နတ်ဘုရားအပြစ်ပေးခြင်းတပ်ဖွဲ့၏ ပြိုင်ပွဲ။
Vol. 4 Ch. 46
---------
လုံထန်ရောက်သွားချိန်မှာ လူများက ပြည့်ကြပ်နေသည့်အတွက်ကြောင့် အရှေကိုပင်မမြင်ရချေ။
လုံထန့်လည်း သူ၏ ခေါင်းကို ခါရမ်းလိုက်ပြီးတောသူတို့၏ ခေါင်းထက်မှ နေ၍ ပျံသန်းပြီးစုဝေးနေသော လူအုပ်ကြီး၏ အလည့်သို့သွားလိုက်သည်။
စုဝေးနေကြသော စစ်သည့်များက သူတို့၏ ခေါင်းထက်မှ နေ၍တစ်ယောက်ယောက်က ပျံသန်းသွားတာသည့်ကို သူတို့ တွေလိုက်ချိန်မှာ ကျိမ်ဆဲဖို့ ပါးစပ်ကို ပြင် လိုက်ချိန်မှ သူတို့၏ မင်းသားမှန်းသိရှိသွားခဲ့သည်။
အရှင့်သား ။
လုံထန့်ကို မြင်သည့်နှင့် စစ်သည့်များအားလုံးက ဒူးထောက်ကာ နှတ်ဆက်လိုက်ကြသည့် ။
အင်း။
လုံထန့်ကိုမြင်သည့်နှင့် အဘိုးကြီးဖေးနှင့် လင်းယုလည်း ပြေးလာခဲ့သည်။
အရှင့်သား ။
ရောက်လာပါပြီလားအရှင့်သား။ မရောက်သေးရင် ဒီအဘိုးကြီး လာခေါ်တော့မလို့ပဲ အခုအရှင်သားရောက်ပြီဆိုတော့ ပွဲကို စကြတာပေါ့။
လုံထန့်လည်း ခေါင်းညိတ်ပြလိုက်သည်။
အဘိုးကြီးဖေးက လုံထန့်ကို စင်မြင်ကြီးတစ်ခုထက်၌ ထိုင်ခုံထံသို့ ခေါ်ဆောင်သွားခဲ့သည်။
အရှင့်သား ထိုင်ပါ။
အဘိုးကြီးဖေးက လုံထန်ကို ကြည့်ကာပြောလိုက်သည်။ လုံထန့်လည်း အဘိုးကြီးဖေးပြင်ဆင်ထားသော နေရာ၌ ထိုင်ပြီးသည့်နှင့် သူသိချင်တာကို မအောင့်နိုင်တော့ပဲ မေးလိုက်သည်။
အဘိုး စစ်သည်တေအားလုံးကို လာခိုင်းလိုက်လား ။
ဟားဟား။
အဘိုးကြီးဖေးက ရီမောက သူ၏ ခေါင်းကိုညိတ်လိုက်သည်။
ဟုတ်ပါတယ် အရှင့်သား။
ဘာလိုလဲ လုံထန့်က နားမလည်ဟန်ဖြင့်မေးလိုက်သည်။ ဒီစစ်သည်များကို သူ၏ ဝှက်ဖဲအနေနဲ့ ဘယ်သူမှ မသိအောင် ဝှက်ထားသင့်သည့်ဟု သူတွေးထားတာပဲ ဖြစ်သည်။
ဟားဟား။
အရှင့်သား တွေးနေတာကို ဒီအဘိုးကြီးနားလည်ပါတယ်။ ဒါပေမဲ့ တစ်ခြားကို သတင်းပေါက်ကြားသွားမှာ စိတ်မပူပါနဲ ။ ဒီအဘိုးကြီးက ဒီတစ်ဝိူက်လုံးကို အစောင့်တေ အထက်ထက်အလီလီ ချထားပြီးပြီ။ တစ်ခြားမျိုးနွယ်က စောင့်ကြည့်သူတွေ က အရှင့်သားမှာ ဒီလိုစစ်သည်တေ ရှိတာကို ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။
ဘာလို တစ်ခြား စစ်သည့်တေကို ခေါ်လိုက်တာလည်းဆိုရင် အခုချိန်မှာက အရှင့်သားရဲ့စစ်သည့်တေ ကများပြားလာခဲ့ပြီဖြစ်တယ်။ အဲတာကြောင့်မှို့လို့ ဒီအဘိုးကြီးက ဒီလိုအစီစဉ်ကို ချမှတ်လိုက်ရတာပါ။
ဘာလို့လည်း လုံထန့်က နားမလည်နိုင်ဟန်ဖြင့် ဆက်ကာမေးလိုက်သည်။
အရှင့်သားရဲ့ လက်အောက်မှာ စစ်သည့်တေများလာပေမဲ့ သူတို့က အခုမှ ရောက်လာကြတာလေ ။ တစ်ချို့ကြတော့ နေစရာမရှိလို ရောက်ရှိလာကြတာ အလိုလူတေက အရှင့်သားရဲ့ စစ်တပ်မှာ အများကြီးပါပဲတစ်ချို့က အရှင့်သားကို သစ္စာမရှိကြသေးဘူးလေ ။
အခုအရှင့်သားက ဒီပွဲရဲ့ အခွင့်ရေးကို ယူပြီးတော့ အရှင့်သားက အလုပ်ကြိုးစားတဲ့ သူတေ သစ္စာရှိတဲ့ သူတေကို ဘယ်လို့ချီးမြင့်မြှောက်စားကြောင်းနဲ့ ဘယ်လိုမျိုးရလဒ်တေလုပ်ပြရင်ဆုလဒ်တေ ချီုးမြင့်ကြောင်းနှင့် ဆုပေးဒဏ်ပေးစနစ်ကို ပြရမှာလေ။
နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ ဝင်တေရဲ့ ခွန်အားကိုလည်း သူတို့ကို ပြသပြီးသားဖြစ်သွားပြီး သူတို့လည်း ပိုသန်မာလာပြီး ပိုပြီး ကြိုးစားလာကြလေ့မယ်။ အရှင့်သားက ဆုလဒ်တေ ချီးမြင့်ပြီးတော့ သူတို့ကိုကောင်းမွန်စွာဆက်ဆံတဲ့ အတွက် အရှင့်သားကို ပိုပြီးတော့သစ္စာရှိလာပါလေ့မယ် ။ အဲဒီရလဒ်က အရှင့်သား လိုချင်တဲ့ အရာပဲ မဟုတ်လား။အဘိုးကြီးဖေးက လုံထန့်၏ မျက်နှာကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
လုံထန့်လည်း အဘိုးကြီးဖေး၏ စကားကြောင့် ခနခန့်စဉ်းစားလိုက်ပြီးနောက်တွင် သူ၏ ပေါင်ကို အားထဲကာ ရိုက်ချလိုက်သည်။
ဖြန်း ။
သေစမ်း။
ဒီအတွေးကို ကျွန်တော် လုံးဝမတွေးမိခဲ့ဘူး။
ဟားဟား ။
အဘိုးဖေး ရှိလို့သာ ကံကောင်းတယ်။
အရင်က လုံထန့်၏ အတွေးက သူ၏ စစ်သည့်များကို ခွန်အားနဲ့ သာထိန်းချုပ်ရန်ဖြစ်သည်။ အဲဒီအတွေးထက် အဘိုးကြီးဖေး၏ ဆုပေးဒဏ်ပေး စနစ်နဲ အုပ်ချုပ်သည့်က ပို၍ ကောင်းမွန်နေခဲ့သည်။
ဟားဟား။
အဘိုးကြီးဖေးလည်းရီမောလိုက်သည်။
ကဲ ။
အားလုံးစတင်လို့ ရပြီ အဘိုးကြီးဖေးက သူ၏ လက်ကို မြှောက်ကာ အချက်ပြလိုက်သည်။
အဘိုးကြီးဖေး အချက်ပြလိုက်သည့်နှင့် နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့၏ ပြင်းထန်တဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပွဲကြီး စတင်ပြီပဲ ဖြစ်သည်။
နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့က အယောက်တစ်ထောင် ရှိသည့် အတွက်ကြောင့် ပထမဆုံးအကြိမ် တစ်ဖက်ငါးရာစီ ခွဲလိုက်ပြီးတော့ အပြင်းထန် တိုက်ခိုက်ကြတော့သည်။
တစ်ယောက် နှင့် တစ်ယောက် အပြင်းထန့် တိုက်ခိုက်နေကြပြီးတော့ လုံထန်ပေးထားသော ကျင့်စဉ်များ၏ စွမ်းအားများကို အဆုံးစွန်ထိ သုံးကာတိုက်ခိုက်နေကြသည်။
သူတိုကမှုရင်း သားရဲ ခန္ဓာကိုယ်ကို တော့ပြောင်းမတိုက်ခိုက်ကြချေ။
ဘေးနားက စောင့် ကြည့်နေခဲ့ကြသော စစ်သည့်များက လည်း သူတို့အရှေ့ရှိ အပြင်းထန် တိုက်ခိုက်နေသောများကို ကြည့်ပြီး သူတို့၏ တိုက်ခိုက်ကေး စိတ်တေ နိုးကြွလာခဲ့သည်။
သူတို့ ကျင့်ကြံသော နည်းစနစ်များနှင့် လုံထန့်ထောက်ပံပေး သော ဆေးလုံးများနှင့်သာ ဆိုရင်သူတို့လည်း သူတို့ အရှေ့မှ လူများလို သန်မာလာမည့် ဟု ယုံကြည့်ချက်များလည်းပို၍ ပြင်းထန်လာခဲ့သည်။
အချိန်တစ်နာရီ နီးပါးကြာသွားချိန်မှာ တစ်ဖက်ငါးရာစီ တိုက်ခိုက်နေသော လေ့ကျင့်ရေးကွင်းပြင်ထဲတွင် မက်တပ်ရပ်နေနိုင်သော လူက အယောက် ငါးရာခန့်သာ ကျန်ရစ်ခဲ့တော့သည်။
အဘိုးကြီးဖေးက မက်တပ်ရပ်နေသော အယောက်ငါးရာကို ကြည့်ကာ မင်းတို့ ခနနားချိန်ရှိတယ် ။ လှဲနေတဲ့ သူများကို သွားပြီးတော့ ကူညီပြီး အပြင်ကို ထုတ်ပေးလိုက် အဘိုးကြီးဖေးက ဘေးနားရှိစစ်သည့်များကို ပြောလိုက်သည်။
နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့များနားနေချိန်မှာ အဘိုးကြီးဖေးက ဘေးမှနေ၍ ကြည့်ရှုနေကြသော စစ်သည့်များ၏ တိုက်ခိုက်ရေး စိတ်ဓာတ်များကို အရှင်းသား အာရုံခံမိသည်။
သူက ပြုံးလိုက်ကာ ရပ်ကြည့်နေသော စစ်သည့်များထံသို့ ကြည့်ကာပြောလိုက်သည်။
မင်းတို့က အရှင့်သားရဲ့ လက်အောက်ကို ရောက်လာတာ မကြာသေးဘူးဆိုတော့ အရှင့်သား အကြောင်းကို နားလည်သေးမှာ မဟုတ်ဘူး ။
အရှင့်သားက လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတေကို လိုအပ်နေတယ် ။ မင်းတို့က အရှင့်သားရဲ့ လက်အောက်ငယ်သားတေ ဖြစ်လို့ မမျှမတ ဆက်ဆံခံရမှာ မဟုတ်ဘူး။
မင်းတို့တေရဲ့ စွမ်းရည်တေကို ပြသနိုင်ရင် အရှင့်သား ဆုလဒ်တေပေးလေ့မယ်။ မင်းတို့လိုချင်တဲ့ လက်နက်တေ ၊ ကျင့်စဉ် ၊ဆေးလုံးတေရလေ့မယ် ။
ဘယ်လိုလည်း မင်းတို့ လိုအပ်တာ က မင်းတို့ စွမ်းရည်တေပြသပြီးတော့ အရှင့်သားကို သစ္စာရှိဖို့ပဲ ။ အရှင့်သား က မင်းတို့ လိုအပ်တာတေ ဖြည့်စည်းပေးလေ့မယ် ။
မင်းတို့ အထဲမှာ ကိုယ်ကို ယုံကြည့်မှု ရှိပြီး ။ ကိုယ်ရဲ့ စွမ်းရည်ကို ယုံကြည့်မှု ရှိရင် မင်းတို့အရှေက လူတေကို စိန်ခေါ်လို့ ရတယ် ။ အဘိုးကြီးဖေး၏ စကားသံက ရပ်ကာ ကြည့်ရှုနေသော စစ်သည်အုပ်စုကြီး ထံသို့ နူကလီယား ဗုံးလို ပြင်းထန်စွာပေါက်ကွဲသွားစေခဲ့သည်။