သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင် [ 1 ]
Vol. 4 Ch. 43
-----------
အချိန်နှစ်လခန့်ကြာသွားချိန်မှာ အားလုံးက နောက်ဆုံးမှာတော့ အနီရောင်ကောင်းကင်မြို့တော်ကို ဖျက်စီးသွားတဲ့သူများကို သိပ်ပြီးတော့ အာရုံမစိုက်ကြတော့ချေ။
လူအနည်းငယ်လောက်သာ လုံထန်တို့ ရှိရာ သွေးမြို့တော်ကို အာရုံစိုက်နေကြသေးသည်။
ဒီရက်ပိုင်းတေမှာ လုံထန့် အေးဆေးဖြင့် လေ့ကျင့်နေခဲ့ပြီးတော့ မြေကမ္ဘာသားရဲ့ အဆင့်နှစ်သို့ ရောက်ရှိခဲ့သည်။
နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့ကလည်း အဘိုးကြီးဖေး၏ လေ့ကျင့်ပေးမှု လုံထန့်၏ အရင်းမြစ်တေနှင့် ထောက်ပံ့ပေးမှုကြောင့် အယောက်တစ်ထောင်လုံး မြေကမ္ဘာသားရဲ့ အဆင့်သို့ ရောက်ရှိလာကြသည်။
ဒီနှစ်လအတွင်းမှာ အနီးနားရှိ သားရဲသခင်အဆင့် အုပ်စုလေးတေက လုံထန့်၏ မြို့တော်ထံသို့ လာရောက်နေထိုင်ကြရန် တဖွဲ့ဖွဲ ရောက်ရှိလာကြသည်။ ငယ်ရွယ်ကြံခိုင်တဲ့သားရဲ တေကို လုံထန့်၏ စစ်တပ်တွင် စစ်သည့်များ ဖြစ်လာစေခဲ့သည်။
ယခုအချိန်မှာဆိုရင် လုံထန့်၏ စစ်သည်အင်အားက ငါးသောင်းနီးပါးထိ ရောက်ရှိလာခဲ့သည်။
-------
ကောင်းကင်ဘုံနန်းတော်နှင့် နီးကပ်သော နေရာရှိ လေ့ကျင့်ရေးကွင်းပြင် ကွင်းထဲတွင်
တူညီသော ချပ်ဝတ်တန်ဆာများနှင့် ဓားများကို ကိုင်ဆောင်ကာ လေ့ကျင့်နေသော စစ်သည့် တစ်ထောင်က အပြင်းထန်လေ့ကျင့်နေလျက်ရှိသည်။
လုံထန့်က သူ၏ အရှေမှာ ရှိနေသော နဂါးစစ်သည် တစ်ထောင်ကို ကြည့်၍ သဘောကြစွာပြုံးလိုက်သည်။
အရှင့်သား ။
နောက်အချိန်မှာ ဒီစစ်သည်တေက အရှင့်သားရဲ့ အရေးပါ အင်အားစုဖြစ်လာလေ့မယ်။
ဟုတ်တယ် ။
ဒါတေက အဘိုးကြောင့်ပါပဲ လုံထန့်က အဘိုးကြီးဖေးကို ကြည့်ကာ ပြောလိုက်သည်။
ဟားဟား ။
ဒီအဘိုးကြီးက အရှင့်သားရဲ့ လက်အောက်ငယ်သားဆိုတော့ အရှင့်သားလိုအပ်တာတေကို လုပ်ပေးရမှာက ဒီအဘိုးကြီးရဲ့ တာဝန်ပါပဲ ။ အဘိုးကြီးဖေးက လုံထန့်ကို ပြုံးကာ ပြောလိုက်သည်။
နောက်ထပ် ဒီစစ်သည်တေအတွက် လိုအပ်တာတေ ရှိသေးလား အဘိုး ။ လောလောဆယ်မှာတော့ မလိုအပ်သေးပါဘူး ။ အရှင့်သားပေးထားတဲ့ ဆေးလုံးတေ ရှိနေပါသေးတယ် ။
ကောင်းပြီအဘိုး ။
ဒါနဲ့ သူတို့အတွက် ကျွန်တော် စဉ်းစားထားတာရှိတယ် ။
ဘာများလဲ အရှင့်သား ။
အဘိုးကြီးဖေးက လုံထန့်ကို ကြည်ကာမေးလိုက်သည်။
အထူးဆန်းတော့မဟုတ်ပေမဲ့ ။ ဒါက စိတ်ဝင်စားဖို့တော့ ကောင်းတယ် ။ လုံထန့်က အဘိုးကြီးဖေးကို ပြုံးကာ ကြည်ပြီးပြောလိုက်သည်။
အဘိုးကြီးဖေးက လုံထန့်၏ စကားကြောင့် ပို၍ စိတ်ဝင်စားလာသည့်အတွက်ကြောင်ပို၍ အာရုံစိုက်ကာ နားထောင်နေခဲ့သည်။
ဒါကတော့ အခု စစ်သည်တေကို ဒီအတိုင်းလေ့ကျင့်ပေးတာ ထက်ပိုပြီးတော့ စိတ်ဝင်စားစရာတိုက်ပွဲလေးထဲလိုက်ရင် ပိုမကောင်းဘူးလား ။
သူတိုအချင်းချင်း တိုက်ပွဲ မှာ ၊ တစ်ယောက်ချင်းတိုက်ပွဲနှင့် ၊ဆယ်ယောက်တစ်ဖွဲ့ တိုက်ပွဲတေ ပေါ့ ။
တစ်ယောက်ချင်းတိုက်ပွဲမှာ အနိုင်ရတဲ့သူ ဘယ်သူမဆို ကြယ်ခြောက်ပွင့် အဆင့်မြင့်ကျင့်စဉ်နှင့် ဒီတပ်ဖွဲ့တစ်ခုလုံးကို ဦးဆောင်ခွင့်ရမယ် ။ [သားရဲတေက သန်မာသူကို သာလေးစားကြတာပဲဖြစ်သည်။အဲတာကြောင့်လုံထန့်က ဒီအကြံကို သုံးလိုက်တာပါ။ ]
ဆယ်ယောက်ယောက်တစ်ဖွဲမှာလည်းအတူတူပဲ ။
ဒုတိယ ရတဲ့သူကိုတော့ ကြယ်ခြောက်ပွင့် အလယ်လတ်ကျင့်စဉ် ၊ တတိယ ရတဲ့သူကို ကြယ်ခြောက်ပွင့် အဆင့်နိမ်ကျင့်စဉ် ဆုလဒ်အဖြစ်ရမယ်။
အဘိုးဘယ်လိုထင်လည်း လုံထန့်က အဘိုးကြီးဖေးကို မေးလိုက်သည်။
ဟားဟား။
အကြံကောင်းပဲ အရှင့်သား ။
ဒီအဘိုးကြီး အဲဒီအကြံကို လုံးဝမစဉ်းစားမိဘူး ။အဘိုးကြီးဖေးက ရီမောကာ ပြောလိုက်သည်။
နောက်အခိုက်တန့်မှာ လေ့ကျင့်နေကြသော နဂါးစစ်သည်တစ်ထောက်ကို ကြည့်ကာ အဘ်ိုးကြီးဖေးက အော်ပြောလိုက်သည်။
အားလုံးခနရပ်မယ် ။
ဒီအဘိုးကြီးက မင်းတို့ကို နည်းနည်းလောက် စကားပြောမလို့။
လေ့ကျင့်နေကြသော နဂါးစစ်သည်တစ်ထောင်မှာ လေ့ကျင့်နေကြရင်းဖြင့် အဘိုးကြီးဖေး၏ အသံကို ကြားချိန်မှာရပ်တန့်လိုက်ပြီး လျှင်မြန်စွာဖြင့် စွာဖြင့် ညီညာစွာတန်းကာ ရပ်တန့်လ်ိုက်သည်။
အရှင့်သားက ပြောတယ် မင်းတိုတစ်ယောက်ရှင်းတိုက်ပွဲတိုက်ခိုက်ရမယ် ။ နောက်ဆုံးမှာအားလုံးကို အနိုင်ရရှိတဲ့ သူက ကြယ်ခြောက်ပွင့် အဆင့်မြင့်ကျင့်စဉ်နှင့် ဒီတပ်ဖွဲ့တစ်ခုလုံးရဲ့ ခေါင်းဆောင်ရာထူးကို ရမယ် ။ နောက်တစ်ခုက ဆယ်ယောက်တစ်ဖွဲ့ ဖွဲ့ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲတိုက်ရမယ် အနိုင်ရမည့် အဖွဲ့ကလည်း ကြယ်ခြောက်ပွင်အဆင့်မြင့်ကျင့်စဉ်ကို ဆုလဒ်အဖြင့်ရရှိမယ်။
ဒုတိယလူက ကြယ်ခြောက်ပွင့် အလယ်လတ် ကျင့်စဉ်ကို ဆုလဒ်အဖြစ်ရမဲ့အပြင်တပ်ဖွဲ့တစ်လုလုံးရဲ့ ဒုခေါင်းဆောင်ရာထူးကိုရမယ်။
တတိယလူက ကြယ်ခြောက်ပွင့် အဆင်နိမ့်ကျင့်စဉ်ကို ဆုလဒ်အဖြစ်ရမဲ့အပြင် တတိယမြောက် ခေါင်းဆောင်ရာထူးကိုရမယ်။
အဘိုးကြီး၏ စကားသံဆုံးသည့်နှင့် လေ့ကျင့်ကွင်းကြီးတစ်ခုလုံးကအပ်ကျသံပင်ကြားနိုင်သည့်အထိ တိတ်ဆိတ်သွားခဲ့သည်။
တစ်ခနအကြာမှ သူတို့က သတိပြန်ဝင်လာကြပြီး ပျောက်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ကြယ်ခြောက်ပွင့်ကျင့်စဉ်က သူတို့ကို ဆွဲဆောင်လွန်းလှသည်။လုံထန်က သူတို့အားလုံးကို လေ့ကျင့်ရန်အတွက် ကြယ်ငါးပွင်အလယ်လတ် ကျင့်စဉ်တစ်ခုပေးထားခဲ့သည်။ အရင်ကဆိုရင် ကြယ်ငါးပွင်ကျင့်စဉ်ဆိုတာ သူတို့အတွက်တစ်ဘဝလုံးမှာတောင် မမြင်တွေနိုင်တဲ့အရာဖြစ်သည်။ အခုကြယ်ခြောက်ပွင့် ကျင့်စဉ်ဆိုရင်ပို့၍ ဆိုးသေးသည်။
အားလုံးကလည်း သူတို့၏ သန်မာမှုကို သူတို့၏ အရှင့်သား အရှေမှ ထုတ်ပြနိုင်ဖို့ မစောင့်နိုင်လောက် အောင်ဖြစ်နေကြသည်။ အားလုံးတက်ကြွတဲ့ နဂါးလေးတေ ဖြစ်နေကြသည်။ [ တက်ကြွတဲ့ ကြက်ဖပါ အမှန်က 😅]။
ကောင်းပြီ ။
ဒီနေ့ မင်းတို့ လေ့ကျင့်မှုကို ရပ်နားမယ်ကောင်းကောင်း အနားယူပါ။ မနက်ဖြန်မှာ တစ်ယောက်ခြင်းတိုက်ပွဲ စတင်မယ် အဘိုးကြီးဖေးက ပျော်ရွှင်နေသော နဂါးစစ်သည်တစ်ထောင်ကို ပြောလိုက်သည်။
နဂါးစစ်သည်အားလုံးကလည်း အဘိုးကြီးဖေး၏ စကားကြောင့် တန်းစီနေတာကို ရပ်တန့်လိုက်သည်။ အနားယူရန်ပြင်လိုက်သည်။
ထိုအစဉ် .....
သွေးမြို့တော်၏ ကောင်းကင်ယံထက်မှ နေ၍ တောက်ပနေသော ရွှေရောင် အလင်းတန်းကြီး ကျဆင်းလာခဲ့သည်။
ဘုန်း ။
မြို့တော်၏ အလယ်ခေါင်တည့်တည့်တွင် ကျဆင်းလာခဲ့ကာ ထိုအရာက ကောင်းကင်နဲ မြေပြင် ဆက်သွယ်ထားတဲ့ ထောက်တိုင်ကြီးအလားပင်။
သွေးမြို့တော်ရှိ လူတိုင်းက ထိုရွှေရောင်အလင်းတန်းကျဆင်းလာချိန်မှာ ရန်သူလာရောက်တိုက်ခိုက်သည့်ထင်က ခြေဦးတည့်ရာသို့ ပြေးလွှားလိုက်သည်။ ဝရုန်းသုန်းကာ ဖြစ်ပြီး ပြေးလွှားပြီးနောက်မှ ရွှေရောင်အလင်းတန်းက ကျဆင်းလာသော်လည်းပဲ ဘာအဖျက်စွမ်းအားမပါရှိတာကိုသိလိုက်ရသည်။ လူတိုင်းကလည်း ဘာအဖျက်စွမ်းအားမှ မပါသည့်အတွက် ပြေးလွှားနေသည့်များကို ရပ်တန့်လိုက်ကြသည်။ တချို့ရဲတင်းကာ သတ္တိရှိသူ များဆိုရင် ရွှေရောင်အလင်းတန်းကို စူးစမ်းရန် အနီးသို့ကပ်သွားကြသည်။
လုံထန့်နှင့် တစ်ခြားသူများလည်း ဤ ရွှေရောင်အလင်းတန်းကြီးကို မင်သက်ကာ ကြည့်နေမိသည့် ။
အဘိုးဒါဘာကြီးလည်း သိလား ။
လုံထန့်၏ အမေးကြောင့် အဘိုးကြီဖေးလည်း သူ၏ ဦးခေါင်းကို အလုပ်ပေးကာ စဉ်းစားလိုက်သည်။
နောက်တစ်ခနမှ အဘိုးကြီဖေး၏ မျက်ဝန်းများကတောက်ပလာခဲ့သည်။
ဟားဟား ။
အရှင့်သား ဒါကသတင်းကောင်းပဲ ။
အဘိုးကြီးဖေးက လုံထန့်ကို ကြည်ကာပြောလိုက်သည်။
ဒါကို သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်လို့ ခေါ်တယ် ။ကောင်ကင်သားရဲ အဆင့်အောက် သားရဲ မှန်သမျှဝင်ရောက်နိုင်တယ် ။ စမ်းသပ်ချက်တေ အောင်မြင်တိုင်း ရှေးဦးသားရဲတေရဲ့ အမွေနှစ်တေကို ရရှိပြီးပို၍ သန်မာလာနိုင်တည်။လက်နက်တေ၊ ဆေးဝါးတေ ၊ ကျင့်စဉ်တေအပြင်တစ်ခြား တန်ဖို့ကြီးရတနာတေပါ ရနိုင်တယ်။
သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်က အံဩစရာစမ်းသပ်ကွင်းပြင်ဖြစ်သလို့ အန္တာရယ်အကြီးဆုံးနေရာလည်းဖြစ်တယ်။ ဒီသားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်ကို အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံးက သားရဲတေ ဝင်ရောက်စမ်းသပ်ခံလေ့မယ် ။ ဒါက ကြီးမားတဲ့ အန္တရယ်နဲ့ အခွင့်လမ်းတေ ကြောင့်ပါပဲ အရှင့်သား။
သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်ဖွင့်တာနဲ့ဒီရွှေရောင်အလင်းတန်းက အနောက်ပိုင်းတိုက်ကြီး၏နေရာတိုင်းကို ကောင်းကင်ယံကနေပြီးတော့ကျဆင်းလာလေ့ရှိတယ်။
သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်က နှစ်ပေါင်း ငါးရာတိုင်းမှ တစ်ကြိမ်ပဲ ဖွင့်ပါတယ်။