ရွှေရောင်နဂါးမျိုးနွယ်စု၏ အတိတ်ကြောင်း ( ၁ )
Vol. 6 Ch. 79
အောင်းရွှီရန် နှင့် လုံထန်နှင့် စကားပြောဆိုနှတ်ဆကိနေချိန်မှာ နောက်ထပ် အသက်ငါးဆယ် လောက် အဘိုးကြီးတစ်ယောက်နှင့် ဆံပင်မွေး မှိတ်ဆိတ်မွေးတွေပါ ဆွတ်ဆွတ် ဖြူဖြူနေသော အဘိုးကြီး တစ်ယောက် တို့ ရောက်ရှိလာခဲ့သည်။
အောင်းရွှီရန် ထိုနှစ်ယောက်ကိုယ် မြင်ချိန်မှာ လျှင်မြန်စွာ ထရပ်လိုက်၍ ဦးညွှတ်ဂါရဝပြုလိုက်သည်။
လုံထန် ဒါကအကြီးကဲ တစ် အောင်းကျန်းဟန်။
ဒါကအကြီးကဲ နှစ် အောင်းထန်းရန် ပဲ ။ အောင်းရွှီရန်က လျှင်မြန်စွာ မိတ်ဆက်ပေးလိုက်သည်။
လုံထန်လည်း သူ၏ အရှေရှိ နှစ်ယောက် ယောက်ကိုယ် ကြည့်၍ လျှင်မြန်စွာနှတ်ဆက်လိုက်သည်။
အကြီးကဲနှစ်ယောက်ကိုယ် နှတ်ဆက်ပါတယ် ။
အင်း ။
အောင်းကျန်းဟန်နှင့် အောင်းထန်းရန်တို့က လုံထန်ကိုယ် ပြန်လည့်ကာ အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရွှီရန် မင်းငါတို့ကိုယ် ဘာလို့ ခေါ်လိုက်တာလည်း ။ ပြောစရာများရှိလို့လား ။ အောင်းကျန်းဟန်က ရွှီရန်ကိုယ် ကြည့်၍ မေးလိုက်သည်။
ဟုတ်တယ် ။အကြီးကဲ ဒီကိစ္စက အရေးကြီးတယ် အဲတာကြောင့် အကြီးကဲတွေကိုယ် ခေါ်ခိုင်းလိုက်တာပဲ ။
ထိုအစဉ်မှာ နောက်ထပ် အသတ်လတ်ပိုင်း အရွယ် လူနှစ်ယောက် ထပ်ရောက်လာခဲ့သည်။
ထိုနှစ်ယောက်က အသုံး ဆယ်အရွယ်လောက်သာ ရှိသေးဟန်ရ၏ ။ ထိုနှစ်ယောက် ရောက်လာသည့်နှင့် အောင်းကျန်းဟန် ၊ အောင်း ထန်းရန် နှင့် အောင်းရွှီရန်ကိုယ် နှတ်ဆက်လိုက်သည်။
အကြီးကဲ ရွှီရန်က ကျုပ်တို့ကိုယ် စုဝေးဖို့ ခေါ်တယ်ဆို့လို့ပါ ။ အရေးကြီးတဲ့ ကိစ္စများရှိလို့လား။ ရောက်လာသည့်နှစ်ယောက်မှာ အောင်းရွှီရန်ကိုယ် သိလို့ စွာဖြင့် မေးလိုက်သည်။
ဟုတ်တယ် ။ ထိုင်ပါအုန်း ။
လုံထန် ဒါက ငါတို့ မျိုးနွယ်စုရဲ့ နောက်ထပ်အကြီးကဲ နှစ်ယောက်ပဲ သူတို့က အောင်းမင် နဲ အောင်လန် လို့ ခေါ်တယ် ။
ဟမ့် ။
ထိုအခါမှ အောင်မင်လို့ ခေါ်တဲ့ တစ်ယောက်က လုံထန်ကိုယ် မြင်သွားပြီးနောက် အံဩတစ်ကြီး ဖြင့် မေးလိုက်သည်။
သူကဘယ်သူလည်း ။
ဟားဟား ။
ငါက သူကြောင့်မှို့လိုပဲ နင်တို့အားလုံးကိုယ် ဒီမှာ စုဝေးခိုင်းလိုက်တာပဲ ။ ငါသူရဲ့ သွေးမျိုးဆက် စွမ်းအားကိုယ် စစ်ဆေးကြည့်ပြီးသွားပြီ သူရဲ့ စွမ်းအားက အရှင်သခင်ရဲ့ သွေးမျိုးဆက်ထက်တောင်မှ ပို၍ သန်စင်နေပြီး မြင့်မြတ်နေသေးတယ် ။
ဘာ .... မဖြစ်နိုင်တာ ။
အောင်းရွှီရန်၏ စကားကြောင့် ကျန်အကြီးကဲလေး ယောက်မှ မယုံကြည့်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။
ဟမ့် ... ငါကလိမ်နေတယ် ထင်နေတာလား ။
နင်တို့ကိုယ် တိုင်စစ်ဆေးကြည့်လိုက် ထိုသို့ပြောပြီးနောက် အောင်းရွှီရန်က သူအရင်က ခံစားခဲ့ရဖူးသော ကြောက်မက်ဖွယ်ရာ ခံစားချက်ကိုယ် အမှတ်ရသွား၍ သူတို့နှင့် ဝေးရာသို့ ဆုတ်သွားလိုက်၏ ။
ဒါဆို့လည်း .... ငါစမ်းကြည်မယ် ။ အောင်း ထန်းရန်က သူ၏ လက်ကိုယ် ဆန့်ထုတ်၍ လုံထန်၏ လက်ကောက်ဝတ်ကိုယ် ကိုင်လိုက်ပြီး သူ၏ စွမ်းအားများကိုယ် လုံထန်၏ ခန္ဓာကိုယ် အတွင်းသို့ စီးဆင်းစေလိုက်သည်။
အချိန်အနည်းငယ်ကြာပြီး ချိန်မှာ အောင်းရွှီရန် ခံစားခဲ့တုန်းက လို့မျိုး ပြန်၍ တဖန်ဖြစ်လာခဲ့သည်။ ကိုးရောင်ခြယ်နဂါး သွေးမျိုးဆက်က ထပ်မံ၍ အလို့လျောက် နိုးထလာပြီးတော့ ခန်းမတစ်ခုလုံး ကြီးကျယ်မြင့်မြတ်၍ ကြောက်မက်ဖွယ်ရာ အရှိန်ဝါကြီးအောက်မှ တုန်ခါနေခဲ့သည်။
အောင်းထန်းရန် တစ်ယောက်မှာ ခန်းမကြမ်းပြင် ထက်သို့ ဒူးထောက်ကြသွားပြီး သူ၏ မျက်နှာက ချွေးစေးများပျံနေပြီး ဖြူလျော့နေခဲ့သည်။
ကျန်ရစ်နေသော အောင်းကျန်းဟန် ၊ အောင်းမင်၊ အောင်လန် တို့လည်း ကြမ်းပြင်ပေါ်တွင်ဒူးထောက်ကျနေပြီး သူအပေါ်သို့ ကြီးစွာသော သွေးမျိုးဆက်ဖိနှိပ့်လို့ အရှိန်ဝါအောက်မှ အသက်ရူ ရပ်မတက်ပင် ခံစားနေရသည်။
အချိန်ခနအကြာတွင် ကိုးရောင်ခြယ်ဒြပ်စင်နဂါး၏ အရှိန်ဝါက ပြန်လည့်ပျောက်ကွယ်သွားခဲ့ကာ လုံထန်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက် သွားခဲတော့သည်။
ထိုအချိန်မှာ အောင်းရွှီရန်က ရီချင်နေသော မျက်နှာထား ဖြင့် သူတို့၏ အနီးသို့ လျှောက်လာခဲ့သည်။
ဘယ်လိုလည်း ငါ ပြောတာ ယုံကြည့်ပြီလား ။ အောင်းရွှီရန်က လှောင်ပြုံးပြုံးကာ မေးလိုက်သည်။
ငါတို့ ယုံသွားပြီ ။ နောက်ဆုံးတော့ ကောင်းကင်က ငါတို့မျိုးနွယ်စုကိုယ် ပစ်ပယ် မထားသေး ဘူးပဲ ။
ဟားဟား ။
နောက်ဆုံးတော့ ငါတို့ ရွှေရောင်နဂါး မျိုးနွယ်စုက အားလုံးရဲ့အရှေကိုယ် တဖန် ထပ်မံ ထွက်ပေါ်လာနိုင်မည်နေ့ က သိပ်မဝေးတော့ ဘူးပဲ ။ အောင်းကျန်းဟန်က ပျော်ရွှင်နေသော အမှုရာ ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
ကျန်ရစ်နေသော အကြီးကဲများကလည်း အောင်းကျန်းဟန်၏ စကားကိုယ် အသိမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
လုံထန်တစ်ယောက် သူ၏ အရှေမှ အဘိုးကြီးတွေ၏ အမှုရာကိုယ် ကြည့်၍ အံအားသင့်နေ၏ ။ နောက်ဆုံးတွင် သူမနေနိုင်တော့ ပဲ မေးလိုက်တော့သည်။
အကြီးကဲတို့ ဘာတွေ ပြောနေတာလည်း ဆိုတာ ကျွန်တော်ကိုယ် တစ်ချက်လောက် ပြောပြပေးလို့ ရမလား ။
ထိုအစဉ်မှ ပျော်ရွှင်နေသော ထိုအဘိုးကြီးများမှ လုံထန်၏ အသံကြောင့် သူတို့၏ ပျော်ရွှင်မှုများကိုယ် ဖိနှိပ့်ကာ လုံထန်ကိုယ် ပြန်၍ ထိုင်ခိုင်းလိုက်သည်။
ထိုင်ပါအုန်း ။
ငါတို့အားလုံး ရှင်းပြပေးပေါ့မယ် ။ အောင်းကျန်းဟန်က လုံထန်ကိုယ် ပြောလိုက်သည်။
ဟူး ။
အောင်းကျန်းဟန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် သူ၏ စကားကိုယ်စတင်လိုက်တော့သည်။
ငါတို့ မျိုးနွယ်စုနှင့် နတ်ဆိုးနဂါးမျိုးနွယ်စုရဲ့ ပြသာနာတွေကိုယ် မင်းလည်း ကြားဖူးမှာပါ ။ နောက်ဆုံး ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ငါတို့ မျိုးနွယ်စုရဲ့ သန်မာသူ တော်တော်များများနှင့် ငါတို့ မျိုးနွယ်စု တော်တော် များများ ကျဆုံးသွားခဲ့ရတယ် ။
အနာဂတ်မှာ ဘာတွေ ဖြစ်ပျက်လာသည့်ကိုယ် မသိတဲ့ အတွက်ကြောင့် အရှင့်က ငါတို့ကိုယ် မင်းသမီးလေးကိုယ် ခေါ်ပြီးတော့ မျိုးနွယ်စု ၏ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုတွေကိုယ် ခေါ်ဆောင်ပြီးတော့ ရှောင်တိမ်းခဲ့တယ် ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ နတ်ဆိုးနဂါးမျိုးနွယ်စုက သတင်းရသွားခဲပြီးတော့ ငါတို့ ရှောင်တိမ်းမည် လမ်းကြောင်းမှာ တိုက်ခိုက် ခံခဲရတယ်။
မင်းသမီးက ကလေးရွယ်များနှင့် သက်ကြီးရွယ်အိုတွေကိုယ် ကာကွယ်ရန် နတ်ဆိုး နဂါးမျိုးနွယ်စုနှင့်ကို ခုခံကာ ရန်ဆိုင်တိုက်ခိုက်ခဲတယ်။ အချိန်ခနလေး လောက်ပဲ မင်းသမီးလေးနဲ တိုက်ခိုက်ခဲရပေမဲ့ နတ်ဆိုး နဂါးမျိုးနွယ်စုရဲ့ ခေါင်းဆောင်က သန်မာလွန်းတယ် ။ သူက မင်းသမီးကိုယ် ဒဏ်ရာပြင်းထန်စွာရသွားခဲတာပဲ ။
ကံကောင်းပြီးတော့ အဲဒီအချိန်မှာငါတို့ မျိုးနွယ်စုရဲ့ စွမ်းအားရှင်တွေ ရောက်လာပြီးတော့ နောက်ဆုံး စစ်ပွဲကိုယ် စတင်တော့တာပဲ။
အဲဒီအချိန်မှာ အရှင့်သခင်က ငါတို့ကိုယ် မင်းသမီးလေးဒဏ်ရာရနေတာကြောင့်ငါတို့ ကိုယ်စောင့်ရှောက်ရန် နှင့် မင်းသမီးနောက်ကိုယ် လိုက်ပါစေခဲ့တယ်။ ငါတို့ ရှောင်တိမ်း ပြီးတဲ့ နောက်မှာ ဒီနေရာမှာ လျိုဝုက်တည်ဆောက်ပြီးတော့ နေခဲ့တယ်။ အချိန် အချို့ကြာပြီးတဲ့ နောက်မှာတော့ ငါတို့ မျိုးနွယ်စု၏ နတ်ဆိုး နဂါးမျိုးနွယ်စုနဲ့စစ်ပွဲ မှာ ရူံးနိမ့်သွားတဲ့ သတင်းကိုယ်ကြားခဲ့ရတယ် ။
အဲဒီအချိန်ထဲက ဒီနေရာကိုယ် ချိတ်ပိတ်လိုက်ပြီးပြင်ပ ကမ္ဘာနဲ အဆက်သွယ်ဖြတ်လိုက်တယ် ။ဒါပမေဲ့လည်း မင်းသမီးရဲ့ နတ်ဆိုးနဂါးမျိုးနွယ်စု ခေါင်းဆောင်နှင့်တိုက်ခိုက်ခဲတဲ့ အချိန်တုန်းက ဒဏ်ရာသူကိုယ် ပို၍ ဆိုးဝါးလာခဲ့တယ် ။
နတ်ဆိုးနဂါး မျိုးနွယ်စုခေါင်းဆောက်က မင်းသမီးကိုယ် ဒဏ်ရာရစေရုံတင်မကပဲ သူ၏ သွေးစွမ်းအားကိုယ်သုံးပြီးတော့ မင်းသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ပစ်ခဲ့တာ ။ အဲတာ က မင်းသမီးလေးရဲ ဒဏ်ရာကိုယ် ပို၍ ဆိုးဝါးလာစေ ခဲ့တာပဲ ။