Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

ပတ်ဝန်းကျင်ရှိ လူတွေ က လည်း အော်ဟစ်ဆူညံသံများကြောင့် လုံထန်တို့ အုပ်စုရှိရာ ဘက်သို့ အာရုံစိုက်လာကြသည်။

အို့ ။

အဲတာ မိုးပြာနဂါးမျိုးနွယ်စုကပဲ သူတို့အချင်းချင်း အတွင်းပြဿနာဖြစ်နေတယ် ထင်တယ် ။

ဟားဟား။

ပွဲကောင်းကြည့်ရတာပေါ့ ။

အားလုံးကပျော်ရွှင်စွာဖြင့် နောက်ဖြစ်လာမည့်အရာများကို စောင့်မျော်နေကြသည်။

အချိန်အချို့ကြာပြီးနောက်တွင် လုံဟွမ်အာတို့ အုပ်စုက သူတို့အရှေရှိမြင်ကွင်းကို ကြည့်၍ သတိပြန်ဝင်လာခဲ့ကြသည်။

မင်းဘယ်လိုတောင် မူးမက်နွန့် ရဲ့သမီးကို သတ်လိုက်ရဲတာလည်း လုံဟွမ်အာ က ဒေါသထွက်သတ်ဖြတ်လိုသောအကြည့်ဖြင့် လုံထန်ကို ကြည့်၍ အော်ဟစ်လိုက်သည်။

ဟမ့် ။

မင်းတို့အရင်ကို လာပြီးတော့ ရန်စမစော်ကားရင် ငါဘက်ကလည်း ငါလှုပ်ရှားရဲဘူးလို့ နင်ထင်နေတာလား အမတော်နှစ် ။ ငါက နင်ကိုယ်ပါ မသတ်ဘူးလို့ တွေးနေတာတော့ မဟုတ်ပါဘူးနော် ။ အမတော်နှစ် လုံဟွမ်အာ ။

လုံထန်က လုံဟွမ်အာ၏ အမည်ကို တစ်ခွန်းချင်းစီ ခေါ်လိုက်ရင်းဖြင့် အေးစက်နေသော သူ၏ မျက်လုံးများထဲမှာ သတ်ဖြတ်ချင်စိတ်များကို အတိုင်းသား ထုတ်လွတ်ထားခဲ့သည်။

လုံဟွမ်အာလည်း လုံထန်၏ ပြောင်းလဲသွားမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကာ သူမ၏ မျက်နှာဖြုလျော့သွားခဲ့သည်။

အရင်တုန်းက သူမစိတ်ရှိတိုင်း ရန်စစော်ကားခဲ့တဲ့ အမှိုက်လို့ ကောင်က သူမကို အခုလို ပြန်စော်ကားခံလိုက်ရခြင်းက သူမကို ဒေါသထွက်စေသော်လည်း ပဲ လုံထန် ၏ အကြည့်က သူမကို ကျောချမ်းစေခဲ့သည်။

ဟမ့် ။

နင်ဘယ်လောက်ထိ မောက်မာနိုင်မလည်း ငါသိချင်သေးတယ် ။ အပြင်ဘက်သို့ ပြန်ရောက်ရင် နင်လို့ ဖြေရှင်းချက် ပေးမလို့ဆိုတာ ငါသိချင်သေးတယ် ။

သွားမယ် ။

လုံဟွမ်အာက သူမ၏ နောက်လိုက်များကို ဦးဆောင်က လုံထန်တို့နှင့် ဆန်ကျင့်ဘက်အရပ်သို့ ဦးတည်သွားလိုက်သည်။

------------

ဟမ့် ။

ဒီလို့နဲပြီးသွားပြီ လား။

စိတ်ပျက်စရာပဲ ။ ငါက ပွဲကြီးပွဲကောင်းဖြစ်လာမယ် ထင်နေတာ ။ အခြားမျိုးနွယ်စုဝင်များမှာ လုံထန်တို့အား ကြည့်၍ သူတို၏ ခေါင်းကို စိတ်ပျက်စွာဖြင့် ခါရမ်းကာပြောလိုက်သည်။

--------

အရှင့်သမီး ။

မင်းသားခြောက်က အခုလို မောက်မာလာတာကို အရှင့်သမီး ပြန်ပြီးတော့ လက်စားမချေတော့ဘူးလား ။ လုံဟွမ်အာ၏ နောက်လိုက်များက လုံဟွမ်အာကို ကြည့်၍ မေးလိုက်သည်။

ဟမ့်။

အဲဒီအစေခံမသားက ဒီလောက် မောက်မာလာတာ ငါသူကို လက်စားမချေပဲ နေစရာလား ။ နင်တို့ဘာမှ တွေးနေစရာမလို့ ဘူး ငါအစီစဉ်နဲ့ ငါရှိတယ်။

ဒီကိစ္စကိုယ်မတွေးနဲတော့။ လောလောဆယ်ငါရဲ့ မောင်ငယ်လေး ခြောက်ကို လွတ်ထားပေးလိုက်အုန်း ။ အရေးကြီးတာ သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်ကို ဝင်ရအုန်းမယ်။ အဲဒီက ထွက်လာတဲ့ အချိန်မှ သူကိုယ် ကိုင်တွယ်လို့ ရှိရင်လည်း နောက်မကျသေးပါဘူး။

နားလည်ပါပြီ အရှင့်သမီး ။

ဤသို့ဖြင့် လှုပ်ရှားစရာများက အေးဆေးဖြင့်ပြီးသွားခဲ့သည်။ လုံဟွမ်အာ၏ နောက်လိုက်များကလုံထန် တို့အုပ်စုကို သတ်ဖြတ်ချင်သည့် အကြည့်များဖြင့် လိုက်လံကြည့်နေသော်လည်း သွား၍ ပြဿနာမရှာကျချေ။

-------

လုံထန်တို့အုပ်စုကလည်း ထိုအကြည့်များကြောင့် ဒေါသများ ထွက်လာခဲ့သည်။

အရှင့်သား အမိန့်ပေးလိုက်ပါ။ ကျွန်တော် အဲဒီကောင်တေကို အပြတ်ရှင်းလိုက်ပါမယ် ။ ကျိုးရန်က ဒေါသတကြီးဖြင့် လုံဟွမ်အာ နောက်လိုက်များ၏ အကြည့်များကို ပြန်လည်စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

ဟားဟား ။

စိတ်လျော့ ပါ အချိန်မကျသေး ။ သူတို့ကိုယ် ဂရုစိုက်မနေနဲ့ လုံထန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

-------

အချိန်တေကြာလာသည့်နှင့် အမျှ မျိုးနွယ်စု အမျိုးမျိုးလည်း ရောက်ရှိလာကြသည်။

မြောက်ပိုင်းဒေသ ရှိ ဖီးနစ်မျိုးနွယ်စု ၊ မီးငှက်မျိုးနွယ်စု ၊ ကောင်းကင်ဝါးမြို့စာငှက် ၊ ရွှေဂဠုန် မျိုးနွယ်စုတို့လည်း ရောက်ရှိလာကြသည်။

တောင်ပိုင်းဒေသရှိချီလင်မျိုးနွယ်စု ၊ ကျားဖြုမျိုးနွယ်စု ၊ ကောင်းကင်မြေခွေးမျိုးနွယ်စု ၊ နတ်ဆင်မျိုးနွယ်စု များလည်း ရောက်ရှိလာကျသည်။

အနောက်ပိုင်းဒေသရှိ ကောင်းကင်ဝါးမြို့စပါးအုန်းမျိုးနွယ်စု ၊ခေါင်းကိုးလုံးမြွေနဂါးမျိုးနွယ်စု ၊ နတ်မိချောင်းမျိုးနွယ်စု၊ လိပ်နက်မျိုးနွယ်စုများလည်း ရောက်ရှိလာကြသည်။

[အနောက်ပိုင်းတိုက်ကြီး အရှေပိုင်း ဒေသတစ်ခုလုံးကို နဂါးမျိုးနွယ်စုမျိုးစုံက အုပ်စိုးတာပဲ ဖြစ်ပါတယ် ။ ရှုပ်သွားမှာဆိုး အခုပြောခဲ့တဲ့ မျိုးနွယ်တေက သူတ်ို ရဲ့ ဒေသမှာ အင်အားအကြီးဆုံးမျိုးနွယ်စုတေပါ ]

မျိုးနွယ်စုများက တဖွဲ့ဖွဲ့ဖြင့် ဆက်လက်၍ ရောက်ရှိလာနေကြသေးသည်။ လုံထန်လည်း ရောက်နေကြသော မျိုးနွယ်စုတိုင်း၏ စွမ်းအားများကို သေချာ လေ့လာစမ်းစစ်ကြည့်နေခဲ့သည်။