Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

လုံထန့်တစ်ယောက်သူ၏ မထိုးဖောက်နိုင်သော အကာကွယ် ဝတ်ရုံ၏ စွမ်းအားကို သံသယ မဝင်နိုင်လောက်အောင်ထိ ပင် အစွမ်းထက်သည့်ကို ယုံကြည်သွားခဲ့သည်။

သူ၏ အမြန်နူန်းကို မြင့်တင်လိုက်ပြီးနောက်တွင် ကျိုးရန်၏ အံအားသင့်နေသော အကြည့်များနှင့် မင်သက်နေချိန်မှာ လုံထန်ကသူ၏ နောက်ကျောသို့ရောက်ရှိသွားခဲ့သည်။

လုံထန်က သူ၏ လက်သီးကို ဆုပ်က ဘာသိုင်းကျင့်စဉ်၏ စွမ်းမှမပါပဲ ၊ သူ၏ ခန္ဓာကိုယ်စွမ်းကိုယ်သာ အသုံးပြုပြီး ထိုးချလိုက်သည်။

ဘုန်း ။

လုံထန်သူ၏ နောက်ကို ရောက်လာသည့်မှို မင်သက်အံဩနေသည့်ကြားက ထိတ်လန့်သွားပြီးနောက် လုံထန်၏ လက်သီးကို ချက်ကို သူ၏ လက်နှင့်ဖက်ကို ကြက်ချေခက်သဏ္ဍန်ပြုလိုက်ကာ ကာကွယ်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။

ဝုန်း ။

ကျိုးရန်တစ်ယောက် လုံထန်၏ လက်သီးချက်ပြင်းအားထန်လွန်းအားကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ကျိုးရန်၏ ခြေရာလမ်းကြောင်းတိုင်း မြေပြင်က စွတ်ကြောင်းရာကြီးတစ်ခုလိုဖြစ်သွားခဲ့ကာ အပျက်စီးများဖြင့် ပြည့်နက် သွားခဲ့သည်။

ကျိုးရန်တစ်ယောက် လုံထန့်ကို ထိတ်လန်စွာကြည့်လိုက်သည်။ လုံထန့်၏ လက်သီးချက်က ဘာသိုင်းကျင့်စဉ်၏ စွမ်းအားမှ မသုံးပဲ သူ၏ ခန္ဓာကိုယ်စွမ်းသာ အသုံးပြုပြီး ထိုးနက်ခဲ့မှန်းသိလည်း သိသည်။

ဒါပေမဲ့လည်း လက်သီးချက်၏ နောက်မှာ ပါလာသော စွမ်းအားက သူကိုယ်ပို၍ ထိတ်လန့်စေခဲ့သည်။ သူ၏လက်များမှာ တုန်ရင်နေခဲ့ပြီးတော့ လုံထန့်၏ လက်သီးနှင့် တိုက်ရိုက်ထိခံရသည့်နေရာက အညိုရောင်အသွင်သို့ပင်ပြောင်းသွားခဲ့သည်။

[ မှတ်ချက် ။ ။နဂါးတေရဲ့ ခန္ဓာကိုယ်က မာကြောမှုကြောင့် နမ်မည်ကြီးကျသည်။ သို့သော်လည်း လုံထန့်၏ လက်သီး စွမ်းအားက ကျိုးရန်၏ နဂါးခန္ဓာကိုယ်မာကြောမှုထက်ပို၍ မာကြောကြမ်းတမ်းသည့်ကို သိမြင်နိုင်သည်။}

ကျိုးရန်လည်း လုံထန်ကို ဦးညွှတ်ကာပြောလိုက်သည်။

ကျွန်တော်ရူံးပါတယ် အရှင့်သား ။

အင်း ။

နောက်တစ်ယောက် လုံထန့်က ကျန်ရစ်နေသော နှစ်ယောက်ကို ကြည့်လိုက်သည်။

ခွိုက်ရန် နှင့် မိုရှန်သာ ကျန်ရစ်နေတော့သည်။ သူတို့နှစ်ဦးက တစ်မျက်နှာတစ်ယောက်ကြည့်ကာ ဘယ်သူသွားမည့်ကို ပြောနေကျသည်။

သူတို့နှစ်ယောက်ကို ကြည်ကာလုံထန်လည်း တွေးလိုက်သည်။

လုံထန့်က သူ၏ မထိုးဖောက်နိုင်သော အကာကွယ်ဝတ်ရုံ၏ စွမ်းအားကို သိရှ်ိပြီးသည့်မို့ တစ်ယောက် ချင်းမတိုက်ခိုက်တော့ပဲ နှစ်ယောက်စလုံးနဲ တိုက်ခိုက်ရန် ပြောလိုက်သည်။

ကောင်းပြီ မင်းတို့ ဘယ်သူလာမလည်းလုပ်မနေနဲ့ နှစ်ယောက်စလုံးလာလို့ ရတယ် ။ လုံထန်က ပြောလိုက်သည်။

ဟမ့် ။

ခွိုက်ရန် နှင့် မိုရှန်လည်း လုံထန်ကိုကြည့်ကာ မယုံနိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။

အရှင့်သား နှစ်ယောက်စလုံးနဲ တပြိုင်ထဲ တိုက်ခိုက်မှာလား .?.။

ဟုတ်တယ်။

လုံထန်သန်မာသည့်မှာ မှန်ကန်သော်လည်း လုံထန့်၏ စကားကြောင့် ခွိုင်ရန်နှင့် မိုရှန်မှာ သူတို့၏ မာနကို ထိခိုက်သလို့ ခံစားလိုက်ရသည်။ သူတို့စိတ်ထဲမှာတော့ လုံထန်ကို မကျေမနပ်ဖြစ်နေခဲ့သည်။

လုံထန်က သူတို့၏ အတွေးများကို ဂရုမစိုက်ချေ။ သူတို့၏ မကျေနပ်ဖြစ်နေသော အမှုရာများကိုသတိထားမိသော်လည်း လုံထန်ကဂရုမစိုက်ချေ။ သူခွန်အားက သူတို့ထက်သာလွန်နေခဲ့သည်။ သူတို့ကို သဘောတူလက်ခံလာအောင် သူရိုက်နက်ပေးနိုင်သည်။

သူတို့ နှစ်ယောက်သူနှင့် တိုက်ခိုက်သည့်အခါ သူတို့က သူဟ စွမ်းအားကို နားလည်လာမည့်ဖြစ်သည်။

မင်းတို့ဘာလုပ်နေတာလည်း အရှင့်သားပြောတဲ့ စကားကို နားမကြားဘူးလား ။ အဘိုးကြီးဖေးက ခွိုက်ရန်နှင့် မိုရှန်ကို မျက်မှောင်ကြုပ်ကာပြောလိုက်သည်။ မင်းတို့က အရှင့်သား ပြုစုပျိုးထောင် ပေးထားတာကို မင်းတို့က သန်မာသလို့ ခံစားရလို့ အမိန့်ကို မနာခံချင်တာလား ။ အရှင့်သားက မင်းတို့ကို အမြင့်ကို မြင့်တင်ပေးနိုင်သလို့ ပြန်ပြီးတော့ ဆွဲချထားလို့လည်း ရတယ် နားလည့်လား ။

အဘိုးကြီးဖေး၏ စကားသံကြောင့် ခွိုက်ရန်နှင့် မိုရှန်လည်း ထိတ်လန့်သွားခဲ့သည်။

ခွင့်လွတ်ပါအရှင့်သား ။

ခွိုက်ရန်နှင့် မိုရှန်လည်း ထိတ်လန့်သွားပြီး ဒူးထောက်ကာ တောင်းပန်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များက ကြောက်ရွံမှုကြောင့် တုန်ခါနေခဲ့ပြီး ခန္ဓာကိုယ်အနှံ ချွေးအေးများ စီးကျနေခဲ့သည်။သူတို့အမှန်တစ်ကယ် အခုရက်တေ မောက်မာနေခဲ့ပြီးတော့ သူတို့ကို အခုလိုဖြစ်လာအောင် လုပ်ပေးခဲ့တဲ့သူကို မေ့နေခဲ့သည်။

ရပါတယ် ။

တိုက်ခိုက်ဖို့ ပဲ ပြင်ဆင်ပါ။

လုံထန့်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

သူစိတ်ထဲမှာတော့ ထိုနှစ်ကောင်ကိုသူ မှတ်လောက်သားလောက်အောက် ရိုက်နက်ပေးမည်ဖြစ်သည်။