လုံထန်၏ ဒေါသ။
Vol. 4 Ch. 54
ခွိုက်ရန်နှင့် မိုရှန်လည်း ထိုအခါမှ သာ သူတို့၏ ချွေးအေးများကို သုတ်လိုက်ကာ တိုက်ခိုက်ရန် အတွက် ထရပ်လိုက်သည်။
ဂရုစိုက်ပါအရှင့်သား။
အင်း ။
လုံထန်က စကားပြောပြီးသည့်နှင့် မြေသားဒြပ်စင်စွမ်းအားကို အသုံးပြုလိုက်သည်။
နဂိုက ငြိမ်သက်နေသော မြေသားကွင်းပြင်ကြီးက ပင်လယ်ထဲရှိ လှိုင်းကြပ်ခွပ် များအလား ဖြစ်လားခဲ့သည်။
ဒါကဘာဖြစ်တာလည်း ။
ခွိုက်ရန်နှင့် မိုရှန်လည်း ထိတ်လန့်သွားသည့်။
သတိထား ။
မိုရှန်က ခွိုက်ရန်ကို အော်ဟစ်သတိပေးလိုက်သည်။
ဟမ့် ။
ခွိုက်ရန်လည်း မိုရှန် ဘာလို့ သတိပေးလည်းသူမသိချေ။
ဟမ့် ။
သူ၏မျက်လုံးထဲတွင် ရိပ်ကခနဲ့ မြင်လိုက်သောလည်း ကာကွယ်ရန် ပြင်လိုက်ချိန်မှာ သူ၏ ဗိုက်ထံမှ နာကြင်မှုကို ခံစားလိုက်သည်။
ဘုန်း ။
ခွိုင်ရန်တစ်ယောက် သေချာသတိမထားမိလိုက်ချိန်မှာ လုံထန့်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။
လုံထန့်လည်း သူ၏ လက်သီးချက်များကို အကာကွယ်မဲ့နေသော ခွိုင်ရန်ထံသို့ အဆက်မပျက် ထိုးသွင်းလိုက်သည်။
ဘေးပတ်ဝန်းကျင်မှာ ရပ်ကာကြည့်နေသောများပင် ခွိုက်ရန်၏ အထိုးခံနေရပုံကို ကြည့်၍ သနားလာမိသည်။ အချို့က လည်းသူတို့ အထိုးခံရသည့်က အရှင့်သားကို အထင်သေးလို့ ဖြစ်သည်ဟု ပြောနေကြသည် ။
တစ်ချက်လေးမှပင် မကာကွယ်နိုင်ပဲ လုံထန့်၏ လက်သီးချက်များကြောင့် ခွိုက်ရန်၏ မျက်နှာက ညိုမဲ ဖောင်းကားလာခဲ့သည်။
လုံထန်၏ အထိုးခံရသည့်က သူကို အသည်းခိုက်လုမတက် နာကျင်လှသည့်အတွက်ကြောင့် အရူံးပေးရန် ပြင်ဆင်လိုက်သော်လည်း လုံထန်၏ လက်သီးချက်များက သူ၏ စကားသံထွက်ရန်ပင် အချိန်မပေးချေ။
ဘေးမှ ရပ်ကြည့်၍ မင်သက်နေသော မိုရှန်လည်း ခွိုက်ရန်၏ ခံနေရသော မြင်ကွင်းကြောင့် သူလည်း ထိတ်လန့်လာမိသည်။ ထွက်ပြေးလို့လည်း အဆင်မပြေသောကြောင့် မိုရှန်လည်း ခွိုက်ရန် တိုက်ခိုက်နေသော အချိန်တွင်းမှာ လုံထန်ကို တိုက်ခိုက်ရန်ပြင်လိုက်သည်။
သို့သော်လည်း သူ၏ ခြေလှမ်းများက ရွှေ့မရချေ။
ဟမ့် ။
ဘာဖြစ်တာလည်း ။
မိုရှန်တစ်ယောက် သူ၏ ခြေထောက်ကို ပြန်ကြည့်လိုက်ချိန်မှာ သူ၏ ခြေထောက်တေက မြေကြီးများထဲ သို့ နှစ်မြုပ်နေပြီး လှုပ်မရသည့်ကို သတိထားမိလိုက်သည်။
ငါတော့သွားပြီ။
ထိုအတွေးဝင်လာသည့်နှင့် သူ၏ မျက်လုံးထောင့်စွန်းမှ အရိပ်ကခနဲ့ အရိပ်တစ်ခုကို မြင်လိုက်သည်။
ဘုန်း ။
သူ၏ မျက်နှာထက်သို့ ပြင်းပြင်းထန်ကျရောက်လာသော လက်သီးကိုသာတွေလိုက်ရသည်။ လက်သီးနောက်မှ ပါလာသာ ပြင်းထန်သောခွန်းအားများကြောင့် သူ၏ နာကျင့်မှုက ခွိုင်ရန်တစ်ယောက် ခံစားဖူးသည့်အတိုင်း တစ်ပြားသားမှ မလျော့ချေ။
အချိန်အတော်ကြာသည့်အထိ လုံထန်လည်း သူ၏ လက်များဖြင့် သူတိုနှစ်ယောက်က စိတ်ကျေနပ်အောင် ရိုက်နက်ပြီးနောက်မှာ ရပ်တန့်လိုက်တော့သည်။
အထိုအချိန်မှာ ခွိုက်ရန်နှင့် မိုရှန်လည်း သက်သာရာရသွားပြီးတော့ မေ့မျောသွားခဲ့တော့သည် ။ သူတို့၏ တစ်ကိုယ်လုံးကလည်း ညိုမဲ့ဖူးရောင်နေပြီးတော့ လူရုပ်နှင့်ပင်မတူတော့ချေ။ [ အမှန်မှာ နဂါးရုပ်ပါ ၊ လူသားအသွင်တေနဲ့မှို့ လို့ လူရုပ်နဲ့မတူတော့ဘူးဖြစ်သွားတာပါ🤣။ ]
ဘေးနားပတ်လှည့်မှ ရပ်ကြည့်နေသူများမှာလည်း လုံထန်ကို ထိတ်လန်စွာကြည့်လိုက်သည်။ လုံထန်တစ်ယောက် ခွိုက်ရန်နှင့် မိုရှန်၏ အပြုမှုတေကြောင့် ဒေါသထွက်ကာ အခုလောက်ထိ ရိုက်နက်ခဲ့သည့်ကို သူတို့သိကြသည်။
သူတိုစိတ်ထဲတွင်လည်း လုံထန်ကို ဘယ်တော့ မှ ဒေါသထွက်အောင်မလုပ်မိစေဖို့ အတွက် သံဓိဓာန်ချလိုက်သည်။
အဘိုး ကျန်တာကို အဘိုးပဲ ဆက်လုပ်လိုက်တော့ ကျွန်တော်သွားတော့မယ် ။
နားလည်ပါပြီ အရှင့်သား ဒီအဘိုးကြီးနဲ့သာလွဲထားလိုက်ပါ။
ကောင်းပါပြီ ။
လုံထန်တစ်ယောက် ထိုနေရာမှ နေ၍ ပျံသန်းကာထွက်ခွာသွားခဲ့သည်။ သူလေ့ကျင့်ခဲ့သောတောင်ထံသို့ ဦးတည်သွားလိုက်သည်။ ဒီနေမှာ သူမြေသားဒြပ်စင်စွမ်းအားကို အသုံးပြုခဲပြီးနောက်မှာ သူရဲ့မြေသားဒြပ်စင်ကိုယ်စားပြုသည့် သားရဲ အမြေတေပေါ်မှ အညိုရောင်အလင်းက နည်းငယ် တောက်ပလာသည့်ကို တွေလိုက်ရသည့်အတွက် ထပ်မံလေ့ကျင့်ရန်အတွက်ဖြစ်သည်။
-------
လုံထန်ထွက်ခွာသွားသည့်နောက်မှာ အဘိုးကြီးဖေးက ခွိုက်ရန်နှင့် မိုရှန်မေ့မျောနေသော နေရာကို ကြည်ကာ ပြောလိုက်သည်။
သူတို့နှစ်ယောက်ကို ကုသပေးဖို့ခေါ်သွားလိုက်။ ပြီးရင် သူတို့အတွက် ပြစ်ဒဏ်အနေနဲ့ အရင်းမြစ်အထောက်ပံ့ တစ်လတိတိ ဖြစ်လိုက် အဘိုးကြီးဖေးက ပြောလိုက်သည်။
နားလည်ပါပြီ အထိန်းတော်ကြီး ။
အခုက ဘယ်သူပထမရလည်း ကျေညာပေးမယ် ။
မာဟုန်နှင့် ကျိုးရန်က အရှင့်သားနှင့် တိုက်ခိုက်တဲ့အခါမှာ ကျိုးရန်က မာဟုန်ထက်ပိုပြီးတော့ တိုက်ခိုက်နိုငိခဲ့တယ် ။ အဲဒီအတွက်ကြောင့် ကျိုးရန် ပထမ ၊ မာဟုန် ဒုတိယ ၊ တတိယက တော့ ဟိုနှစ်ယောက် သတိရလာမှ သူတို့ ကို ထပ်ပြီး တိုက်ခိုင်းပြီး ရွှေးချယ်လိုကိတော့မယ် ။