အခန်း (၇၁)
Vol. 6 Ch. 71
လုံထန်တစ်ယောက် ပထမဆုံး အနေဖြင့် သူ၏ စိတ်အာရုံကိုယ် ပေါ့ပါး ရှင်းလင်းသွားစေရန်အတွက် သူရပ်တန့်နေသော နေရာမှာပင် ထိုင်ချလိုက်၍ တရားထိုင်လိုက်သည်။
သူ၏ ပျံလွင့်နေသော စိတ်အာရုံတွေကိုယ် တရား ထိုင်ရင်းဖြင့် ထိန်းချုပ်လိုက်၏ ။
အချိန်အချို့ကြာပြီး ချိန်မှာ လုံထန်တစ်ယောက် သူ၏ စိတ်တွေက အရင်လို ဟိုရောက်ဒီရောက်ဖြင့်မနေတော့ပဲ ပြန်လည့်ကာ တည်ငြိမ်လာခဲ့၏။
ထိုအချိန်မှာ လုံထန်တစ်ယောက် တရားထိုင်နေရာမှ ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးများကိုယ် ပြန်ဖွင့်လိုက်သည်။ ယခုအချိန်မှာ လုံထန်၏ မျက်လုံးများက အရင်လို့ ရှုပ်ထွေး မဲမှောင်နေမှုများ မရှိတော့ပဲ သူ၏ မျက်လုံးများက ကြည့်လင်တောက်ပ နေခဲ့သည်။
ဟူး ။
လုံထန်တစ်ယောက်သူ၏ ခန္ဓာကိုယ်လျော့ချလိုက်ပြီးနောက်တွင် သူကခပ်တိုးတိုးဖြင့်ရေရွတ်လိုက်သည်။
ပုံရိပ်ယောင်ကမ္ဘာ ၊ ပုံရိပ်ယောင်က ကိုယ်ရဲ့ စိတ်အာရုံရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်လာတာပဲ ။ အဲဒီက ပြသာနာက ငါကိုယ်တိုင်ကိုယ်က ဖြစ်နေတာ ပဲ ။ ငါရဲ့ စိတ်အာရုံက အရူပ်ထွေးမရှိပဲ ရှင်းနေပြီးတော့ ငါရဲနှလုံးသားကသာ ကြည့်လင်နေမယ်ဆိုရင် ငါက ဘယ်လို ပုံရိပ်ယောင် အရူပ်ထွေး ထဲမှာမှ ပိတ်မိခံရမှာ မဟုတ်ဘူး ။
လုံထန်တစ်ယောက် သူကိုယ်သူပြန်ပြောနေဟန်ဖြင့် ရေရွတ်လိုက်သည်။
စကြတာပေါ့ ။
လုံထန်က သူ၏ မျက်လုံးကိုယ်မှိတ်လိုက်ပြီး သူ၏ စိတ်အာရုံကိုယ်လည်း ကြည်လင်နေအောင် ထားထားခဲ့သည်။ မျက်လုံးကိုယ်မှိတ်၍ သူ၏ ခြေလှမ်းများကိုယ် စတင်ကာ လျှောက်လှမ်းလိုက်တော့သည်။
တစ်လှမ်း ၊နှစ်လှမ်း ၊သုံးလှမ်း ၊ လေးလှမ်း ၊
ခြေလှမ်း ဆယ်လမ်းလှမ်းပြီး ချိန်မှာ လုံထန်တစ်ယောက် သူ၏ ခန္ဓာကိုယ်က အတားစီးတစ်ခုကိုယ် ဖြတ်ကျော်လိုက်ရသလို့ ခံစားလိုက်ရသည်။ နောက် ထပ်ခြေလှမ်း အနည်းငယ်လောက်ထိ လျှောက်လမ်း ပြီးသွားချိန်မှာ သူ၏ မျက်နှာကိုယ် တိုးဝှေ့တိုက်ခိုက်နေသော လေပြေလေးများကိုယ် ခံစားမိလိုက်သည်။
ထိုလက်ဆက်သော လေထုကိုယ် ခံစားနေရသော ကြောင့် လုံထန်တစ်ယောက် သူ၏ မျက်လုံးများကိုယ် ဖွင့်လစ်လိုက်၏ ။ ပုံရိပ်ယောင်က မ္ဘာထဲမှာ သာရှိမည်ဆိုပါက သူ၏ ခန္ဓာကိုယ် အပေါ်သို့ လက်ဆက်သော လေထုက ကျရောက်လာမည် မဟုတ်ချေ။ ကန္တာရ၏ ပူပြင်းလှသော အပူရှိန် သာ ကျရောက်လာမည်ဖြစ်သည်။
လုံထန် သူ၏ မျက်လုံးများကိုယ် ဖွင့်လှစ်လိုက်ချိန်မှာ ဒုတိယ စမ်းသပ်မှု၏ ကွင်းပြင် ထဲသို့ ပြန်ရောက်နေသည့်ကိုယ် တွေလိုက်ရ၏ ။
ပတ်ဝန်းကျင်တွင်လည်း အခြားလူများ ရှိမနေပဲ ကောင်းထက်၌ ရပ်နေသော ဝေဝါးနေသော အဖြူရောင်ပုံရိပ်သာ ရှိနေခဲ့သည်။
ထိုအဖြူရောင်ပုံရိပ်က လည်း လုံထန်ကိုယ် စူးစမ်းဟန် ဖြင့် ကြည့်နေခဲ့သည်။
ဒုတိယ စမ်းသပ်မှုပုံရိပ်ယောင်ကမ္ဘာအတွင်းမှာ ပထမဆုံး ထွက်လာခဲ့သော ဖြစ်သောကြောင့်ဖြစ်သည်။
အဖြူရောင်ပုံရိပ်က ခနလောက်လုံထန်ကိုယ် စူးစိုက်ကြည့်ပြီးနောက် သူကိုယ် ရှိသည့်ဟုပင် မထင်ပဲ ပြန်လည့်ကာ တည့်ငြိမ်သွားခဲ့သည်။
လုံထန်လည်း အဖြူရောင်ပုံရိပ်ကိုယ် ဂရုစိုက်မနေတော့ ပဲ ၊ပုံရိပ်ယောင်ကမ္ဘာအတွင်းမှာ ထွက်လာပြီးတဲ့အ ချိန်မှာ သူကိုယ်တိုင်ကလည်း ပင်ပန်း နွမ်းနွယ်မှုကိုယ် ခံစားကသောကြောင့် များပြားထူထပ်လှသော ဝိညာဉ်ချီစွမ်းအင်များကိုယ် စုပ်ယူ၍ အခြားသူများ ပြန်လှည် ထွက်ခွာလာချိန်ကိုယ် စောင့်နေခဲ့သည်။
လုံထန်လည်း သူရပ်နေသော နေရာမှာပင် ရပ်တန့် ၍ ထိုင်ချလိုက်ပြီးနောက် ပတ်ဝန်းကျင့်ရှိ ဝိညာဉ်ချီစွမ်းအင်များကိုယ် စုပ်နေလိုက်တော့ သည်။
နောက်ထပ်တစ်ရက်ကုန်ဆုံး သွားချိန်မှာ နောက်ထပ်လူတစ်ယောက် ထပ်မံ၍ ထွက်လာခဲ့သည်။
လုံထန်တစ်ယောက် ထွက်ခွာလာသူကိုယ် ကြည့်လိုက်ချိန်မှာ သူကိုယ်တိုင်လည်း အံဩသွားခဲ့သည်။
ထိုလူက ဝတ်ရုံအနက်ကိုယ် တစ်ကိုယ်လုံး ခြုံထား၍ သူ၏ ပတ်ဝန်းကျင်မှာလည်း နတ်ဆိုး ချီစွမ်းအင်များ ဝန်းရံနေခဲ့၏ ။ သူ၏ ခန္ဓာကိုယ်တစ်ဝှိုက်တွင်လည်း ရက်စက်ကြမ်းတမ်း၍ အေးစက်လှသော အရှိန်ဝါနှင့် အော်ရာက သူ၏ ပတ်ဝန်းကျင့်ဆယ်မီတာခန့်၏ လေထုကိုယ်ပဲ အေးခဲလုမတက်ဖြစ်နေခဲ့သည်။လုံထန် ထို့လူကိုယ် သေချာကြည့်နေချိန်မှာ ထိုလူက လည်း အနည်းငယ်အံဩဟန့် ဖြင့် သူကိုယ် ပြန်ကြည့်နေခဲ့သည်။
အနက်ရောင်ဝတ်ရုံခြုံထားသော လူက လုံထန်ကိုယ် ခနတာ ကြည့်ရူ ပြီးနောက် အခြားနေရာသို့ သွားပြီးနောက် ထိုင်ချလိုက်ပြီးတော့ သူ၏ ကုန်ဆုံးသွားသော စွမ်းအင်များကိုယ် ပြန်လည့်ဖြည့်တင်းနေခဲ့သည်။
လုံထန်လည်း ထိုလူဤ ပုံသဏ္ဍန်ကိုယ်ကြည့်၍ အံဩနေခဲ့သည်။ အရင်တုန်းက သူအနည်းငယ်မှ သတိ မထားမိခဲချေ။ ဤလူ၏ ပတ်ဝန်းကျင့်က နတ်ဆိုးချီတွေက အမှန်တစ်ကယ် ထိတ်လန့်စရာကောင်းလှသည်။ဒီလို့ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ သူကိုယ် သူအရင်က သတိထားမိခဲ့ခြင်းမရှိချေ။
ထားလိုက်ပါ ။
လုံထန်လည်း သူ၏ ခေါင်းကိုယ် ရမ်း၍ ပတ်ဝန်းကျင့်ရှိ ဝိညာဉ်ချီစွမ်းအင်များကိုယ် ဆက်လက်၍ စုပ်ယူနေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီး ချိန်မှာ နောက်ထပ် လူတစ်ယောက် ထပ်မံ၍ ထွက်လာခဲ့သည်။ ထိုလူက အေးစက်စက် မျက်နှာထားနှင့် အပြာရောင်ဝတ်စုံကိုယ် ဝတ်ဆင်ထားပြီးတော့ သူ၏ ပတ်ဝန်းကျင့်မှာလည်း အဖျက်စွမ်းအားအပြည်ထုတ်လွတ်ထားသော မိုးကြိုး လျှပ်စီးများ က တစ်ချက်ချက် ပေါ်လာနေခဲ့သည်။
ဤလူကအခြား လူမဟုတ်ချေ။ လုံထန်၏ အစ်ကိုတော်ဖြစ်သူ မိုးပြာနဂါးအင်ပါယာ၏ အိမ်ရှေစံဖြစ်သူ လုံပါထန်းသာဖြစ်သည်။
လုံပါထန်းက အပြင်ရောက်သည့်နှင့် သူ၏ မျက်လုံးကိုယ် ကစားလိုက်ချိန်မှာ သူထက်အရင်ရောက်နေသူ နှစ်ယောက်ကိုယ် တွေလိုက်ရ၍ သူ၏ အေးစက်နေသော မျက်နှာက မျက်မှောင်ကြုပ်သွားခဲ့သည်။
သို့သော်လည်း လုံထန်ကိုယ် တွေလိုက်ချိန်မှာတော့ သူ၏ မျက်လုံးများက အံဩမှုများ ဖြစ်ပေါ်လာခဲ့၏ ။
လုံပါထန်း အံဩသွားသော်လည်း သူ၏ အေးစက်နေသော မျက်နှာထား ပုံသဏ္ဍန် ပြန်ဖြစ်သွား၍ ကွင်းပြင်၏ အခြားနေရာသို့ သွား၍ ထိုင်ချလိုက်ပြီးနောက် သူ၏ ကုန်ဆင်း သွားသော စွမ်းအင်တွေ ကိုယ် ပြန်ပြီး ဖြည့်တင်းနေလိုက်တော့သည်။
နောက်ထပ် တစ်ရက်ကုန်ဆုံးသွားချိန်မှာ အခြားလူအချို့လည်း ထပ်မံ၍ ထွက်ပေါ်လာခဲ့၏ ။
ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေးကလည်း လုံပါ့ထန်း၏ နောက်မှ လိုက်၍ ထွက်လာခဲ့သည်။
သူမသည့်လည်း အခြားသူများလိုပင် သူမအရှေမှာ ရှိနေသော လူများကြောင့် အနည်းငယ်မျက်မှောင်ကြုပ်မိသောလည်း သူမ၏ လှပသော မျက်ဝန်းလေးများကတော့ သူမထက်အရင် ထွက်လာ သည့် လူတွေ ရှိနေတာ ကြောင့် အံဩနေခဲ့မိသည်။
ပုံရိပ်ယောင်ကမ္ဘာ၏ စမ်းသပ်မှုက အမှန်တစ်ကယ် ခက်ခဲ လွန်းလှသည်ကိုယ် သူမကိုယ်တိုင်လည်း သိ၏ ။ သို့သော် ခြောက်ရက်အချိန်ဖြင့် ထွက်လာခဲ့သည့် မှို ပထမဆုံး လူမ သူမသာ ဖြစ်မည့်ဟု တွေးထား တာပဲ ဖြစ်သည်။
ဤသည့်က သူမအတွေးသာဖြစ်သည်။ သူမက အပြင်ဘက်ရှိ လုံပါ့ထန်း ၊လုံထန်နှင့် ၊ ဝတ်ရုံနက်နက် လူကိုယ် သေချာ ကြည့်၍ မှတ်သားလိုက်သည်။ နောက် အချိန်မှာ ထိုသူများက သူမ၏ ပြိုင်ဘက်များ ဖြစ်လာနိုင်သည်။ ထိုကြောင့် သူမက ထိုလူများကိုယ် သေချာအောင်ကြည့် ရူပြီး နောက် ကွင်းပြင်၏ အခြားဘက်သို့ သွား၍ သူမ၏ ကုန်ဆုံးသွားသော စွမ်းအားများကိုယ် ဖြည့်တင်းရန် ပြင်ဆင်လိုက်တော့သည်။
ဖီးနစ်မျိုးနွယ်စု၏ မိန်းမလှလေး ထွက်လာပြီး အချိန်ခနအကြာမှာ နောက်ထပ် အခြားလူများလည်း ထွက်လာကြ၏ ။
အချိန်တွေကြာလာသည့်နှင့် အမျှ တဖြေးဖြေး ဖြင့် အမည်ကျော်ကြားသော မျိုးနွယ်စု၏ ပါရမီရှင်များ ထွက်လာခဲ့ကြသည်။
ကျားဖြူမျိုးနွယ်စု ၏ ပါရမီရှင် ။
ယူနီကွန်း မျိုးနွယ်စု၏ ပါရမီရှင်။
နတ်ဆင်မျိုးနွယ် ။
စတဲ့ အမျိုးမျိုး သော ပါရမီရှင်များလည်း ထွက်လာခဲ့ကျသည်။ သူတို့ ထွက်လာတဲ့ အချိန်မှာ လုံထန်ကိုယ် အံဩတစ်ကြီးဖြစ်သည် ဟန်ဖြင့် ကြည့် ရူကြည့်သည်။