← Chapters

ပုံရိပ်ယောင်ကမ္ဘာ ။

Vol. 5 Ch. 70

ပုံရိပ်ယောင်ကမ္ဘာ ။

Vol. 5 Ch. 70

အဖြူရောင်ပုံရိပ်ရောင်၏ စတင်ပြီဆိုသော အသံနှင့် အတူတူ ၊ သူ၏ လက်ကိုယ် ဝှေ့ရမ်းလိုက်၏ ။

ထိုအစဉ်မှာ လုံထန်တစ်ယောက် သူခန္ဓာကိုယ်ကို ထူးခြား ဆန်းကျယ်လှသော စွမ်းအားတစ်ခု လွမ်းခြုံလာသည့်ကိုယ်ခံစားလိုက်ရသည်။

ထိုစွမ်းအားက စတင်၍ လွမ်းခြုံလာသည့်နှင့်သူ၏ အမြင်ကွင်းများကလည်း တဖြည်းဖြည်း နှင့် ပြောင်းလဲသွားခဲ့သည်။ သူမျက်စိနှင့် မြင်နိုင်သမျှအဆုံးထိ သစ်ပင်များ ရေကန်များ တောအုပ်များရှိမနေပဲ။ န ပှုပြင်းလွန်းလှသော အပူရှိန် ၏ အောက်မှာ မြေပြင်တွေက ပင် အက်ကွဲနေသည့် မြင်ကွင်းကြီးသာဖြစ်၏။

သူ၏မျက်စိနှင့် မြင်နိုင်သမျှတဆုံးက ပူပြင်း ခြောက်သွေ့နေသော ကန္တာရ ကြီး ဖြစ်နေ၏ ။

လုံထန်တစ်ယောက် ကောင်းကင်ကြီးကိုယ်မော့ကြည်လိုက်ချိန်မှာ များပြားလှသော အပူရှိန်ကိုယ် ထုတ်လွတ်နေသော နေကြီး နှစ်စင်းကိုယ် တွေလိုက်ရ၏ ။

ဟမ့် ။

ဒါက ပုံရိပ်ယောင်ကမ္ဘာလား ။ လုံထန်တစ်ယောက် ပတ်ဝန်းကျင်ကိုယ် လေ့လာစူးစမ်းကြည့်သော်လည်းပဲ ပြစ်ချက်ဆိုသည့်မှာ ဆိုရအောင်မရှိပဲ ။ ခြားနားချက်တစ်ခုပင် မရှိပဲ ။ အစစ်မှန်ကမ္ဘာတစ်ခု အလားပင် ။

ဟမ့် ။

ဘာလဲ ဟ ။

လုံထန်တစ်ယောက်သူ၏ ခန္ဓာကိုယ်ကိုယ် စစ်ဆေး ကြည့်ချိန်မှာ ပထမအဆင့်သားရဲ့ အဆင်တစ် ထိပင် ဖိနှပ့် ခံလိုက်ရသည့်ကိုယ် တွေလိုက်ရ၏။ ထိုအရာက သူကိုယ် အမှန်တစ်ကယ် ထိတ်လန့်သွားစေသည်။

ချီးပဲ ဟေ့ ။

လုံထန်တစ်ယောက် မနေနိုင်ပဲ ကျိမ်ဆဲလိုက်မိ၏ ။ မြေကမ္ဘာသားရဲ အဆင့်က နေမှာ ပထမအဆင့် သားရဲ အဆင့်တစ်ထိ ဖိနှိပ့်ခံလိုက်ရပြီးမှာ ဒီပုံရိပ်ရောင်ကမ္ဘာကြီးကိုယ် ဖြိုခွဲပြီး ထွက်ဖို့ ဆိုတာ ဒီကယ်ကိုယ်မှ ခက်ခဲလွန်းလှတဲ့ ကိစ္စကြီး ဖြစ်သည်။

လုံထန်တစ်ယောက် ပထမအဆင့်သားရဲ အဆင့်တစ်သို့ ဖိနှိပ့်ခံ လိုက်ရ၍ စိတ်ဓာက်ကျသွားသော်လည်း ရှေဆက်လျှောက်သွားဖို့ တွေးလိုက်သည်။

မဟုတ်ပါက။ သူဒီ ဘာမှ မရှိသော ကန္တာရကြီး အတွင်းမှာ သေဆုံးချိန်အထိ ပိတ်လှောင်ခံရမည်ဖြစ်သည်။

ဟူး ။

ရှည်လျားသော သက်ပြင်းရှည်ကြီးကိုယ် ချလိုက်ပြီးနောက် သူ၏ မျက်နှာ ဦးတည်ရာသို့ သွားဖို့ ပြင်လိုက်တော့သည်။

ကန္တာရကြီး အတွင်း၌ လုံထန်တစ်ယောက် သူ၏ ခြေဦးတည်ရာ အတွင်းလျှောက်သွားနေခဲ့သည်။

အချိန်ပေါင်းများစွာကြာအောင် လျှောက်သွားပြီး ချိန်မှာပင် သူ၏ မြင်ကွင်းများက အဆုံးထိ ကန္တာရ ကြီးများသာပင် မြင်တွေနေရ၏ ။

ပထမတစ်ရက်မှာ သူမိုင်ပေါင်း တစ်ရာနီးပါး သွားခဲ့သော်လည်း ကန္တာရကြီး၏ အဆုံးသတ်ကိုယ် မတွေခဲချေ။

ဒုတိယတစ်ရက်မှာလည်း နောက် ထပ်မိုင်ပေါင်း တစ်ရာ ထပ်ပြီး သွားခဲ့သော်လည်း ကန္တာရ၏ အဆုံးသတ်ကိုယ် ရှာမတွေခဲ့ချေ။

ပုံရိပ်ယောင်ကမ္ဘာ၏ အားနည်းချက်ကိုယ်ရှာတွေဖို့ ဆိုရင် ဝေးကွာလှသည်။

အချိန်နှစ်ရက်သွားပြီး နောက်တွင်လုံထန်တစ်ယောက် သူ၏ စိတ်ထဲမှာ ဤ ပုံရိပ်ယောင်ကမ္ဘာမှ ထွက်ခွာရန် အပြင် သူ၏ ခန္ဓာကိုယ်၏ ခုနိုင်စွမ်းအားကိုယ် ပင်တွက်ချက်နေခဲ့ရသည်။

ပထမအဆင့်သားရဲ အဆင့်တစ်က အစားမစား ရေမသောက်ပဲ ငါး ရက်တိတိ သာနေနိုင်သည်။ အခုချိန်မှာ သူမှာ နောက်ထပ်အချိန် သုံးရက်သာ ကျန်ရှိတော့သည်။ ဤသုံးရက်အတွင်းမှာ ရှာမတွေခဲရင် သူအမှန်တစ်ကယ် ဒီပုံရိပ်ရောင်ကမ္ဘာထဲမှာ ထာဝရ ပိတ်လှောင်ခံရတော့မည်ဖြစ်ပြီး ဘယ်သော အခါမှ ပြန်ထွက်နိုင်တော့မည် မဟုတ်ချေ။

လုံထန်တစ် ယောက်သူ၏ ခန္ဓာကိုယ် စိတ်စွမ်းအား အမြင့်ဆုံးကိုယ် မြင့် ပြီးနောက်တွင် ထိုနေရာမှ လျှင်မြန်စွာ လျောက်ပြီး တော့ ပုံရိပ်ယောင်ကမ္ဘာ၏ အားနည်းချက် ရှိနိုင်မည်နေရာတွေကိုယ် လိုက်ရှာနေခဲ့သည်။

ပုံရိပ်ယောင် ကန္တာရကြီးအတွင်းမှာ နောက်ထပ် နှစ်ရက်ကုန်ဆုံးသွားခဲ့ပြန်၏ ။

နေနဲ့ ည ကွာခြားခြင်းမရှိသလို့ မြဲတမ်း တရှိန်ရှိန်နှင့် ပူပြင်းလှသော အပူရှိန်တွေကိုယ် ထုတ်လွတ်နေသော နေကြီး နှစ်စင်းက အမြဲတန်း ထွန်းလင်းနေခဲ့သည်။

နေနဲ့ ညမရှိ။

အခြားလူတစ်ယောက်မှ မရှိ ။

သောက်စရာ ရေမရှိ၊ အစားသောက်တွေမရှိ။

နားခိုစရာ အရိပ်တွေမရှိ။

ထိုကဲသို့သော် နေရာကြီးက လူတစ်ယောက်က တစ်ကိုယ်ထဲ ဖြင့် အထီးကျန်ဆန်လွန်းလှသော ခံစားချက်ကြောင့် ချက်ချက်ချင်းပင် သတ်သေသွားနိုင်သည်။

လုံထန်တစ်ယောက်လည်း အချိန်လေးရက်ကြာပြီးသွားချိန်မှာ သူ၏ ခန္ဓာကိုယ်ကလည်း စတင်ပြီးတော့ အားနည်းလာသည့် အရိပ်ရောင်များ ပြသလာခဲ့သည်။

မဟုတ် ဘူး ။

ငါဒီမှာ ကျရူံးလို့ မဖြစ်ဘူး ။ ငါလက်စားချေ လို့တောင် မပြီးသေးဘူး ။ ငါဒီပုံရိပ်ယောင်ကမ္ဘာထဲကနေ ထွက်နိုင်ရမယ် ။

လုံထန်တစ်ယောက် သူ၏ စိတ်ခံစားချက်ကိုယ် အမြင့်ဆုံးထိ မြင့်တင်လိုက်ပြီးနောက် ပုံရိပ်ယောင်ကမ္ဘာ၏ အားနည်း ချက်ကိုယ် ရှာဖွေရန်အတွက် ဆက်လက် ရှာဖွေရန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအစဉ်မှာ အဘိုးကြီးဖေးနှင့် အတူတူ မိုးကြိုး သိမ်းငှက်မျိုးနွယ်စုကိုယ်သွားသည့်အချိန်တုန်းက မိုးကြိုးရေစင်ကိုယ် ရှာဖွေရန် အတွက် ပုံရိပ်အစီရင်နှင့် ကာကွယ်ထားသည့်ကိုယ် ပြန်အမှတ်ရသွားခဲ့သည်။

ဖြစ်နိုင်မလား ။

ဟူး ။

လုံထန်တစ်ယောက် သူ၏ မျက်ဝန်းများက တောက်ပလာခဲ့ကာ အသက်ကိုယ်ပြင်းပြင်းရူ ရိူက်လိုက်ရင်းဖြင့် ပျော်ရွှင်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် အခြားလုပ်စရာမှ လည်း မရှိပဲ ဦးတည်ရာမဲ့ လိုက်ရှာနေတာထက်စာရင် စမ်းကြည့်ကျတာ ပေါ့ ။

All Chapters