အောင်းရွှီရန်
Vol. 6 Ch. 78
လုံထန်တစ်ယောက် အဖြူရောင်ပုံရိပ်ခေါ်ဆောင်သွားသည့်နောက်သို့ လိုက်ပါသွားခဲ့၏။ အဖြူရောင်ပုံရိပ်၏ စွမ်းအင်များ လွမ်းခြုံခံလိုက်ရစဉ်မှာ သူ၏ မြင်ကွင်းများက မှောင်မိုက်သွားခဲ့သည်။ ။
သို့သော်လည်း သူ၏ စိတ်ထဲမှာ ခြောက်ကြိမ် ခုနှစ်ကြိမ်လောက် နေရာ ပြောင်းရွှေ့ခံလိုက်ရသည့်ဟု ခံစားလိုက်ရသည်။
အချိန်များစွာကြာသွားခဲ့သလို့ အချိန်နည်းငယ်လေးပဲ ကုန်ဆုံးသွားခဲ့သလို့ သူ၏ စိတ်ထဲမှာဖြစ်နေခဲ့သည်။
ထိုအစဉ် .... အဖြူရောင်ပုံရိပ်က လုံထန်ကိုယ် ကြည့်၍ ပြောလိုက်သည်။ ငါတို့ အရှေဆိုရင်ရောက်ပြီ ။
လုံထန်တစ်ယောက် ထိုအသံကြောင့် သူ၏ မျက်လုံးကိုယ် ဖွင့်၍ သူ၏ အရှေကိုယ်ကြည့်လိုက်စဉ်မှာ ကြီးမားလှသော ကူပြောင်းခြင်း အစီရင်ကြီးတစ်ခုကိုယ် တွေလိုက်ရသည်။
လာခဲ့ .... ငါတို့ဒီတစ်ခု ဖြတ်ကျော်ပြီးသွားရင် ရောက်ပြီ အဖြူရောင်ပုံရိပ်က လုံထန်ကိုယ် ပြောလိုက်ရင်းဖြင့် ကူပြောင်းခြင်း အစီရင်ကြီး အတွင်းသို့ ဝင်လိုက်၏ ။
လုံထန်လည်း အဖြူရောင်ပုံရိပ်၏ နောက်သို့ လျှင်မြန်စွာလိုက်၍ ကူးပြောင်းခြင်း အစီရင်အတွင်းသို့ ဝင်လိုက်ချိန်မှာ အစီရင်ကြီးက ရွှေရောင်အလင်းတန်းများဖြစ်ပေါ်လာပြီး အစီရင်က စတင်အသက်ဝင်လာကာ လုံထန်နှင့် အဖြူရောင်ပုံရိပ်ကိုယ် အခြားသော နေရာသို့ ပို့စောင့်လိုက်တော့သည်။
လုံနှင့်အဖြူရောင်ပုံရိပ်မှာ ကူပြောင်းခြင်းအစီရင်၏ အခြားတဖက်၌ ပြန်၍ ပေါ်လာခဲ့သည်။
လုံထန်တစ်ယောက် ကူးပြောင်းခြင်းအစီရင်အတွင်းမှ ထွက်၍ သူ၏ အရှေမှာ ရှိနေသော မြင်ကွင်းများကိုယ် မယုံကြည့်နိုင်ဟန်ဖြင့် ကြည်နေခဲ့မိသည်။
ဤနေရာရှိ ဝိညာဉ်ချီ စွမ်းအင်များမှာ အပြင်ဘက်မှာထက်ပင် ဆယ်ဆခန့်လောက် ထိ ပို၍ ပေါကြွယ်ဝလွန်းလှသည်။
နေရာတိုင်းမှာလည်း အခိုးငွေ့များဖြစ်လုမတက် ဖြစ်နေခဲ့သည်။ တစ်ချက်တစ်ချက် ကောင်းကင်ယံ၌ လည်း နဂါး ဟိန်းသံကြီးများလည်း ပေါ်ထွက်လာတက်သေးသည်။
ဒါကဘယ်နေရာလည်း လုံထန်တစ်ယောက် သူ၏ ပါးစပ်မှ လွတ်ခနဲရေရွတ်လိုက်မိသည်။
ဒါကလား .... ဒါကငါတို့ရဲ့ ရွှေရောင်နဂါးမျိုးနွယ်စုရဲ့နေရာပဲ လုံထန်သူ၏ နောက်ကျောဘက်ဆီမှ အမျိုးသမီး တစ်ယောက်၏ အသံကိုယ် ကြားလိုက်ရသည်။
ဟမ်...။
ခင်ဗျားက ....။
ဟားဟား .... ငါကမင်းကိုယ် ဒီကိုယ် ခေါ်လာခဲ့တဲ့ သူပဲ လေ ။
ဟမ့် ..... ခင်ဗျားက ဟိုအဖြူရောင်ပုံရိပ်လား ။ လုံထန်က သူ၏ အရှေတွင်ရှိနေသော အသက်လတ်ပိုင်း အရွယ်အမျိုးသမီးကိုယ် ကြည့်၍ မေးလိုက်သည်။
အင်း .... အမျိုးသမီးက လုံထန်ကိုယ် ခေါင်းညိတ်ပြလိုက်၏ ။
ဒါနဲ့ အကြီးကဲပြောတာ ရွှေရောင်နဂါး မျိုးနွယ်ဟုတ်လား ။ လုံထန်က သေချာသွားအောင် ထပ်မံ၍ မေးလိုက်သည်။
ဟုတ်တယ် ရွှေရောင်နဂါးမျိုးနွယ် ...။
ဘယ်လို့ဖြစ်နိုင်မှာလည်း ရွေရောင်နဂါး မျိုးနွယ်စုက ပျက်စီးသွားပြိဆို ။ အခုက ဘယ်က နေထွက်လာတာလည်း။ လုံထန်တစ်ယောက် ခေါင်းတွေ ခြောက်လာသလို့ ခံစားလိုက်ရ၏ ။
မင်းခေါင်းတွေ ရူပ်နေမှာကိုယ် သိတယ် ။ ငါတို့ ဒီကိစ္စက ပြောပြရရင် ရှည်လျားတယ် ။
သွားကြစို့ ... ငါအေးအေး ဆေးဆေး ရှင်းပြမယ် ။ ထိုအမျိုးသမီးက လုံထန်ကိုယ် ပြုံး၍ ပြောပြလိုက်သည်။
လုံထန်လည်း သူ၏ ခေါင်းကိုသာ ညိတ်၍ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့သည်။
ထိုအမျိုးသမီး သူကိုယ် ခေါ်ဆောင်၍ ကြီးမားသော နန်းတော်ကြီးတစ်ခု စီသို့ ဦးဆောင် ၍ ခေါ်ဆောင်သွားခဲ့သည်။
ဤနန်းတော်ကြီး၏ ဝင်ဝတွင် လက်သည်းကိုးခု ရွှေရောင်နဂါး ကြီးနှစ်ကောင်၏ ရုပ်ထုကြီး နှစ်ခုက ကောင်းကင်ယံကိုယ် ကြည့်၍ ဟိန်းဟောက်နေသည့် အလားသဏ္ဍန်တူညီသော ရုပ်ထုကြီးတွေဖြစ်သည်။ ထိုရုပ်ထုနှစ်ခုက အနုစိတ်ပုံဖော်ထားသည့် အတွက်ကြောင့် အစက်ဝင်လှ၏ ။ ကြည်ရူနေရင်းဖြင့်ပင် ကောင်းကင်ယံသို့ ပျံတက်သွားတော့မည်ဟန်နှင့်လည်း တူညီနေ သည်။
အသတ်လတ်ပိုင်း အမျိုးသမီးက လုံထန် ရွှေရောင် လက်သည်း ကိုးခု ရွှေနဂါးကြီးတွေ၏ ပုံရိပ်ကိုယ် ကြည့်၍ ငေးနေသော ကြောင့် ပြောလိုက်သည်။
ဒါက ငါတို့ရဲ့ ဘိုးဘေးတွေရဲ့ ပုံပန်းအသွင်ပြင်ပဲ အဲဒီခောတ်တုန်းက တော့ ငါတို့က သန်မာပြီး ခွန်အားကြီးခဲ့တာ ပေါ့ ။ အဲတာ အတိတ်မှာတုန်းကပါ ။
လာပါ အထဲကိုယ် သွားကြစို့ ။
ဟုတ် ။
လုံထန်လည်း အသတ်ပိုင်း အရွယ်အမျိုးသမီး၏ နောက်သို့ လိုက်၍ နန်းတော်ကြီး၏ အတွင်းသို့ ဝင်လိုက်သည်။
နန်းတော်၏ ဝင်ေပါက်တွင် စောင့်နေသော ဂိတ်စောင့်များက အသတ်လတ်ပိုင်း အရွယ်အမျိုးသမီးကိုယ် တွေသည့်နှင့် လျှင်မြန်စွာ အရိုသေပေးလိုက်သည်။
အကြီးကဲ သုံး ။
အသက်လတ်ပိုင်း အမျိုးသမီးက ဂိတ်ဆောင့်
နှစ်ယောက်ကိုယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် လုံထန်ကိုယ် နန်းတော်၏ အတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။
လုံထန်တစ်ယောက် ထိုအမျိုးသမီး၏ နောက်မှ လိုက်ပါလာရင်းဖြင့် ကြီးမားသော နန်းတော်ကြီး၏ ခန်းမကြီး အတွင်းသို့ ရောက်ရှိလာခဲ့သည်။
ခန်းမကြီးအတွင်းမှာ အမျိုးမျိုးသော ရတနာ ပစ္စည်းများ စိတ်ဝိညာဉ် ပစ္စည်းများ ။ ရှားပါး ဆေးပင် အချို့ကိုယ် တောင်မှ ပင် နန်းတော်၏ အတွင်းတွင် နေရာတိုင်းတွေမြင်နေရသည်။
လာထိုင်ပါ။ အသတ်လတ်ပိုင်း အမျိုးသမီး လုံထန်ကိုယ် ပြောလိုက်ပြီး ခန်းမကြီး ၏ အလယ်ရှိ ထိုင်ခုံတွေကိုယ် ခေါ်ဆောင်သွားလိုက်ရင်းဖြင့် ပြောလိုက်သည်။
အပြင်မှာတစ်ယောက်ယောက် ရှိလား ။
အသတ်လတ်ပိုင်း အမျိုးသမီးက လုံထန်ကိုယ် ထိုင်ခိုင်းပြီးနောက် အော်မေးလိုက်သည်။
အပြင်ဘက်မှ လျှင်မြန်စွာဖြင့် အစေခံ ကောင်မလေး တစ်ယောက် ပြေးဝင်လာခဲ့သည်။
အကြီးကဲသုံး ဘာများ ခိုင်းစရာရှိလို့ပါလဲ။
အခြား အကြီးကဲတွေကိုယ် ခန်းမထဲကိုယ် လာဖို့သွားပြောလိုက်ပါ ။
နားလည်ပါပြီ အကြီးကဲ သုံး ။ အစေခံမလေးက လျှင်မြန်စွာဖြင့် အခန်းပြင်သို့ ပြန်ထွက်ခွာသွားခဲ့သည်။
ထိုအခါမှ ထိုအမျိုးသမီးက လုံထန်၏ အရှေမှ ထိုင်ခုံတွင်ဝင်၍ ထိုင်လိုက်၏ ။ သူက လုံထန်ကိုယ် ကြည့် ကာပြောလိုက်သည်။
ငါကိုယ်ငါမိတ်ဆက်ပေး ပါရစေ ။ ငါရဲ့မျိုးရိုးအမည်က အောင်းပါ ငါအမည်က ရွှီရန် အပြည့်စုံဆိုရင်တော့ အောင်းရွှီရန် ပါ ။ မင်းငါကိုယ် အကြီးကဲ ရွှီရန်ဒါမှ မဟုတ် ရွှီရန်လို့ ခေါ်ရင်လည်း ရပါတယ် ။
လုံထန်လည်း ထိုင်ရာမှ ထရပ်လိုက်၍ ကျွန်တော်က လုံထန် ပါ ဟု ပြန်ကာ နှတ်ဆက်လိုက်သည်။