မြေသားဒြပ်စင်စွမ်းအား
Vol. 4 Ch. 45
---------
လုံထန့်တစ်ယောက်သူ၏ ကုတင်ထက်၌ ထိုင်ကာကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏ မြေသားဒြပ်စင် စွမ်းအားကို လေ့ကျင့်နေခဲ့သည်။ ကျင့်စဉ်၏ အညွှန်းတိုင်းလိုက်လံကာ သူ၏ စွမ်းအားများကို လည့်ပတ်လိုက်သော်လည်း အကြိမ်ကြိမ်ကျရှံးနေခဲ့သည်။
သူ၏ စွမ်းအားများကို လှည့်ပတ်လိုက်ချိန်တိုင်း တစ်ခုခု မှားယွင်းနေသော ခံစားချက်ကို ရနေသော်လည်းပဲ ဘာမှားနေလည်း သူမသိချေ။ အကြိမ်ကြိမ် ကျရှံးနေသည့်အတွက်ကြောင့် လုံထန့်လည်း ဒေါသထွက်လာခဲ့တော့သည်။
ချီးပဲကွာ။
ဘာဖြစ်နေတာလည်း ဘာတေမှားနေတာလည်း ။
လုံထန်တစ်ယောက် အံကျိတ်ကာ ကျိမ်ဆဲလိုက်သည်။ ထပ်ကျင့်ကြံမယ်ကွာ။
တစ်ကြိမ်မရရင်နှစ်ကြိမ် ၊ နှစ်ကြိမ်ရရင်သုံးကြိမ်ကွာ ၊ အကြိမ်တစ်ရာ ၊အကြိမ်တစ်ထောင်တစ်သောင်းလေ့ကျင့်လို့မရဘူးဆိုတာကို ငါမယုံဘူး ။
လုံထန့်တစ်ယောက် အတင်းကျပ်ဖိအားပေးကာ သူ၏ မြေဒြပ်စင်စွမ်းအားကို လေ့ကျင့်နေခဲ့သည်။
ဝေါ့ ။
လုံထန့်တစ်ယောက် လေ့ကျင့်နေရင်းဖြင့် သွေးအန်လျက်လှဲကျသွားခဲ့ကာ သတိလစ်သွားခဲ့တော့သည်။
အချိန်တစ်နာရီနီးပါး ကြာသွားချိန်မှ လုံတစ်ယောက် သတိပြန်ရလာခဲ့သည်။ လုံထန့်လည်း သူ၏ ကုတင်ထက်၌ ထထိုင်လိုက်ပြီး ဘာဖြစ်သွားမှန်းကို မသိခဲ့ချေ။
ငါဘာမှားသွားလို့လည်း ငါပုံမှန်တိုင်းပဲ ကျင့်ကြံခဲ့တာလေ။ လုံထန့်လည်း ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ကို ပြန်လည်ကာ ဆန်းလျှက်သုံးသပ်လိုက်သည်။
သူတိုနေပြီး နောက်ထပ်နာရီဝတ်ခန့်အကြာမှာ သူမှားယွင်းနေသည့်များကို သတိပြုမိသွားခဲ့သည်။
ဒါကြောင့်ကို ။
ချီးပဲ ကံကောင်းလို့ ။
တစ်ခါတည်းနှင့် ကိစ္စလျော့ တော့မလို့ လုံထန့်တစ်ယောက်သူ အဖြစ်ကို ပြန်တွေးကာ ထိတ်လန့်သွားခဲ့သည်။
ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်က စတင်လေ့ကျင့်သည့်နှင့် ဒြပ်စင်စွမ်းအားနှစ်ခုထိ ကို လွယ်ကူစွာကျငိ့ကြံနိုင်သော်လည်းပဲ သုံးခုမြှောက်ဒြပ်စင်စွမ်းအားကို ကျင့်ကြံပါက လေ့ကျင့်မည့်ဒြပ်စွမ်းအားနှင့် အနီးကပ်ဆုံးနေရာမှာ ရှိနေရမှာပဲ ဖြစ်သည်။
လုံထန့်လည်း သူ၏ အခန်းဆီမှ ထွက်လျက် မြို့တော်၏ အပြင်ဘက်သို့ တစ်ယောက်ထဲ ပျံသန်းကာ ထွကိလာခဲ့သည်။ သူအပြင်ထွက်လာသည့်က ညအချိန် ရောက်နေသည့်အတွက် လုံထန့်လည်း အဖော်မခေါ်ခဲ့တော့ပဲ တစ်ယောက် ထဲသာ ထွက်လာခဲ့တာ ဖြစ်သည်။နှစ်နာရီလောက်ပျံသန်းပြီးသွားချိန်တွင် လူအရောက်နည်းသော နေရာတွင် ကျင့်ကြံရန်အတွက် အဆင်ပြေမည့်တောင်တစ်လုံးကို တွေသွားခဲ့သည်။
ဒီမှာကျင့်ကြံတာပေါ့လုံထန့်လည်း တောင်နေရာကို ကြည့်ကာ ပြောလိုက်သည်။ တောင်နေရာက နေရာထိုင်ခင်းက လှပကာ တောင်ပေါ်မှ ကြည့်ရှုပါက တောင်အောက်ရှိ ရှုခင်းတော်တော်များများကို ပင်တွေရနိုင်သည်။ အဲတာတေ အပြင် လရောင်ကို လည်း ရှင်းလင်းစွာရသည့်နေရာဖြစ်သည်။
လုံထန့်လည်း တောင်၏ထိပ်ရှိ အနည်းငယ်မြေညီသော နေရာမှာ ထိုင်ချလိုက်ကာ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏ မြေဒြပ်စင်စွမ်းအားအညွှန်းတိုင်း လိုက်လံကာ ထပ်မံကျင့်ကြံလိုက်သည်။
ဤအကြိမ်တော့ အခက်ခဲမရှိပဲနှင့် သူ၏ စွမ်းအားများကို အကြိမ်အနည်းငယ် လှည့်ပတ်ပြီးသည့်နှင့် သူ၏ သားရဲ့ အမြုတေထက်မှာ အညိုရောင် အလင်းလေး အနည်းငယ်လင်းလတ်လာခဲ့သည်။ လုံထန့်လည်း သူ၏ အမြုတေကို ကြည့်ကာ ပျော်ရွှင်သွားပြီး ထပ်မံ ကျင့်ကြံနေခဲ့သည်။
လုံထန့်တစ်ယောက် တောင်ထိပ်တွင် ကျင့်ကြံနေရင်းဖြင့် အချိန်မည့်မျှကုန်သွားသည့်ကို မသိလိုက်ပဲ ကျင့်ကြံနေခဲ့သည်။
ကောင်းထက်၌ အေးချမ်းကာ လှပသော လရောင်နေရာမှာ ပူနွေးသော အရုဏ်ဦး နေအရောင်ခြည်က လုံထန့်၏ ခန္ဓာကိုယ်ထက်သို့ ကျဆင်းလာခဲ့သည်။ ထိုအချိန်မှ လုံထန့်လည်း မိုးလင်းနေပြီ မှန်းသိလိုက်ကာ သူ၏ ကျင့်ကြံနေမှုကို ရပ်တန့်လိုက်သည်။
ဟူး ။
သူ၏ကိုယ်တွင်းရှိလေပှုများကို မှုတ်ထုတ်လိုက်သည်။ လုံထန့်လည်း သူ၏ သားရဲ အမြုတေကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ အမြုတေပေါ်ရှိ မြေဒြပ်စင်ကို ကိုယ်စားပြုသော အညိုရောင်အလင်းကလည်း တော်တော် လေး တိုးတက်လာတာကို တွေလိုက်ရသည်။
ထိုအချိန်မှာ လုံထန့်၏ စိတ်ထဲတွင်လည်း မြေကြီးကမ္ဘာကြီးနှင့် သူနှင့် ရင်းနှီးမှုကို ခံစားလိုက်ရသည် ကမ္ဘာမြေကြီးနှင့် တစ်သားထဲကြနေသည့်အလားပင် ။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဆက်သွယ်နိုင်သလို့ ခံစားလိုက်ရသည့်။
လုံထန့်တစ်ယောက်သူ၏ မြေဒြပ်စင်စွမ်းအားကို အသုံးပြုလိုက်ချိန်မှာ နဂိုက တည့်ငြိမ်နေသော မြေပြင်ကြီးမှာ ရေလှိုင်းများအလား လှုပ်ခက်လာခဲ့သည်။
အကာကွယ်။
လုံထန့်၏ ပါးစပ်က ထွက်လိုက်သည်နှင့် လူပ်ရမ်းနေသော မြေပြင်ကြီးက ကြီးမားသော ဒိုင်းကာကြီး ဖြစ်သွားခဲ့သည်။ ဤ မြင်ကွင်းက လုံထန့်တစ်ယောက် အံဩသွားခဲ့သည်။ သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အကာကွယ်ကို ဖျက်စီးလိုက်သည်။
ဆူးချွန်။
မြေသားများက လူပ်ရမ်းလာပြန်ကာ ကြီးမားသော ဆူးချွန်ကြီးများ ဖြစ်လာခဲ့သည့်ကို တွေလိုက်ရသည်။ လုံထ့န်တစ်ယောက် မြေဒြပ်စင်စွမ်းအားကို မျက်မြင်ကိုယ့် တွေ စမ်းသပ်ပြီး မှ မည့်မျှစွမ်းအားကြီးကြောင်းကို နားလည်သွားခဲ့သည် ။
မြေဒြပ်စင်စွမ်းအားက တိုက်ခိုက်နိုင်သလို့ ကာကွယ်ရေးအတွက်လည်း အကောင်းဆုံးလို့တောင် ပြောလို့ရသည် ။ မြေပြင်၌ သာရပ်တန့်ပြီး တိုက်ခိုက်မည့်ဆိုပါက မြေဒြပ်စင်စွမ်းအားကျင့်ကြံသူကို သတ်ဖို့ရာက လုံးဝမဖြတ်နိုင်ချေ။
ဟားဟား ။
လုံးဝကြမ်းလွန်းတယ်။
လုံထန့်တစ်ယောက် မြေဒြပ်စင်စွမ်းအားများကိုအမျိုးမျိုး စမ်းသပ်ပြီးချိန်မှာ သူ၏ စွမ်းအားများကို ကြည့်ကာ ပျော်ရွှင်နေခဲ့သည်။
ပြန်ကြစို့ ။
ဒီနေ နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့တိုက်တာမှာ ဘယ်သူ အသန်မာဆုံးလည်း စောင့်ကြည့်ရအုန်းမယ်။ လုံထန့်လည်း တစ်ကိုယ်ထဲ ကြားနိုင်ရန်အသံဖြင့် ရေရွက်လိုက်ပြီး သွေးမြို့တော်သို့ ပြန်သွားလိုက်တော့သည်။
အချိန်နှစ်နာရီကြာပြီးချိန်တွင် လုံထန့်လည်း သွေးမြို့တော်သို့ ပြန်ရော်ကသွားခဲ့သည်။ လုံထန့်လည်း ရောက်ရှိသည့်နှင့် ကောင်းဘုံနန်းတော်၏ ဘေးက လေ့ကျင့်ရေးကွင်းပြင်စီသို့ ဦးတည့်သွားလိုက်တော့သည်။
လုံထန့်ရောက် သွားချိန်တွင် သူအရှေက မြင်ကွင်းကြောင့် သူ၏ မျက်လုံးများပါပြူးကျယ်သွားခဲ့သည်။ သူ၏ လက်အောက်ကစစ်သည့်မှန်သမျှ ဒီနေရာမှာ လာရောက်ကာ စုဝေးနေကြခြင်းဖြစ်သည်။