မီးတောက်ပေါက်ကွဲမှုကျင့်စဉ်။
Vol. 6 Ch. 76
မျိုးနွယ်စုအမျိုးမျိုးမှာ လူများက သူတို့၏ အရှေတွင် တည်ရှိနေသော အစီရင်ဝင်္ကပါ ကျောက်တိုင်ကြီးတွေ စီသို့ဦးတည့်၍ သွားလိုက်ကြသည်။
အစီရင်ဝင်္ကပါ ကျောက်တိုင်ကြီးတွေက အပိုင်း ကိုးပိုင်း ခွဲခြားထား၏ ။ ထိုအပိုင်းများက မီး၊ရေ ၊မြေ၊ သတ္တု၊လေ၊လျှပ်စီး၊အလင်း၊အမှောင်၊လေဟာနယ်တို့ ဖြစ်၏ ။
ထို့မှာသာလျှင်မျိုးနွယ်စုအမျိုးမျိုး၏ မျိုးနွယ်စုဝင်များမှာ သူတို့နှင်သက်ဆိုင်သော ဒြပ်စင်စွမ်းအားကိုယ် ရွှေးချယ်နိုင်မည်ဖြစ်သည်။
လုံထန်လည်း ထိုအချိန်မှာသူ၏ အရှေမှာရှိနေသောကျောက် အစီရင်ဝင်္ကပါ ကျောက်တိုင်ကြီးတွေကိုယ် ကြည့်၍ သူအမှန်တကယ် ဒုက္ခရောက်နေခဲ့သည်။
သူလေ့ကျင့်ထားခဲ့သည်ဒြပ်စင်စွမ်းအားများမှာ မီး၊ရေ၊မြေဒြပ်စင်စွမ်းအားတို့ဖြစ်သည်။
သူဘယ်ဒြပ်စင်စွမ်းအားကိုယ် ရွှေးရမှန်းမသိ ခေါင်းကိုက်နေခဲ့၏ ။
ငါဘယ်တာကိုယ်ရွှေးရမလဲ ။
အခြားလူများဝင်ရောက်နေချိန်မှာပင် လုံထန်တစ်ယောက်စဉ်းစားခန်းဝင်နေခဲ့သည်။ အချိန်အတန်ကြာအောင် စဉ်းစားပြီးသည့်အချိန်မှာ နောက်ဆုံးတွင် မီးဒြပ်စင်စွမ်းအားကိုယ် ပဲ ရွှေးချယ်လိုက်ပြီးတော့ အပိုင်းကိုးပိုင်းခြားထားသည့် မီးဒြပ်စင်တွေရှိသော အပိုင်းကိုယ် လျှောက်သွားခဲ့သည်။
လုံထန်တစ်ယောက်မီးဒြပ်စင်စွမ်းအားအသုံးပြုသူတွေအတွက်သာ ရှိသည် ။ ဤနေရာသို့ ရောက်လာရှိမှာ အခြားလူများ မဝင်ရောက်သေးသည့် အစီရင်ဝင်္ကပါ တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
လုံထန်တစ်ယောက် သူ၏ အရှေအရှိ အစီရင်ဝင်္ကပါအတွင်းသို့ဝင်ရောက်လိုက်ချိန်မှာ အစီရင်ဝင်္ကပါက စတင်အလင်းရောင်များ ဖြာထွက်လာခဲ့ကာ စတင်၍ အလုပ်လာခဲ့သည်။
အစီရင်ဝင်္ကပါ၏ အလည့်တွင် လုံထန်ထိုင်ချလိုက်ပြီးသည့်နှင့် သူ၏ အရှေမှာရှိသော ကျောက်တိုင်ကြီးက တုန်ခါလာခဲ့ပြီးနောက် ကျောက်တိုင် အတွင်းမှာ အလင်းရောင်တစ်ခုက သူ၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်လာခဲ့၏ ။
မီးတောက်ပေါက်ကွဲခြင်းကျင့်စဉ် ။ ကြယ်ငါးပွင့်အဆင့်မြင့် ။
လုံထန်၏ စိတ်ထဲတွင် ထိုအချက်လက်များပေါ်လာခဲ့၏ ။ သူ၏ မှတ်ဉာဏ်များအတွင်းမှာ ထို မီးတောက်ပေါက်ကွဲခြင်းကျင့်စဉ်၏ အချက်လက်များဖြစ်ပေါ်နေခဲ့သည်။
သူ၏ စိတ်ထဲတွင် မီးတောက်ပေါက်ကွဲခြင်းကျင့်စဉ်၏ အညွှန်းများကိုယ် စတင်၍ အာရုံစိုက်မှတ်သားလိုက်၏ ။
အချိန်တစ်ရက်ကြာပြီးချိန်တွင် ကြယ်ငါးပွင့်ကျင့်စဉ်ဖြစ်သော မီးတောက်ပေါက်ကွဲမှုကျင့်စဉ်ကိုယ် မှတ်သားပြီးသွားခဲ့၏ ။
လုံထန်တစ်ယောက်သူ၏ထိုင်နေရာမှာ မက်တပ်ရပ်လိုက်၍ မှတ်ဉာဏ်ထဲတွင်ပါရှိသော မီးတောက်ပေါက်ကွဲမှုကျင့်စဉ်၏ အညွှန်းတိုင်းပင် စတင်၍ သူ၏ စွမ်းအားများကိုယ် စတင်၍ စီးဆင်းလည့်ပတ်လိုက်၏ ။
သူ၏ ပတ်ဝန်းကျင်လေထု၏ အပူရှိန်က လျှင်မြန်စွာမြင့်တက်လာ၍ လုံထန်၏ အရှေမျက်နှာရှေ လေထုထဲတွင် သေးငယ်သော မီးလုံးလေးတစ်ခု ဖြစ်လာခဲ့သည်။
လုံထန်တစ်ယောက် အာရုံစိုက်၍ သူ၏ မီးဒြပ်စင်စွမ်းအားတွေကိုယ် ပို၍ စီးဆင်းပို့လွတ်လိုက်သည်နှင့် သေးငယ်သော မီးလုံးလေးက လျှင်မြန်စွာဖြင့်ကြီးမားလာခဲ့ပြီးတော့ ဘောလုံးတစ်ခု အရွယ်စားလောက်ကြီးမားလာခဲ့သည်။ သူ၏ မီးဒြပ်စင်စွမ်းအားများပို့၍ ပို့လွတ်စီးဆင်း စေလိုက်သည်နှင့် အမျှ မီးတောက် လုံးကြီး လျှင်မြန်စွာကြီးမားလာခဲသည်။ လုံထန် ထိုအခါမှာသူ မီးဒြပ်စွမ်းအားတွေ ဖြည့်တင်းမှုကိုယ် ရပ်လိုက်၏ ။
သွားစမ်း။
လုံထန်သူ၏ အရှေ့တွင်ရှိသော အစီရင်ဝင်္ကပါကြီးရှိရာထံသို့ မီးလုံးကြီးဖြစ် ပစ်လွတ်လိုက်၏ ။
အပူရှိန်များဖြင့်တရှိန်ရှိန် ထွက်ပေါ်ကာ ပြင်းထန်နေသော အဖျက်စွမ်းအားများဖြာထွက်နေသော မီးလုံးကြီးက ပစ်လွတ်လိုက်သည့်နှင့် လျှင်မြန်သာ အရှိန်ဟုန်ဖြင့် အစီရင် ကျောက်တိုင်ကြီးပေါ်သို့ ကျဆင်းသွားခဲ၏ ။
ဝုန်း ။
ဝုန်း ။
ကျယ်လှောင်လှသော ပေါက်ကွဲသံကြီးနှင့် အတူတူ အပူစွမ်းအင်လိုင်းများက နေရာအနှံသို့ ဖြာထွက်သွားခဲ့၍ ။ မီးတောက်လုံး၏ ပေါက်ကွဲမှု အောက်မှာ အစီရင် ဝင်္ကပါ ကျောက်တိုင်ကြီးမှာ အက်ရာများဖြင့် ပြည့်နက်လာခဲ့၍ တဖြေးဖြေးချင်း ပြို့လှဲ သွားတော့သည်။
ဟမ့် .... ကောင်းကင်ထက်၌ ရပ်တန်နေသော အဖြူရောင်ပုံရိပ်က လုံထန်ရှိရာစီသို့ ကြည့်၍ အံဩသွားခဲ့သည်။ အချိန်ခနလေးနဲ့ ကျင့်စဉ်ရဲ့ အနှစ်သာရကိုယ် နားလည်ပြီး အသုံးပြုနိုင်သွားတာ လား ။
အဟွက်....အဟွက် ။
လုံထန်တစ်ယောက်တော့သူကိုယ့် အံဩတစ်ကြီးဖြင့် ကြည့်နေသည့်ကိုယ် မသိခဲ့ချေ။ ကျဉ်းမြောင်းလှသော နေရာထဲမှာ မီးတောက်ပေါက်ကွဲမှုကျင့်စဉ်ကိုယ် အသုံးပြုလိုက်သောကြောင့် လုံထန်တစ်ယောက် ပေါက်ကွဲမှု၏ အဖျက်စွမ်းအားများကြောင့် သူ၏ မျက်နှာက မဲတူးနေပြီးတော့ ဆံပင်တွေ ထောင်နေခဲ့သည်။ ထူးခြားချက်က သူ၏ ဝတ်စုံကတော့ပုံစံပျက်ယွင်းခြင်း မရှိချေ။
လုံထန်တစ်ယောက် အပြင်သို့ရောက်လာသည့်အချိန်မှာ ကောင်းကင်ထက်၌ ရပ်တန်နေသော အဖြူရောင်ပုံရိပ်က လုံထန်ရှိရာ အရှေသို့ရောက်ရှိလာခဲ့သည်။
မင်းကျင့်စဉ်ကို အသုံးပြုနိုင်သွားပြီလား ။
အေးအေးစက်စက် ခံစားချက်မဲ့နေသော အသံကထွက်ပေါ်လာခဲ့သော်လည်း သူ၏ အသံထဲမှာ အံဩသင့်နေမှုကိုယ်လည်း တွေနေရသည်။
လုံထန်လည်း တစ်ချိန်လုံး အေးစက်စက်ဖြင့် ကောင်းထက်၌သာ ရပ်တန်နေပြီး အစဆုံး စကားနည်းငယ်မှာလွဲ၍ မပြောသော ဤ ပုံရိပ်က သူကိုယ် စကားလာပြောသည့်ကိုယ် တွေသောအခါ အံဩသင့်သွား၍ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏ ။
အချိန်အနည်းငယ်ကြာပြီးနောက် လုံထန်အသိပြန်ဝင်လာခဲ့ပြီး သူ၏ အရှေရှိအဖြူရောင်ပုံရိပ်ကိုယ် ဦးညွတ်နှတ်ဆက်လိုက်၏ ။
အကြီးကဲ ..... ကျွန်တော်ကျင့်စဉ်ကိုယ် အသုံးပြုနိုင်သွားပါပြီ ။ လုံထန်လည်း သူမီးတောက်ပေါက်ကွဲမှု ကျင့်စဉ်ကိုယ် အသုံးပြုနိုင်နေသည့်အတွက်ကြောင့် အမှန်တိုင်းသာ ပြန်ပြောလိုက်သည်။
တကယ်ကြီးလား .... အဖြူရောင်ပုံရိပ်မှ မယုံကြည့်နိုင်ဟန်ဖြင့် ထပ်မေးလိုက်၏ ။
လုံထန်လည်း သူကိုယ်မယုံသင်္ကာဖြစ်နေသော ထိုအဖြူရောင်ပုံရိပ်အကြီးကြောင့် နှာကစ်သွားခဲ့၏ ။ သို့သော်လည်း သူ၏ စိတ်ထဲတွင်သာရှိပြီး အပြင်သို့ ထုတ်မပြောရဲချေ။ထိုအစဉ်လုံထန်တစ်ယောက် အကြံတစ်ခုရသွားခဲ့၏ ။ သူ၏ မျက်နှာကိုယ် အပြုံးကြီးပြုံး၍ အဖြူရောင်ပုံရိပ်ကိုယ် ကြည့်လိုက်၏ ။
အကြီးကဲမယုံသင်္ကာဖြစ်နေရင် ကျွန်တော် နောက် တစ်ခု စမ်းသပ်ပြလို့ရပါတယ် ။ ကြယ်ငါးပွင့် ကျင့်စဉ်တွေ အလကား ရနေရသော ကြောင့် လုံထန်တစ် ယောက် လက်မလွတ်ချင်သေး ချေ။
ဟမ့် .... မင်းမှာအခြားဒြပ်စင်စွမ်းအားမရှိရင် အခြားဒြပ်စင်ရှိတဲ့ အပိုင်းကိုယ် ဝင်နိုင်မှာ မဟုတ်ဘူး ။ အဖြူရောင်ပုံရိပ်က လုံထန်ကိုယ် ကြည့်၍ ပြောလိုက်၏ ။
အကြီးကဲ .... စိတ်မပူပါနဲ့ ကျွန်တော်မှာက ဒြပ်စင်စွမ်းအားတစ်ခုထဲ ရှိတယ်လို့ ဘယ်သူပြောလည်း လုံထန်က သူ၏ ရေဒြပ်စင်စွမ်းအားနှင့် မြေဒြပ်စင်စွမ်းအားကိုယ် အသက်သွင်း၍ အဖြူရောင်ပုံရိပ်ကိုယ် ပြလိုက်၏ ။
ဟမ့် .... အဖြူရောင်ပုံရိပ်က အံဩသင့်သွားခဲ့၏ ။