သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင် [ 2 ]
Vol. 4 Ch. 44
--------
လုံထန့်လည်း အဘိုးကြီးဖေး၏ စကားကြောင့်ပို၍ စိတ်ဝင်စားလာခဲ့သည်။
နှစ်ပေါင်းငါးရာမှ တစ်ကြိမ်ပဲ ဖွင့်တာဆို့တော့ အဘိုးကော အထဲကို ဝင်ခဲ့ဖူးလား ။ လုံထန့်လည်းသိချင်စွာနဲ့မေးလိုက်သည်။
အဘိုးကြီးဖေးက လုံထန့်၏ အမေးကြောင့် ညိုးငယ်စွာဖြင့် သူ၏ ခေါင်းကိုခါရမ်းလိုက်သည်။ ဒီအဘိုးကြီး အလောက်ထိ ကံမကောင်းပါဘူး အရှင့်သား ။
သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်ဖွင့်တဲ့ အချိန်တုန်းက ဒီအဘိုးကြီးက ကျင့်ကြံမှုတောင် မစတင်ရသေးတဲ့ ချာတိတ်လေးပဲ ရှိပါသေးတယ် ။
လုံထန့်လည်း ခေါင်းညိတ်လိုက်သည်။ အဘိုးကြီးလောက်ကံဆိုးသူတော်များများလည်း ရှိကြမှာ မလွဲချေ။ သူတို့ရှေ့မှာ အဆီတဝင်းဝင်းနှင့် အသားတုန်းကြီးရှိနေသောလည်း ပဲ ယူစားရန်အလွယ်သလိုပင်ဖြစ်နေခဲ့သည်။
သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်က ဖွင့်ခဲ့သော်လည်းပဲ သူတို့က ကျင့်ကြံမှုမစတင်သေးချေ။ နောက်တစ်ကြိမ်ဖွင့်လစ်သော်လည်းပဲ သူတို့၏ ကျင့်ကြံမှုများက ကန်သတ်ချက်ထက် ကျော်လွန်နေကြပြီပဲ ဖြစ်သည်။
ဟူး ။
လုံထန့်လည်း သက်ပြင်းချကာ အဘိုးကြီးဖေးကို စိတ်မကောင်းစွာကြည့်လိုက်သည်။သူတို့၏ မျက်စိရှေတွင်ရှိနေသော ဒီလို့ အခွင့်လမ်းကြီး ကိုလက်လွတ်လိုက်ရသည့်အဖြစ်ကို လုံထန့်လည်း နားလည်သည်။
အဘိုးစိတ်မပူပါနဲ ကျွန်တော်မှာ ရှိတဲ့ အရင်းမြစ်တေ အဘိုးစိတ်ကြိုက်သုံးလို့ ရပါတယ်။
ဟားဟား။
ဒီအဘိုးကြီးက အဲဒီကိစ္စကို တွေးမနေတော့ပါဘူး ။ စိတ်မပူပါနဲ အရှင့်သား ။
ကောင်းပြီ ။
ဒါဆိုရင် ကျွန်တော် တို့ က အခုဝင်လို့ ရပြီလား အဘိုး ။
မရသေးဘူးအရှင့်သား ။
ရွှေရောင်အလင်းတန်းတေ တည့်ငြိမ့်သွားအောင် အချိန်တစ်ပတ်လောက်တော့ ကြာလေ့မယ်။ အရှင့်သား ကြည့်လိုက်ပါ ရွှေရောင်အလင်းတန်းတေ ကမတည့်ငြိမ်သေးတာ တွေရပါလေ့မယ်။ မတည့်ငြိမ်ပဲ ဝင်ရောက်လိုက်ရင် ခန္ဓာကိုယ်တေ ပေါက်ကွဲသွားပါလေ့မယ်။
လုံထန့်လည်း အဘိုးကြီးဖေး ပြောကာမှ သေချာကြည့်လိုက်မိသည်။ အရမ်းကြီးမသိသာသော်လည်း ရွှေရောင်အလင်းတန်းက မှိန့်ဖျော့သွားလိုက် တောက်ပလာလိုက်ဖြစ်နေခဲ့သည်။
ကောင်းပြီ ။
အားလုံးလူစုခွဲခိုင်းလိုက် စစ်သူကြီးလင်းယု အလင်းတန်းနားကို တစ်ခြားသူတေ မကပ်ခိုင်းနဲ အန္တာရယ်များတယ် ။ အစောင့်တေ ချထားပြီး စောင့်ကြပ်ခိုင်းထားလိုက်ပါ။
ကောင်းပါပြီ အရှင့်သား ။
မင်းတို့အားလုံးအား အနားယူကြတော့ မနက်ဖြန်မှာ ပြိုင်ပွဲစမယ် ။ နောက်တစ်ပတ်ကြာရင် မင်းတို့လည်း သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်ကို ဝင်ရောက်ရမယ် ။ လုံထန့်က နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့ကို ကြည့်ကာ ပြောလိုက်သည်။
နားလည့်ပါပြီ အရှင့်သား ။
လူစုအားလုံးခွဲသွားချိန်မှာ အဘိုးကြီးဖေးနှင့်လုံထန့်သာ ကျန်ရစ်ခဲ့တော့သည်။
အဘိုး အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံးကဆိုတော့ မျိုးနွယ်စုတေအားလုံး ပါဝင်ယှဉ်ပြိုင်ကြမှာလား ။ လုံထန့်လည်း အဘိုးကြီးဖေးကို မေးလိုက်သည်။
ဟုတ်ပါတယ်အရှင့်သား ။
သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်မှာက မျိုးနွယ်စုအားလုဲး ယှဉ်ပြိုင်ကြလေ့မယ်။ မျိုးနွယ်စုတိုင်းရဲ့ ပါရမီရှင် မွန်းစတာတေ ဝင်ရောက်လာကြလေ့မယ် ။အဲတာကြောင့် ဒါက ကြီးကျယ်တဲ့ အခွင့်လမ်းဖြစ်သလို့ ပြင်းထန်တဲ့ တိုက်ပွဲလို့လည်း ပြောလို့်ရတယ် ။
ပြီးသွားခဲ့တဲ့ နှစ်ပေါင်းငါးရာတုန်းက ဝင်ရောက်သွားခဲ့တဲ့ သူတေထဲမှာ ပြင်ထွက်လာတော့ အစွမ်းထက်ဆုံးသူက အခုချိန်မှာ ဖီးနစ်မျိုးနွယ်စုရဲ့ ဧကရီ ပါ ။
သူမကဝင်ရောက်လာတဲ့သူအားလုံးကို ကျော်ဖြတ် အနိုင်ယူပြီးတော့ သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်ရဲ့ အဖိုးတန်ရတနာအမွေနှစ်ကို ရပြီးတော့ ပိုပြီးတော့ သန်မာလာခဲ့တယ် ။
လုံထန့်လည်း တိုက်ခိုက်ချင်စိတ်များက သူ၏ ခန္ဓာကိုယ်အတွင်းမှ ထိုးထွက်လာပြီးတော့ သူ၏ မျက်လုံးများကလည်း တောက်ပနေခဲ့သည်။
အခုချိန်ထိအဆင့်တူအတွင်းမှာ သူနှင့်တန်းတူ တိုက်ခိုက်နိုင်သည့် လူမရှိခဲ့သေးချေ။ ဤ အတွက်ကြောင့် သူက တစ်ခြားမျိုးနွယ်စု၏ ပါရမီရှင် မွန်းစတားတေ နှင့်တိုက်ခိုက်ချင်နေခဲ့သည်။
အဘိုးကြီးဖေးက လုံထန့်၏ တိုက်ခိုက်ချင်စိတ်ကို အာရုံခံမိကာ ပြုံးလိုက်မိသည့်။
အရှင့်သား အဆင့်တူအတွင်းမှာ အရှင့်သားနှင့် ယှဉ်တိုက်နိုင်တဲ့ သူမရှိပေမဲ့ သတိထားသင့်ပါတယ် ။
မြေကမ္ဘာသားရဲ အဆင့်ကိုးတေလည်း ဝင်ရောက်လာနိုင်ပါတယ် ။ သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်က ကောင်းကင်သားရဲ အဆင့်၏ အောက်ဆင့်တေပဲ ဝင်ခွင့်ပြုထားပေမဲ့ စမ်းသပ်ကွင်းပြင်ထဲရောက်လို့ အခွင့်လမ်းတေနှင့် အဆင့်တက်သွားတာတေကို မကန့်သတ်ထားပါဘူး ။ အဲဒီအတွက်ကြောင့် အရှင့်သား သတိထားသင့်ပါတယ်။
ကောင်းပြီအဘိုး ။
လုံထန့်ကတော့ ဂရုမစိုက်ချေ။ သူ၏ မထိုးဖောကိနိုင်သော အကာကွယ်ဝတ်ရုံ၏ စွမ်းအားနှင့်တင် မြေကမ္ဘာသားရဲ့ အဆင့်ကိုးများကို ချီးထွက်အောင်ရိုက်နက်ရသေးသည်။
ကောင်းကင်သားရဲ အဆင့်စွမ်းအားရှင်များသာ သူဂရုစိုက်ရမည့်အရာဖြစ်သည်။
လုံထန့်အဘိုးကြီးဖေးကို နှတ်ဆက်ပြီးနောက်သူ၏ အခန်းထံသို့ ပြန်လာခဲ့သည်။ ဒီနှစ်လအတွင်းမှာ သူရေဒြပ်စင်စွမ်းအားကို ကျင့်ကြံခဲ့သည့်အတွက်ကြောင့်သူ၏ အမြုတေမှ အပြာရောင်အလင်းက မီးဒြပ်စင်ကို ကိုယ်စားပြုသော အနီရောင် အလင်းနှင့် တူညီနေခဲ့ပြီဖြစ်သည်။
လုံထန့်လည်းအဲဒီ အတွက်ကြောင့် နောက်ထပ် ဒြပ်စင်စွမ်းအားတစ်ခုကို ထပ်မံကာ လေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည်။ အဲတာကတော့ မြေဒြပ်စင်စွမ်းအားသာဖြစ်သည်။
သူ၏ အခန်းတွင်းရှိ ကုတင်ထက်မှာ လုံထန့်လည်း ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏အညွှန်းထဲက မြေဒြပ်စင်ကို ကျင့်ကြံရန် အညွှန်းတိုင်း လိုက်လံကာ သူ၏ စွမ်းအားများကို လည့်ပတ်လိုက်သည်။