တတိယအဆင့်စမ်းသပ်မှု ( ၂ )
Vol. 6 Ch. 75
ထိုစကားသံ ဆုံးသွားသည့်နှင့် ကွင်းပြင်ထဲရှိ မျိုးနွယ်စုအမျိုးမျိုးရှိလူများက အချင်းချင်းတီးတိုးပြောဆို၍ ဆွေးနွေးနေကြသည်။
အချို့သော သူများမှာတော့ နောက်စမ်းသပ်မှုတွေကိုယ် မပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ယခုစမ်းသပ်မှုမှာပင် အပြင်သို့ ပြန်အထွက်မလာနိုင်ခဲ့သော အယောက်နှစ်ထောင်ခန့်ပင်ရှိလေသည်။ ဤအရည်တွက်ကြီးမားလွန်း ၍ အချိုသော သူများကိုယ် နောက်ဆုတ်သွားစေခဲ့သည်။
-------
လုံထန်က သူ၏ နောက်တွင် ရပ်နေသော ကျိုးရန်၊ မာဟုန် ၊မိုရှန်တို့ကိုယ် ကြည့်၍ ပြောလိုက်သည်။
မင်းတို့မှာ ယုံကြည့်ချက်မရှိရင် နောက်စမ်းသပ်မှုမှာ မပါဝင်တော့ပဲ ဒီမှာပဲ ရပ်လိုက်တော့ ။ မင်းတို့ရထားတဲ့ တုန်ကင်တွေနဲ့ ကျင်စဉ် ၊ ဒါမှ မဟုတ် တစ်ခုခုလည်းပြီး ဒီမှာလေ့ကျင့်နေလိုက်ပါ ။မင်းတို့ ဘယ်လို့ လုပ်မှာလို့စဉ်းစား ထားလည်း လုံထန်ကြည့်ကာမေးလိုက်၏ ။
ကျိုးရန် ၊ မာဟုန် ၊ မိုရှန်တို့ က တစ်ခနခန့်စဉ်းစားပြီးချိန်မှာ လုံထန်ကိုယ် ကြည့်၍ ပြန်ပြောလိုက်သည်။
အရှင့်သား ။
ကျုပ်တို့က အခုမှ မြေကမ္ဘာသားရဲ့ ဒုတိယအဆင့်ရဲ့ အဆင့်မြင့်သို့ပဲ ရောက်သေးတော့ နောက် စမ်းသပ်မှုတွေမှာ ပါဝင်ဖို့ အဆင်မပြေလောက်တော့ဘူးလို့ ထင်မြင်မိပါတယ် ။ အဲတာကြောင့် ကျုပ်တို့ နောက်စမ်းသပ်မှုမှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ အရှင့်သား ။
ကောင်းပြီ ။
မင်းတို့တွေ ကိုယ်နဲ့ အဆင်ပြေမည်အရာတွေလဲလှယ်ပြီးတော့ မင်းတိုရဲ့ ခွန့်အားကိုယ် တိုးတက်အောင်လုပ်ထားပါ ။ ထိုသို့ပြောပြီးသည့်နှင့် လုံထန်မှာ နောက်စမ်းသပ်မှုမှာ ပါဝင်ဖိူ့အတွက် ညာဘက်ရှိ လူများရှိရာထံသို့ ဦးတည်လိုက်သည်။
လက်ရှိညာဘက်တွင် တော့ အမည်ကျော်ကြားသော် မျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်များပင် ရှိကြတော့သည်။ သူတို့၏ ကျင့်ကြံမှုများမှာ အနိမ့်ဆုံးပင် မြေကမ္ဘာသားရဲ အဆင့် ခုနှစ်ဖြစ်သည်။
သို့သော်သူတို့အားလုံး မြေကမ္ဘာသားရဲ အဆင့်တတိယ အဆင့်သာရှိသော လုံထန်ယောက်လာနေ သည့်ကိုယ် ကြည်၍ အံဩတစ်ကြီးဖြစ်သွားခဲ့သည်။
လုံထန်ရှင်းက လုံထန်ရှိ ရာစီသို့လျှင်မြန်စွာရောက်လာခဲ့သည်။ ညီတော်ခြောက် မင်းနောက်စမ်းသပ်မှုတွေမှာပါတာ က အန္တာရယ်ရှိနိုင်တယ် ။ အခွင့်လမ်းနှင့် အမွေနှစ်တွေ ရှိတယ် ဆိုပေမဲ့ မင်းမစွန့်စားသင့်ဘူး။ လုံထန်ရှင်းက လေးနက်သည့်အမှုရာဖြင့် လုံထန်ကိုယ် ပြောလိုက်၏ ။
စိတ်မပူပါနဲ တတိယ အစ်ကိုယ်တော် ။ ငါရဲ့ ကန့်သတ်ချက်ကိုယ် ငါနားလည်ပါတယ် ။
လုံထန်က သူကိုယ် စိတ်ပူ၍ လာပြောသည့်ကိုယ် ကြည့်၍ ရီမောလိုက်ပြီး စိတ်မပူရန် ပြောလိုက်သည်။
မင်းသေချာရဲ့လား ။
လုံထန်ရှင်းက မယုံကြည့်နိုင်သော မျက်နှာထားဖြင့် မေးလိုက်၏ ။
ဟားဟား ။
သေချာပါတယ် အစ်ကိုယ်တော် ။
ဒါဆိုလည်း ကောင်းပြီ ။
ထိုသို့ဖြင့် နောက်စမ်းသပ်မှုတွင် တန်းပြီးတော့ ဝင်ရောက်၍ စမ်းသပ်ခံမည် လူများက တဖြေးဖြေး များလာခဲ့သည်။ ယခုဆိုရင် သုံးထောင်နည်းပါးပင် ရှိလာခဲ့သည်။
ကျန်ရစ်သည့်လူများမှာတော့ စမ်းသပ်မှုကိုယ် မဝင်ရောက်တော့ပဲနှင့် နောက်မှပစ္စည်းတွေကိုယ် လဲလှယ်ပြီးတော့ သူတို့ရဲ့ ခွန်အားကိုယ် တိုးတက်အောင်လုပ်ပြီးမှာ ဝင်ရောက်မည်သူများဖြင့်သည်။
မင်းတို့ရွှေးချယ်လို့ပြီးပြီထင်တယ် ။
ကောင်းထက်၌ အဖြူရောင်ပုံရိပ်က နောက်စမ်းသပ်မှုကိုယ် တန်းပြီး ဝင်ရောက်မှာလုံထန်တို့ အုပ်စုရှိရာ ညာသို့ကြည့်လိုက်သည်။
ထိုနောက်မှာသူ က သူ၏ လက်ကိုယ်ဝှေ့ရမ်းလိုက်သည်။ ထူးခြားဆန်းကျယ်သော စွမ်းအားတစ်ခု သူတိုကိုယ် လွမ်းခြုံလာပြီးနောက် တွင် နောက်ထပ် နေရာတစ်ခုကိုယ်ပိုဆောင်ပေးလိုက်တော့သည်။
အချိန်ကခနလေးသာကြာမြင့်ခဲ့ပြီးနောက်တွင် လုံထန်တစ်ယောက်သူ၏ မျက်လုံးကိုယ် ဖွင့်ကြည့်လိုက်ချိန်မှာ နောက်ထပ်ကွင်းပြင်တစ်ခုထဲကိုယ် ရောက်ရှ်ိနေသည့်ကိုယ် တွေလိုက်ရသည်။
ထူခြားသည့်အချက်က ဒီနေရာ၏ ဝိညာဉ်ချီက ဒုတိယအထပ်ထပ် နှစ်ဆခန့်ပို၍ သိပ်သည်း ပေါကြွယ်ဝလှသည်။ နောက်ထက်က ကြီးမားသော ကျောက်တိုင်ကြီးများ ကိုယ် ဝန်းရံထားသော အစီရင်ဝင်္ကပါကြီးတွေ များစွာရှိနေခဲ့သည်။
ဝုန်း ။
နယ်မြေကတုန်ခါသွားခဲ့၍ သူတို့အရင်ထပ်တွင်မြင်တွေရခဲ့သည့်အတိုင်းတွင် ပတ်ဝန်းကျင့်ဝိညာဉ်ချီ စွမ်းအင်များကကောင်းကင်ယံ၌ လျှင်မြန်စွာစုဝေးလာခဲ့ပြီးနောက် အဖြူရောင်ပုံရိပ်တစ်ခုအဖြစ် စုစည်းလာခဲ့၏ ။
အဖြူရောင်ပုံရိပ်က ဖြစ်ပေါ်လာသည်နှင့်သူ၏ အရှိန်ဝါက နေရာအနှံသို့ ပျံနှံသွားသည်။
ဤတတိယထပ်ကအဖြူရောင်ပုံရိပ်က ဒုတိယထပ်က အဖြူရောင်ပုံရိပ်ထက်ပင် ပို၍ ကြောက်စရာကောင်းသည့်ဟု လုံထန်ခံစားလိုက်ရသည်။
အဖြူရောင်ပုံရိပ်က လူပ်ရှားသွားပြီး တော့ အေးစက်စက်ဖြင့် ခံစားချက်မဲ့သော အသံကထွက်ပေါ်လာခဲ့၏ ။
တတိယထက်စမ်းသပ်မှုထပ် ကြိုဆို့ပါတယ် ။
တတိယစမ်းသပ်မှုကွင်းပြင်သို့ရောက်ရှိနေသော အမျိုးမျိုးသော သုံးထောင်သော မျိုးနွယ်စုမှ လူများက ကြားလိုက်ကြရသည်။
ထိုနောက်မှာ အဖြူရောင်ပုံရိပ်၏ အသံက ထပ်မံ၍ ထွက်လာခဲ့၏ ။ ဒီစမ်းသပ်မှုက မင်းတို့ရဲ့ ထိုးထွင်းသိမြင်မှုကိုယ် စစ်ဆေးတာပဲ ။
မင်းတို့အရှေမှာရှိတဲ့ ကျောက်တိုင်တွင်ဝန်းရံထားသော အစီရင်တွေကိုယ် တွေတယ် မလား ။
အဲဒီကျောက်တိုင်ထဲမှာ ကြယ်ငါးပွင့်အဆင့်မြင့်ကျင့်စဉ်တစ်ခုထားထားတယ်။ မင်းတိုလုပ်ရမှာက တစ်ပတ်အချိန်တွင်း အဲဒီကျင့်စဉ်ရဲ့ အနှစ်သာရ ကိုယ် သဘောပေါက်နားလည်ဖို့ပဲ ။
အချိန်တစ်ပတ်ခန်ကြာလို့မှ ကျင့်စဉ်ကိုယ် နားမလည်နိုင်ဘူးဆိုရင် အဲဒီကျောက်တိုင်တွေရဲ့ အစီရင်က အသက်ဝင်လာပြီးတော့ မင်းတို့သေဆုံးရလေ့မယ်။
စတင်ပြီ ။
အားလုံးက ကြယ်ငါးပွင်အဆင့်မြင့်ကျင့်စဉ်ကြောင့် ပျော်ရွှင်သွားသောလည်း တစ်ပတ်အတွင်းဆိုသော အချိန်က သူတို့၏ မျက်နှာကိုယ် သိသာစွာပျက်ယွင်းသွားစေခဲ့သည်။
ကျင့်စဉ်တွေ၏ ခက်ခဲမှုက ကြယ်တစ်ပွင့်တိုးတိုင်း အခက်ခဲက တိုးလာခဲ့သလို့ သူတို့၏ စွမ်းအားကလည်း အတိုင်းထက်အလွန် တိုးလာလေ့မည်ဖြစ်၏ ။
သို့သော်လည်းပဲ သူတို့မှာ ဤစစ်ဆေး မှု၏ ခက်ခဲမှုကိုယ် သိသော်လည်းပဲ မည်သူမှနောက်ပြန်ဆုတ်မရပဲ ရှေဆက်ရန်သည်ရှိတော့၏ ။