ကောင်းပြီအနားယူချိန်ပြီးပြီ။
Vol. 4 Ch. 48
အနားယူတာ အမွှေးတိုင် တစ်တိုင်စာအကြာမှာ အဘိုးကြီးဖေး၏ အသံထွက်လာခဲ့သည်။
မင်းတို့စတင်ပြီးတော့ စိန်ခေါ်လို့ရပြီ။
အဘိုးကြီးဖေး၏ အသံဆုံးသည့်နှင့် အမှောင်ထုဝံပုလွေ မျိုးနွယ်စုထံမှ လူငယ်တစ်ယောက်ထွက်လာခဲ့သည်။
ကျွန်တော်အမည်က ယင်ကျန်း ပါ ။ မြေကမ္ဘာသားရဲ အဆင့်တစ် အလယ်လတ်ပါ။သူက နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့ကို ကြည့်ကာ နှတ်ဆက်လိုက်သည်။
သူ၏ မျက်လုံးကစားလိုက်ပြီးနောက် သူနှင့်ယှဉ်ပြိုင်တိုက်ခိုက်မည့် နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့၏ အရှေဘက်ဆုံးညာဘက်ထောင်ဆုံးမှ တစ်ယောက်ကို လက်ပြလိုက်သည်။
ကျွန်တော်ကို ညွှန်ပြပေးပါအုန်း။
နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ထဲမှာ နဂါးစစ်သည့်တစ်ယောက်က သူ၏ လက်သီးကို ဆုပ်ကာနှတ်ဆက်လိုက်သည် ။
ဟွမ်ကန်း ပါ မြေကမ္ဘာသားရဲ အဆင့်တစ် အလယ်လတ်ပါ ။
သူတို့နှစ်ဦးက တစ်ဦးကို တစ်ဦး နှတ်ဆက်ပြီးသည့်နှင့် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
အမှောင်ထု ။
လပြည့်ညရဲ့ ဝံပုလွေအူသံ ။
ယင်ကျန်းက စတင်ကာ တိုက်လိုက်သည်။
ကွင်းပြင်ကြီးတစ်ခုလုံးက အမှောင်ထုထဲမှာ နစ်မြုပ်သွားခဲ့သည်။ ကိုယ်လက်ကိုယ်တောင် မမြင်ရလောက်အောက် မှောင်ပိန်းထုထပ်နေသော အမှောင်ထုကြီးအတွင်းမှာ ဝံပုလွေအူသံများကို အချိန်မလပ်ကြားနေရသည်။
ဟွမ်ကန်းက သတိထားလိုက်ကာ သူ၏ မိုးကြိုးစွမ်းအားများကို နိုးဆွ လိုက်သည်။
မိုးကြိုးလက်သည်း ။
အမှောင်ထုကြီးအတွင်းမှာ မှောင်ပိန်းထုထပ်နေသော အမှောင်ထုကြီး အတွင်းမှာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားစေမည့် မိုးကြိုး၏ အလင်းရောင်များဖြင့် ပြည်နက်သွားစေခဲ့ပြီးတော့ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် အတူတူ ကြီးမားသော လက်သည်းကြီးက အမှောင် ထုကြီးကို ပျက်စီးသွားစေခဲ့သည်။
ဘုန်း ။
အဟွက် ။
အဟွက်။
ဝေါ့။
ယင်ကျန်းတစ်ယောက် သူ၏ စွမ်းအားများကို အတင်းကြပ်ချိုးဖြတ်ခံလိုက်ရသည့်ဖြင့် သွေးချောင်းများ ဆိုးလာခဲ့ကာ သွေးအန်လိုက်ရသည်။
ထိုအခွင့်ရေးကို ယူကာ ဟွမ်ကန်းတစ်ယောက်က အနိုင်ရှံး ဆုံးဖြတ်ပေးမည့် လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။
နဂါးလက်သည်း ။
ဝေါင်း ။
နဂါးဟိန်းသံကျယ်ကြီးနှင့် အတူတူ ကြီးမားသော နဂါးလက်သည်းကြီးများက ယင်ကျန်းကို ကုပ်ချလာခဲ့သည်။
အရင်ထဲက သွေးအန်နေခဲ့ပြီး အကာကွယ်မဲ့နေသော ယင်ကျန်းမှာ သူထံသို့ ဦးတည်ကာ တိုးဝင်လာသည့်ကို မကာကွယ်နိုင်တော့ပဲ နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ထိုအခါမှ ဟွမ်ကန်းလည်း သူ၏ စွမ်းအားများကို ပြန်လည်ကာရုပ်သိမ်းလိုက်သည်။
ဟွမ်ကန်း၏ စွမ်းအားကိုမြင်ချိန်မှာ ဘေးမှ ရပ်ကြည့်နေသော လူများကို ထိတ်လန် ကာတုန်လှုပ်သွားစေခဲ့သည်။ သူတို့ နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့အတွင်းမှာတုန်းက ဟွမ်ကျန်း၏ စွမ်းအားများက အရမ်းကြီးမသိသာခဲ့ချေ။ သူ၏ စွမ်းအား နတ်ဘုရား အပြစ်ပေးသူတပ်ဖွဲ့မှာ နံပါက်တပ်ရမည်ဆိုလျှင် သူနံပါက်က အနံပါက်နှစ်ရာကျော်နိုင်သည်။ ကြည့်ရှုအားပေးနေသူတိုင်းက ထိုအတွေးဝင်သွားသည့်နှင့် လေအေးများကို ရှုရှိက်လိုက်ကြသည်။
ဟွမ်းကျန်းတောင်မှပင် ဒီလောက် အစွမ်းထက်နေရင် အနားယူဖို့ ဝင်သွားတဲ့ ဆယ်ငါးယောက်ဆို့ဘယ်လောက် အစွမ်းထက်မနေလည်း သူတို့ တွေးပင် မတွေးရဲတော့ချေ။
လုံထန့်လည်း ထိုမြင်ကွင်းကြောင့် သဘောကြစွာရီမောလိုက်သည်။ နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့က အခြားလူများထက် မသာလွန်သည့်မှ သာ သူအတွက် ထူးဆန်းနေမည့်ဖြစ်သည်။သူသုံးပေးခဲ့သော အရင်းမြစ်များနှင့် ကျင့်စဉ်များကြောင့် နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ဝင်တိုင်းက အရမ်းစွမ်းထက်နေမည်မှာ မလွဲ့ချေ။
သူတိုအချင်းချင်း တိုက်ခိုက်နေချိန်မှာ မိသိသာခဲ့သော်လည်းပဲ အပြင်လူတွေ နှင့်တိုက်ခိုက်သည့်အခါ မြေပြင်မှာ ဆင်သွားသည့်အလား ထင်ထင်ရှားရှား ကွဲပြားစွာပေါ်ထွက်လာခဲ့သည်။
အဘိုးကြီးဖေးက လည်း သူ၏ ခေါင်းကိုယ် သဘောကြစွာဖြင့် ညိမ်လိုက်သည်။
ဟွမ်ကန်းလည်းသူ၏ ပြိုင်ဘက်က ရှံးနိမ့်သွားသည်မှို့ သူ၏ နေရာသို့ သွားကာ ပြန်လည့်ကာ မက်တပ်ရပ်နေခဲ့သည်။
နောက်တစ်ယောက် အဘိုးကြီး ဖေး၏ အော်သံက ထွက်လာခဲပြန်သည်။
ဤတစ်ကြိမ်မှာတော့ လျှပ်စီးဝံပုလွေမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်သည်။
သူ၏ လျှပ်စီးစွမအားဖြင့် အသုံးပြုကာ တိုက်လိုက်ခဲသော်လည်းပဲ နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ဝင်များကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ချေ။
စရင်းပေးသွင်းထားသော လူတစ်ရာခန့်မှာ သူတို့၏ အရည်ချင်းများက မဆိုးသော်လည်းပဲ အရင်းမြစ်များစွာနှင့် အဆင့်မြင့်ကျင့်စဉ်တေကို လေ့ကျင့်ထားခဲ့သော နတ်ဘုရား အပြစ်ပေးသူတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်ရချိန်မှာတော့ သူတို့ကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ကြချေ။
နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ဝင်များ၏ အပြတ်သတ် နိုင်ပွဲသာဖြစ်သည်။
လုံထန့်လည်း အမှောင်ထုဝံပုလွေများနှင့် လျှပ်စီး ဝံပုလွေများ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် သူတို့ထိန်းချုပ်ထားသော စွမ်းအားများကို ကြည်ကာ သဘောကြစွာခေါင်းညိမ်လိုက်သည်။
သူ၏ စိတ်ထဲမှာတော့ အမှောင်ထုဝံပုလွေများကို လျှပ်စီးဝံပုလွေမျိုးနွယ်စုများထက် ပို၍ သဘောကုနေခဲ့သည်။
အမှောင်ထုဝံပုလွေမျိုးနွယ်စုဝင်များ၏ အမှောင်ထု စွမ်းအားက လုပ်ကြံသတ်ဖြတ်ရန်အတွက် မွေးဖွားလာသည့် အလားထင်ရသည်။