
အဘိုးမှာ အကြံရှိလို့လား ။
အရှင့်သား မိုးကြိုးသိမ်းငှက်မျိုးနွယ်စုက ယူလာတဲ့ မိုးကြိုးရေစင်က မိုးစွမ်းအားအသုံး ပြုသူတေက ပို၍ စွမ်းအားကြီးလာအောင်ကူညီပေးနိုင်တယ်ဆိုတာ မေ့နေတာလား ။ နောက်တစ်ခုက အရှင့်သားစီမှာ ရှိနေတဲ့ များပြားလွန်းလှတဲ့ ဆေးလုံးတေလေ အခြားကျွမ်းကျငိသူတေကို ရှာဖွေ့တာထက် ကိုယ်တိုင်ကျွမ်းကျင်သူတေကို ပြုစုပျိုးထောင်ပေးလိုက်တာ မကောင်းဘူးလား ။
ဒီလောက်များပြားတဲ့ အရင်းမြစ်တေနဲဆိုရင် အရှင့်သား အရမ်းကြီး အချိန်မကြာမြင့်ပဲ အချိန်အနည်းငယ်တွင်းမှာပဲ ကျွမ်းကျင်သူများစွာကို မွေးထုတ်ပေးနိုင်လေ့မယ် ။ အဲဒါဆိုရင် တစ်ခြားကျွမ်းကျင်သူတေထက် ကိုယ်တိုင်ပျိုးထောင်ထားတဲ့သူတေက အရှင့်သားရဲ့ လက်အောက်ကပဲဆိုတော့ သစ္စာဖောက်မဲ့သူတေလည်း ရှိလာလေ့မယ်မဟုတ်ဘူး ။ အဘိုးကြီးဖေးက ယုံကြည့်မှုရှိစွာပြောလိုက်သည်။
လုံထန့်လည်းစဉ်းစားကြည့်ပြီးချိန်မှာ ဒီအကြံကို သူလုံးဝမတွေးခဲမိချေ။ သူလည်းအဘိုးကြီးဖေး၏ အကြံကိုသာ ခေါင်းညှိမ်ကာ လက်ခံလိုက်သည်။ ဒီအကြံလည်း မဆိုးပါဘူး လောလောဆယ်မှာတော့ ရွှေဂဠုန် မျိုးနွယ်စုကို ဘာမှ လုပ်မရသေးတော သူတိုကို ဒီတိုင်းခန လွတ်ထားပေးကြတာ ပေါ့။
ကျွမ်းကျင်သူတေ ရှိလာစေဖို့ လေ့ကျင့်ပေးဖို့ကို အဘိုးကိုပဲ ဒုက္ခပေးရတော့မှာပဲ လိုအပ်တဲ့ ဆေးလုံးတေ နှင့် ကျင့်စဉ်တေကို အဘိုးကျွန်တော်ကို ပြောပေးပါ။
နဂါးစစ်သည့်တေထဲက အဘိုးလေ့ကျင့်ပေးဖို့ စိတ်ကြိုက်လူတေ ရွှေးလိုက်ပါသည်။
ကောင်းပါပြီ ဒီအဘိုးကြီးရဲ့ တာဝန်သာ ထားလိုက်ပါ အရှင့်သား ။
အဘိုးကြီးဖေးလည်း ပြင်ထွက်ခွာသွားခဲ့တော့သည်။
ထိုအခါမှသာ လုံထန့်လည်း ဒီကိစ္စာ အတွက်ပြဿနာကို ဖြေရှင်းပြီးတဲ့ အတွက် စိတ်သက်သာယာ ရသွားခဲ့သည်။ လုံထန့်လည်း သူ၏ အခန်းထဲမှ ကုထက်တွင် တက်ကာလှဲလျောင်းလိုက်ပြီး အနားယူလိုက်တော့သည်။
-----------
ထိုသို့ဖြင့်နောက်ထပ် အချိန်သုံးရက်ခန့်ကုန်ဆုံးသွားခဲ့သည်။
အသက်ရှင်ကျန်ရစ်နေသော ရွှေခြင်္သေ့များမှာ ဒဏ်ရာပေါင်းစုံဖြင့် ကျန်ခဲ့တဲ့ ရက်များ အတွင်းမှ တစ်ဖွဲ့ဖွဲ ရောက်ရှိလာကြသည်။
နဂိုတုန်းက အယောက်တစ်ထောင်ရှိသော ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်စုမှာ ယခုအချိန်မှာတော့ အယောက်ငါးရာခန့်သာ ကျန်ရစ်တော့သည်။
ရွှေဂဠုန်များနှင့် တိုက်ပွဲမှာ အင်အားခြင်း ၊ လူအင်အားခြင်းပင် ကွာရှားချက်ကြောင့် ထက်ဝတ်ခန့်သေဆုံးခဲ့ရသည်။ ရွှေဂဠုန် စစ်သူကြီး ကျိလင်းသာပြန်ဆုတ်ရန် အမိန့်မပေးခဲ့ပါက သူတို့အားလုံး အသက်ရှင်ကျန်ရစ်သူ တစ်ရာကျန့်နေရင်ပင် ကံကောင်းလွန်းလှပြီဖြစ်သည်။
ဒီရက်များမှာ အလုပ်ရှုပ်ဆုံးသူကို ပြပါဆိုရင် လင်းယုသာဖြစ်သည်။ ရွှေခြင်္သေ့မျိုးနွယ်စု ဒဏ်ရာ ရလာသူများကို ကိုင်တွယ်ကာ ကုသပေးရန်အတွက် လုံထန့်က သူကို တာဝန်ပေးထားသောကြောင့်ဖြစ်သည်။
-----------
ထိုအချိန်မှာလည်း အနီရောင်ကောင်းကင်မြို့တော်ပျက်စီးသွားသည် သတင်းက လျှင်မြန်စွာဖြင့် နေရာစုံသို့ပြန်နှံသွားခဲ့သည်။
သွေးနဂါးနယ်မြေနှင့် သိပ်မဝေးကွာလွန်းသောနေရှိအနီရောင်မီးတောက်မီးလျံတေက နေရာတိုင်းတွင် ထွက်ပေါ်နေပြီး နေရာတစ်ခုလုံး၏ အပူရှိန်မှာ အလွန်မြင့်မားလှသည်။ ထိုနေရာတွင် ကမ္ဘာအမာကြောဆုံးသတ္တုကို တောင်အရည့်ပျော်သွားစေနိုင်မည့် အပူရှိန်ရှိနေခဲ့သည်။
ထိုနေရာတွင် ကြီးမားသောနန်းတော်ကြီးများလည်းရှိသည်။ ထိုနန်းတော်ကြီးသာ ဆိုရ ပေမဲ့ အမှန်မှာတော့ မီးတောင်ကြီးကို နေထိုင်စရာအဆင်ပြေ အောင် ပြုပြင်ထားတာပဲ ဖြစ်၏။
ထိုနေရာက မီးနဂါး နယ်မြေနဲ့ သွေးနဂါးနယ်မြေ ထိစပ်နေသော နေရာဖြစ်သည်။
မီးနဂါးမျိုးနွယ်စု၏ အဆင့်မြင့်စစ်သူကြီး တစ်ယောက်က စောင့်ကြပ်နေသောနေရာလည်းဖြစ်သည်။
အခုချိန်မှာတော့ ကြီးမားသော နန်းတော်ကြီး၏ အတွင်းတွင် မီးနဂါးကြီးတစ်ကောင်က သူ၏ ထိုင်ခုံနေရာကြီးကို ခွေလျက်သူ၏ အောက်ဘက်ရှိ သတင်းလာပေးသော သတင်းကို နားထောင်နေလျက်ရှိသည်။ ထိုနဂါးကြီး အသက်ရှုလိုက်တိုင်း မှုတ်ထုတ်လိုက်တိုင်းမှာ သူ၏ နှာခေါင်းကြိး အတွင်းမှ မီးတောက်များထွက်ထွက် လာနေသည့်။ မီးတောက်များထွက်လာတိုင်းမှာ အခန်းတွင်းရှိအပူရှိန်က နဂိုထက်ပို၍ ထိုးတက်လာခဲ့သည် ။
သတင်းပို၏ စကားဆုံးသွားသည့်နှင့် မီးနဂါးကြီး၏ ထံမှ အသံသြသြကြီး ထွက်လာခဲ့သည်။
အို့ ။
မင်းပြောချင်တာက အနီရောင်ကောင်းကင်မြို့တစ်ခုလုံးပျက်စီးသွားတာ ဘယ်သူလက်ချက်မှန်းမသိဘူးလို့ ပြောချင်တာလား ။
ဟုတ်ပါတယ် အရှင့်။