အခန်း (၇၂)
Vol. 6 Ch. 72
အခြား မျိုးနွယ်စု၏ ပါရမီရှင် များက သူတို့ ထွက်လာသည့်နှင့် လုံထန်ကိုယ် အံဩတစ်ကြီး ဖြင့် ထူးဆန်းနေသော မျက်နှာထားဖြင့် ကြည့် ရှုနေကြသည်။
အဘယ်ကြောင့်ဆိုရင် မြေကမ္ဘာသားရဲ့ အဆင့်သုံးလေး တစ်ယောက်က သူတို့ထပ် ဦးစွာ ပုံရိပ်ယောင်ကမ္ဘာကိုယ် ချိုးဖြတ် ထွက်ခွာလာနိုင်မည်ဟု မထင်မှတ်ထားသော ကြောင့် ဖြစ်သည်။
ထွက်ခွာလာသမျှ လူတိုင်းက လုံထန်ကိုယ် မြင်သည့် အခါတိုင်း ထူးဆန်း သွားရသည့် အချက်ဖြစ်သည်။
လက်ရှိမှာ အပြင်သို့ ရောက်ရှိနေသော ကျော်ကြားသော မျိုးနွယ်စု အမျိုးမျိုး ၏ ပါရမီရှင်များမှာ အဆင့် နိမ့် ဆုံးတစ်ယောက်ပင် မြေကမ္ဘာသားရဲ အဆင့်ခြောက်တွင် ရှိကြသည်။
လုံထန်ကတော့ ချိုယွင်းချက် ဖြစ်နေသည်။
လုံထန်တစ်ယောက် သူကိုယ် ကြည့်၍ အချိုတီးတိုးပြောဆိုကာ သူကိုယ် အထူးဆန်း မျက်နှာထား ဖြင့် ကြည့်နေသော အကြည့်များကိုယ် လစ်လျုချု ထားလိုက်၏ ။
--------
ပုံရိပ်ယောင်ကမ္ဘာ၏ စမ်းသပ်မှု ခြောက်ရက်မြှောက်နေမှာ လူပေါင်း တစ်ထောင် လောက်ထိသာ ပြန်လည်ထွက်ခွာ လာနိုင်ခဲ့၏ ။
အချိန်တွေက တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားခဲရင်း ဤသို့ဖြင့်သာ နောက် ထပ်တစ် ရက်ထပ်မံ ကုန်ဆုံးသွားခဲ့သည် ။ ဒီနေက ပုံရိပ်ယောင်ကမ္ဘာ၏ နောက်ဆုံးနေဖြစ်သည်။ ယနေမှ ပုံရိပ်ယောင်ကမ္ဘာကိုယ် ချိုးဖြတ်မခွာ နိုင်သည်လူတိုင်း သေဆုံး ချိန်ထိ ထာဝရ ပိတ်မိနေတော့မည် ဖြစ်သည်။
အချို့သော မျိုးနွယ်စုများမှာ လူအတိုင်းက သူတို့၏ မျိုးနွယ်စုမှ ထွက်ခွာမလာသေး သော လူတိုင်းကိုယ် မျော်လင့်ချက်ကြီး စွာဖြင့် စောင့်မျော်နေကျ၏ ။
အချိန်တချို့ကုန်ဆုံးသွားချိန်တွင် ကျန်ရစ်နေသော လူများ ကထပ်မံ၍ ထွက်ခွာ လာခဲ့ပြန်သည်။
ထိုလူများထဲတွင် လုံထန်တစ် ယောက်သူ၏ တတိယ အစ်ကိုယ် ဖြစ်သူ လုံထန်ရှင်း ကိုယ် တွေလိုက်ရ၏ ။
လုံထန်ရှင်း ကအပြင်ရောက်သည့် နှင့် ပတ်ဝန်းကျင့်ကိုယ် ကြည့် ရှုလိုက်၍ လုံထန် ကိုယ် မြင်သော် အခါ သူ၏ မျက်ဝန်းများက တောက်ပသွား၍ လုံထန် ရှိရာသို့ ရောက်ရှိလာခဲ့သည်။
ဟားဟား ။
ညီတော်ခြောက် မင်းက ငါထက်တောင်မှ ဦးစွာရောက်နေပါလား ။ လုံထန်ရှင်း က ရီမောလိုက်ရင်းဖြင့် လုံထန်ကိုယ် ပြောလိုက်၏ ။
ကံကောင်းသွားလို့ပါ ။ လုံထန်က လုံထန်ရှင်းကိုယ် ပြုံး၍ ပြန်ပြောလိုက်၏ ။
လုံထန်ရှင်း ပတ်ဝန်းကျင်ကိုယ် ထပ်မံ၍ အာရုံစိုက်ပြီးနောက် တွင် လုံပါထန်းကိုယ် တွေလိုက်က၏ ။
လုံပါထန်းကိုယ် တွေသည့် နှင့် လုံထန်ရှင်းက သဘောမကျဟန်ဖြင့် နှာခေါင်းချုံလိုက်သည်။
လုံထန်ရှင်းက ပွင့်ပွင်လင်းလင်းရှိပြီး တွေတဲ့ လူတိုင်းနှင့် ခင်ခင်မင်မင်ရှိ၏ ။ စစ်တပ်ထဲတွင်လည်း သူနှင့် မသိသူမရှိချေ။
လုံပါထန်းက အေးစက်၍ မာနကြီးကာ မောက်မာ၏ သူထက်အားနည်းသူများကိုယ်ဆိုရင် စကားပြောရန်ပင် မထိုက်တန်ဟုတွေးထားသူဖြစ်ပြီးတော့ ဘယ်သူကိုယ်မှလည်း ဂရုမစိုက်ချေ။
ထိုအချက်များကြောင့် လုံပါထန်းနှင့် လုံထန်ရှင်း မတည့်ရခြင်းဖြစ်သည်။ သို့သော်လည်း လုံထန်ရှင်းက လုံပါထန်း ၏ အရှေတွင် မပြောရဲ ချေ။ ဘာလိုလည်း မေးရချင် လုံပါထန်းက မောက်မာသည့်နှင့် လိုက်အောင် သန်မာသူဖြစ်သောကြောင့်ဖြစ်သည်။
နောက်ထပ်များစွာအချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားကြသည် ။ မျိုးနွယ်စု အသီးသီး ၏ လူများက လည်း ပုံရိပ်ယောင်ကမ္ဘာကိုယ် ချိုးဖြတ်၍ ထွက်ခွာလာကြ၏ ။
ယခုဆိုရင် လူပေါင်း လေးထောင်နီးပါးလောက် ပုံရိပ်ယောင်ကမ္ဘာအတွင်းမှာ ထွက်ခွာလာခဲ့ကြသည်။
အချိန်တွေက လျှင်မြန်စွာကုန်ဆုံးနေ၏ ။ မွန်းလွဲပိုင်းရောက်သည့် အချိန်တွင် နောက်ထပ် လူအချိုတပ်မံ၍ ပုံရိပ်ယောင်ကမ္ဘာကိုယ် ချိုးဖြတ်၍ ထွက်ခွာလာကြ၏ ။
လုံထန်တစ်ယောက် ထွက်ခွာလာသော လူများထဲမှာ သူ၏ နတ်ဘုရား အပြစ်ပေးသူ တပ်ဖွဲ့ များ၏ ခေါင်းဆောင် နှစ်ယောက်ကိုယ် တွေလိုက်ရသည်။ ကျိုးရန် ၊နှင့် မာဟုန် တိုဖြစ်သည်။
လုံထန်က သူတို့နှစ်ယောက် သူရှိနေသော နေရာသို့ ခေါ်ဆောင်လိုက်၏ ။
အရှင့်သား ။
ကျိုးရန် နှင့် မာဟုန်က လုံထန်ကိုယ် မြင်၍ ဦးညွတ် နှတ်ဆက်လိုက်ကြ၏ ။
အင်း ။
ကျိုးရန်က ပတ်ဝန်းကျင်ကိုယ် လိုက်လံစူးစမ်းပြီးသည့် နှင့် လုံထန်ကိုယ် မေးလိုက်၏ ။
အရှင့်သား ခွိုက်ရန်နှင့် မိုရှန် မထွက်လာသေးဘူးလား ။
သူတို့က မင်းတို့ထက်သန်မာတယ် ထင်လို့လား ။ သူတို့အားနည်းနေရင် ပုံရိပ်ယောင်ကမ္ဘာထဲက ထွက်ခွာလာနိုင်မှာ မဟုတ်ဘူး ။ သူများတွေကိုယ် တွေးမနေနဲ့ ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်ချီစွမ်းအင်တွေက အပြင်မှာထက် သုံးဆပိုပြီးတော့ သိပ်သည်း ထူထပ်တယ် ။ အဲတာတွေနဲ့ ကြိုးစား ကျင်ကြံပြီး အချိန်ကိုယ် အကျိုးရှိအောင် အသုံးချ ။ လုံထန်က ကျိုးရန်နှင့် မာဟုန်ကိုယ် ပြောလိုက်၏ ။
ဒီငယ်သား နားလည်ပါပြီ ။
ကျိုးရန်နှင့် မာဟုန် ကစတင်၍ ဝိညာဉ်ချီစွမ်းအင်များကိုယ် စုပ်ယူ၍ သူတို့၏ ကိုယ်ပိုင်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲ ရန်ကျိုးစားလိုက်တော့သည်။
လုံထန်လည်း နောက်တစ်ကြိမ် ထပ်မံ၍ ကျင့်ကြံရန် ပြင်လိုက်သည်။ သူစမ်းသပ်ကွင်းပြင်မှာ အပြင်သို့ ပြန်ထွက်သည့် အခါ ကောင်းကင်သားရဲ အဆင့်သို့ ရောက်ရှိရန် တွေးထားတာပဲ ဖြစ်သည်။