ရဲ့ကျန်းကိုယ် သတ်ဖြတ်ခြင်း { ၁ }
Vol. 5 Ch. 62
လုံထန်လည်း ရဲ့ကျန်း၏ ပြောင်းလဲ နေသော ပုံသဏ္ဍန်ကို အံဩတစ်ကြီး ကြည့်နေလိုက်သည်။
သူ၏ ကြည့်နေသော အကြည့်များအောက်မှာ ရဲ့ကျန်း၏ ခန္ဓာကိုယ်ကြီး၏ ဘေးပတ်ဝန်းကျင့်မှာ ရုတ်ရင့်ကြမ်းတမ်းသော သွေးစွမ်းအင်များက ပို၍ သိပ်သည်းလာခဲ့၏ ။ သူ၏သွေးစွမ်းအင်များကပို၍ သိပ်သည်း လာခဲ့နှင့် အမျှ ရဲကျန်း၏ ခန္ဓာကိုယ်ကြီးကလည်း ပို၍ ကြီးမားလာခဲ့၏။ အနီရောင် အကြေးခွံများဖုံးအုပ်၍ လာခဲ့ပြီးနောက်တွင် မီတာ 30 နီးပါးရှိသော နတ်မိချောင်းကြီး ဖြစ်သွားခဲ့သည်။
ဝေါင်း ။
လုံထန်ကိုယ်ကြည့် ၍ အနီရောင်အကြေးခွံကြီးမား ဖုံးအုပ်နေသော နတ်မိချောင်းကြီးက ကျယ်လောင်စွာဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ရုတ်ရင့်ကြမ်းတမ်းသောဝါးမြို့ ကိုက်ဖြတ်ခြင်း ...။
ရဲ့ကျန်း၏ သွေးနီရောင်နတ်မိချောင်းကြီးက သူ၏ ကြီးမာသော ပါးစပ်ကြီးကိုယ် ဟ လိုက်၍ ပြင်းထန်သော လေဝဲကြီး ဖြစ်ပေါ်လာခဲ့ပြီးတော့ ပတ်ဝန်းကျင့်ရှိ အရာဝတ္တုတိုင်းကိုယ် သူ၏ ပါးစပ်အတွင်း ဆွဲသွင်း ဝင်ရောက်နေခဲ့သည်။
ရဲ့ကျန်းက လုံထန်ကိုယ် အသက်ရှင်လျက် မြို့ချ ပစ်ရန် ကြံစည်နေတာပဲ ဖြစ်သည်။
ဟမ့် ။
မင်းက ကိုကိုယ် ဘာထင်နေတာလည်း ငါကိုယ်တောင် အသက်ရှင်လျက် မြို့ချဖို့ ကြံစီ ရဲတယ်ပေါ့ ။ လုံထန်က ရဲ့ကျန်းရဲ့ လုပ်ရပ်ကြောင့် သူ၏ သတ်ဖြတ် ချင်စိတ်များက ပေါ်ထွက်ခဲ့ပြီး သူ၏ ပတ်ဝန်းကျင်လေထုပဲ အဆိုင်ခဲဖြစ်သွားခဲ့သည်။
မောက်မာနေတဲ့ ခွေးကောင် ။
မင်းရဲ့ မျိုးရိုးစဉ်ဆက် ဘိုးဘေးဘီဘင်တွေပါ မေ့ပျောက်သွားစေ ရမယ် ။
လုံထန့်က ရဲ့ကျန်း၏ ပါးစပ်အတွင်းသို့ စုပ်ယူနေမှုများကိုယ် ရှောင်တိမ်းလိုက်ပြီး နောက် မြေသားဒြပ်စင် စွမ်းအားကိုယ် အသုံးပြု၍ ကြီးမားသော မြေသားစူးချွန်ကြီးများကိုယ် ဖန်တီးလိုက်သည်။
ရော့ စားလိုက်စမ်း ။
ရာနဲချီသော မြေသားဆူးချွန်ကြီးများကိုယ် ရဲ့ကျန်း၏ ကျယ်လောင်စွာ ဟထားသော ပါးစပ်ကြီး အတွင်းသို့ ပစ်ထည့်လိုက်သည်။
ရှီး ။
ရှီး ။
မြေသားဆူးချွန်တွေက အလင်း၏ အလျင်နူန်းဖြင့် စုပ်ယူနေသော ရဲ့ကျန်း၏ မိချောင်းပါးစပ်ကြီး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဂလု ။
ဂလု ။
အား ။
ခွေးမသား ။
ရဲ့ကျန်း၏ သွေးနီရောင်မိချောင်း ခန္ဓာကိုယ်ကြီး ထံမှ အသံဩဩကြီး ထွက်လာခဲ့သည်။
အချိူ့သော မြေသား ဆူးချွန်တွေက သူ၏ ဝမ်းဗိုက် အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသော်လည်း အချို့သော မြေသားဆူးချွန်တွေက သူ၏ အာဂေါင် တွေတွင် စူးစိုက်နေခဲ့သည်။ နီရဲတောက်ပနေသော သွေးစက်များက ရဲ့ကျန်း၏ နတ်မိချောင်းပါးစပ်ကြီးထံမှ ထွက်ကျ လာခဲ့သည်။
နာကျင်မှုကြောင့် ရဲ့ကျန်း၏ မိချောင်း မျက်နှာကြီးပင် ရှုံမဲ့ တွန်လွန်နေခဲ့သည်။
[ မိချောင်းမျက်နှာ ဘယ်လို့ ရှုံမဲ့ တွန်လိမ်နေလည်း ကျွန်တော်ကိုယ် လာမမေးပါနဲ့ ကျွန်တော်လည်း မသိပါဘူး 😅။]
ဝေါင်း ။
သေစမ်း ။
နတ်မိချောင်း တောင်ဖြိုဖျက်ခြင်း အမြီးရိုက်ချက် ..။
ကြီးမား၍ သွေးများထွက်နေသည့် အလား နီရဲနေသော အမြီးကြီးက လုံထန်ရှိရာထံသို့ ဦးတည်၍ လျှင်မြန်သော အရှိန်ဟုန်ဖြင့် ရောက်လာခဲ့သည်။ အမြီးကြီး၌ ပါဝင်သော စွမ်းအားများ၏ ပြင်းထန်မှုကြောင့် လေထုပင် မှန်တစ်ချပ်ကဲ့ သို့ တစ်လက်မချင်း အက်ကွဲကြောင်းများ ထင်လာခဲ့ပြီး လုံးဝ ပျက်စီးသွားခဲ့သည်။
လုံထန်က ထိုအမြီးကြီးရိုက်ချလာသည့်ကိုယ် ကြည့် ၍ သူ၏ နှတ်ခမ်းများကိုယ် တွန်ကွေး၍ ပြုံးလိုက်သည်။
သူက ဘာကာကွယ်မှုမှ မပြုလုပ်ပဲ မထိုးဖောက်နိုင်သော အကာကွယ်ဝတ်ရုံ၏ စွမ်အားကိုယ် အသုံးပြုလိုက်သည်။ လုံထန်၏ ကိုယ်ပေါ်သို့ သွေးနီရောင် အမြီးကြီးက တိုက်ရိုက်ကျဆင်းလာခဲ့သည်။
ဘုန်း ။
ဝုန်း ။
ဝုန်း။
ပြင်းထန်သော အဖျတ်စွမ်းအင်များကြောင့် လုံထန်က မထိုးဖောက်နိုင်သောအကာကွယ်ဝတ်ရုံ၏ စွမ်းအားဖြင့် ခုခံလိုက်ရာ သူ၏ နောက်ကျော တလျောက် မီတာ တစ်ရာရှိ ရှိသမျှ သက်ရှိ သက်မဲ့ သစ်ပင်များကိုယ် တိုက်ရိုက်ပျက်စီးသွားသော ကွင်းပြင်ကြီး ဖြစ်သွားစေခဲ့သည်။
ဟားဟား ။
စောက်ရှုးပဲ ငါရဲ့ တောင်ဖြို့မြီးရိုက်ချက်ကိုယ် ခန္ဓာကိုယ်နဲ့ တိုက်ရိုက် ခံလိုက်တာ သေချင်နေတာပဲ ။ မင်းလောက်ထိ မောက်မာ ပြီး စောက်ရူးထတဲ့ သူ ငါတစ်လုံးမတွေဖူးသေးဘူး။
ရဲ့ကျန်းက ဖုန်မှုန့်များ ထနေသော လုံထန်ရပ်နေသော နေရာထံသို့ စိုက်ကြည့်၍ လှောင်ပြောင် ရီမောလိုက်ရင်းဖြင့်ပြောလိုက် သည်။
အို့ ။
မင်းရဲ့စွမ်းအားက နည်းနည်းတော့ အထင်ကြီးစရာကောင်းသားပဲ ဖုန်မှုန်တွေထဲမှာ လုံထန်က သူ၏ နှာခေါင်းကို လက်တစ်ဖက်ဖြင့် အုပ်ထားရင်းဖြင့် ရဲ့ကျန်း၏ စကားကိုယ် ပြန်လှောင်လိုက်သည်။
ချီးပဲ ။
ခွေးမသား မင်းဘာလို့ မသေတာလည်း ရဲ့ကျန်းက လုံထန်ကိုယ် ကြည့်၍ အံဩတစ်ကြီးဖြင့် ကျိမ်ဆဲလိုက်ရင်းဖြင့် မေးလိုက်သည်။ ဤအကြိမ်မှာ သူအမှန်တစ်ကယ် လုံထန်ကိုယ် ထိတ်လန့်နေမိသည့်။
သူ၏ နတ်မိချောင်းတောင်ဖြိုရိုက်ချက်က သူတို့ နတ်မိချောင်းမျိုးနွယ်စု၏ ကြယ်ခြောက်ပွင့် အဆင့်မြင့် ကျင့်စဉ်ဖြစ်သည်။ သူ၏ စွမ်းအား၏ အစွမ်းထက်မှုက ပြောစရာတောင် လိုမယ် မထင်ချေ။
သူ၏ နတ်မိချောင်းတောင်ဖြို့ရိုက်ချက်၏ စွမ်းအားကိုယ် သူကိုယ်တိုင်အသိဆုံးဖြစ်သည်။ သူ၏ မျိုးနွယ်စုရှိ မြေကမ္ဘာသားရဲ အဆင့်ကိုးတွင် ရှိသူများပင် ခန္ဓာကိုယ် သက်သက်ဖြင့် မခံယူရဲချေ။ သေစေနိုင်သော ဒဏ်ရာမဟုတ်တောင်မှ ပြင်းထန်သော ဒဏ်ရာတော့ ရမည်မှာ မလွဲချေ။
ယခုလို့ မြေကမ္ဘာသားရဲ အဆင့်သုံးလေး က ခန္ဓာကိုယ်လေးနှင့် ခန္ဓာကိုယ် တိုက်ရိုက်ခံခဲ့သည်က သူကိုယ် သေးထွက်လုမတက်ထိတ်လန့် ကြောက်ရွံစေ ခဲ့သည်။
သူ၏မျက်လုံးများက သူကိုယ် သစ္စာဖောက်နေသည့် ထင်၍လည်း အကြိမ်ကြိမ် ပိတ်လိုက်ဖွင့်လိုက်လုပ်၍ ကြည့်နေမိသော်လည်း သူ၏ မြင်ကွင်းက ပြောင်းလဲ သွားခြင်းမရှိချေ။