အခန်း (၄၂)
Vol. 3 Ch. 42
--------
မီးနဂါးကြီးက စဉ်းစားဟန်ဖြင့် ဘယ်သူတေများလည်း ။ ငါရဲ့စစ်သည်တေရဲ့ စကားအရတော့ မိုးကြိုးသိမ်းငှက်မျိုးနွယ်စုကလည်း အစီစဉ် ပျက်စီးသွားခဲ့ပြီပြောတယ်။ တစ်ခြားသူတေလည်း ရှိနေသေးတာလား။
စိတ်ဝင်စားစရာပဲ ။
မိုးပြာနဂါးမင်းသားငယ်လေး မင်းဘာလုပ်မလဲ ငါမြင်ချင်သေးတယ် ။
ဟားဟား ။
ရပြီမင်းသွားလို့ရပြီ။
နားလည်ပါပြီအရှင့် ခွင့်ပြုပါ။
သတင်းဘာပို့သူလည်း ပြန်ထွက်ခွာသွားတော့သည်။
လာခဲ့ကြစမ်း ။
မီးနဂါကြီးထံမှ ဖိနှိပ့်လိုသော သံဩဩကြီးက ပျံနှံသွားခဲ့သည်။
အသံမဆုံးခင်မှာ ဝတ်စုံနက် ဝတ်ဆင်ထားသော လူတစ်ယောက်က မီးနဂါးကြီး၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ငါအတွက် မီးနဂါးနယ်မြေကို စောင့်ကြည့်ထားပေး သတင်းမှန်သမျှငါကို ပြန်ပို့ပေး ။
ရော့ ဒါကို ယူသွား ။
ဆက်သွယ်ရေးသတ္တုပြားတစ် ခုကို ထုတ်ပေးကာ မီးနဂါးကြီးက သူ၏ အရှေ့က ဝတ်စုံနက်ထံသို့ ပစ်ပေးလိုက်သည်။
နားလည်ပါပြီ အရှင့်။
သွားတော့ ။
မီးနဂါးကြီး၏ စကားဆုံးသည့်နှင့် ဝတ်စုံနက်က ဘယ်တုန်းက မှ မရှိခဲ့သည့် အလား ပျောက်ကွယ်သွားခဲ့တော့သည်။
--------
ဤသို့သော် အဖြစ်ပျက်တွေက နေရာအနှံပြားတွင် ဖြစ်ပျက်နေကြပြီး သွေးနဂါးနယ်မြေ၏ ပိုင်ရှင်က ဘယ်လို လုပ်ရှားမလဲ သသိလိုသဖြင့် သူတို့ ၏ လူများကို သွေးနဂါးနယ်မြေသို့ စေလွတ်ထားကြသည်။
---------
ဤသတင်းက သွေးနဂါနယ်မြေနှင့် မိုင်ပေါင်း သိန်းချီကွာ ဝေးကွာ မိုးပြာနဂါး အင်ပါယာ မြို့တော်မှ လည်း ဒီသတင်းကို ကြားသိကြသည်။
ဘယ်သူတေ လုပ်တာလည်း သိလား။
ကြီးမားသော ပုလ္လင်ကြီးထက်တွင်ထိုင်နေသော လူက သူ၏ အောက်ဘက်တွင်ရှိနေသောလူကို ကြည့်ကာ မေးလိုက်သည်။ ထိုလူက သူ၏ ဘာစွမ်းအင်ကိုမထုတ်လွတ်ထားသော်လည်းပဲ သူနှင့်စုံရသူတိုင်းကို ကြီးစွာသော ဖိအားကို ပေးနိုင်သည့်။ထိုလူကတော့ လုံထန့်၏ ဖခင်သာဖြစ်သူ မိုးပြာနဂါးဧကရာဇ်ကြီးသာဖြစ်သည်။
သတင်းစုံစမ်းသူတေ၏ သတင်းအရတော့ ဘာသတင်းအချက်လက်မှ မတွေရပါဘူး ။
ဆက်ပြီးစုံစမ်းထားပါ ငါဒီသတင်းကို သိချင်တယ် ။
နားလည်ပါပြီ အရှင့်မင်းကြီး ။
---------
ဒီအနီရောင်ကောင်းကင်မြို့တော်ပျက်စီးသွားတဲ့ ကိစ္စကိုသိ၍ အပျော်ဆုံးလူကိုပြပါဆိုရင် လုံထန်၏ ကျန်ရစ်နေသည့် ညီကို မောင်နှမများပင်ဖြစ်သည်။ သူတို့အားလုံးက လုံထန်သွေးနဂါးနယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်တယ် လို့ ကြားသိအချိန်က မယုံကြည့်နိုင်ခဲ့သလို့ ကျိတ်ကာလည်း မနာလို ဖြစ်နေခဲ့ကြသည်။ သူတို့အားလုံးလည်း လုံထန်လို့မျိုး နယ်မြေတစ်ခုကို ဦးဆောင်သူ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်သော်လည်း စိတ်ကူးထဲတွင်သာဖြစ်သည်။ လက်တွေမှတော့ ဒီကိစ္စက အလွန်အန္တာရယ်များလွန်းလှသည်။
ဖြစ်နိုင်ပါက နယ်မြေကို ဖျက်စီးသွားသူများက လုံထန့်ကို သေပါသွားစေချင်ခဲ့ကြသည်။ ထိုအခါမှ သာလျှင် လုံထန် အသင့်ထိန်းချုပ်ထားသော နယ်မြေထံသို့ သူတို့ဖခင်၏ စစ်သည့်များကို တောင်းယူကာ သူတို့ကိုယ်တိုင် သွားရောက် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
---------
တစ်ဖက်တွက်လည်း.......
အားလုံးက သွေးနဂါးနယ်မြေ၏ ပိုင်ရှ်ိင်မှာ ဘယ်လို့ အကွက်တေ ရွေ့လာမလည်းလို့စိတ်လှုပ်ရှားစွာမျော်နေသော်လည်းပဲ သူတို၏ စိတ်ပျက်သွားစေမည့် သတင်းများသာပြန်ရောက်လာခဲ့သည်။
အချိန်များစွာကြာပြီးသည့်တိုင်အောင် သွေးနဂါးနယ်မြေတစ်ခုလုံးက ဘာပြသာနာမှ မရှိသည့် အလား တိတ်ဆိတ်နေခဲ့သည်။
လုံထန့်က သူတို့ကိုယ်ကြည့်နေသော သူများကို သိသော်လည်း ဂရုစိုက်ချေ။ သူလုပ်ချင်ရာကို လုပ်နေခဲ့သည်။ အဘိုးကြီးဖေး ရွှေးချယ်ထားသော နဂါးစစ်သည် တစ်ထောင်ကို သာ အာရုံစိုက်ပြီး ပြုစုပျိုးထောင်ရန်ပြင်ဆင်နေခဲ့သည်။
အဘိုးကြီးဖေးက နဂါးစစ်သည့်များထဲမှ ငယ်ရွယ်ကာ အလားလာ ကောင်းသည့် စစ်သည် တစ်ထောင်ကို ရွှေးထုတ်ခဲ့သည်။
သူတို့အားလုံးက သားရဲသခင် အဆင့် ခုနှစ် သို့မဟုတ် ရှစ် ၊ကိုး တို့မှာ ရှိကြသည်။
လုံထန့်လည်း ထို စစ်သည့်တစ်ထောင်ကို "နတ်ဘုရား အပြစ်ပေးသူ " တပ်ဖွဲ့လို ခေါ်ဆိုပြီး တော့ သူ၏ ဆေးလုံးများ လက်နက်များ သိုင်းကျင့်စဉ်အများပြားကို လည်း ပေးအပ်ခဲ့သည်။
{မှတ်ချက် ။ ။ လုံထန့်ရ ဘာလို့ သူ၏ တပ်ဖွဲ့ကို နတ်ဘုရား အပြစ်ပေးသူလို့ ခေါ်ရလည်းဆိုရင် သူ၏ ဆန္ဒကို ဆန့်ကျင်သူတိုင်းနှင့် သူသွားရာ လမ်းကို ပိတ်ပင်သူတိုင်းကို နတ်ဘုရားတစ်ပါးသဖွယ် သူ၏ စစ်သည့်များဖြင့် အပြစ်ပေး ကွက်မျက်စေချင်လိုပဲ ဖြစ်သည်။]
ထိုအပြင်မှာ တစ်လတစ်ကြိမ် မိုးကြိုးရေစင် တစ်စက်ကို ပါ ပေး၍ လေ့ကျင့်ခိုင်းခဲ့သည်။
[ အခုချိန်မှ လေ့ကျင့်နေဆဲ့ ဖြစ်သည့် "နတ်ဘုရား အပြစ်ပေးသူ " တပ်ဖွဲ့ကြီးမှာ နောက်နှစ်ပေါင်း များစွာကြာပြီးချိန် အင်္သချေ တိုက်ကြီးတစ်ခုလုံး အားအကောင်းဆုံးနှင့် အန္တာရယ်အကြီးဆုံးတပ်ဖွဲ့ကြီး ဖြစ်လာခဲ့ကြသည်။]
လုံထန့်က သူ၏ အဖွဲ့ကိုသာ လေ့ကျင့်ရာတွင် အာရုံစိုက်နေပြီး တစ်ခြား အရာများကို ဂရုမစိုက်ချေ။
အချိန်ကြာလာသည့်နှင့် အမျှ စောင့်ကြည့်သူများမှ။ လည်း စိတ်ပျက်လက်ပျက်ဖြစ်လာကြသည်။ တစ်ချိုဆိုရင် သူတို့၏ လူများကို ပင် ပြန် ခေါ်ဆောင်လိုက်ကြသည်။
---------
ဤအချိန်မှာ အပေါ်ယံမှာ အမှန်ပင်အေးချမ်းသရောင်ရှိနေသော်လည်း ပဲ သွေးမြို့တော်၏။ နေရက်တိုင်းမှာ အပြင်းထန် လေ့ကျင့်နေသော နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့များမြင်နေရသည်။မြို့လည်ခေါင် ကို လုံထန့်က ဘေးလူများမဝင်ရောက်စေရန် အစောင့်များကို ထူထပ်စွာချထားခဲ့သည်။ထိုရာ တစ်ခုလုံးက တစ်မြစ်နယ်မြေ တစ်ခု သဖွယ်ဖြစ်လာခဲ့သည်။
အဘိုးကြီးဖေးကိုယ်တိုင် ဦးဆောင်က လေ့ကျင့်ပေးနေခဲ့သည့်အတွက် ကြောင့် လေ့ကျင့်မှုများက ခက်ခဲကြမ်းတမ်းကြသည်။ လုံထန်၏ ဆေးလုံးများနှင့် အဘိုးကြီးဖေး၏ လေ့ကျင့်ပေးမှုများကြောင့် နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့ဝင်များက လျှင်မြန်စွာတိုးတက်ခဲ့ကြသည်။
အချိန်က တစ်လခန်ကြသွားချိန်မှာ တပ်ဖွဲတစ်ခုလုံး မြေကမ္ဘာသားရဲ အဆင့်သို့ ခုနှစ်ဆယ်ရာခိုင်းနူန်း လောက်ထိ ချိုးဖြတ်နိုင်ခဲ့ကြသည်။
ဤတိုးတက်မှုက လုံထန့်ကို အမှန်ပင် အံဩသင့်စေခဲ့သည်။ မိုးကြိုးရေစင်နှင့်သာ ဆိုပါက အယောက်တစ်ထောင်လုံး မြေကမ္ဘာသားရဲ အဆင့်ကို ချိုးဖြတ် တက်ရောက်နိုင်မည်ဟု လုံထန် မျော်လင့်ထားခဲ့သည်။