← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

လုံထန်တစ် မီးတောက် ချော်ရည် နတ်ဆိုး ၏ လက်မှာ လက်မတင်လေးတင် လွတ်မြှောက်လာခဲ့သည်။

သူရောက်ရှိနေသည့်နေရာမှာ ပတ်ဝန်းကျင့်ကိုယ် အန္တာရာယ် ရှိမရှိ စစ်ဆေးပြီးနောက်တွင် ထိုနေရာမှာပင် သူ၏ သိုလှောင်လက်စွပ်အတွင်းမှာ ကြယ်ငါးပွင့်အဆင့်မြင့် အဆင့်ရှိသော ကုသရေး ဆေးတစ်လုံးကိုယ် ထုတ်ယူသောက်သုံးလိုက်သည်။

သူ၏ဒဏ်ရာများက အချိန်ကြာလာလေပိုဆိုးလာလေဖြစ်သည်။ သူရင်ဘက်ရိုးများကလည်း ကောင်းကင်အဆင့်ရှိ မီးတောက် ချော်ရည်နတ်ဆိုး၏ လက်ချက်ကြောင့် ချိုင့်ဝင်နေခဲ့တာပဲ ဖြစ်သည်။

မီးတောက်ချော်ရည်နတ်ဆိုးအကြောင်းတွေးရင် အခုချိန်မှာပင် သူကျောချမ်းသလို့ ခံစားလိုက်ရသည်။ သူ၏ တုန်ပြန့်မှုသာ နှေးကွေးနေခဲ့သည့်အပြင် မထိုးဖောက်နိုင်သော အကာကွယ်ဝတ်ရုံကြောင့်သာမပါလျှင် ထိုနေရာမှာ အသားပြား ဖြစ်နေခဲ့မည်မှာ မလွဲချေ။

သူ၏ စိတ်ထဲတွင် လွင့်ပြန်နေသော အတွေးများကိုယ် မောင်းထုတ်လိုက်ပြီးနောက် လုံထန်လည်း သူသောက်ထားသော ကုသရေး ဆေး၏ စွမ်းအားများကိုယ် စုပ်ယူရန် ပြင်လိုက်တော့သည်။

ကြယ်ငါးပွင်အဆင့်မြင့် အဆင့် ကုသရေး ဆေး၏ အစွမ်းထက်မှုကြောင့် လုံထန်၏ ဒဏ်ရာများမှာ မျက်လုံးဖြင့် ကြည့်၍ မြင်နိုင်သော အရှိန် ဖြင့် ပြန်ကောင်းလာနေခဲ့သည်။

သူ၏ ကျိုးသွားသော နံရိုးများမှာလည်း လျှင်မြန်သော အရှိန်ဟုန်ဖြင့် ပြန်လည့်ကာ ကုသရင်းဖြင့် ကျိုးနေသော အရိုးများက ဆက်လာခဲ့သည်။

လုံထန်တစ်ယောက်သူ၏ ကံကောင်းမှုကြောင့် ကျန်ရစ်နေသော တစ်ရက်လုံး သူ၏ ဒဏ်ရာများကိုယ် ကုသနေရောင်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

သူထိုနေရာမှာ မျက်လုံးမှိတ်၍ ကုသနေချိန်မှာ ကြီးမားသော ငလျှင်ကြီး လှုပ်ခါသွားသည့် အလား နေမြေမှာ တုန်ခါသွားခဲ့သည်။

လုံထန်တစ် ယောက်သူ၏ မျက်လုံးများကိုယ် ဖွင့် ကြည့်လိုက်ချိန်မှာ သူတို့ စတင်ဝင်ရောက် ခဲ့သော ကွင်းပြင်ကြီး အတွင်းသို့ ပြန်ရောက်နေသည့်ကိုယ် တွေလိုက်ရသည်။

ဘာလည်းဟ အချိန်စေ့သွားပြီလား ။ လုံထန်တစ်ယောက် သူ၏ ဒဏ်ရာကုသနေရင်းဖြင့် အပြင်သို့ ပြန်ရောက်လာလေ့မည်ဟု မတွေးထားခဲ့ချေ။

ဘမ်း ။

ဝုန်း ။

ကွင်းပြင်ကြီးက ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် တုန်ခါသွားခဲ့သည်။ ပတ်ဝန်းကျင့်ရှိ စွမ်းအင်တွေက ကောင်းကင်ယံထက်၌ လျှင်မြန်သော အရှိန်ဟုန်ဖြင့် စုစည်းလာခဲ့သည်။

များပြားလှသော စွမ်းအင်များက လျှင်မြန်စွာ စုဝေးလာရင်းဖြင့် ခပ်ဝါးဝါးတားတားဖြင့် အဖြူရောင်ပုံရိပ်တစ်ခု သဏ္ဍန်ဖြစ်လာခဲ့သည်။ သူ၏ ပုံသဏ္ဍန်က တစ်ကယ်ကိုယ်မှာ မထင်မရှားပင် အောက်ဘက်မှာ လူတိုင်းကောင်းကင်ယံကိုယ် မော့ကြည်လိုက်သောလည်း ဘယ်သူကမှာ ယောင်္ကျားလား မိန်းမလား မခွဲခြားနိုင်ကျချေ။

မင်းတို့မှာ တုန်ကင်တစ်ရာ မရှိတဲ့ သူတွေ ဒီကနေ ထွက်သွားနိုင်ပြီ ။

ယောင်္ကျားသံလိုလို၊ မိန်းမသံလိုလို အသံက ထွက်လာခဲ့ပြီးတော့ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

မျိုးနွယ်စုအမျိုးမျိုးရှိ သိန်းချီသော လူအုပ်ကြီးမှာ စုပေါင်း တစ်သောင်း ခန့်သာ ကျန်ရစ်နေတော့သည်။

တုန်ကင်တစ်ရာ ရအောင် မစုဆောင်းနိုင်သူများကိုယ် ဖယ်ထုတ်ပြီးနောက် အခြားကျန်ရစ် သူ လူတစ်သောင်းခန့် ကိုယ် အဖြုရောင်ပုံရိပ်က ကြည့်လိုက်သည်။

မင်းတို့က တုန်ကင်တစ် ရာရအောင်စုစည်းနိုင်တဲ့ အတွက်ကြောင့် ကျင့်စဉ် ၊ ဆေးဝါး၊ လက်နက် ၊ ချပ်ဝတ်တွေကိုယ် မင်းတို့ရလာတဲ့ တုန်ကင်တွေနဲ့ လဲလှယ်လို့ရတယ် ။ ဒါမှ မဟုတ်ရင် အားလုံး ပြီးဆုံးသွားမှ လဲလှယ်လို့ရတယ် ။

မင်းတို့ဆုံးဖြတ်ပါ။ အခုချက်ချင်း လဲလှယ်မည်သူတွေက ဘယ်ဘက်မှာ ရပ်၊ အားလုံးပြီးမှ လဲလှယ်မည်သူတွေက ညာဘက်မှာရပ် ။

မင်းတို့ဆုံးဖြတ်ပြီးရင် အားလုံးပြီးဆုံးမှာ လဲလှယ်မည့်သူများကိုယ် နောက်ထပ် စမ်းသပ်မှု စီခေါ်ဆောင်သွားမယ် ။ အဖြူရောင်ပုံရိပ်က ကျန်ရစ်နေသော လူအားလုံးကိုယ် ပြောလိုက်သည်။

လုံထန်လည်း ထိုအသံကိုယ်ကြားပြီးသည့်နှင့် ညာဘက်မှ သွားရပ်လိုက်သည်။ သူက အားလုံးပြီးစီးမှာသာ လဲလှယ်ဖို့ တွေးထားခဲ့တာပဲ ဖြစ်သည်။

သူညာဘက်သို့ ရောက်ပြီးသည်နှင့် လူအုပ်ထဲကိုယ်ကြည့်လိုက်သည်။ သူ၏ နတ်ဘုရား အပြစ်ပေးသူ အဖွဲ့၏ ထိပ်တန်းငါးယောက်ခန့်ကိုယ်သာ တွေလိုက်ရသည်။ ထိုငါးယောက်ကလည်း လုံထန်ကိုယ် မြင်သည့်နှင့် လုံထန်ရှိရာ ညာဘက်ခြမ်းသို့ ရောက်ရှ်ိလာကြသည်။

အရှင့်သား ။

နတ်ဘုရားအပြစ်ပေးသူတပ်ဖွဲ၏ ခေါင်းဆောင်ဖြစ်သည့် ကျိုးရန် ၊ မာဟုန် ၊ ခွိုက်ရန် ၊ မိုရှန် ၊တို့ ထိပ်တန်း အုပ်စုကိုယ်သာ တွေလိုက်ရသည်။

ကျန်တဲ့ သူတွေကရော လုံထန်က ထိုလူများကိုယ်ကြည့်၍ မေးလိုက်သည်။ သွေးမြို့တောမှာ ဝင်ရောက်ယှဉ်ပြိုင်သူ လူအုပ်ကြီးမှာ လုံထန်အပါဝင်မှာ လူခြောက်ယောက်သာ ကျန်ရစ် နေခဲ့သည်။ ဤသည့်က သူတို့၏ အားနည်မှုများကိုယ် မီးမောင်းထိုးပြနေသလို့ပင် ။

အရှင့်သား ။ ကျန်တဲ့ သူတွေအားလုံးက တုန်ကင် တစ်ရာ ရအောင်မစုဆောင်းနိုင်ပါဘူး ။ သူတို့အားလုံး ထုတ်ပယ်တဲ့ အထဲမှာပါသွားကြပါပြီ ။

အင်း ။

လုံထန်သူ၏ စိတ်ထဲတွင် ပြန်ရောက်သည့်သယအခါမှာ နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲဝင်များကိုယ် အပြင်းထန်လေ့ကျင့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

တစ်ဖြေးဖြေးဖြင့် ညာဘက်သို့ ရောက်ရှိလာသည့်များ ပို၍ များပြားလာခဲ့သည်။ အများစုမှာ ကျော်ကြားသော မျိုးနွယ်စုကြီးတွေပင်ဖြစ်သည်။ သိပ်ပြီးတော့ ထင်ပေါ်ကျော်ကြားခြင်းမရှိသည့် မျိုးနွယ်စုများမှာ ဘယ်ဘက်သို့ သာ သွား၍ ရပ်လိုက်ပြီးနောက် သူတို့ရထားသော တုန်ကင်များကိုယ် ကျင့်စဉ်၊ ဆေးလုံး၊ လက်နက်၊ ချပ်ဝတ်အကာကွယ် စသည့်တို့ကိုယ် လဲလှယ်ရန်ပြင်ဆင်လိုက်ကြသည်။

ချက်ချင်းတန်း၍ လဲလှယ်ချင်သူများမှာ အရမ်းမများချေ။ နှစ်ထောင်ခန့် လောက်သာ ရှိသည်။

ကျန်ရစ်သူများမှာတော့ အားလုံးပြီးသွားချိန်မှာ သူတို့လိုအပ်သည့်များကိုယ် လဲလှယ်ရွှေးချယ်မည်သူများဖြစ်သည်။

All Chapters