အခန်း (၇၃)
Vol. 6 Ch. 73
အချိန်ကလျှင်မြန်စွာဖြင့် ညနေ စောင်း အချိန် သို့ ရောက်ရှိလာခဲ့၏ ။
ယခုအချိန်ထိ ဒုတိယ စမ်းသပ်မှု ပုံရိပ်ယောင်ကမ္ဘာ အတွင်းသို့ ဝင်ရောက်သူ အယောင် တစ်သောင်း ခန့်မှာ လက်ရှိမှာ ပုံရိပ်ယောင်ကမ္ဘာကိုယ် ချိုးဖြတ်၍ ထွက်လာနိုင်သော သူမှာ အယောင် ငါးထောင် ခန့်သာ ရှိသေး၏ ။
ထိုအတွင်းမှာ ထွက်မလာနိုင်သေး သူများမှာ နောက် ထက် နာရီ အနည်းငယ် အတွင်းမှာ ထွက်၍ မလာနိုင်ခဲပါက သူတို့ ဘယ်သော အခါမှ ထွက် လာနိုင်တော့မည် မဟုတ် ချေ။
မျိုးနွယ်စုအသီးသီး၏ လူများကလည်း သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်က အန္တာရာယ်နှင့် အခွင့်လမ်းက ဒွန်တွဲနေသည့်ကိုယ် နားလည် သော်လည်း ပဲ အခုချိန်ထိ သူတို့၏ အပေါင်းဖော်များ ထွက် မလာသေးသည့် အတွက် သူတို့၏ မျက်နှာများက ပျက်ယွင်းနေကြသည်။
အချို့လူတွေမှာတော့ ထိုဖြစ်ပျက်နေသည့်များက သူတို့နှင့် မဆိုင်သည့် အလား ထိုင်၍ လေ့ကျင့်နေကြသည်။ ပတ်ဝန်းကျင့်ရှိ ပေါ်ကြွယ်ဝလွန်းလှသော ဝိညာဉ်ချီ စွမ်းအင်များကိုယ် စုပ်ယူ၍ သူတို့၏ အချိန်များကိုယ် အကျိုး ရှိအောင် အသုံးချလျက်ရှိ၏ ။ ထိုလူများထဲ တွင် လုံထန်က ထိပ်ဆုံး၌ ပါနေသည်။
သူက ပုံရိပ်ယောင်ကမ္ဘာမှ စတင်ထွက်ခွာလာသည့် အချိန်ထဲ အခုချိန်ထိ သူ၏ အချိန်များကိုယ် အကျိုးကျိုး ရှိရှိ အသုံးချကာ ပတ်ဝန်းကျင်ရှိ ပေါကြွယ်ဝလွန်းလှသော ဝိညာဉ် ချီစွမ်းအင်များကိုယ် စုပ်ယူနေခဲ့၏ ။
ဤသုံးရက်အတွင်းမှာ လုံထန်တစ်ယောက်သူ ၏ အဆင့်ငယ်လေးတစ်ဆင့်ကိုယ် ချိုးဖြတ်တက်နိုင်ခဲ့သည်။ သားရဲ နတ်ဘုရား စမ်းသပ်ကွင်းပြင်ကိုယ် စတင်ဝင်ခဲ့ချိန်မှ သူမြေကမ္ဘာ သားရဲ့ တတိယ အဆင့် အဆင့်နိမ့်တွင် ရှိနေခဲ့ပြီး တော့ အခုသုံးရက်အတွင်းမှာ မြေကမ္ဘာသားရဲ တတိယအဆင့်၏ အလယ်လတ်သို့ ရောက်ရှိ လာခဲ့သည်။ ဤသည့်က သူ၏ ကြီးမားသော ရိတ်သိမ်းမှုကြီး ဖြစ်သည်။
နောက်ထပ် အချိန်တရွေ့ရွေ့ဖြင် လျှင်မြန်စွာကုန် ဆုံးလာခဲ့သည်။ နောက်ထပ် အချိန်တစ်နာရီ ကြာသွားခဲ့ပါက ဒုတိယ အဆင့်၏ စမ်းသပ်မှု သတ်မှတ်ချိန်က ပြီးဆုံးသွားတော့မည် ဖြစ်သည်။
သတ်မှတ်ထားသော အချိန်နည်းကပ်လာသည့်နှင့် အမျှ ထွက်ခွာလာနိုင်သူများလည်း များပြား လာကြသည်။ ထိုလူများထဲတွင် လုံဟွမ်အာ လည်း ပါဝင်၏ ။
လုံဟွမ်အာက ပတ်ဝန်းကျင့်ကိုယ် မျက်စိကစားကြည့် ပြီးသည့်နှင့် သူ၏ မျက်ဝန်းထဲတွင် အေးချမ်းတည်ငြိမ်စွာဖြင့် ပြင်ပရှိ အရာများက သူနှင့် ဘာနဲမှ မဆိုင်သလို့ တည်ငြိမ်စွာဖြင့် ထိုင်၍ ကျင့်ကြံနေသော လုံထန်ကိုယ် တွေသွားခဲ့သည်။
သေစမ်း ။
အဲဒီခွေးကောင် ငါထက်အရင် ထွက်လာခဲ့တယ် ။ ငါနင်ကိုယ် သတ်ပစ်မယ် ။ လုံဟွမ်အာက ဒေါကတကြီးဖြင့် လုံထန် ရှိနေရာကိုယ် မျက်ထောင့်နီကြီးများဖြင့် ကြည်၍ ရေရွတ်လိုက်၏ ။
သူမက ထိုနေရာမှ နေ၍ သူမ၏ အစ်ကိုယ်ဖြစ်သူ လုံပါထန်းရှိရာသို့ ဦးတည်သွားလိုက်သည်။
အစ်ကိုယ်တော် လုံဟွမ်အာ၏ အသံကြားသည့်နှင့် ကျင့်ကြံနေသော လုံပါ့ထန်း၏ မျက်လုံးများကဖွင့်လာခဲ့၏ ။ သို့သော်လည်း သူ၏ မျက်နှာ အမူရာ အေးစက်စက်ဖြစ်နေသော လည်း သူ၏ မျက်ဝန်းများက တော့ နွေးထွေးနေခဲ့၏ ။
အင်း ။
အစ်ကိုယ်တော် ပထမဆုံး ထွက်လာတာလား ။
လုံဟွမ်အာက သိလိုဟန်ဖြင့် မေးလိုက်၏ ။
မဟုတ်ဘူး ။ ငါရဲ့အရှေမှာ နှစ်ယောက်ရှိတယ် ။
ဟမ့် ။
လုံဟွမ်အာက မယုံကြည့်နိုင်ဟန်ဖြစ်သွားခဲ့သည်။ သူမ၏ မျက်လုံးများက ယုံကြည့်နိုင် ဟန်မရှိချေ။ သူမ၏ စိတ်ထဲတွင် သူမအစ်ကိုယ်က အစွမ်းဆုံးဟုသတ်မှတ်ထားသူဖြစ်သည်။ မိုးပြာနဂါး မျိုးနွယ်နှင့် ရေနဂါးမျိုးနွယ်၏ မျိုးဆက်ဖြင့်သည့် လုံပါထန်း အနေနဲ့ ပါရမီရှင်လို့ ပြောရလောက်အောင်ထိ ပင် ကျော်လွန်အောင် အစွမ်းထက်လွန်းလှသည်။
မိုးပြာနဂါးမျိုးနွယ်စု၏ လျှပ်စီးစွမ်းအားကိုယ်လည်း ထိန်းချုပ်နိုင်သလို့ ရေနဂါးမျိုးနွယ်စု၏ ရေစွမ်းအားကိုယ်လည်း ထိန်းချုပ်နိုင်၏ ။ ဤအတွက်ကြောင့် လုံပါထန်းက သူ၏ အသက်တူ ရွယ်တူတွေကြားတွင် အမြဲတန်း ခေါင်းတစ်လုံးသာနေခဲ့သည်။
ထိုသို့သော်လူမျိုးက တတိယ ဖြစ်သည့်ဟု ပြောသော ကြောင့် လုံဟွမ်အာက အမှန်တစ်ကယ် အံအားသင့်မိသလို့ ယုံကြည့်ရဲခြင်း မရှိချေ။
အစ်ကိုယ် နင်ရဲ့ ထွက်လာတဲ့ သူ အရင်နှစ်ယောက်က ဘယ်သူလည်း လုံဟွမ်အာက သိချင်စွာဖြင့်မေးလိုက်သည်။
ညီတော်ခြောက်နဲ့ တစ်ယောက်က ဝတ်ရုံနက်ခြုံထား တဲ့ တစ်ယောက်ပဲ လုံပါ့ထန်းက ပြောလိုက်သည်။ ထိုလူများအကြောင်း ပြောလိုချိန်တွင် သူ၏ တိုက်ခိုက်လိုစိတ်များက ထွက်ပေါ်လာခဲ့သည်။ အမြဲတန်း အခြားလူများထက်ခေါင်းတစ်လုံးသာခဲ့သော် သူလိုလူတစ်ယောက်က တတိယ ဖြစ်သွားခဲ့သည်ကိုယ်သူ လည်းလက်မခံနိုင်ချေ။ သားရဲ နတ်ဘုရား စမ်းသပ်ကွင်းပြင်က အခုချိန်မှာ တိုက်ခိုက်ခွင့်ပြုထားပါက သူစတင်၍ တိုက်ခိုက်နေပြီးပဲ ဖြစ်သည်။
လုံပါထန်း၏ စကားကိုယ် ကြားသောအခါမှာ လုံဟွမ်အာတစ်ယောက် သူမနားကြားမှားသွားသည့် ဟုထင်မှတ်လိုက်ရသည်။
အစ်ကိုယ် နင်ဘာပြောတယ် ။ ဟိုအစေခံမသားက နင်ထက် အရင် ဟုတ်လား ။
မဖြစ်နိုင်တာ ။
လုံပါထန်းက မျက်မှောင်ကြုပ်၍ ကြည့်ကာ ငါကနင်ကို လိမ်စရာ လား။ ညီတော်ခြောက် ဘယ်လို လုပ်လာတယ်ကိုယ် ငါမသိပေမဲ့ သူက အခုမှ မြေကမ္ဘာသားရဲ့ တတိယ အဆင့်ပဲ ရှိသေးတယ် ။
ငါရဲ့ ပြိုင်ဘက်ဖြစ်လာဖို့ အဆင့်မမှီဘူး ။ ငါရဲ့ ပြိုင်ဘက်အစစ်မှန်က တစ်ယောက်ထဲပဲ လုံပါထန်းက ဝတ်ရုံနက်နဲ လူကိုယ် ကြည့်လိုက်၏ ။
အခြားသူများနှင့် ဝေးသည့်နေရာမှ ကျင့်ကြံနေသော ဝတ်ရုံနက်မှာ သူကိုယ် တစ်ယောက်ကြည့်နေသည့်ကိုယ် ခံစားမိ၍ ကျင့်ကြံနေသည့်ကိုယ် ရပ်တန်၍ သူကိုယ် ကြည့်နေသော ကိုယ် လိုက်လံ ရှာဖွေလိုက်၏ ။
နောက်ဆုံးတွင် သူကိုယ် တိုက်ခိုက်လို့နေသော စိတ်ဆန္ဒများ ဖြာထွက်နေသည့် လုံပါထန်းကိုယ် တွေလိုက်ရ၏။
ဝတ်ရုံနက်ခြုံထားသော လူက သူ၏ အရှိန်ကိုယ် ဖြန့်ကျက်လိုက်၏ ။ သူ၏ ပတ်ဝန်းကကျင့်က အေးစက်စက် နှင့် အမဲရောင် နတ်ဆိုးချီများ ဝန်းရံလာခဲ့သည်။ ဤသို့ဖြင့်သူက လုံပါ့ထန်းကိုယ် ဂရုမစိုက်ဟန်ဖြင့် စိန်ခေါ်နေသော ဟန် ပြန်ကြည့်လိုက်၏ ။