← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

အောင်းရွှီရန် ပြန်လှည့်ကာ ထွက်သွားပြီးတဲ့နောက်တွင် လုံထန်တစ်ယောက် အခြားရာတွေကိုယ် တွေးမနေတော့ပဲ သူကျင့်ကြံရန်အတွက် နေရာတစ်ခုကိုယ် ရှာဖွေလိုက်တော့သည်။

အချိန်အနည်းငယ်ကြာ ပတ်ဝန်းကျင့်ကိုယ် လိုက်လံကယလေ့လာပြီးသည့်နှင့် ရေတံခွန်၏ဘေးတွင်ရှိသော နေရာတွင်သာ လေ့ကျင့်ရန်ပြင်ဆင်လိုက်တော့သည်။

ပတ်ဝန်းကျင့်ရှိပေါကြွယ်ဝလွန်းသောဝိညာဉ်ချီစွမ်းအင်များကြောင့် သူကောင်းကင်သားရဲ အဆင့်ကိုယ် ရောက်ရှိရန် အတွက် အချိန်များစွာယူရမည့်မဟုတ်ချေ။

လုံထန်တစ်ယောက် သူရွှေးချယ်ထားသော နေရာ၌ ထိုင်ချလိုက်ပြီးနောက် ကိုးရောင်ခြယ်ဒြပ်စင်နဂါး ကျင့်စဉ်ကိုယ် လေ့ကျင့်လိုက်တော့သည်။

သူ၏ ပတ်ဝန်းကျင့်ရှိ အငွေ့အဖြစ်သိပ်သည်းနေသော ဝိညာချီစွမ်းအင်များကိုယ် လေဝဲကြီးတစ်ခုအသွင်သို့ပြောင်းသွားစေပြီး သူ၏ ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူလိုက်တော့သည်။

လုံထန်၏ အရှိန်ဝါက လျှင်မြန်သော အမြန်နူန်းဖြင့် သူ၏ အရှိန်ဝါက ကြီးထွားလာခဲ့သည်။

ဤသို့ဖြင့်လေ့ကျင့်ရင်းဖြင့်သာ တစ်ရက်ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့မနက်သူလေ့ကျင့်နေချိန်တွင် အောင်းရွှီရန် ပြန်ရောက်လာခဲ့သည်ကိုယ် တွေလိုက်ရသည်။

မင်းရဲ့အရှိန်က အရင်ကထက် အနည်းငယ်သာလာပြီပဲ ။ ညက တစ်ညပဲ ရှိသေးတယ် မင်းကအနည်းငယ် တိုးတက်လာပြီပဲ ။ အောင်းရွှီရန်က ရီမောစွာဖြင့် လုံထန်ကိုယ် စကားပြောလိုက်သည်။

အသေးမွှားလေးပါပဲ အကြီးကဲ ပြောပလောက်တဲ့ အထိ မဟုတ်ပါဘူး ။

ကောင်းကောင်းလေ့ကျင့်ပါ ငါမင်းအတွက် အသုံးပြုဖို့ အရင်းမြစ်တွေ ယူလာပေးတယ် ။

ရော့ ယူလိုက်ပါ ။

အောင်းရွှီရန်က လုံထန်၏ စီသို့ သို့လှောင်အိတ် တစ်ခု ပေးလိုက်သည်။

လုံထန်လည်း သိုလှောင်အိတ်ကိုယ် ယူလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းသို့ စစ်ဆေးကြည့်လိုက်ချိန်မှာ သူ၏ မျက်နှာမှာ ထပ်မံ၍ အံအားသင့်မှုများဖြင့်ပြည်နက်သွားပြန်သည်။

ခရမ်းရောင်အလင်းတန်းများရစ်သိုင်းနေသောအဆင့်မြင့်တန်ဖိုးကြီးဆေးပင်များနှင့် ရွှေရောင်အလင်းတန်းများ လွမ်းခြုံဝန်းရန်သော ဆေးပင်သုံးပင် လည်း ပါနေခဲ့သည်။

ထိုအပြင်ရေဒြပ်စင်ကျောက်တုံး ၊မီးဒြပ်စင်ကျောက်တုံး ၊ မြေဒြပ်စင်ကျောက်တုံး၊ သတ္တုဒြပ်စင်ကျောက်တုံး၊သစ်သားဒြပ်စင်ကျောက်တုံးတို့တွေ့ကိုယ်လည်း တွေလိုက်ရသည်။

{ ဆေးပင်တွေကိုယ် အဆင့်တွေခွဲခြားထားသည်။ အဖြူရောင်စွမ်းအင်များဝန်းရံနေရင် သာမန်ဆေးပင်၊ အဝါရောင်စွမ်းအင်များဝန်းရံနေရင် အဆင့်နိမ့်ဝိညာဉ်ဆေးပင်၊ အနီရောင်အလင်းတန်းတွေ ဝန်းရံနေရင် အလယ်လတ်ဝိညာဉ်ဆေးပင် ၊ ခရမ်းရောင်အလင်းတန်းတွေ ဝန်းရံနေရင် အဆင့်မြင့်ဝိညာဉ်ဆေးပင်၊ ရွှေရောင်စွမ်းအင်တွေ ဝန်းရံနေရင် နတ်ဘုရားဝိညာဉ်ဆေးပင်၊ အင်မော်တယ်စွမ်းအင်များ ဝန်းရံနေရင် အင်မော်တယ်ဆေးပင်တို့ ဖြစ်သည်။ }

ဤအရာတွေက ချီဝိညာဉ်ကျောက်တုန်းထက်ပို့၍ တန်ဖိုးကြီး ရှားပါးလှသည်။ ချီဝိညာဉ် ကျောက်တုန်း တွေက သူတို့ကိုယ် စုပ်ယူပြီး ဝိညာဉ်ချီများကိုယ် ဖြည့်တင်းရာတွင် အသုံးပြုနိုင်သလို့ လေ့ကျင့်ရာမှာလည်း အသုံးပြုနိုင်သည်။

သို့သော် ဒြပ်စင်ကျောက်တုံးတွေမှာ တမူ ကွဲပြားလှသည်။ မီးဒြပ်စင်ကျောက်တုံးဆိုရင် မီးဒြပ်စင် မီးစွမ်းအားကျင့်ကြံသူတွေ အတွက်ဆိုရင် ကြီးမားသော တန်ဖိုးကြီး အရင်းမြစ်ဖြစ်သလို့ သူတို့၏ မီးဒြပ်စင်စွမ်းအားကိုယ် များစွာတိုးတက်စေသည်။ အခြားဒြပ်စင်ကျောက်တုန်းတွေ ဆိုရင်လည်း သူတို့နှင့်သက်ဆိုင်ရာ စွမ်းအားကိုယ်ပို၍ တိုးတက်လာစေရန် များစွာ အထောက်ကူပြုသည်။

လုံထန်တစ်ယောက် အပျော်ကြီးပျော်သွားခဲ့သည်။ ဤ အရင်းမြစ်တွေနဲ့သာဆိုရင် သူအတွက် ကျားကိုယ် အတောင်တက်ပေးသလို့ဖြစ်နေမည်မှာမလွဲချေ။

သူ၏ပျော်ရွှင်နေသော အမှုရာကိုယ် ဖိနှိပ့်လိုက်ပြီးနောက် အောင်းရွှီရန်ကိုယ် ကျေးဇူးတင်စကားဆိုလိုက်၏ ။

ကျေးဇူးတင်ပါတယ် အကြီးကဲ ။

ဟားဟား ။

မင်းကောင်းကောင်းလေ့ကျင့်ပါ ငါလုပ်စရာရှိသေးလို့ သွားတော့မယ် ။ ထိုသို့ပြောပြီးသည့်နှင့် အောင်းရွှီရန်မှာ အပြင်သို့ ပြန်ထွက်သွားတော့သည်။

အောင်းရွှီရန်ပြန်ထွက်ခွာသွားသည့်နှင့် လုံထန်လည်း သူ၏ သို့လှောင်လက်စွပ်အတွင်းမှ ဝိညာဉ်ချိ အနှစ်သာရ ဆေးလုံးတွေကိုယ် ထုတ်ပြီးနောက် မြို့ချလိုက်သည်။

ကြယ်လေးပွင့် ဝိညာဉ်ချီအနှစ်သာရဆေး သာမန်ထက် သုံးဆခန့် ဝိညာဉ်ချီစွမ်းအင်ကိုယ် စုပ်ယူနိုင်သည်။

လုံထန်၏ တံခါးပိတ်ကျင့်ကြံမှုက ဤနေမှ စတင်ခဲ့တော့သည်။

-----------

အပြင်ဘက်တွင်.....

မိုးပြာနဂါးအင်ပါယာ ကြီးမားသော နန်းဆောင်ကြီးထဲတွင် အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က ကြီးမားသော ရေခဲပုလ္လင်ကြီးထက်၌ ပျင်းရိလေးတွဲစွာဖြင့် ထိုင်နေခဲ့သည်။

သူမ၏ အောက်ဘက်တွင်လည်း အနက်ရောင်ဝတ်ရုံကြီးများကိုယ် ခြုံထားသော လူငါးယောက်ခန့်ရှိနေခဲ့သည်။

အရှင့်မင်းသမီးကြီး အစီစဉ်ကိုယ်စတင်လို့ရပါပြီ ။ ဘယ်သူမှသတိထားမိမှာ မဟုတ်ပါဘူး ။

အင်း ။

ဘာတစ်ခုမှလွဲချော်သွားတာ ကိုယ် မကြားချင်ဘူး ။ အဲလို့ဖြစ်လာခဲ့ရင်သိတယ်မလား ။ ရေခဲပုလ္လင်ကြီးပေါ်မှ အမျိုးသမီးက သူမ၏ အောက်ဘက်ရှိလူများကိုယ် အေးစက်နေသောမျက်ဝန်းများဖြင့်ပြောလိုက်သည်။

စိတ်ချပါ။

အရှင့်မင်းသမီးကြီးဘာအမှားယွင်းမှာ မရှိအောင်သေချာစီစဉ်ပြီးသွားပါပြီ ။

ဘယ်တော့စတင်မှာလည်း ။

မနက်ဖြန်မှာတင်မှာပါ အရှင့်မင်းသမီးကြီး ။

ကောင်းပြီ။ မင်းတို့သွားလို့ရပြီ။

အစီစဉ်သာ အကောင်ထည်ပေါ်လာရင် မင်းတို့ကိုယ် ကြီးစွာသော ကောင်းကျိုးတွေ ပေးမယ် ။

ကျေးဇူးတင်ပါတယ် မင်းသမီးကြီး။

ဝတ်ရုံနက်ရုံထားသော ငါးယောက်မှာ သူတို့ရပ်နေသော နေရာမှ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်လား ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့တော့သည်။

ထိုအမျိုးသမီး ပျင်းရိလေးတွဲနေသော အသံဖြင့် အပြင်သို့ခေါ်လိုက်သည်။

လီအာလေး။

သူမ၏ ကိုယ်ပိုင်အစေခံက အပြန်ဘက်မှ လျှင်မြန်စွာဝင်လာခဲ့သည်။

အရှင့်မ ဘာများမိန့်ကြားချင်လို့ပါလည်း ။

သွေးနဂါးနယ်မြေက ဘာသတင်းထူးလည်း ။

ဘာမှသတင်းမထူးပါဘူး အရှင့်မ ၊ မင်းသားခြောက်က သားရဲနတ်ဘုရားစမ်းသပ်ကွင်းပြင်ကိုယ်ဝင်ရောက်သွားထဲက သူရဲ့နယ်မြေက ငြိမ့်သက်နေတာကြာပါပြီ ။

ကောင်းပြီ ဆက်လက်ဆောင့်ကြည့်ခိုင်းထားပါ။

နားလည်ပါပြီ အရှင့်မ ။

All Chapters