အခန်း (၈၀)
Vol. 6 Ch. 80
မင်းသမီးရဲ့ဒဏ်ရာက အစပိုင်းမှာတော့ ထိန်းချုပ်ထားလို့ရသေးပေမဲ့ နောက်ပိုင်းမှာ ပို့ပြီးတော့ ဆိုးဝါးလာခဲ့တာပဲ ။
အဲဒီနောက်မှာ ငါတို့အကြီးကဲတွေ အားလုံးနဲမင်းသမီးနှင့် တိုင်ပင်ပြီးတော့ မင်းသမီးကိုယ် အိပ်စက်ချင်း အခြေနေကိုယ် ဝင်ရောက်စေလိုက်တာပဲ ။ အခုဆိုရင် နှစ်ပေါင်း တစ်သောင်းတောင်ရှိသွားပြီ ။
မင်းသမီးရဲ့ ဒဏ်ရာပြသာနာကိုယ် ဖြေရှင်းရန်အတွက် နတ်ဆိုးနဂါးမျိုးနွယ်စု ခေါင်းဆောင်ရဲ့ သွေးမျိုးဆက်ထက်ပိုပြီးတော့ သန်စင်ပြီး မြင့်မြတ်တဲ့ သွေးမျိုးဆက်ကိုယ် လိုအပ်တယ် ။
အဲဒီအချိန်မှသာလျှင် ဤသွေးမျိုးဆက်ကိုယ် သုံးပြီးတော့ မင်းသမီးရဲ့ ခန္ဓာကိုယ်ထဲ နတ်ဆိုး နဂါးမျိုးနွယ်စုခေါင်းဆောင်ရဲ့ သွေးမျိုးမျိုးဆက်ကိုယ် ဖိနှိပ့်နိုင်မှာ ပဲ ။ အဲတာမှပဲ မင်းသမီးက ပြန်ပြီးတော့ ကောင်းမွန်လာလေ့မယ်။
အဲဒီအတွက်ကြောင့် မင်းသမီးအိပ်စက်သွားပြီးတဲ့ နောက်မှာ ငါတို့အကြီးကဲတွေ တိုင်ပင်ပြီးတော့ သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်ကိုယ် ဖွင့်လှစ်ဖို့ခဲ့တာပဲ ။ မျော်လင့်ချက် အများကြီးမထားခဲ့သော်လည်းပဲ ။ ရရာ ကောက်ရိုးမျှင်လေးကိုယ် ဆွဲပြီးတော့ မြင့်မားတဲ့ သွေးမျိုးဆက် ရှိသူကိုယ် စောင့်မျော်နေခဲ့တာပဲ ။
အချိန်တွေကြာသွားပေမဲ့ ငါတို့ရဲ့ မျော်လင့်ချက်တွေတောင် ပျောက်ဆုံးချင်သလို့ဖြစ်လာနေပြီး ။ ကောင်းကင်က ငါတို့ကိုယ် ပြစ်ပယ်မထားဘူးနဲ့တူပါတယ် မင်းက ငါတို့စီကိုယ် ရောက်လာတာပဲ ။ မင်းရဲ့ သွေးမျိုးဆက်နဲ့ဆိုရင် နတ်ဆိုး နဂါးမျိုးနွယ်စုခေါင်းဆောင်ရဲ့ မင်းသမီးကိုယ်ထဲမှာ ချိတ်ပိတ် တားစီးနေတဲ့ သွေးမျိုးဆက်ကိုယ် ဖိနှိပ့်နိုင်လောက်တယ် ။
ငါတို့ကိုယ် ကူညီပေးပါ ။
ရွှေရောင်နဂါးမျိုးနွယ်စု၏ အကြီးကဲငါးယောက်မှာ လုံထန်၏ အရှေတွေ ဒူးထောက်၍ အကူညီတောင်းလိုက်သည်။
လုံထန်လည်း သူ၏ အရှေရှိ အကြီးကဲငါးယောက်ကိုယ် လျှင်မြန်စွာ ဖေးမကာ မက်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ ထိုလူများ၏ အရှိန်ဝါက အဘိုးကြီးဖေးထက်ပင်ပို၍ ကြောက်စရာကောင်းလှသည်။ သို့သော်လည်း သူတို့ ဘယ်အဆင့်ထိ ရောက်နေလည်း သူမသိချေ။
ဤအတွက် အဲဒီလို့လူတွေက သူအရှေမှာဒူးထောက် လိုက်သည်က သူကိုယ် ဖိအားများစေခဲ့သည်။
အကြီးကဲတို့ ကျွန်တော်က ဘယ်လို့ ကူညီရမှာလည်း ကျွန်တော်အတွက် အန္တရာမရှိဘူးဆိုရင် ကူညီပေးပေါ့မယ်။ အခုမှ ကျွန်တော် မြေကမ္ဘာသားရဲ အဆင့် ပဲ ရှိသေးတို့ အကြီးကဲတို့ကိုယ် မကူညီနိုင်မှာ ဆိုးမိတယ် ။ လုံထန်က ပြုံးကာ ပြောလိုက်၏ ။
ဟားဟား ။
အောင်းရွှီရန်က လုံထန် စိုးရိမ်နေသော ကိစ္စကိုယ် သိ၍ သူမက ပြုံး၍ ပြောလိုက်သည်။ အဲဒီအတွက်တော့ နင်မဆိုးရိမ်ပါနဲ့ မင်းအတွက် အန္တာရာယ်မရှိဘူး ။
မင်းကောင်းကင်သားရဲ အဆင့်ကိုယ် ရောက်တဲ့ အချိန်ဆိုရင် မင်းရဲ့သွေးမျိုးဆက်က ပို၍ အားကောင်းလာလေ့မယ် ။ အဲတော့ မင်းကောင်းကင်သားရဲ အဆင့်ကိုယ် ရောက်မှ စတင်လို့ရတယ် ။ ငါတို့က မင်းကိုယ်အမြန်ဆုံးနဲ့ ကောင်းကင်ဆင့်ကိုယ် ရောက်အောင် ကူညီပေးမယ် ။
ဟုတ်တယ် ။
အခြားအကြီးကဲ လေးယောက်ကလည်း အောင်းရွှီရန်၏ စကားကိုယ် ထောက်ခံ၍ ခေါင်းညိတ်လိုက်သည်။
အခုချိန်မှကထဲက စတင်၍ ရသော်လည်း ပို၍ သေချာသော အောင်မြင်မှုရရန် သူတို့က လုံထန်ကိုယ် ကောင်းကင်သားရဲ အဆင့်ကိုယ် ရောက်ချိန်မှသာ စတင်၍ ကူညီခိုင်းခဲ့သည်။ ထိုအချိန်ဆိုရင် လုံထန်၏ သွေးမျိုးဆက် စွမ်းအားက အခုထက် အစပေါင်း များစွာပို၍ အားကောင်းသန်မာလာတော့မည်ဖြစ်သည်။
လုံထန်လည်း သူအန္တာရာယ် မရှိကြောင်းသိ၍ ။စဉ်းကြည့်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထိုလူများကိုယ် ကူညီပြီးတဲ့ အချိန်မှာ သူတို့အပေါ်မှာ အကြွေးတစ်ခုတင်နေပြီးတော့ သူလက်စားချေချိန်မှာ သူတို့၏ အကူညီ အနည်းငယ် ကိုယ် ပြန်လည်ကာ ရယူနိုင်မည်ဖြစ်သည်။
ဒါဆိုလည်း အကြီးကဲ တို့ကိုယ်ပဲ ဒုက္ခပေးရတော့မှာပဲ ဒီရက်တွေထဲမှာ။
ဟားဟား .... အရမ်းလည်း စိတ်မပူပါနဲ့ မိတ်ဆွေလေး ငါတို့က မင်းကိုယ်ကျေးဇူးတင်ရမှာပါ။ အောင်းကျန်းဟန်က အရင်လို့မဟုတ်တော့ ပဲ သူ၏ လေသံက ရင်းနှီးဖော်ရွှေနေခဲ့သည်။
ရွှီရန် နင်က မိတ်ဆွေလေး လုံထန်ကိုယ် ငါတို့ရဲ့ တားမြစ်နယ်မြေကိုယ် ခေါ်သွားလိုက်ပါ။ သူအတွက် အရင်းမြစ်တွေကိုယ် လည်း လိုအပ်သမျှ ထုတ်ယူပြီးတော့ ထောက်ပံပေးလိုက်ပါ ။ အောင်းကျန်းဟန်က အောင်းရွှီရန်ကိုယ် ကြည့်၍ ပြောလိုက်သည်။
စိတ်မပူပါနဲ့ အကြီးကဲ တစ် ငါအားလုံးကိုယ် တာဝန်ယူလိုက်ပါမယ်။
ကောင်းပြီ .... အောင်းကျန်းဟန်က လုံထန်အတွက် လိုအပ်သည့်များကိုယ် ထောက်ပံပေးရန် ပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။
လုံထန်က သူတို့၏ မျော်လင့်ချက်ဖြစ်နေသော ကြောင့် သူတို့က သူတို့မှာ ရှိနေသော အရင်းမြစ်များအားလုံးကိုယ် ထောက်ပံပေး၍ လုံထန်ကိုယ်ကူညီရမည်ဖြစ်သည်။ လုံထန်ကိုယ် ကူညီသည်က သူတို့ကိုယ် သူတို့ ကူညီသည့်နှင့်လည်းတူညီသည်။
သွားကြစို့ ...။
အောင်းရွှီရန်က လုံထန်ကိုယ်ကြည့်ပြောလိုက်သည်။
ဘယ်ကိုသွားမှာလည်း အကြီးကဲ လုံထန်က သိချင်၍ မေးလိုက်၏ ။
အဲတာက ငါတို့မျိုးနွယ်စုရဲ့ တားမြစ်နယ်မြေပါ ။ အဲဒီနေရာမှာက ဒီနေရာထပ် ဝိညာဉ်ချီစွမ်းအင်က ဆယ်ဆပို့၍ သိပ်သည်း ကြွယ်ဝလွန်းလှတယ် ။ အဲဒီမှာဆိုရင် မင်းက အချိန်အနည်းငယ်အတွင်း ကောင်းကင်သားရဲ နယ်ပယ်ကိုယ် တက်လှမ်းနိုင်လေ့မယ် ။
လုံထန်လည်း ပျော်ရွှင်သွားခဲ့သည်။ သို့သော်လည်း သူသိချင်နေသော ကိစ္စကိုယ် အောင်းရွှီရန်ကိုယ် မေးလိုက်၏ ။
အကြီးကဲ... အကြီးကဲက ... အကြီးကဲ အောင်းချင်းထန်ကိုယ်ကိုယ် သိလား ။
ဟမ့်။
မင်းဘယ်သူကိုယ်ပြောတာ ။ အောင်းရွှီရန်က လျှင်မြန်စွာလုံထန်၏ လက်မောင်းကိုယ် ကိုင်၍ လူပ်ရမ်းကာမေးလိုက်သည်။ သူ၏ အမှုရာမှာလည်း စိတ်လူပ်ရှားနေဟန်ရသည်။
အကြီးကဲ အောင်းချင်းထန်ပါ ။ လုံထန်က လည်း ထပ်မံ၍ ပြောပြလိုက်သည်။
မင်းသူကိုယ်ဘယ်မှာတွေခဲ့တာလည်း ။ သူအသက်ရှင်နေသေးလား ။ အောင်းရွှီရန်က ပျော်ရွှင်နေသော အမှုရာဖြင့်မေးလိုက်သည်။
လုံထန်လည်း အံဩနေခဲ့သည်။ အကြီးကဲက သူကိုယ် သိလို့လား ။
သိတာပေါ့။
သူက ငါတို့ မျိုးနွယ်စုရဲ ဒုတိယ မင်းသားလေ ။ သူက နယ်စပ်မှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ နတ်ဆိုးနဂါးတွေ တိုက်ခိုက်လာတဲ့ အချိန်မှာ ပျောက်ကွယ်သွားခဲ့တာပဲ ။ အဲဒီအချိန်တုန်းက သူကိုယ် သေဆုံးသွားပြီးပဲ ထင်ထားခဲ့တာ အခုလို ပြန်ပေါ်လာမည်ဟုထင်မှတ်မထားခဲ့ချေ။
သူကိုယ်မင်းဘယ်မှာတွေခဲ့တာလည်း အောင်းရွှီရန် က မျော်လင့်နေသော မျက်လုံးများဖြင့်မေးလိုက်သည်။
ဟူး ။
လုံထန်က သက်ပြင်းရှည်ကြီးချလိုက်၏ ။
စိတ်မကောင်းပါဘူး။ အကြီးကဲ ကျွန်တော်က သူရဲ့ စိတ်ဝိညာဉ်အပိုင်းစလေးကိုယ်ပဲ တွေခဲ့ရတာ ။ သူပြောတဲ့ အထဲမှာ ရွှေရောင်နဂါးမျိုးနွယ်စုက အကုန်သေဆုံးသွားခဲပြီလို့ ပြောခဲ့လို့ ။ အခုတော့ အကြီးကဲတို့ နဲ ဆုံတွေလို့ မေးကြည့်မိတာ ။
လုံထန်သူ၏ စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။ အောင်းချန်းထန်က သူ နတ်ဆိုးနဂါးမျိုးနွယ်စု၏ တိုက်ခိုက်ချင်းကိုယ် ခံရပြီးတော့ဒဏ်ရာရပြီးတော့ ရှောင်တိမ်းပြီးတော့ ဒဏ်ရာပျောက်ကင်းအောင် ကုသနေ ချိန်မှာ နတ်ဆိုး နဂါးမျိုးနွယ်စုနဲ့ ရွှေရောင်နဂါးမျိုးနွယ်စုတို့၏ တိုက်ပွဲမှာ နတ်ဆိုး နဂါးမျိုးနွယ်စု အနိုင်ရသွားတော့ သူတို၏ မျိုးနွယ်စုတွေ အကုန်ဆုံးကုန်ပြီလို့ တွေးထားတာ ဖြစ်နိုင်သည်။
သူက သူ၏ ညီမဖြစ်သူ ထွက်ပြေး လွတ်မြှောက်သွားခဲ့သည့်ကိုယ် မသိခဲ့ရခြင်းဖြစ်သည်။
မှတ်ချက်။ ။ ရွှေရောက် လက်သည်းကိုးခုနဂါးလို့ ရေးရင် ရှည်နေလို့ ။ ရွှေရောင်နဂါး မျိုးနွယ်စုလိုပဲ ရေးထားပါတယ် ။