← Chapters

မြေကမ္ဘာသားရဲ အဆင့်သုံး ။

Vol. 4 Ch. 55

မြေကမ္ဘာသားရဲ အဆင့်သုံး ။

Vol. 4 Ch. 55

အဘိုးကြီးဖေးက ပထမ ရသူကျိုးရန်ကို နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့၏ ခေါင်းဆောင်ရာထူးနှင့် ကြယ်ခြောက်ပွင့် အဆင့်မြင့် ကျင့်စဉ်တစ်ခုကို ပေးအပ်ခဲ့သည်။

ဒုတိယ ရသူဖြစ်သည့် မာဟုန်ကိုလည်း နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့၏ ဒုခေါင်းဆောင်ရာထူးနှင့် အတူတူ ကြယ်ခြောက်ပွင့် အလယ်လတ် ကျင့်စဉ်တစ်ခုကို ပေးအပ်ခဲ့သည်။

ကဲဒီနေ့တော့ ဒီလောက်ပဲ အားလုံးလူစုခွဲလို့ရပြီ ။ အဘိုးကြီးဖေးက ဆုလဒ်များကို ပေးအပ်ကျေညာပြီး ချိန်မှာ စစ်သည့်များအားလုံးကို အုပ်စုခွဲစေခဲ့သည်။

-------

ဤအချိန်တစ်ဖက်မှတော့ -----

သွေးမြို့တော်မှ နေ၍ ပြေးထွက်လာသောလုံထန်မှာ သူလေ့ကျင့်ခဲ့ဖူးသော တောင်သို့ ပြန်လည့်ကာ ရောက်ရှိလာခဲ့သည်။

တောင်၏ ထိပ်တွင်အရင်က ထိုင်ခဲ့ဖူးသော နေရာတွင် ထိုင်ချလိုက်ပြီးနောက် ခွိုက်ရန်နှင့်မိုရှန်ကို တိုက်ခိုက်ခဲ့ချိန်မှာ သူက မြေသားဒြပ်စင်စွမ်းအားကို အသုံးချခဲ့ပြီးနောက်တွင် မြေသားဒြပ်စင်စွမ်းအားကို အနည်းငယ်ပို၍ နက်ရှိုင်းရှိုင်း သဘောပေါက်လာသည့်ကို သတိထားမိခဲ့သည်။

မြေပြင်ထက်၌ မျက်လုံးကိုမှိတ်ကာ စိတ်ကို ရှင်းလင်းသွားစေပြီးနောက်တွင် ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏ မြေသားဒြပ်စင်ကျင့်ကြံရာအညွှန်းတိုင်း လိုက်လံကာ ထပ်မံကျင့်ကြံခဲ့သည်။

ဤသည့်အချိန်မှာ လျှင်မြန်စွာဖြင့်ကုန်ဆုံးသွားခဲ့သည်။

အချိန်ကလျှင်မြန်စွာကုန်ဆုံးသွားစေမှုကြောင့် တစ်ပတ်ခန့်အချိန်သို့ ရောက်ရှိသွားခဲ့သည်။

ဘုန်း ။

လုံထန်လေ့ကျင့်နေသည့်တောင်ကို အလည်၌

မှုတည့်၍ ပတ်ဝန်းကျင့်နေရာအနှံအပြားသို့ ဖိနှိပ်လို့သော စွမ်းအင်များအငွေ့သတ်များက နေရာရာအနှံသို့ ပျံနှံကာ ရောက်ရှိသွားခဲ့သည်။

လုံထန်လည်း ထိုအချိန်မှာ မျက်လုံးကိုဖွင့်လိုက်သည်။ ထိုအချိန်မှာ သူ၏ စွမ်းအင်များက မြေကမ္ဘာသားရဲ အဆင့်သုံး၏ အဆင့်နိမ့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်

၏ ပြောင်းလဲမှုများကို လိုက်လံစစ်ဆေးကြည့်ရှုနေချိန်မှာ သူ၏ သွေးသားဆဲတစ်ခုစီတိုငိးက ပေါက်ကွဲခါနီးတာဆူနေသော မီးတောင်ကြီးတေနှင့်ပင် အလားသဏ္ဍန်တူညီနေကာ စွမ်းအင်များနှင့် ပြည့်နက်နေခဲ့သည်။ သူ၏ စွမ်းအင်များက နဂိုထက်ပင်ပို၍ သန့်စင်ကာ သိပ်သည်းနေပြီးတော့ အရင်ကထက် ဆယ်ဆခန့်လောက်ပို၍ အစွမ်းထက်နေသည့်ကို သတိထားမိလိုက်သည်။

သူ၏ သားရဲအမြူတေပေါ်ရှိ မြေသားဒြပ်စင်စွမ်းအားကိုကိုယ်စားပြုသည့် အညိုရောင်အလင်းမှ မီးကိုယ်စားပြုသည့် အနီရောင်လင်း ၊ရေကို ကိုယ်စားပြုသည့် အပြာရောင် အလင်းတို့ ထက်အနည်းငယ်သာ ပို၍ အားနည်းမှိန်ဖျော့နေတော့သည်။

ဒီခုနှစ်ရက်လေးအတွင်းမှာတင် သူအဆင့်သေးငယ်လေး သုံးခုစာလောက်ထိ ခုန်တက်သွားခဲ့သည်။ သူ၏ အကျင့်ကြံမှု အမြန်နူန်းက ပါရမီရှင်ဆိုသည့် လူအားလုံးကို တောင်ပင် နောက် ကောက်ချထား နိုင်ခဲ့သည်။

ဟူး ။

လုံထန်လည်း သူ၏ ကိုယ်တွင်းရှိလေပူများကို မှုတ်ထုတ်လိုက်ပြီးနောက် ထိုင်နေရာမှ ထကာ ရပ်တန့်လိုက်သည်။

နောက်ဆုံးတော့ ငါလေ့ကျင့်နေတာ ခုနှစ်ရက်တောင် ကြာသွားပြီပဲ။ လုံထန်လည်း တောင်၏ထိပ်မှ နေ၍ အောက်ဘက်မှရှိနေသော ရှုခင်းများကို ကြည့်ကာ သူတစ်ဦးထဲကြားနိုင်မည် အသံဖြင့်ရေရွက်လိုက်သည်။

အခုချိန်က သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်ကို ဝင်ရောက်ဖို့ အချိန်ရောက်ပြီ ။ မျိုးနွယ်စု အသီးသီးက ပါရမီရှင် မွန်းစတားဆိုတဲ့ ကောင်တေကို တွေ့ဖို့ မချိန်ရောက်ပြီပေါ့။ မင်းတို့ အရမ်းအားနည်းနေဖို့ ငါမျော်လင့်ပါတယ် ။

လုံထန့်လည်း ရီမောကာဖြင့်ပြောလိုက်သည်။

ဝုန်း ။

သူ၏ မြေကမ္ဘားသားရဲ အဆင့်သုံးအရှိန်ဝါအပြည့်ဝကို ထုတ်လွတ်လိုက်ရာ သူရပ်နေရာ ပတ်ပတ်လည့်ရှိ မြေပြင်မှာ အက်ကြောင်းရာများဖြင့် ပြည့်နက်လာခဲ့သည်။

ဘုန်း ။

လုံထန့်တစ်ယောက် သူ၏ရပ်တန်သည့်နေရာမှမြေပြင်ကို အားပြုကာ ကောင်းကင်ထက်သို့ ခုန်တက်လိုက်သည်။ အောက်ဘက်ရှိမြေပြင်ကြီးမှာတော့ တောင်ထိပ်မှ နေ၍ တောင်အောက်ခြေထိ ရှည်လျားသော အက်ကွဲကြောင်းကြီးများဖြစ်ပေါ်လာစေခဲကာ တောင်ကြီးကို တုန်ခါသွားစေခဲ့ပြီး အက်ကြောင်းကြီးများ၏ အနက်မီတာက ဘယ်လောက်ရှိသည့်ကိုဘယ်သူမှ တွေးနိုင်မည် မဟုတ်ချေ။

လုံထန်လည်း သွေးမြို့တော်ထံသို့ ဉီးတည်ကာ ပျံသန်းသွားတော့သည်။ အရင်က အချိန်တစ်နာရီ နည်းပါးပျံသန်းခဲရပြီးတော့ ၊ အခုချိန်မှာတော့ အချိန်နာရီဝတ်ခန့်ကို သာ အသုံးပြုပျံသန်းခဲ့ရသည်။

လုံထန်သွေးမြို့တော်သို့ ပြန်ရောက်သည့်နှင့် အဘိုးကြီးဖေးကလုံထန်ရှိသို့ ရောက်ရှိလာခဲ့သည်။

အရှင့်သား ။

ဪ ။ အဘိုးကျန်တဲ့ အားလုံးအဆင်ပြေရဲ့လား ။ လုံထန်က အဘိုးကြီးဖေးကိုကြည့်၍ မေးလိုက်သည်။

အဆင်ပြေပါတယ် အရှင့်သား ။

သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်ကို ဝင်ရောက်လို့ ရပါပြီ အရှင့်သား ။ အဘိုးကြီးဖေးက သူ၏လာရင်း အကြောင်းကိစ္စကို အသိပေးကာလုံထန်အား ပြောလိုက်သည်။

ကောင်းပြီလေ ။

ဒါဆိုလည်း သွားကြတာ့ပေါ့ လုံထန်လည်း အဘိုးကြီးဖေးအားပြောလိုက်သည်။

အဘိုးကြီးဖေး ဦးဆောင်ကာ လုံထန်အား သွေးမြို့တော်ထံမှ ရှိနေသည့် ရွှေရောင် အလင်းတန်းကြီးရှိသို့ ခေါ်ဆောင် သွားခဲ့သည်။

လုံထန်ရောက်သွားချိန်မှာ နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့တစ်ခုလုံးလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ အဲတာအပြင် အမှောင်ထုဝံပုလွေမျိုးနွယ်စုနှင့် လျှပ်စီးဝံပုလွေမျိုးနွယ်စုတို့၏ မြေကမ္ဘာသားရဲ အဆင့်များနှင့် သားရဲသခင် အဆင့်မြင့်အဆင့်အများပြားကိုလည်း သားရဲ နတ်ဘုရားစမ်းသပ်ကွင်းပြင်ထံသို့ ဝင်ရောက်ကာ သူတို့ ၏ အခွင့်လမ်းများကို ရှာဖွေ့ရန် လာပါဝင်ရန် ပြင်ဆင်နေတာကို တွေလိုက်ရသည်။

အရှင့်သား ။

လုံထန်ကို မြင်သည့်နှင့် အားလုံးကလည်း ဦးညွှတ် နှတ်ဆက်လိုက်ကြသည်။

အင်း ။

အဆင်ပြေသလိုနေပါ ။ လုံထန်က သူ၏ လက်ကို ထောင်ပြလိုက်ပြီး အားလုံးကို ပြန်ပြောလိုက်သည်။

All Chapters