← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

အ

အနီရင့်ရောင့် မီးလျံများကြောင့် ပတ်ဝန်းကျင်ရှိ အပူရှိန်က သိသိသာသာ မြင့်တက်လာခဲ့သည်ကို အဝေးနေရာမှကြည့်နေသော လုံထန်ပင် ခံစားမိသည်။

သေစမ်း ။

ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေး က သူမ၏ မီးတောက်များဖြင့် ဒေါသထွက်သောဟန်ပန်ဖြင့် တိုက်ခိုက်လိုက်သည်။

ဂါးယား ။

မီးတောက်ချော်ရည် နတ်ဆိုး အုပ်စု၏ ကျန်ရစ်နေသော အဆင့်ရှစ်မီးတောက်ချော်ရည်နတ်ဆိုး ကလွဲလို့ ကျန်နေသည့် မီးတောက် ချော်ရည်နတ်ဆိုး လေးကောင်မှာ ထိုမိန်းမမလှလေး ၏ မီးတောက်၏ အပူရှိန်ကြောင့် သူတို့၏ ကြီးမားလှသော ချော်ရည်ခန္ဓာကိုယ်ကြီးမှာ သိသာထင်မြင်နိုင်သော အရှိန် ဖြင့် အရည်များပျော်လာခဲ့သည်။

ဂါးယား ။

မီးတော်ချော်ရည်နတ်ဆိုး လေးကောင်မှာ သူတို့ ၏ ခန္ဓာကိုယ်များ မိန်းမလှလေး ၏ အပူရှိန်ကြောင့် အရည်ပျော်လာချိန်မှာ ကျယ်လောင်လှသော အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ဂါးယား ။

ကျန်ရစ်နေသော အဆင့်ရှစ် မီးတောက် ချော်ရည်နတ်ဆိုး တစ်ကောင်မှာ ထိုသူ၏ အဖော်လေး ယောက်၏ အော်ဟစ်သံများကြောင့် ပို၍ ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။

ဂါးယား ။

မီးတောက်ချော်ရည် နတ်ဆိုးက ဖီးနစ်မျိုးနွယ်စု၏ ကျန်ရစ်နေသော လူများအုပ်စု ထံသို့ သူ၏ ကြီးမားလှသော မီးတင်းပုတ်ကြီးကိုယ် ကြမ်းတမ်းစွာ ဝှေ့ရမ်း တိုက်ခိုက်လိုက်သည်။

ဘုန်း ။

အား ။

ဖီးနစ်မျိုးနွယ်စု၏ နောက်ထပ် လူတစ်ယောက် မီးတောက် ချော်ရည် နတ်ဆိုး၏ မီးတင်ပုတ်ကြီးအောက်မှာ အသားပြား ဖြစ်သွားခဲ့သည်။

ဂါးယား။

မီးတောက်ချော်ရည်နတ်ဆိုး က ဖီးနစ်မျိုးနွယ်စု ၏ လူတစ်ယောက်ကိုယ် သတ်ကြီးသည့်နှင်ါ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ဂါးယား ။

အား ။

နောက်တစ်ကြိမ် ပြင်းထန်စွာထပ်မံတိုက်ခိုက်ပြန်သည် ။ သူ၏ တင်းပုတ်ကြီးဖြင့် တစ်ကြိမ် ဝှေ့ရမ်း ရိုက်နက်လိုက်သည်နှင့် ဖီးနစ်မျိုးနွယ်စု၏ သုံးယောက်မြှောက် ကံထူးသူမှာ အသားပြား ဖြစ်သွားခဲ့ရပြန်သည်။

သေစမ်း ။

သူမ၏ နောက်လိုက်များ အသတ်ခံနေရသော မြင်ကွင်းကြောင့် ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးမှာ ဒေါသတကြီး အော်ဟစ်သံထွက်လာခဲ့သည်။

သူမ၏ အနီရင့်ရောင်မီးတောက်များကိုယ် ပို၍ အပူရှိန်ကိုယ် မြင့်တင်လိုက်သည်။ သေအန်စဲ့စဲ့ ဖြစ်နေသော မီးတောက် ချော်ရည် နတ်ဆိုး လေးကောင်၏ ခန္ဓာကိုယ်မှာ လျှင်မြန်သော အမြန်နူန်းဖြင့်သူတို့ ၏ ခန္ဓာကိုယ်မှာ အရည်ပျော်ကျသွားခဲ့သည်။

ထိုလေးကောင်၏ ခန္ဓာကိုယ်က အရည်ပျော်ကာ သေဆုံးသွားသည့်နှင့် ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးက အဆင့်ရှစ် မီးတောက် ချော်ရည် နတ်ဆိုးကိုယ် ဒေါသတကြီး စတင်တိုက်ခိုက်တော့သည်။

သူမ၏ တိုက်ခိုက်မှု တစ်ချက်ခြင်းစီတိုင်းက ပြင်းထန်သော အဖျတ်စွမ်းအားများနှင့် မြင့်မားသာ အပူရှိန်များ ပါရှိနေခဲ့သည်။ သူမ၏ တိုက်ခိုက်မှုတိုင်း လေထုပင် မှန်တစ်ချပ်လား အက်ကွဲစေခဲ့သည်။

မီးတောက်ချော်ရည်နတ်ဆိုးကလည်း သူ၏ ကြီးမား ကြံခိုင်နေသော ခန္ဓာကိုယ်နှင့် ပေါက်ကွဲဖို့ တာဆူနေသော မီးတောင် တစ်ခုလို ခွန်အားမျိုးဖြင့် သူ၏ မီးတင်းပုတ်ကြီး လွဲရမ်းကာ သူတစ်ပြန် ကိုယ်တစ်ပြန် တိုင်ခိုက်နေခဲ့သည်။

အချိန်ခနလေးနဲ့ပင် သူတိုနှစ်ဦးက ထိပ်တိုက်ရင်ဆိုင် တွေစုံခဲ့သည်မှာ အကြိမ်ပေါင်းမနည်းချေ။

အဝေးတစ်နေမှာ စောင့်ကြည့်နေသော လုံထန်မှာ ထိုမြင်ကွင်းကြောင့် သူက ခေါင်းညှိတ်လိုက်သည်။

အဘိုးဖေး ပြောသလို့ပဲ ဖီးနစ်မျိုးနွယ်စုက တစ်ကယ်သန်မာပြီး သူရဲ့ တိုက်ခိုက်ရေး စွမ်းအားကလည်း အံဩစရာပဲ လုံထန်တစ် သူတစ်ကိုယ်သာ ကြားရုံဖြင့် တီးတိုး ရေရွတ်လိုက်သည်။

လုံထန်ကြည့်နေရှုနေသော မြင်ကွင်းများအောက်မှာပင် သိသာစွာပင် ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးမှာ မီးတောက် ချော်ရည် နတ်ဆိုးထက် ပို၍ သန်မာလာခဲ့သည်။ တဖြည်းဖြည်းဖြင့် မီးတောက် ချော်ရည်နတ်တိုးမှာ မိန်းမလှလေး၏ ဖိနိပ့် ခံလာရသည်။

ဘုန်း ။

ဝုန်း ။

ကျယ်လှောင်လှပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

လုံထန်ကြည်လိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခြမ်းက အရည်များ ပျော်ကျနေသော မီးတောက် နတ်ဆိုးကြီးကိုယ် တွေလိုက်သည်။

ဤအရာက သူကြိုတင်တွေးထားပြီးသားဖြစ်သည်။ မီးတောက် ချော်ရည်နတ်ဆိုးက ဘာကျင့်စဉ်နည်းစနစ် မှာ မသိပဲ သူ၏ ကြီးမားသော ခန္ဓာကိုယ်နဲ့ ကြံခိုင်မှုကိုယ်သာ အားကိုယ်ပြီး တိုက်လိုက်နေခဲ့တာ ဖြစ်သည်။

မီးတောက် ချော်ရည်နတ်ဆိုးများ၏ ခံစစ် အကာကွယ်က တစ်ခုထဲသာရှိသော လည်း လျော့မတွက်သင့်သည့် အထဲတွင်ပါဝင်သည်။ သူတို့၏ ခံစစ်များက သူတို့ထက်သာ ပို၍ အဆင့်လွန်မသန်မာနေပါက အခြေနေများက ပြောင်းပြန် ဖြစ်သွားနိုင်သည်။

သို့သော်လည်း တစ်ဖက်ရှိသူ၏ ရန်သူမှာ ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးမှာတော့ သူနှင့် အဆင့်တူ ဖြစ်သည့် အပြင် အဆင့်မြင့် နည်းစနစ်များကိုယ် လေ့ကျင့်ထားခဲ့သည့်အတွက်ကြောင့် မီးတောက် ချော်ရည် နတ်ဆိုးကြီး ရူံးနိမ့်ရသည့် မှာ အထူးဆန်း တော့မဟုတ် ချေ။

ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေး မှာ မီးတောက်ချော်ရည် နတ်ဆိုး ကိုယ် လျှင်မြန်စွာ အဆုံးသတ်လိုက်သည်။

မီးတောက် ချော်ရည် နတ်ဆိုး သေဆုံးသွားသည့်နှင့် ထိုနေရာမှာ တုန်ကင် ဆယ်ခု ပေါ်လာခဲ့သည်။ သူမက တုန်ကင်တွေကိုယ် သိမ်းစည်းလိုက်ပြီးနောက် သူမ၏ မျိုးနွယ်စု တွေ ထံသို့ လှည်၍ သွားလိုက်သည်။

တိုက်ပွဲမှာ ပြီးဆုံးသွားသည့် အတွက်ကြောင့် လုံထန်မှာ ထိုမိန်းမလှလေး ထံသို့ သွား၍ နှတ်ဆက်ရင် အဆင်ပြေ၏ ။ မပြေ၏ တွေးနေခဲ့သည်။

နောက်ဆုံးမှာ မသွားရန်သာ ဆုံးဖြတ်လိုက်သည်။ အခုချိန်သူသွားခဲ့ပါက သူမတို့ အုပ်စု၏ ရန်လိုရှင်းကိုယ်ပင် ခံစားရမည်ဖြစ်သည်။

ဒီအချိနှ်မှာ လူတိုင်းက ကိုယ်ရဲ မျိုးနွယ်စု၏ လူများမှ လွဲ၍ အခြား လူများကိုယ် မယုံကြည်ကျချေ။ ဘာလိုလဲ ဆိုရင် တုန်ကင်များကိုယ် လိုက်လံကာ ဓားပြတိုက်နေသော လူများရှိနေသော ကြောင့်ဖြစ်သည်။

သတ်မှတ်ထားတဲ့ ရက်နည်းကပ်လာလေ လုယက်သူများ ပို၍ များပြားလာလေဖြစ်သည်။

ဤအတွက်ကြောင့် လုံထန်လည်း မသွားတော့ ပဲ သူမကိုယ် မှတ်ထားလိုက်ပြီး နောက် သူမတို့ နှင့် ဆန်ကျင်ဘက်သို့ ဦးတည်၍ ပျံသန်းသွားလိုက်တော့ သည်။

All Chapters