← Chapters

တားမြစ်နယ်မြေ။

Vol. 6 Ch. 81

တားမြစ်နယ်မြေ။

Vol. 6 Ch. 81

အောင်းရွှီရန်တစ်ယောက် လုံထန်၏ စကားကိုယ်ကြားပြီးသည့် အချိန်မှာ စကားမပြောတော့ပဲ ငြိမ့်သက်သွားခဲ့သည်။

လုံထန်လည်း ထိုအမှုရာကြောင့် အောင်းရွှီရန်ကိုယ် ကြည့်၍မေးလိုက်သည်။

အကြီးကဲအဆင်ပြေရဲ့လား ။

ဤသို့မေးလိုက်သော်လည်း အများကြီးမျော်လင့်ထားပြီး ထင်သလို့မဖြစ်လာတော့ကိုသိ၍ ဖြစ်ပျက်သွားသည့် ခံစားချက်များကိုယ် သူလည်း နားလည်၏ ။

အောင်းရွှီရန်က သက်ပြင်းချလိုက်၏ ။ ငါအဆင်ပြေပါတယ် ။

ဒုတိယမင်းသား အသက်ရှင်သေးတယ်ထင်နေတာ ။ အဲတာကြောင့်ပါ ။ ဒါပေမဲ့လည်း အရင်ထဲက သူကိုယ် သေဆုံးသွားပြီလို့ အားလုံးက လက်ခံထားခဲ့ကြတာပဲ ။ အခုလိုမျိုး သတင်းကြားလေ့မယ်မထင်ထားဘူး ။

လုံထန်အောင်းရွှီရန်ကိုယ် ကြည့်လိုက်၏ ။ သူမ၏ အဆင်ပြေတယ်လို့ပြောနေသော်လည်း သူမ၏ မျက်ဝန်းများက သစ္စာဖောက်နေခဲ့သည်။ သူ၏ မျက်ဝန်းတွေက အရင်လို့တက် ကြွမှုမရှိပဲ ဝမ်းနည်းနေခဲ့သည်။

လုံထန်လည်း နောက်ထပ်စကားထပ်ပြောမည့်ဟန်ပြင်လိုက်သော်လည်း အောင်းရွှီရန်က စကားဖြတ်ကာပြောလိုက်သည်။ သူမ၏ ဝမ်းနည်းနေသော အမှုရာကိုယ် လျှင်မြန်စွာထိန်းချုပ်လိုက်၍ ပုံမှန်တိုင်းသာ ပြန်ဖြစ်သွားခဲ့သည်။

ငါတို့ကိုယ် စိတ်မပူပါနဲ့ လာလုံထန် ငါတို့ တားမြစ်နေရာကိုယ်သွားရအောင် ငါတို့ရဲ့ မျော်လင့်ချက်တွေအားလုံးက မင်းရဲ့အပေါ်မှာ မူတည်နေတာမှို့ ငါတို့ကိုယ် ကူညီပေးပါအုန်း ။

စိတ်မပူပါနဲ့ အကြီးကဲ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ ။ လုံထန်အောင်းရွှီရန်ကိုယ်ပြန်ပြောလိုက်သည်။

သူတို့နှစ်ဦးသား စကားတပြောပြောဖြင့် လမ်းလျှောက်လာခဲ့သည်က ရွှေရောင်နဂါးနန်းတော်ကြီး၏ အတွင်းပိုင်းသို့ရောက်ရှိလာခဲ့သည်။

ဤနေရာတွင် အစောင့်ကြပ်များက များပြားစွာရှိနေခဲ့ပြီးတော့ အစေခံများပင် ဝင်လာ၍ မရချေ။

ဤနေရာရှိ အစောင့်များ၏ ခေါင်းဆောင်ဖြစ်ဟန်ရသော လူတစ်ယောက်က အောင်းရွှီရန်ကိုယ် တွေ့သောအခါမှာ လျှင်မြန်စွာ လျှောက်လာခဲ့၏ ။

အကြီးကဲသုံး ဘာများ မိန့်ကြားစရာရှိလို့လည်း ထိုအစောင့်ခေါင်းဆောင်က အောင်းရွှီရန်ကိုယ် ဂါရဝပြုနှတ်ဆက်လိုက်ရင်းမေးလိုက်၏ ။

ကုန်းကျီ အခြားကြောင်းရာမရှိပါဘူး။ ငါတို့တားမြစ်နယ်မြေစီကိုယ် သွားမလို့ပဲ ။ မင်းတို့စရာရှိတာကိုယ် သွားလုပ်ပါ ။ ငါဘာသာပဲ သွားလိုက်မယ် ။

နားလည်ပါပြီ အကြီးကဲ ။

အောင်းရွှီရန်က အစောင့်ခေါင်းဆောင်ကုန်းကျီကိုယ် သူအလုပ်လုပ်ကိုယ်သူလုပ်ရန် ပြန်လွတ်လိုက်ပြီးနောက်တွင် သူ၏ သို့လှောင်လက်စွပ်အတွင်းမှ ရူပ်ထွေးသော အစီရင်များဖြင့် ထုထွင်းထားသော တံဆိပ်တော်တစ်ခုကိုယ် ထုတ်လိုက်၏ ။

ထိုတံဆိပ်တော်ကိုယ် အောင်းရှီရန်က သူ၏ အရှေရှိဘာမှာ မရှိသော လေဟာနယ်ကြီးကိုယ် ကပ်လိုက်ချိန်မှာ သူ၏ အရှေရှိလေဟာနယ်ကြီးက တုန်ခါသွားပြီးနောက် ဟင်းလင်းပြင်တွင်းပေါက်တစ်ခုပေါ်လာခဲ့သည်။

လုံထန်တစ်ယောက် ထိုအရာကိုယ် ကြည့်ပြီး အံအားသင့်နေခဲ့သည်။ သူရွှေရောင်နဂါးမျိုးနွယ်စု၏ နေရာသို့ ရောက်ထဲက နေရာအနှံပြားတွင်သူအတွက် အံဩစရာ တွေချည်းသာဖြစ်နေခဲ့သည်။

အောင်းရွှီရန်က လုံထန်၏ ဖြစ်ပျက်နေသော အမှုရာကြောင့် ရီမောလိုက်၏ ။

လာသွားစို့ ။ ငါနင်ကို အထဲကိုယ် လိုက်ပို့ပေးမယ် ။

အောင်းရွှီရန်က လုံထန်ကိုယ် ခေါ်လိုက်ပြီးနောက် ဟင်းလင်းပြင် တွင်းပေါက်ထဲသို့ သူမက အရင်ဝင်ရောက်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

လုံထန်လည်း ကြောင်ငေးမနေတော့ပဲ လျှင်မြန်စွာ အောင်းရွှီရန်၏ နောက်သို့ လိုက်၍ ဟင်းလင်းပြင် တွင်းပေါက်ထဲ့သို့ ဝင်ရောက်လိုက်တော့သည်။

ဟမ့် ။

လုံထန်တစ်ယောက် သူ၏ အရှေမှ မြင်ကွင်းကြောင့် နောက်ထပ်တစ်ကြိမ်ထပ်မံ၍ အံဩသွားခဲ့ရပြန်သည်။

မြင်နိုင်သမျှတဆုံးထိ တန်ဖိုးကြီး ဝိညာဉ်ဆေးပင်များ အငွေ့အဖြစ်သို့ပြောင်းလဲနေသည့် အထိ သိပ့်သည်းကြွယ်ဝလှသော ဝိညာဉ် ချီစွမ်းအင်များ ။ နေရာအနှံတွင် ကြီးမားသော ရေတံခွန်ကြီးများက စီးဆင်းနေ၍ ။ အေးချမ်းငြိမ်သက် တိတ်ဆိတ်နေလှသည်။

ဤနေရာကြီးတစ်ခုလုံးတွင် ရေစီးသံမှ လွဲ၍ တိတ်ဆိတ်ငြိမ့်သက်နေခဲ့သည်။ ဤနေရာက အမှန်တစ်ကယ်ပင် ကျင့်ကြံရန် အတွက် နိဗ္ဗာန် ဘုံပင် ဖြစ်သည်။

ဤတစ်နေ့လုံး အဖို့တော့ လုံထန်၏ အကြောင်းပြောရမည်ဆိုရင် တောသားမြို့ရောက်လာ၍ နေရာအနှံထူးဆန်းနေသည့်များကိုယ်တွေမြင်လိုက်ရတိုင်း အံဩမင်သက်နေသည့်နှင့် တူညီလှသည်။

ထိုအစဉ်......

ဘယ်လိုလည်း ဒီနေရာကိုယ် ကြိုက်ရဲ့လား ။

အောင်းရွှီရန်က လုံထန်၏ အံဩငေးကြောင့်နေသော အမှုရာကိုယ် ကြည့်၍ ရီရွှင်ဖွယ်အမှုရာဖြင့် မေးလိုက်သည်။

ထိုအခါမှာ လုံထန်တစ်ယောက် သူ၏ အမှုရာကြောင့် ရှက်ရွံစွာရီမောလိုက်၏ ။

ဒီနေရာကျင့်ကြံရန် အတွက် တစ်ကယ်ကိုယ် နေရာကောင်းပါပဲ အကြီးကဲ ။

ဒီလို့နေရာကိုယ် ကျွန်တော်အတွက် သက်သက်မဲ့ ဖွင့်လစ်ပြီးတော့ ဝင်ရောက်ခွင့်ပေးခဲ့တာ အကြီးကဲတို့ကိုယ် ကျေးဇူးတင်ပါတယ် ။ လုံထန်တစ်ယောက် အောင်းရွှီရန်ကိုယ် ဦးညွတ်ပြီး လေးစားစွာဖြင့်ပြောလိုက်သည်။

ဒီနေရာလို့ ဝိညာဉ်ချီစွမ်းအင်များက သိပ်သည်းပေါကြွယ်ဝလွန်းတဲ့နေရာမှာ ကျင့်ကြံသည့်က သူကိုယ် အချိန် အနည်းငယ်အတွင်းမှာ မြင့်မားသော အဆင့်ကိုယ် ရောက်ရှိစေမည့်မှာ မလွဲချေ။

ဟားဟား ။

အဲဒါတွေ မလို့အပ်ပါဘူး ။ မင်းငါတို့ကိုယ် ကျေးဇူးတင် တယ်ဆိုရင် မင်း ကောင်းကင်သားရဲ ဘုံကိုယ် ရောက်အောင် အမြန်လေ့ကျင့်ပါ ။

စိတ်မပူပါနဲ့ အကြီးကဲ ကျွန်တော်ကြိုးစားမှာပါ။

ဒါဆိုရင်ကောင်းပြီ ။ မင်းအေးအေးဆေးဆေး လေ့ကျင့်နေခဲ့ပါ ။ ငါမင်းအတွက် မနက်ဖြန်မှာ လိုအပ်တဲ့ အရင်းမြစ်တွေ လာပို့လှည့်မယ် ။

ကောင်းပါပြီ အကြီးကဲ ။

All Chapters