← Chapters

သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်သို့ ဝင်ရောက်ခြင်း ။ များပြားလွန်းလှသော သားရဲမျိုးနွယ်စုများ။

Vol. 4 Ch. 56

သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်သို့ ဝင်ရောက်ခြင်း ။ များပြားလွန်းလှသော သားရဲမျိုးနွယ်စုများ။

Vol. 4 Ch. 56

လုံထန်က သူတို့အားလုံးက ကြည့်ကာ စကားပြောပြီးသည့်နှင့် အဘိုးကြီးဖေးကို ကြည့်ကာ မေးလိုက်သည်။

အဘိုးဝင်လို့ ရပြီလား ။

ရပါပြီ အရှင့်သား ။

ဒါဆိုဝင်ကြတာပေါ့ ။

အဘိုး သွေးမြို့တော်ကို စောင့်ရှောက်ပေးထားပါအုန်း ။

စိတ်ချပြီးသွားပါ အရှင့်သား ။ ဒီအဘိုးကြီးသေချာချာ ဂရုစိုက် စောင့်ရှောက်ထားလိုက်ပါမယ်။ အရှင့်သားလည်း ဂရုစိုက်ပါ ။

ကောင်းပါပြီ အဘိုး ။

လုံထန်လည်း အဘိုးကြီးဖေးကို လိုအပ်သည့်များ မှာကြားပြီးသည့်နှင့် သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်အတွင်းသို့ ဝင်ရောက်လို့်ရသည့် ရွှေရောင်အလင်းတန်းကြီး ထံသို့ ဦးတည်ကာ ဝင်ရောက်လိုက်သည်။

လုံထန်အရှေဆုံးမှ ဝင်ရောက်ပြီးသည့်နှင့် နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ့ဝင် တစ်ထောင်ကို ဦးဆောင်၍ ကျိုးရန်လည်း ဝင်ရောက်လိုက်သည်။ သူတို့၏ နောက်မှ အခြားမျိုးနွယ်စုများ၏ မြေကမ္ဘာသားရဲ အဆင့်နှင့် သားရဲသခင် အဆင့်မြင့်အဆင့်များ ဝင်ရောက်ကြသည်။

[ မှတ်ချက် < > သားရဲသခင်အဆင့်မြင့်အဆင့်လို့ခေါ်ရတာက သူတို့က သားရဲသခင်အဆင့်ရှစ်သို့မဟုတ် အဆင့်ကိုးသို့ရောက်ရှိနေလို့ပါ ။ ဘယ်အဆင့်သို့ ရောက်ရှိနေဖြစ်ပါစေ အဆင့်ခြောက်၏ အထက်ကို အဲဒီအဆင့်ရဲ့ အဆင့်မြင့်ကျင့်ကြံသူလို့ ခေါ်လို့ရပါတယ်။

ဉပမာ ။ အဘိုးကြီးဖေးက အခုချိန်မှာ သားရဲဘုရင်အဆင့်ခုနှစ်ကျင့်ကြံသူတစ်ယောက်ပါ သူကိုယ်လည်း သားရဲဘုရင်အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်လို့ခေါ်လို့ရပါတယ် ။

ဖတ်ရှုနေရင်း ရှုပ်သွားမှာဆိုးလို့ပါ ။ 😅 ]

သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်သို့ဝင်ရောက်သွားသော သူများအားလုံး ဝင်ရောက်ပျောက်ကွယ်သွားသည့် အထိ အဘိုးကြီးဖေးလည်း လိုက်လံကာ ကြည်နေခဲ့သည်။

အရှင့်သား ဂရုစိုက်ပါ ။ အဘိုးကြီးဖေးက သူကိုယ်သူ ကြားရုံဖြင့်ရေရွတ်လိုက်သည်။

အထိန်းတော်ကြီး အရမ်းစိတ်မပူပါနဲ။ အရှင့်သားက ဒီလောက် သန်မာတာ သူကိုယ်ထိခိုက်အောင် လုပ်နိုင်မည့်သူ ရှိမှာမဟုတ်ဘူး ။ စစ်သူကြီး လင်းယု က အဘိုးကြီးဖေးကို ပြောလိုက်သည်။

-------

အခြားတဖက် .....

လုံထန် ရွှေရောင်အလင်းတန်းကြီးထဲဝင်ရောက်သွားနှင့် သူ၏ မြင်ကွင်းများအားလုံးက အမှောင်တိကျ သွားခဲ့သည်။

သူ၏ မြင်ကွင်းမှာ ပြန်လည့်ကာ ရှင်းလင်းလာချိန်မှာ သူတို့က ကြီးမားကျယ်ပြန့်သော ကွင်းပြင်ကြီး အတွင်းသို့ ရောက်ရှိနေသည့်များကို တွေ့လိုက်ရသည်။

ကွင်းပြင်ကြီးတစ်ခုလုံး ရှေးဟောင်းအငွေ့သတ်တေ ထုတ်လွတ်နေခဲ့ပြီးတော့ အဆုံးမရှိကျယ်ပြန့်လှသည့်ဟုပင်ထင်မှတ်ရသည်။

ကွင်းပြင်အတွင်းထဲတွင် သူလို့မျိုး ရောက်ရှိလာကြသူ အများပြားလည်းရှိနေခဲ့သည်။

အချို့ကသားရဲ၏ မှုရင်း ခန္ဓာကိုယ် များနှင့်ဖြစ်ကြသလို့ အချို့မှာလည်း လူသားခန္ဓာကိုယ်များ အသွင်ပြောင်းလဲ ထားခဲ့ကျသည်။

အို့။

ဒါဘယ်သူများလည်းလို့ ငါတို့ရဲ့ အသုံးမကျတဲ့ မောင်ငယ်လေးပါလား ။

လုံထန်တစ်ယောက်ကွင်း ပြင်ထဲမှာ ရှိသော အခြားသော မျိုးနွယ်စုဝင်များကို လိုက်လံကာ စူးစမ်း စစ်ဆေးကြည်နေချိန်မှာ သူ၏ ဘေးမှ နေ၍ လှောင်ပြောင် ပြောဆို လိုက်သံကို ကြားလိုက်ရသည်။

ဟမ့် ။

လုံထန်လည်း အသံလာရာထံသို့ ကြည့်လိုက်ရာတွင် အသက် နှစ်ဆယ် ခန့်အရွယ်ရှိသော မိန်းမလှလေးကို တွေမြင်လိုက်ရသည်။ သူမ၏ နောက်တွင်လည်း မိုးပြာနဂါးမျိုးနွယ်စုမှ လူများလိုက်ပါလာခဲ့ကြသည်။ အားလုံးက လုံထန်ကို ကြည့်၍ အထင်သေးသလို့ မတူသလို မတန်သလို့ မျက်နှာထားမျိုးနဲ့ ရှိနေခဲ့ကြသည်။

အမတော်နှစ် လုံဟွမ်အာ ။

မိဖုရားကြီး၏ ဒုတိယ သမီး ။

မိုးပြာနဂါး အင်ပါယာမှ တုန်းက သူကိုယ်အမြဲလို့လို နိမ့်ချစော်ကားလေ့ရှိပြီး ။ အမြဲတမ်းလိုလို့ လာရောက်အနိုင်ကျင့်လေ့ရှိသည်။

လုံထန်က သူမ၏ စကားပြောဆို့မှုကို မျက်ကွယ်ပြုကာ နေလိုက်ပြီး အခြားမျိုးနွယ်စုများကို လိုက်လံကာ စစ်ဆေးရန်ပြင်လိုက်သည်။

ဟမ့် ။

မင်းက အရှင့်သမီးတော် စကားပြောနေတာကို နားမကြားဘူးလား ။ ပြန်ပြောဖို့ အတွက် ပါးစပ်မပါဘူး လား ။

လုံဟွမ်အာ၏ နောက်မှ ရပ်တန့်နေသော အမျိုးသမီး တစ်ယောက်က လုံထန်ကို လက်ညိုးထိုးက စော်ကားပြောဆိုလိုက်သည်။

အိုး ။

နင်ကငါကို့ပြောတာလား ။ လုံထန်က ရီမောလိုက်ပြီး သူကိုယ်ပြောသည့် အမျိုးသမီးကို မေးလိုက်သည်။ အစတုန်းက လုံဟွမ်အာ၏ ဘေးမှာ အမြဲတန်းကပ်ဖားရပ်ဖား လုပ်လေ့ရှိသည်။ ဝန်ကြီးများ၏ သမီးများနှင့် မူးမက်အချို့၏ သမီးများနဲ့ မပတ်သက် ချင်သော်လည်း ပဲ သူကို့ လာရောက်စော်ကားနေခဲ့သည်။

အရင်လုံထန်ဆိုရင်တော့ ပြန်မပြောပဲ သူတို့ ပြောသည့်များကို ငြိမ်ခံနေကာ ခေါင်းငြိမ့်လိုက်မည့် ဖြစ်သည်။ အခုလုံထန်က တော့ မတူ ချေ။ သူတို ရန်စ၍ မရသော တည်ရှိမှု ဆိုတာကို ပြသပေးသင့်သည်။

ဟမ့် ။

နင်ကိုယ်နင့် အရင်တုန်းကလို့မျိုးမင်းသား တစ်ပါးလို့ ထင်နေသေးတာလား ။ ထိုအမျိုးသမီးက နှာခေါင်းချုံကာ ထပ်ပြောလိုက်သည်။

အရှင့်သမီးတော်ကိုတောင်မှ ခန့်လေးစား လုပ်ရဲနေတယ် ပေါ့ ။ အောက်တမ်းစား တေက ဒီလိုပါပဲ ။

ဟားဟား ။

လုံဟွမ်အာ နှင့် အတူတူ ပါလာသည့် လူဆယ်ယောက် ကျော်က ထိုအမျိုးသမီးပြောသည့် စကားကြောင့် လုံထန့်ကို ကြည်ကာ လှောင်ပြောကာ ရီမောကြသည့် ။

လုံဟွမ်အာကလည်း သူနောက်ကအမျိုးသမီးက လုံထန့်ကို အခုလို ပြောသည့်ကို မတားမည့်အပြင် သူမကပါ ပျော်ရွှင်စွာရီမောနေခဲ့သည်။

လုံထန်၏ နောက်မှ ကျိုးဟွမ်က တိုက်ခိုက်ရန်ပြင်လိုက်ချိန်မှာ အရိပ်တစ်ခု ပြေးထွက်သွားသည့်ကို တွေလိုက်ရသည်။

လုံထန်က သူ၏မြေကမ္ဘာသားရဲ အဆင့်သုံးစွမ်းအားပြည့် ထဲသွင်းထားသော လက်သီးဖြင့်သူကိုယ် လှောင်ပြောင်ရီမောကာ ပြောဆိုနေသော အမျိုးသမီးကို ထိုးချလိုက်သည် ။

ဘုန်း ။

ထိုအမျိုးသမီးက လှောင်ပြောင်ရီမောနေရင်းဖြင့် သူကိုယ် ထိုသို့ တိုက်ခိုက်လာမည်ကို မထင်ထားခဲ့ချေ။ အရင်တုန်းကလည်း ထို့သို့ပင် သူတို့ စော်ကားမောက်မာခဲ့တာပဲဖြစ်သည်။

လုံထန်၏ လက်သီး၏ စွမ်းအားပြင်းထန်မှုကြောင့် ထိုအမျိုးသမီး၏ ရင်ဘက်မှာနေ၍ နောက်ကျောထိပါ ပေါက်ထွက်သွားခဲ့သည်။သူမ၏ ရင်ဘက်မှ နာကျင်မှုကိုခံစားလိုက်ရပြီးတော့ သွေးများကလည်း အတိုင်းဆမရှိအောင် စီးကျလာခဲ့သည်။ [ ရင်ဘက်ကို ထိုးရတယ်လို့ကွာ တစ်ကဲ့ကောင်လုံထန်ပဲ 😅]

လုံထန် ကထိုအမျိုးသမီး၏ မယုံကြည့်နိုင်ဟန် ဖြစ်နေသော မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။ အမျိုးသမီးဖြစ်လို့ ငါက မသတ်ဘူး ထင်နေတာလား ။

သူ၏ လက်ကို ပြန်၍ ဆွဲနှတ်လိုက်ရာ အသက်မဲ့နေသော ထိုအမျိုးသမီး၏ အလောင်းကို ပြန်ကာမကြည့်ပဲ သူ၏ လူတေ ရှိသည့်နေရာသို့ ပြန်သွားလိုက်သည်။

လုံဟွမ်အာနှင့် သူလူများက သူတို့အရှေရှိမြင်ကွင်းကြောင့် တိတ်ဆိတ်သွားကြသည်။

All Chapters