ဖီးနစ်မျိုးနွယ်စု ၏ တိုက်ခိုက်ရေး စွမ်းအား
Vol. 5 Ch. 65
လုံထန်ရောက်ရှိပြီး သိပ်ပြီးတော့ မချိန်ယူလိုက်ရချေ။
ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးမှာ သူမတို့ အရှေရှိ မီးနတ်ဆိုး အုပ်စုကိုယ် စတင်တိုက်ခိုက်ကြတော့သည်။
သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တောက်ပနေသော အနီရင့်ရောင့် မီးတောက်များက ဝန်းရံနေခဲ့ပြီးတော့ သူမ၏ မျက်နှာ အရှေ၌ သူမ၏ သွယ်လျာ နေသာ နှင်းဖြုရောင် အသားရည်ရှိနေသော လက်ချောင်းများကို ညွှန်ကြလိုက်ချိန်မှာ ကြီးမားသော မီးတောက်လုံးကြီးများဖြစ်လာခဲ့သည်။
တောက်လောင်နေသော မီးတောက်များ .. ။
သူမ၏ လက်ချောင်းကိုယ် မီးတောက်ချော်ရည်နတ်ဆိုး များထံသို့ ဦးတည်လျက်ညွှန်ပြလိုက်သည်။
ဂါးယား ။
မီးတောက်ချော်ရည် နတ်ဆိုး အုပ်စုက လည်း သူတို့၏ အရှေရှိ လူများက တိုက်ခိုက်သည့်ကို မြင်သည့် အခါ ကျယ်လောင် စွာ ဟိန်းဟောက်လိုက်ပြီးနောက် သူတို့၏ လက်ထဲရှိ ကြီးမားသော တင်းပုတ်ကြီး ဖြင့် တိုက်ခိုက်ရန် အတွက် ပြေး၍ ဝင်ရောက်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် ဖီးနစ်မျိုးနွယ်စု ၏ မိန်းမလှလေး သူမ၏ နောက်သို့လှည့်ကြည့် ၍ ကျန်ရစ်နေသော သူများကိုယ် ပြောလိုက်၏။
မြေကမ္ဘာသားရဲ အဆင့် ငါးအောက်က လူတွေ လွတ်တဲ့ နေရာတစ်ခုကိုယ် အမြန်ရှောင်တိမ်းနေပါ ။ ငါတို့က တိုက်ခိုက်နေတဲ့အခါ နင်တို့ က ဒုက္ခရောက်သွားလေ့မယ် ။
မြန်မြန် ။
သူမ၏ စကားသံကြားသည့်နှင့် အမျိုးသား အမျိုးသမီး ဆယ်ယောက် လောက်က ချက်ချင်းပဲ တိုက်ပွဲ ဖြစ်နေရာနှင့် လွတ်ရာသို့ ပြေးထွက်သွားကြသည်။
ကျန်ရစ်နေသော ဆယ်ယောက်ခန့်မှာ အနိမ်ဆုံးမှာ မြေကမ္ဘာသားရဲ အဆင့်ခြောက်တွင် ကှိနေခဲ့သည်။
ဖီးနစ်မျိုးနွယ်စုဝင် ဆယ်ယောက်နှင့် မီးတောက် ချော်ရည် နတ်ဆိုး ဆယ်ငါးယောက်တို့ ၏ ပြင်းထန် ရက်စက်လှသော တိုက်ပွဲတစ်ခု စတင်ခဲ့တော့သည်။
ဂါးယား ။
မီးတောက် ချော်ရည်နတ်ဆိုးများက သူတို့၏ ထံသို့ ဦးတည်ဝင်ရောက်လာသော မီးတောက်များကိုယ် ဂရုမစိုက်ပဲ သူတို့၏ မာကြော ခိုင်ခံသော ခန္ဓာကိုယ် ခုခံမှုကိုယ် အသုံးပြု၍ သူတို၏ လက်ထဲရှိ တင်းပုတ်ကြီးများကိုယ် လွဲရမ်း၍ အရက်စက်ဆုံး နည်းလမ်းများဖြင့် ဖီးနစ် မျိုးနွယ်စု ဝင်များကိုယ် တိုက်ခိုက်နေခဲ့သည်။
မီးတောက်ပန်းများပွင်လန်းခြင်း ....။
ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးက သူမ၏ ခန္ဓာကိုယ်ကို ကောင်းကင်ထက်၌ ပျံသန်းလိုက်ရင်းဖြင့် သူမနှာခမ်းလေး ဆည်းလည်း သံလေးတစ်ခုအလား ရေရွတ်လိုက်သည်။
သူမ၏ ပတ်ဝန်းကျင်ကောင်းကင်တွင် များပြားလှသော မီးတောက်မီးလျံပန်းပွင်များ ဖြစ်ပေါ်လာခဲ့ပြီးနောက် မီးတောက် ချော်ရည် နတ်ဆိုးများ ရှိရာထံသို့ ကျဆင်းလာကျသည်။
သူမက ကောင်းကင်ထက်၌ မီးတောက်ပန်းပွင့်များကြားမှာ ပျံသန်းနေသည့် ဤ ထူးခြားမှုမြင်ကွင်းကြောင့် သူမက မီးတောင် ပန်းပွင်များ အကြားမှ မီးနတ်ဘုရားမ တစ်ပါးလား ပင် ။
ဂါးယား ။
ဂါးယား ။
မီးတောက်ပန်းပွင့်များကြောင့် မီးတောက် ချေယ်ရည် နတ်ဆိုးများ၏ ဆယ်ယောက်ကျော်လိုက်မှာ အသတ်ခံလိုက်ရသည်။ ကျန်ရစ်နေသော မီးတောက် ချော်ရည် နတ်ဆိုး ငါးကောင်အနက်လေးကောင် မှာ မြေကမ္ဘာသားရဲ အဆင့် ခုနှစ်နဲ နှိုင်းယှဉ်နိုင်ပြီး ကျန်တစ်ကောင် မှာ ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးနှင့် နိူင်းယှဉ်နိုင်သည်။
မီးတောက်ပန်းပွင်များကြောင့် အသတ်မခံရပဲ ကျန်ရစ်နေသော မီးတောက် ချော်ရည် နတ်ဆိုး ငါးကောင်မှာ သူတို့၏ အပေါင်းဖော်များ သေဆုံးသွားသည့် မြင်ကွင်းကြောင် ဒေါသတကြီး ဟောက်ဟစ် ဟိန်းဟောက်လိုက်သည်။
ဂါးယား ။
ဂါးယား။
မီးတောက်ချော်ရည်နတ်ဆိုးငါးကောင်၏ တိုက်ခိုက်မှု များမှာ ပို၍ ပြင်းထန် ရက်စက်လာခဲ့သည်။
ဘုန်း ။
အား ။
ဖီးနစ်မျိုးနွယ်စု၏ မြေကမ္ဘာသားရဲ အခြောက်ရှိသူတစ်ယောက်မှာ မီးတောက်ချော်ရည်နတ်ဆိုး တစ်ကောင်၏ တင်းပုတ်စာ မိသွား၍ အသားပြား ဖြစ်သွားခဲ့သည်။
သေစမ်း ။
ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးမှာ သူမ၏ လူတစ်ယောက် သေဆုံးသွားသည့်ကိုယ် မြင်ပြီး သူမ၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် အညိုရောင်ပြောင်းသွားခဲ့သည်။
သေစမ်း ။
မီးလျံများဖြင့် မြေကမ္ဘာ ဖုံးလွမ်းစေခြင်း ...။
သူမက ကောင်းကင်ယံထက်၌ သူမ၏ အတောင်များကိုယ် ဖြန့်ကျက်ကာ ပြန်သန်းနေရင်းဖြင့် သူမ၏ နှတ်ခမ်းထက်မှာ ညှင်သာ တိုးညှင်းသော အသံလေးဖြင့် ရေရွတ်လိုက်သည်။
ဝုန်း ။
ပတ်ဝန်းကျင့်တစ်ခုလုံး၏ အပူရှိန်မှာ နဂိုထက် အဆပေါင်းများစွာ ပူပြင်းလာခဲ့ပြီးနောက် အနီရင့်ရောင် မီးတောက် မီးလျံများကလည်း နေရာအနှံအပြားမှာစတင်၍ လောင်ကျွမ်းလာခဲ့သည်။