အပိုင်း ၅၁
Vol. 4 Ch. 51
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ တိုက်ခိုက်ရေး စွမ်းအားချင် းတူညီသော်လည်း နောက်ဆုံးတွင် သက်လုံကွာခြားချက်ကြောင့် ကျန်ရစ်နေသော ခြောက်ယောက်မှာလည်း အနိုင်အရှုံး အဖြေ ထွက်ပေါ်လာခဲ့တော့သည်။
ကော့ကျင်းနှင့် ကျိုးရန်မှာ ကျိုးရန်က အနိုင်ရရှ်ိသွားခဲ့ပြီးတော့ ချိုင်ယုံနှင့် မိုရှန် မှာက မိုရှန် အနိုင်ရရှိသွားခဲ့သည်။ မာဟုန်နဲ ကျောင်းလုံမှာ မာဟုန်က အနိုင်ရရှိခဲ့သည်။
ကျိုးရန်၊ မိုရှန်၊ မာဟုန်တို့မှာ သူတို့၏ ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ရရှိခဲ့ခြင်း မဟုတ်ဘဲ ခက်ခက်ခဲ မီးကုန်ရမ်းကုန် တိုက်ခိုက်၍ အနိုင်ရရှိခြင်း ဖြစ်သည်။
ကောင်းပြီ မင်းတို့ ခဏနားချိန်ရှိတယ်။
အဘိုးကြီးဖေးက ကျန်ရစ်နေတဲ့လေးယောက်ကို ပြောလိုက်သည်။
လုံထန်လည်း အဘိုးကြီးဖေး၏ စကားကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်သည် ။
သူတို့အနားယူလိုက် ပြန်တိုက်လိုက်ကြည့်ရသည်မှာ လုံထန်တစ်ယောက် ပျင်းရိလာခဲ့သည်။
အဘိုး သူတို့ကို ဒီဆေးလုံးတွေ ပေးလိုက်ပါ။ လုံထန်တစ်ယောက် သူ၏ သို့လှောင်လက်စွပ်အတွင်းမှာ ကြယ်နှစ်ပွင် ချီပြန်လည့်ဖြည့်တင်းခြင်း ဆေးလုံးကို လေးလုံးထုတ်ပေးလိုက်သည်။ ဒီဆေးလုံးသူတို့ကို ပေးလိုက်ပါအဘိုး ။
သူတို့ကိုယ် ဆေးလုံးသောက်ပြီးတော့ ကုန်ဆုံးသွားခဲ့တဲ့ ဝိညာဉ်ချီစွမ်းအင်တေ ပြန်လည့်ဖြည့်တင်း ခိုင်းလိုက်ပါ။
နားလည်ပါပြီ အရှင့်သား ။
အဘိုးကြီးဖေးလည်း လုံထန်၏ လက်ထဲမှ ချီပြည့်လည့်ဖြည့်တင်းခြင်းဆေးလုံးကို ယူကာ လေ့ကျင့်လေး ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ရော့ ယူလိုက်ပါ ။
ကျိုးရန် ၊ မိုရှန်၊ ကျောင်းလုံ ၊ခွိုက်ရန်တို့မှာ အဘိုးကြီးဖေး၏ လက်အတွင်းမှ ဆေးလုံးလေးလုံးကို ယူလိုက်ပြီး တစ်ခါထဲ သောက်လိုက်သည်။ ထိုနောက်မှာ ကွင်းအတွင်းမှာပင် ထိုင်ချလိုက်ပြီးနောက် ကုန်ဆုံးသွားသော စွမ်းအင်များနဲ့ ဒဏ်ရာအချို့ကို ကုသလိုက်သည်။
ကြယ်နှစ်ပွင့် ချီဖြည့်တင်းခြင်းဆေးလုံး၏ အကူ ညီကြောင့် သူတို့လေးယောက်မှာ လျှင်မြန် သောအရှိန် ဖြင့် သူတို့၏ မှုလအနေထားသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။
သူတို့ဆယ်ငါးမိနှစ်လောက်ကြာသွားချိန်မှာ မျက်လုံးများပြန် ဖွင့်လာခဲ့ကာ ထရပ်လိုက်ကြသည်။
ကောင်းပြီ။
မင်းတို့ တိုက်ခိုက်----
နေအုန်းအဘိုး ။
အဘိုးကြီးဖေး၏ စကားမဆုံးခင်မှာပင် ဖြတ်ကာ အပြောခံလိုက်ရသည်။ အရှင့်သား ၊ ဘာများ ပြောမလို့ပါလည်း အဘိုးကြီဖေးက လုံထန့်ကို ကြည့်ကာ မေးလိုက်သည် ။
သူတို့နဲ့ ကျွန်တော်နဲ့က သိပ်ပြီးတော့ အဆင့်မကွာဘူးဆို့တော့ ကျွန်တော် သူတို့နဲ့ တိုက်ခိုက်မလို့ပါ။
ဟမ့် ။
အရှင့်သား တိုက်ခိုက်မလို့လား။ အဘိုးကြီးဖေးက အံဩတစ်ကြီးဖြင့်မေးလိုက်သည်။
ဟုတ်တယ် ။
ကျွန်တော်လည်း မြေကမ္ဘာသားရဲအဆင့်နှစ်ဆိုတော့ သူတိုနဲ့ တိုက်ကြည့်တာပေါ့။ ကျွန်တော်နဲ့ အကြာဆုံးတိုက်ခိုက်ခိုက်နိုင်တဲ့ သူကို ပထမပေးတာ ပေါ့။
နားလည်ပါပြီအရှင့်သား ။
ဘေးပတ်လည့်မှာ ဝန်းရန်ကာ ကြည့်ရှုနေကြသော စစ်သည့်များမှာ လုံထန့် တိုက်ခိုက်မည့်ဆိုသော အသံကြောင့် ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။ သူတိုကိုယ်တိုင်ကလည်း လုံထန့်၏ စွမ်းအားကို သိချင်နေကြသည်။
လုံထန့်လည်း သူထိုင်ခုံထက်မှ နေ၍ လေ့ကျင့်ရေး ကွင်းပြင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူ၏ အရှေမှာရှိသော နတ်ဘုရားအပြစ်ပေးသူ တပ်ဖွဲ့ဝင်လေး ယောက်ကိုကြည်ကာ ပြောလိုက်သည်။ မင်းတို့လွတ်လွတ် လွပ်လွပ်တိုကိခိုက်နိုင် တယ် ။ မှုရင်း ခန္ဓာကိုယ်ပြောင်းတိုက်ခိုက်လို့လည်း ရတယ် ။
ကောင်းပါပြီအရှင့်သား ။
မင်းတို့ လေးယောက်ထဲရ ဘယ်သူအရင်ဆုံးလာမလည်း လုံထန်က သူ၏ အရှေ မှ လေးယောက်ကို ကြည့်ကာ မေးလိုက်သည်။
ကျိုးရန် ၊ မိုရှန် ၊ မာဟုန် ၊ ခွိုက်ရန် တို့က တစ်ယောက် မျက်နှာ တစ်ယောက်လည့်ကြည့်လိုက်ကျသည်။
ငါသွားမယ် မာဟုန်တစ်ယောက် လုံထန့်၏ မျက်နှာ ချင်းဆိုင်သို့ ရောက်ရှိလာခဲ့သည်။
အရှင့်သား ။
အင်း ။
တိုက်ခိုက်ကြစို့ ။
လုံထန်လည်း ရှည်ရှည်ဝေးဝေး ပြောမနေပဲ သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ မာဟုန်ကလည်း သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
အရှင့်သားဂရုစိုက်ပါ။
မိုးကြိုးဓားချက် ...
ဂျိန်း ။
မိုးချိမ်းသံအလား ကျယ်လှောင်လှသော အသံကျယ်ကြီးနှင့်အတူတူ လျှပ်စီးများဖြင့် ဝန်းရံနေသော ကြီးမားသော ဓားကြီးတစ်ချောင်းက လုံထန်ရှိသို့ ပြေးဝင်လာခဲ့သည်။
မဆိုးဘူး။
လုံထန့်လည်း ခေါင်းညိတ်လိုက်သည်။ သူ၏ လက်တွင်ကိုင်ဆောင်ထားသော ဓားထံသို့ ဝိညာဉ်ချီစွမ်းအင်များ သွမ်းလောင်းလိုက်သည်။
မိုးကြိုးဓားချက် ......
လုံထန်လည်း တူညီသော ကျင့်စဉ်ကို ပင်သုံးကာ မာဟုန်၏ ဓားချက်ကို ပြန်လှည့်ကာ ခုခံတိုက်ခိုက်လိုက်သည်။
ဂျိမ်း။
ဂျိမ်း။
ဂျိမ်း။
မိုးခြိမ်းသံကြီး သုံးကြိမ် ကျယ်လှောင်စွာထွက်လာခဲ့ပြီး တောက်ပလွန်းတဲ့ အပြာရောင် ဓားအလင်းက မာဟုန်၏ ဓားအလင်းကို ထောပတ်တစ်ခုလား ပိုင်းဖြတ်သွားစေခဲ့သည်။
လုံထန်၏ ဓားချီ အလင်းတန်း မာဟုန်၏ မိုးကြိုးဓားကြီးကို တိုက်ရိုက်ဖျက်စီး စေခဲ့ပြီး လက်ကျန် စွမ်းအင်များက မာဟုန်ကို လွင့်ထွက်သွားစေခဲ့သည်။
ဟမ့် ။
ဘယ်လိုဖြစ်နိုင်မှာလည်း။
မာဟုန်တစ်ယောက် မယုံကြည့်နိုင်ဟန်ဖြင့် လုံထန့်ကို ကြည်လိုက်သည်။ အစမှ အဆုံးထိပင် တစ်ချက်လေးသာ လှုပ်ရှားခဲပြီး တော့သူ၏ ဓားချက်ကို ဖျက်စီးပြီးတော့ သူတို့လွင့်ထွက်သွားစေခဲ့သည်။
ဟူး ။
မာဟုန်က ဆက်မတိုက်ခိုက်တော့ပဲ လုံထန့်ကို ဦးညွှန်လိုက်သည်။
ကျွန်တော်မျိုးရူံးပါတယ် အရှင့်သား။
သူမှုရင်းခန္ဓာကိုယ်ပြောင်းပြီး တိုက်ခိုက်ရင်တောင်မှ လုံထန့်၏ အနီးကိုကပ်နိုင်ဖို့ မဖြစ်နိုင်သဖြင့် မာဟုန်က သူအကြောင်းသူသိ၍ လျင်မြန်စွာ အရူံးပေးလိုက်ခြင်းဖြစ်သည်