← Chapters

တတိယအဆင့်စမ်းသပ်မှု ( ၁ )

Vol. 6 Ch. 74

တတိယအဆင့်စမ်းသပ်မှု ( ၁ )

Vol. 6 Ch. 74

လုံပါထန်းကလည်း ဝတ်ရုံနက်နဲ့ လူက သူကိုယ် ပြန်လည်ကာ စိန်ခေါ်သည့် အမှုရာနှင့် သူ၏ အရှိန်ဝါများကိုယ် ထုတ်လွတ်လိုက်သည့်ကို မြင်လိုက်ရ၏ ။

ဟမ့် ။

လုံပါထန်းကလည်း ပြန်လှည့်ကာ စိန်ခေါ်လိုက်သည့် အမှုရာဖြင့် သူ၏ အော်ရာများက ဖြာထွက်လာခဲ့သည် ။ ထူခြားချက် လုံပ့ါထန်း၏ ပတ်ဝန်းကျင့်တွင် တစ်ဖက် မိုးကြိုး လျှပ်စီးများဖြင့် ပြည့်နက်နေပြီးတော့ တစ်ဖက်ကတော့ ရေခဲနယ်မြေကြီး ဖြစ်သွားခဲ့သည်။

ထိုအပြောင်းလဲကြောင့် ကွင်းပြင်အတွင်းမှ လူများကလည်း လုံပါ့ထန်းနှင့် ဝတ်ရုံနက်ကိုယ် အာရုံ စိုက်လာကြ၏ ။

ဘာလည်း သူတို့က တိုက်ခိုက်တော့မှာလား ။

သူတို့သတ္တိတော်တော်ကောင်းတာပဲ သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်က စမ်းသပ်မှု မဟုတ်ရင် အချင်းချင်း တိုက်ခိုက်လို့ မရဘူးဆိုတာမသိဘူးလား ။

အဲတာက ဘယ်သူလည်း သူရဲ့ အရှိန်ဝါကြီး တော်တော်ကြောက်ဖို့ ကောင်းတာပဲ အချို့လူများ က လုံပါ့ထန်း ကိုယ် ထိတ်လန်စွာဖြင့် ကြည့်လိုက်ကြ၏ ။

အချို့လူများကလည်း အနက်ရောင်ဝတ်ရုံနှင့် လူကိုယ် ကြည့် ထိတ်လန့်နေသော အမှုရာဖြင့် သူတို့အချင်းချင်းတီးတိုးပြောနေကြသည်။

ထိုအစဉ် ......

ကောင်းကင်ယံထက်၌ တစ်ချိန်လုံး လှုပ်ရှားမှု အနည်းငယ်တောင် မရှိခဲ့သော အဖြူရောင်ပုံရိပ်က အနည်းငယ်လှုပ်ရှားသွားပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်ဝါကြီးက ကွင်းပြင်တစ်ခုလုံးကိုယ် ဖုံးအုပ်သွားခဲ့၏ ။

ဒုတိယစမ်းသပ်ကွင်းပြင်မှ လူတိုင်းက ထိုကြောက်မက်ဖွယ်ရာ အရှိန်ဝါ၏ အောက်မှာ အသက်ရူရန်ပင် ခက်ခဲ့လာကြသည်။ အချို့သူများဆိုရင် မြေပြင်ထက်သို့ လှဲကြသွားခဲ့၏ ။

လုံထန်ကျင့်ကြံနေရာမှာ ထိုအရှိန်ဝါ၏ အောက်မှာ အသက်ရှုရန်ပင် ခက်ခဲလာသည့်ကိုယ် သတိထားလိုက်မိသည်။ ကံကောင်းသည့်က ထိုအရှိန်ဝါက ဘာသတ်ဖြတ် လိုစိတ်မှာ မရှိပဲ သတိပေးသည့် အနေဖြင့်သာ ရှိနေသော ကြောင့်ဖြစ်သည်။ မဟုတ်ပါ ထိုအရှိန်ဝါအောက်မှာ မည်သူမှ အသက်ရှင်ကျန်ရစ်နေမည်မဟုတ်ချေ။

အဖြူရောင်ပုံရိပ်ကသူ၏ အရှိန်ဝါများကိုယ် ပြန်လည့်ကာ ရိပ်သိမ်းလိုက်ရင်းဖြင့်ပြောလိုက်၏။အချင်းချင်းတိုက်ခိုက်ခွင့်မပြုထားဘူးဆိုတာနားမလည်ဘူးလား ။ အေးစက်စက်ဖြင့် ခံစားချက်မဲ့နေသော အသံက လူတိုင်း၏ နားထဲတွင်ကြားလိုက်ရသည်။

သူ၏ အမှုရာကိုယ် ဘယ်လို ဖြစ်နေသည့်လည်း မည်သူမှာ မတွေနိုင်သော်လည်း သူက လုံပါ့ထန်းနှင့် ဝတ်ရုံနက် ထံသို့ ဦးတည်၍ ပြောလိုက်ချင်းဖြစ်သည်။

နားလည်ပါပြီ အကြီးကဲ ။

လုံပါထန်းနှင့် ဝတ်ရုံနက်မှာ ချက်ချက်ချင်းထရပ်၍ တောင်းပန်စကားဆိုလိုက်၏ ။

အဖြူရောင်ပုံရိပ်မှာ စိတ်မဝင်စားတော့ဟန်ဖြင့် ပြန်လည်ကာ ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။

ထိုအခါမှာသာ လုံပါ့ထန်းနှင့် ဝတ်ရုံနက်လည်း သက်ပြင်းချနိုင်တော့သည်။ ယခုနက အရှိန်က သူတို့ကိုယ် အများဆုံး ဦးတည်လာသဖြင့် သူကိုယ် ပို၍ ထိတ်လန့်တုန်လူပ်စေ၏ ။

လူငယ်မျိုးဆက်တွေထဲမှာ သူတို့က သန်မာကျော်ကြားကာ မောက်မာ၍ ရသော်လည်း သားရဲ နတ်ဘုရား စမ်းသပ်ကွင်းပြင် အတွင်းမှာ မမောက်မာရဲချေ။

အစ်ကိုယ်နင်အဆင်ပြေလား ။ လုံဟွမ်အာက လုံပါ့ထန်း၏ မျက်နှာဖြူလျော့နေပြီးတော့ ချွေးပြန်နေသော အမှုရာကြောင့် ထိတ်လန့်စွာမေးလိုက်သည်။

အဆင်ပြေပါတယ် အနည်းငယ်လောက်အတွင်း ဒဏ်ရာရသွားရုံပဲ ။ အဲဒီအကြီးကဲက သတိပေးရုံပဲ ဆိုတော့ ကံကောင်းသွားတာပဲ မဟုတ်ရင် မလွယ်ဘူး ။

လုံပါ့ထန်းက လုံဟွမ်ကိုယ် ပြောပြီးသည့်နှင့် သူ၏ ဒဏ်ရာ အနည်းငယ်ကိုယ် ကုသရန်အတွက် ဆေးတစ်လုံးထုတ်၍ သောက်ပြီးဒဏ်ရာ များကိုယ် ကုသနေလိုက်၏ ။

တစ်ဖက်တွင်ရှိသော ဝတ်ရုံနက်မှာလည်း သူ၏ အခြေနေရာ လုံပါ့ထန်းအတိုင်းပင် အတွင်း ဒဏ်ရာ ရသွားသဖြင့် သူ၏ ဒဏ်ရာ အချို့ကိုယ် ကုသနေခဲ့သည်။

လုံထန်လည်း လုံပါ့ထန်းနှင့် အဝတ်ရုံနက်ကိုယ် တစ်ချက်ကြည့်ပြီးနောက် တွင် ကောင်းကင်ထက်၌ တည်ငြိမ်စွာ ရပ်တန့်နေသော အဖြူရောင်ပုံ ရိပ်ကိုယ် ကြည့်လိုက်၏ ။

သူက ဘယ်အဆင့်ထိတောင် ရောက်နေတာလည်း ။ အဘိုးကြီးဖေး၏ သားရဲဘုရင့်အဆင့် ခုနှစ်အရှိန်က ကပင် ယခုနက ဖြာထွက်လာသော အရှိန်ဝါနဲ့ နိူင်းယျဉ် လိုက်ပါက ကောင်းကင်နဲ့ မြေကြီးပမာ ကွာခြားလှသည်။

လုံထန်လည်း အဖြူရောင်ပုံရိပ်ကိုယ် တစ်ချက်ကြည့်၍ သူ၏ မျက်လုံးများကိုယ် မှိတ်၍ ပြန်လှည့်ကာ ကျင့်ကြံနေလိုက်သည်။

----------

ယခုအချိန်မှာတော့ ကွင်းပြင်ထဲရှိလူများမှာ အရင်လို့ ဆူညံမှုများ ရှိမနေတော့ပဲ သူတို့အုပ်စုနှင့်သူတို့သာ စုဝေးနေပြီးတော့ နောက်ထွက်လာမည့် သူတို့၏ မျိုးနွယ်စုများကို စောင့်ဆိုင်းနေခဲ့သည်။

အချိန်က တရွေ့ရွေ့ဖြင့် ကုန်ဆုံးလာခဲ့သည်။

ထိုအချိန်မှာ ပုံရိပ်ယောက်ကမ္ဘာကိုယ် ချိုးဖြတ်၍ ထွက်လာနိုင်ခဲ့သူများမှာလည်း နည်းပါးလာခဲ့သည်။

ကျိုးရန်နှင့် မာဟုန်မှာ သူ၏ အဖွဲ့ထဲမှာ လူများ မထွက်လာသေးသည့်အတွက်ကြောင့် ဆက်လက်၍ မကျင့်ကြံတော့ပဲ စောင့်ကြည့်နေခဲ့သည်။

ထိုအစဉ်မှာ သူတို့၏ မျက်လုံးထဲတွင် မိုရှန်တစ်ယောက် ဖြုလျော့နေသော မျက်နှာထားနှင့်ထွက်လာခဲ့သည်ကိုယ်တွေလိုက်ရ၏ ။

မိုရှန်ဒီကိုယ်လာခဲ့ မာဟုန်က မိုရှန်ကိုယ် ကြည့်ကာ လှမ်း၍ ခေါ်လိုက်သည်။

မိုရှန်လည်း ဖြုလျော့နေသော မျက်နှာနှင့် လုံထန်တို့ရှိရာ ထံသို့ ရောက်ရှိလာခဲ့သည်။

အရှင့်သား ။

အင်း ။ မင်းရဲ့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကိုယ် ဖြည့်တင်းလိုက်အုန်း။ လုံထန်က မိုရှန်ကိုယ် ကြည့်၍ ပြောလိုက်သည်။

နားလည်ပါပြီ အရှင်သား ။

မိုရှန်လည်း လုံထန်၏ အမိန့်ကြောင့် ထိုနေရာမှာပင် ထိုင်ချလိုက်၍ သူ၏ ကုန်ဆုံးသွားသော စွမ်းအားများကိုယ် ပတ်ဝန်းကျင်ရှိ ပေါကြွယ်ဝသော စွမ်းအားများကိုယ် စုပ်ယူ၍ ဖြည့်တင်းနေလိုက်သည်။

အချိန်အချို့ကြာသွားချိန်မှာ ကောင်းကင်ထက်၌ တည်ငြိမ်စွာရပ်တန်နေသော အဖြူရောင်ပုံရိပ်မှာ လူပ်ရှားလာခဲ့သည်။

ဒုတိယ စမ်းသပ်မှုပြီးဆုံးပြီ ။

ဝုန်း ။

အဖြူရောင်ပုံရိပ်၏ စကားဆုံးသည့်နှင့် နယ်မြေတစ်ခုလုံးက တိတ်ဆိတ်သွားခဲ့သည်။

အခုဒါကမင်းတို့ရဲ့ ဆုလဒ်ပဲ။

အဖြူရောင်ပုံရိပ်က သူ၏ လက်ကိုယ် ဝှေ့ရမ်းလိုက်သည်နှင့် အပြင်သို့ ပြန်ထွက်လာနိုင်သော လူရှစ်ထောင်ခန့်စီသို့ပြန် နှံရောက်ရှိလာခဲ့သည်။

လုံထန်တစ်ယောက်သူ၏ အရှေသို့ ပျံသန်းလာသော အရာကိုယ် ဖမ်းလိုက်ရှိန်မှာ သို့လှောင်အိတ်တစ်ခုဖြစ်နေခဲ့သည်။ ထိုအထဲကိုယ် စစ်ဆေးကြည့်ချိန်မှာ တုန်ကင်ပြား ငါးရာ ရှိနေခဲ့သည်။

ထိုအစဉ် ကောင်းကင်ထက်၌ အဖြူရောင်ပုံရိပ်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

မင်းတို့ရဲ့ တုန်ကင်တွေနှင့် ဆေးလုံး၊ ကျင့်စဉ်၊ လက်နက်၊ ချပ်ဝတ်တွေလဲလှယ်လို့ရတယ် ။

မလဲလှယ်ချင်တဲ့သူတွေကိုယ် နောက်ထပ်စမ်းသပ်မှု စီပို့ပေးမယ် ။

စမ်းသပ်မှုကိုယ် နောက်ထပ်ဝင်မစမ်းသပ်ချင်တဲ့ သူတွေက ဒီမှာပဲ ကျင့်ကြံလို့ရတယ်။ အချိန် ခုနှစ်ရက်ကြာသွားရင် မင်းတို့ကိုယ် အလိုအလျောက်ရောက် မင်းတို့ဝင်လာတဲ့ နေရာကိုယ် ပြန်ပို့ပေးမယ် ။

မင်းတို့အားလုံးရွှေးချယ်လို့ရပြီ ။

All Chapters