← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

-------

အဘိုးကြီးဖေး၏ စကားသံကြောင့် ရပ်ကာ စောင့်ကြည့်နေသော စစ်သည်များမှာ အော်ဟစ်ကာ အားပေးလိုက်ကြသည်။

ဟေး။

စစ်သည့်သောင်းချီ၏ အော်ဟစ်သံက သွေးမြို့တော်ကြီးကို ပင်တုန်ခါသွားစေခဲ့သည်။

ထိုအစဉ်မှာ အော်ဟစ်နေသာ စစ်သည်များကို ကြည့်ကာ အဘိုးကြီးဖေးက သူ၏ လက်ကိုမြှောက်ကာ တိတ်ဆိတ်နေပေးရန် အချက်ပြလိုက်သည်။ အရင်က အော်ဟစ်ကာ ပျော်ရွှင်နေကြသော စစ်သည်အုပ်စုကြီးမှာ အဘိုးကြီးဖေး၏ တိတ်ဆိတ်ရန်အတွက်အချက်ပြသည့်ကိုမြင်သည့်နှင့် အပ်ကျသံပင်ကြား နိုင်ရန် တိတ်ဆိတ်သွားကြသည်။

ကောင်းပြီ။

အခုမင်းတို့ကို ပြောတဲ့ အတိုင်းပင် တိုက်ခိုက်ဖို့အတွက် ကိုယ်ကို ယုံကြည့်ချက် ရှိသူများ ဟိုဘက်မှာ စရင်းပေးလို့ရတယ် ။ အဘိုးကြီးဖေးက စစ်သူကြီး လင်းယုကိုသူ၏ လက်ဖြင့်ညွှန်ပြကာ ပြောလိုက်သည်။

အမှောင်ထုဝံပုလွေမျိုးနွယ်နဲ့ လျှပ်စီးဝံပုလွေ မျိုးနွယ်စု ထံမှာ တိုက်ခိုက်ရန် ယုံကြည့်ချက်ရှိသူများ ထွက်လာခဲ့ကြပြီး စစ်သူကြီးလင်းယုထံ စရင်းလာပေးကြသည်။

အရှင့်သား ဘယ်လိုထင်လည်း အဘိုးကြီဖေးက လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။

ဟားဟား။

အဘိုးရဲ့ အကြံကတော့လုံးဝကို အဆင်ပြေတယ်။ ဒါပေမဲ့ အမှောင်ထု ဝံပုလွေမျိုးနွယ်နဲ့ လျှပ်စီးဝံပုလွေမျိုးနွယ်စု မှာ ဒီလောက် ထိ မြေကမ္ဘာသားရဲ တွေ များမယ် မထင်ဘူး ။

အမှောင်ထုဝံပုလွေမျိုးနွယ်နှင့် လျှပ်စီးဝံပုလွေမျိုးနွယ်စုထံမှာ မျိုးနွယ်စု နှစ်ခုပေါင်း အုပ်စုထံကြည့်ကာ ပြောလိုက်သည်။ သူတို့အုပ်စုနှစ်စုပေါင်းက အယောက်တစ်ရာနီးပါး ရှိနေခဲ့သည်။

ဟုတ်တယ် အရှင့်သား ။

အမှောင်ထု ဝံပုလွေတေရဲ့ တိုက်ခိုက်ရေး စွမ်းအားက အရမ်းကြီး ပေါက်ကွဲအားမပြင်းထန် ပေမဲ့ သူတို့မျိုးနွယ်စုက အမှောင်စွမ်းအားကို ကျွမ်းကျင်ကြတော့ လုပ်ကြံသတ်ဖြတ်တဲ့ နေရာတွေ မှာ ကျွမ်းကျင်ကြတယ် ။ လျှပ်စီးဝံပုလွေတွေ က သိတဲ့အတိုင်းသူတို့က တော့ လျှပ်စီးတေကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်တယ်သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ ပြင်းထန်ပြီး အဖျက်စွမ်းအားကြီးတယ် ။အဘိုးကြီးဖေးက လုံထန့်ကို ရှင်းပြလိုက်သည်။

ကောင်းပြီ။

အရင်ဆုံး သူတို့ရဲ့ စွမ်းအားတွေ ကို ကြည့်ကြည့်တာ ပေါ့ ။ အဆင်ပြေရင် အမှောင်ထုဝံပုလွေတွေ ကို တပ်ဖွဲ့တစ်ခုဖြင့် ပျိုးထောင်ပေးတာ ပေါ့ ။လုံထန့်က အဘိုးကြီးဖေးကို ကြည့်ကာ ပြောလိုက်သည်။

ကောင်းပါပြီ အရှင့်သား ။

ထိုအချိန်မှာ နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့၏ ကျန်ရစ်နေသော အယောက်ငါးရာမှာ ကွင်းပြင်ထဲတွင် နေရာပြန်ယူလိုက်ကြသည်။ သူတို့အားလုံးက တစ်ဖက်ကို အယောက် နှစ်ရာငါးဆယ်စီ ခွဲကာ နေရာယူလိုက်ကြသည်။

စတင်တော့ ။

အဘိုးကြီးဖေး ပြောလိုက်သည့်နှင့် နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့က အပြင်းထန် ထပ်မံကာ တိုက်ခိုက်ကြ ပြန်တော့သည်။

သိပ်မကြာခင်မှာ ကွင်းထဲ၌ မက်တပ်ရပ်နေသူ နှစ်ရာငါးဆယ်ခန့်သာကျန်တော့သည်။

ဤသို့ဖြင့် ဆက်လက်ကာ တိုက်ခိုက်နေခဲ့ကြသည်။

တစ်ဖက်ကို တစ်နှစ်ဆယ်ငါးယောက်စီ ခွဲကာ တိုက်ခိုက်ကြသည်။

နောက်ထပ်ကျန်ရစ်နေသော တစ်ရာနှစ်ဆယ် ငါးယောက်ကို မဲ့နိုက်ကာ တစ်ယောက်ကျသည့်တစ်ယောက်က ထွက်နေရပြီးတော့ ကျန်သည့် တစ်ရာနှစ်ဆယ် လေးယောက်က ခြောက်ဆယ် နှစ်ယောက်စီ ခွဲကာ တိုက်ခိုက်ကာ သည်။

နောက်ထပ်သုံးဆယ်ကျော် ထပ်မှန်တိုက်ခိုက်ကြပြန်သည်။

နောက်ဆုံးမှတော့ အားလုံး ထွက်သွားခဲ့ပြီး အယောက် ဆယ်ငါးယောက်သာကျန်ရစ်နေခဲ့တော့သည်။

လုံထန့်လည်း နတ်ဘုရား အပြစ်ပေးသူတပ်ဖွဲ့၏ တိုက်ခိုက်ရေး စွမ်းအားကို သဘောကြစွာ ခေါင်းညိတ်လိုက်သည်။ သူတို့ ၏ မူရင်းခန္ဓာကိုယ်နှင့်သာဆို ရင် ယခုထက်တောင် ပို၍ ပြင်းထန်သော စွမ်းအားတေကို ထုတ်လွတ် နိုင်မည်ဖြစ်သည်။

ကျန်ရစ်နေသော ဆယ်ငါးယောက်ကို ကြည့်ကာ မင်းတို့ အနားယူလို့ ရပြီ မနက်ဖြန်မှာ ထပ်ပြီးတော့ တိုက်ခိုက်ရမယ် ။ လုံထန့်က အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

နားလည်ပါပြီအရှင့်သား ။

အနားယူရန် ထွက်ခွာသွားသော ဆယ်ငါးယောက်က လွဲလို့ ကျန်ရစ်နေသော နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့ကို ကြည့်ကာ လုံထန့်ကပြောလိုက်သည်။

စစ်သူကြီးလင်းယုစီမှ စရင်းပေးထားတဲ့သူတေ မင်းတို့အရှေမှာ ရှိတဲ့ သူတေထဲ့က ကြိုက်တဲ့သူကို စိန်ခေါ်လို့ရတယ် ။ သူတို့ အချိန်ခနအနားယူပြီးရင် စလို့ရပြီ။

လုံထန့်က အားလုံးကြားနိုင်အောင်ပြောလိုက်သည်။

လုံထန့်၏ စကားကို ကြားသည့်နှင့် နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့၏ နဂါးစစ်သည်များက စစ်သူကြီးလင်းယုထံသို့ စရင်းပေးသွင်းထားသော အမှောင်ထုဝံပုလွေ များနှင့် လျှပ်စီးဝံပုလွေများကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို၏ အကြည့်နေက ဆုံတွေသွားသည်နှင့် လေထဲမှာ မီးပွားများ ဖြစ်ပေါ်လာသည့်အလာင်းပင်ထင်ရသည် ။ သူတို့၏ တိုက်ခိုက်ချင်စိတ်မများကို မထိန်းချုပ်ထားပဲ အပြည့်ဝ ထုတ်လွတ် ထားကြသည်။

ဟားဟား ။

နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက သူတို့အချင်းချင်း မဟုတ်တဲ့ ပြိုင်ဘက်တေနဲ့ ဆိုရင် ဘယ်လို့ စွမ်းရည်တေ ရှိမယ် ထင်လဲ အဘိုး ။ လုံထန်က အဘိုးကြီးဖေးကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။

နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့များက သူတို့အချင်းချင်းတိုက်ခိုက်ချိန်မှာပင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများက အမှန်တစ်ကယ်ပြင်းထန်ကာ ရက်စက်လှသည်။

All Chapters