← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

--------

အဘိုးကြီးဖေး ၏ စကားဆုံးသူသည့် နှင့် နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့၏ ကျန်ရစ်သူ ရှစ်ယောက်မှာ သူတို့၏ ပြိုင်ဘက်များကို ရွှေးချယ်လိုက်ကြသည်။

ခွိုက်ရန် နှင့် ချင်းယု ။

ကော့ကျင်း နှင့် ကျိုးရန်။

ချုင်ယုံ နှင့် မိုရှန် ။

မာဟုန် နှင့် ကျောင်းလုံ ။

သူတို့အားလုံးကာ နတ်ဘုရား အပြစ်ပေးသူတပ် ဖွဲ့ ထဲမှာ အစွမ်းထက်ဆုံးတွေ ဟုပြောလို့်ရကြသည်။ အားလုံးထဲမှာ သူတို ရှစ်ယောက်က မြေကမ္ဘာသားရဲ အဆင့်နှစ် အလယ်လတ် အဆင့်သို့ ရောက်ရှိနေသူ တွေ ဖြစ်သည်။

သူတို၏ တိုက်ပွဲ ဝင်စွမ်းအားက လုံထန့်၏ အဆင့်မြင့် ကျင့်စဉ်များကြောင့် တိုက်ခိုက်ရေး စွမ်းအားက သူတို ထက်အဆင့်မြင့်သူများကို တိုက်ခိုက်နိုင်သည့် အထိ မြင့်မားကြသည်။

အရင်ရက်က လင်းယုထံမှ စရင်းသွင်းကာ နတ်ဘုရား အပြစ်ပေးသူတပ်ဖွဲ့၏ ရှံးနိမ့်သူများကို စိန်ခေါ်သူများမှာ သူတိုအရှေမှာ ရှိတဲ့ တိုက်ခိုက်နေသော နတ်ဘုရား အပြစ်ပေးသူတပ်ဖွဲ့၏ ထိပ်တန်းအဖွဲ့ ဝင်များ၏ စွမ်းအားကြောင့် နောက်ကျောတစ်လျောက် ချွေးအေးများ စီးကြလာခဲ့သည်။

ချီးပဲ ဟေ့။

မနေ့က သူတို့နှင့် တိုက်ခိုက်ရရင် ငါတို့ တစ်ကွက်ပဲ တစ်ခိုက်နိုင်မယ် ထင်တယ် ။ အမှောင်ထုဝံပုလွေမျိုးနွယ် နှင့် လျှပ်စီး ဝံပုလွေ မျိုးနွယ်စုထံ မှ စိန်ခေါ်ခဲ့သူများက အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက် လေအေးများကို ရှု ရှိုက်ကာ ပြောလိုက်သည်။

ငါတို့လည်း အရှင့်သားရဲ့ ပေးအပ်တဲ့ တာဝန်တေကျေပွန်အောင် လုပ်နိုင်ရင် အရှင့်သားက ငါတို့ အဆင့်မြင့်ကျင့်စဉ်တေနဲ့ ဆေးလုံးတေပေးလိမ့်မယ်။ အဲဒီအချိန်ကြရင် ငါတို့လည်း သူတို့ကို နိုင်အောင် မတိုက်ခိုက်နိုင်ရင်တောင်မှာ သရေကြ အောင်တိုက်ခိုက်နိုင်မယ်လို့ ငါကိုယ်ကိုငါ ယုံကြည့်မှု ရှိတယ်။ လျှပ်စီးဝံပုလွေ မျိုးနွယ်စုထံ မှ မျိုးနွယ်သားတစ်ယောက်က ပြောလိုက်သည်။

ဟုတ် တယ် ။

မင်းပြောတာကို ငါလည်း ထောက်ခံတယ် ။ အရှင့်သားပေးအပ်တဲ့ တာဝန်တွေ ကိုယ်ထမ်းဆောင်ပြီးတော့ ငါတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ ကို မြင့်တင်လို့ ရတယ် ။

အဲဒီအတွက်ကြောင့် မင်းတို့ မနေက ရှံးနိမ့်တာကို တွေးပြီးတော့ စိတ်ပျက်နေစရာမလို့ ဘူး။

သူတို့အချင်းချင်း ပြောဆိုနေသံများကို အဘိုးကြီးဖေးက အရှင်းသားကြားနေရပြီး သူကပြုံးလိုက်မိသည်။ ဒါက သူလို့ချင်သည့် အရာပဲ ဖြစ်သည်။

အဘိုးကြီးဖေးလည်း သူတို့၏ စကားများကို နားထောင်မနေတော့ ပဲ သူ၏ အရှေက တိုက်ပွဲများကို ပြန်ကာ အာရုံစိုက်လိုက်သည်။

တိုက်ခိုက်နေသည့် ရှစ်ယောက်မှာ တိုက်ယောက်မှ အားနည်းသည့် အမှုယာကို မပြပဲ အပြင်းထန်ဆုံး နည်း စနစ်များကို အဆုံးစွန်ထိ သုံးကာ ထုတ်ဖော်လျက်တိုက်ခိုက်နေခဲ့သည်။

လုံထန် နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့တေကို ကျင့်ကြံစေရန် အတွက် ကြယ်ငါးပွင့် အလယ်လတ် ကျင့်စဉ် နှစ်ခုပေးထားခဲ့သည်။

လျှပ်စီးလက်သည်း နည်းစနစ်။

မိုးကြိုးဓားကျင့်စဉ် နည်းနစ်တို့ပဲ ဖြစ်သည်။

နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ ဝင်တိုင်း ထိုနည်းနစ်နှစ်ကို ကျင့်ကြံကျရသည်။ သို့သော်လည်း ပဲ အခြား အဖွဲဝင်များထက် ကျန်ရစ်နေသော ရှစ်ယောက်မှာက ထိုနည်းနစ်များကို အဆုံးစွန်ထိ ရောက်အောက် အသုံးပြုနိုင်ကြသည်။

တူညီသောကျင့်စဉ် ၊တူညီသော ကျင့်ကြံမှု ၊ တူညီသော ခွန်အား တို့အောက်မှာ တိုက်ပွဲက အမှန်တစ်ကယ်ကို ပြင်းထန်လွန်းလှသည်။

တိုက်ခိုက်ရေး စွမ်းအားက တူညီနေသော်လည်းပဲ တိုက်ပွဲက အမှားအနည်းငယ်လေးကပင် အဆုံးသတ်ကို ပြောင်းလဲသွားစေနိုင်သည်။ ထို့အတွက်ကြောင့် တိုက်ခိုက်နေသော လူရှစ်ယောက်လုံးမှာ သူတို့၏ စွမ်းအင်များကို အဆုံးစွန်ထိ ထုတ်လွတ်ကာ တိုက်ခိုက်နေသော်လည်းပဲ တစ်ဖက်လူ၏ အားနည်းချက်ကို ရှာဖွေ့ကာ တိုက်နေကြသည်။

ဘုန်း ။

ခွိုက်ရန် အတူတူတိုက်ခိုက်နေသော ချင်းယုတစ်ယောက် ခွိုင်ရန်၏ အပြာရောင်လျှပ်စီးများဝန်းရံနေသော လက်သည်းကြီးအောက်မှာ ရှံးနိမ့်သွားခဲ့ရသည်။

ချီးပဲ ။

ချင်းယုတစ်ယောက် မကျေနပ်ဟန်ဖြင့် ကျိမ်ဆဲလိုက်သည်။ ခွိုက်ရန်တိုက်ခိုက်သောမိုးကြိုးဓားချက်ကို သူ၏ ဓားဖြင့် ပြန်လည်ကာ ခုခံရန် ပြင်ဆင်ချိန်မှ မထင်မှတ်ထားပဲ ခွိုက်ရန်က သူ၏ ဓားကို ဟန်ပြ အဖြစ်သုံးခဲပြီးတော့ အနီး ကပ်နေချိန်မှာ လျှပ်စီး လက်သည်းကို ထုတ်သုံးလိုက်သောကြောင့် ဓားချက်ကို အာရုံအပြည်စိုက်နေသော ချင်းယုမှာ ခွိုက်ရန်၏ လက်သည်း ချက်အောက်မှာ သူ၏ အမှားတစ်ခုကြောင့် ရှံးနိမ်ခဲ့ရတော့သည် ။

သို့သော်လည်း သူ၏ အမှားကြောင့် ရှံးနိမ့်မှု ဖြသ်သဖြင့် ချင်းယုလည်း လေ့ကျင်ကွင်း၏ အပြင်သို့ သွားကာ ရပ်ကြည့်နေလိုက်သည်။

ရှစ်ယောက် တိုက်ခိုက်နေကြသော် အဖွဲ့များထဲတွင် ပထမဆုံး အတွဲက သာ အနိုင်အရှံးအဖြေ ထွက်ပေါ်လာသေးသည်။

ကျန်ရစ်နေသော ခြောက်ယောက်မှာတော့ အပြင်းထန် တိုက်ခိုက်နေကြသေးသည်။

All Chapters