← Chapters

သရဲမျက်နှာသစ်ပင် နှင့်တိုက်ခိုက်ခြင်း။

Vol. 5 Ch. 59

သရဲမျက်နှာသစ်ပင် နှင့်တိုက်ခိုက်ခြင်း။

Vol. 5 Ch. 59

လုံထန်သူရှိနေသည့် တောအုပ်ကြီး၏ အနက်ရှိုင်းဆုံး အတွင်းပိုင်းသို့ ဝင်ရောက်လာချိန်မှာ သူရှိရာ အရပ်နှင့် မီတာ တစ်ရာအဝေးတွင် တုန်ကင် ရှိနေသည့်ကို အပြင်ဘက်တွင် ပြောခဲတဲ့ အသံတိုင်းအာရုံခံမိလိုက်သည်။

ဟားဟား ။

ငါရဲ့ကံတော်တော်ကောင်းတာပဲ အချိန်ခနလေး နဲ့ ပထမဆုံး တုန်ကင်ကိုယ် ရှာတွေတာပဲ ။ လုံထန်တစ်ယောက်သူကိုယ်သူ ကြားရုံဖြင့် ရေရွတ်လိုက်သည့် ။

သွားကြည့်ရတာပေါ့ ။

လုံထန်တစ်ယောက် သူနှင့် မီတာတစ်ရာ အကာကွယ်ဝေးမှာ တည်ရှိနေသည့် တုန်ကင်ရှိရာထံသို့ ဦးတည့်ပျံသန်းသွားလိုက်သည်။

မီတာတစ်ရာအကာဝေးက သူအတွက် အချိန်အများကြီးမယူရချေ။ အသက်ရှုချိန် အနည်းငယ်အတွင်းနဲ တင်ရောက်ရှိသွားခဲ့သည်။

ဟမ့် ။

ဘယ်မှာလည်းတုန်ကင် လုံထန်တစ်ယောက် လိုက်လံရှာကြည်သော်လည်း ကြီးမားသော သစ်ပင်ကြီးများရှိနေသည့်မှ လွဲ၍ အခြားအရာများရှိနေခဲ့ချေ။ တုန်ကင်နဲ့ တူညီသည့်အရာဆို ဝေးလာဝေးလှသည်။

ငါပဲမှားတာလား လုံထန်တစ်ယောက် သူဟာသူပြန် တွေးနေခဲ့သည်။

ထိုအစဉ် ......

လုံထန် ရပ်နေသည့် နေရာရှိမြေပြင်က ကြမ်းတမ်းစွာတုန်ခါလာခဲ့သည်ကို လုံထန်ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင်လည်း အန္တာရယ် အချက်ပေးသံများဖြင့် ပြည့်နက်သွားသည့် အတွက် ကြောင့် သူရပ်တန်နေရာမှာ လျှင်မြန်သော အမြန်နူန်းဖြင့် ရှောင်တိမ်းလိုက်သည်။

ဘုန်း ။

သူအရင်က ရပ်နေသော နေရာသို့ လုံထန်ကြည့်လိုက်ချိန်မှာ ချွန်ထက်များပြားလှသော သစ်မြစ်ကြီးများက သက်ရှိနေသည့် မြွေကြီးများက အလား တွန်လိမ်နေလျက် ထိုးစိုက်သွားခဲ့ပြီး မြေပြင်ထက်မှာ ကြီးမား၍ နက်ရှိုင်းသော တွင်းပေါက်ကြီး ဖြစ်နေခဲ့သည်ကိုယ်တွေလိုက်ရသည်။

ဂါးယား ။

သူ၏ အရှေဘက်မှာ သစ်ပင်ကြီးက ကျယ်လှောင်စွာ အော်ဟစ်လိုက်သံကိုယ်လုံထန်ကြားလိုက်ရသည်။ သူ၏ အော်ဟစ်သံထဲတွင် အလိုမကြမှုကြောင့် ဒေါသသံက ထွက်ပေါ်နေခဲ့သည်။

ဟမ့် ။

သဲရဲမျက်နှာနဲ့ သစ်ပင် ဒါကြောင့် တုန်ကင်ကိုယ် အာရုံခံလို့မရဝာာကိုယ် လုံထန်တစ်ယောက်သူ၏ အရှေရှိ ရုပ်ဆိုးအကျဉ်းတန်လှ၍ ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာထားဖြင့် သစ်ပင်ကြီးကိုယ်ကြည့်၍ ပြောလိုက်သည်။

သရဲမျက်နှာနဲ့ သစ်ပင်တွေက မရွေ့ရှားနိုင်သောလည်းပဲ သူ၏ နေရာပိုက်နက်အတွင်းသို့ ရောက်လာသော သားကောင်များကိုယ် ဘယ်လို သေသွားမှန်းမသိအောင် ဖမ်းယူသတ်ဖြတ်နိုင်စွမ်းရှ်သည်။ သူထက် အဆင့်ကြီး တစ်ဆင့်လုံး မမြင့်နေသ၍ သူဖုံးကွယ်ထားပါက မထွက်လာမရှင်း ရှာဖွေ့ တွေရှိမည်မဟုတ် ချေ။

ဤအတွက်ကြောင့် လုံထန်တစ်ယောက် သရဲမျက်နှာနဲ့ သစ်ပင်၏ ပိုက်နက်အတွင်းသို့ ဝင်ရောက်လာချိန်မှာ သူ၏ တည့်ရှိမှုကိုယ် အာရုံမခံမိတာပဲ ဖြစ်သည်။

ဘမ်း ။

သရဲမျက်နှာနဲ့ သစ်ပင်က သူ၏ တိုက်ခိုက်မှု လွဲချော်သွားသည့် အတွက်ကြောင့် နောက်အကြိမ် ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကိုယ် စတင်လိုက်သည်။

ကြီးမား၍တုတ်ခိုင်လှသော သစ်မြစ်ကြီးများက မြွေတစ်ကောင်အလား လှုပ်ရှားလာခဲ့ပြီး လုံထန်၏ ထွက်ပြေး လွတ်မြှောက်နိုင်မည့် လမ်းကြောင်းတိုင်းကိုယ် ပိတ်ဆို့ ထားပြီးတော့ ပြင်းထန်သော အဖျက်စွမ်းအားများပြည့်နက်နေသော အရှိန်ဝါဖြင့်လုံထန် ၏ ထံသို့ ဦးတည့်လာခဲ့သည်။

ဟမ့် ။

ကိုယ်အဆင့်ကိုယ်မသိဘူးပဲ ။ မင်းပြသာနာလာရှာတဲ့ သူက မှားသွားတာတော့ စိတ်မကောင်းစရာပဲ လုံထန်က ရီမောစွာဖြင့်ပြောလိုက်သည်။

ပြင်းထန်၍ ဟာကွက်မရှိအောင် ပြည်နက်နေသော သစ်မြစ်များကိုယ် လုံထန်က ပေါ့ပေါ့ပါးပါး ဖြင့် ရှောင်တိမ်းနေခဲ့သည်။

သရဲမျက်နှာနဲ့ သစ်ပင်က အစွမ်းထက်သည့်မှာ မှန်သော်လည်း မြေကမ္ဘာသားရဲ အဆင့်ငါးအထိသို့ပင် ရောက်ရှိနေသေးသည်။

လုံထန်အတွက်တော့ သူ၏ တိုက်ခိုက်ရေး စွမ်းအားက မြေကမ္ဘာသားရဲ အဆင့်ငါးများကိုယ် မထိုးဖောက်နိုင်သောအကာကွယ်ဝတ်ရုံ၏ စွမ်းအားအကူညီ မပါပဲနှင့် ပင် တိုင်ခိုက် အနိုင်ယူနိုင်သည်။ မထိုးဖောက်နိုင်သောအကာကွယ်ဝတ်ရုံက သူအတွက်တော့ အဆင်းကိုဘီးတပ်ပေး ခံရသည့် မြင်းတစ်ကောင်နှင့်ပင် တူညီနေသည့် ။

ရှုပ်ထွေးများပြားလှသော သစ်မြစ်များကိုယ် ရှောင်ရှား၍ လုံထန်တစ်ယောက် သရဲမျက်နဲ့သစ်ပင် အနီးသို့ နီးကပ်သွားခဲ့သည်။

ဟမ့် ။

သေလိုက်တော့ ။

သူ၏ ခါးထက်၌ ချိတ်ဆွဲထားသော ဓားရှည်ကိုယ် ဆွဲထုတ်၍ ခုတ်ချလိုက်သည်။

ရွှီး ။

ဓားအလင်းတန်းက အော်မြည့်သံများပင် ထွက်ပေါ်နေခဲ့ပြီးတော့ သရဲမျက်နှာနဲ့ သစ်ပင်ထံသို့ ဦးတည် သွာခဲ့သည်။

ဂါးယား ။

သဲရဲမျက်နှာသစ်ပင်က ထိတ်လန်သွား၍ ဓားအလင်းတန်းလာရာ လမ်းကြောင်း၌ သူ၏ သစ်မြစ်များကိုယ် စုပြုံလိုက်စေပြီး ကြီးမားခိုင်ခံ၊ မာကြောလှသော အကာကွယ်လွှာကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

သို့သော်လည်းပဲ ဓားအလင်းတန်းက သစ်မြစ်အကာကွယ်ကြီးက ထောပတ်တုန်းကိုလှီးဖြတ်လိုက်သည့် အလား ပိုင်းဖြတ်သွားခဲ့သည်။

အကာကွယ်လွှာ ပျက်စီးသွားသည့်နှင့် လုံထန်က သရဲမျက်နှာ သစ်ပင်၏ နောက်ကျောသို့ ရောက်ရှိနေခဲ့၍ သူ၏ လက်ထဲရှိ ဓားရှည်မှာလည်း မီးတောက်များ ဖုံးအုပ်နေခဲ့၍ သရဲမျက်နှာနဲ့ သစ်ပင်ကိုယ် ခုတ်ပိုင်းချလိုက်သည်။

သေလိုက်စမ်း ။

ရွှီး ။

သရဲမျက်နှာနဲ့ သစ်ပင်မှာ မယုံကြည့်နိုင်ဟန်ဖြင့် သူ၏ ခန္ဓာကိုယ်က လုံထန်၏ လက်ချက်ဖြင့် နှစ်ခြမ်းကွဲသွားခဲ့ရသည်။

သရဲမျက်နှာနဲ့သစ်ပင်သေဆုံးသွားသည့် အတွက်ကြောင့် သူရှိနေသည့် နေရာက ပုံမှန်တိုင်း ပြန်လည်ဖြစ်သွားခဲ့သည်။ ထိုနေရာမှာ အပြင်ဘက်မှာ သူမြင်တွေခဲ့ဖူးသော တုန်ကင်ပုံသဏ္ဍန် ငါးခု ကိုယ် တွေလိုက်ရသည်။

မဆိုးပါဘူး ။

လုံထန်လည်း တုန်ကင် ငါးခုကိုယ် သိမ်းဆည်းလိုက်၍ နောက်ထပ်တစ်ရာသို့ သွားလိုက်သည်။

လုံထန်ထွက်ခွာသွားပြီး အချိန်အနည်းငယ်ကြာပြီးချိန်တွင် လူငယ်အုပ်စုတစ်ခု ရောက်ရှိလာခဲ့သည်။

ဒီနေရာမှာ တိုက်ပွဲဖြစ်သွားပြီဆို့တော့ ဒီကတုန်ကင်တွေ ယူဆောင်သွားလောက်ပြီ ။ ထိုနောက် စကားပြောလိုက်သော လူငယ်က ပတ်ဝန်းကျင့်ကိုယ် တစ်ချက် လှည့်ကြည့် စစ်ဆေးပြီးချိန်တွင် သရဲမျက်နှာနဲ့ သစ်ပင်၏ သေဆုံးသွားသော ခန္ဓာကိုယ်ကို တွေလိုက်ရသည်။

နောက်ထပ်သန်မာသူတစ်ယောက်ပဲ သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်ကတော့ ပျော်စရာကောင်းတော့မှာပဲ ။

သခင်လေး နဲ့တွေ့တဲ့ အချိန်ကကြာ အဲဒီသန်မာတဲ့ ဆိုတဲ့ကောင်တွေ မြေကြီးပေါ်မှာ ပြားပြား ဝပ်နေရမှာပါပဲ ။ ထိုလူငယ်၏ နောက်လိုက်များ မြှောက်ပင့် ဖားယားသော စကားများဖြင့်ဆိုလိုက်သည်။

ဟားဟား ။

ထိုလူငယ်ကလည်း သဘောကျစွာရီမောလိုက်၍ လုံထန် ထွက်ခွာသွားသည့်နေရာနှင့် ဆန်ကျင့်ဘက် အရပ်သို့ ထွက်ခွာသွားတော့သည်။

All Chapters