ကောင်းကင်သားရဲ ဘုံအဆင့်သို့တက်ရောက်ခြင်း။ ( 1 )
Vol. 6 Ch. 83
အချိန်တွေက လျှင်မြန်စွာဖြင့်ပင် ကုန်ဆုံးသွားခဲ့၏ ။
ရက်ကိုလနဲ့စား ပြီးတော့ အချိန်ကုန်ဆုံးမှုက လျှင်မြန်နေခဲ့ပြီးတော့ လုံထန် ရွှေရောင်နဂါးမျိုးနွယ်စု၏ တားမြစ်နယ်မြေအတွင်းမှာ ကျင့်ကြံနေခဲ့သည်မှာ ငါးလခန့်ပဲ ကြာသွားခဲ့ပြီဖြစ်၏ ။
အပြင်ဘက်မှာတော့ အခြေနေတွေက မအေးချမ်းခဲ့ချေ။
ရုတ်တရက်ဆိုသလို့ မိုးပြာနဂါးဘုရင်ကြီးက ကျန်းမာရေး မကောင်းဘူးဆိုသော အချက်ကြောင့်နှင့် မိဖုရားကြီးက မိုးပြာနဂါး အင်ပါယာ၏ အာဏ ကိုယ် ချုပ်ကိုင်ထားခဲ့သည်။
ထိုအပြင် လုံထန်၏ အပိုင်နယ်မြေဖြစ်သော သွေးနဂါးနယ် မြေကိုယ်လည်း နှစ်စဉ်အခွန်များ ဆက်သစေရန် အမိန့်ချမှတ်စေခဲ့ပြီးတော့ အင်ပါယာ၏ ထိပ်တန်း နဂါးစစ်သည့်များကိုလည်းစေလွတ်ခဲ့သည်။
ထိုသတင်းများ အနောက်ပိုင်းဒေသ တစ်ခုလုံးကိုယ် လှုပ်လှုပ်ခက်ခက်ဖြစ်သွားစေခဲ့သည်။
အရှင့်သခင်သားရဲ အဆင်ကိုယ် ရှေတစ်လှမ်းဝင်နေသော စွမ်းအားကြီး မိုးပြာနဂါး ဘုရင်ကျန်းမာရေးမကောင်းဘူးဆိုတာ မဖြစ်နိုင်ချေ။
ဤကိစ္စက၏ နောက်ကွယ်မှာ ရေနဂါး မျိုးနွယ်စုပါနေမလား ဆိုတာ အားလုံးကစဉ်းစားခန်း ဝင်နေခဲ့သည်။ ဘာကြောင့်ဆို ဖိဖုရားကြီး က ရေနဂါး မျိုး နွယ်စု၏ မင်းသမီးတစ်ပါး ဖြစခဲသောကြောင့် ဖြစ်သည်။
သို့သော်လည်း မျိုးနွယ်စုအားလုံးက ဤ ကိစ္စက ဘာဖြစ်လာမလည်းဆိုတာကိုယ် အာရုံစိုက်နေကြသည်။
မိုးပြာနဂါး အင်ပါယာတွင်လည်း ဤကိစ္စကြောင့် အတွင်းပြသာနာများ ဖြစ်နေခဲ့ပြီး အုပ်စုနှစ်ခု ကွဲသွားခဲကြသည်။ တစ်စုက မိဖုရားကြီးကိုယ်ထောက်ခံ၍ တစ်စုက တော့ အသေလည်း ဆန့်ကျင်နေသော အုပ်စုဖြစ်သည်။
------------
တစ်ဖက် ရွှေရောင်နဂါး တွေနေထိုင်သော သားရဲနတ်ဘုရား စမ်းသပ်ကွင်းပြင်၏ အတွင်းပိုင်းတွင် အစပိုင်းတွင်တည့်ငြိမ်နေသောလည်း ယခုအချိန်တော့နယ်မြေကြီးတစ်ခုလုံးတုန်ခါနေပြီး စွမ်းအားကြီး အရှိန်များဖြင့် ဖြာထွက်နေခဲ့သည်။
ဘုန်း ။
ကြီးမားသော အလင်းတိုင်လုံးကြီးများက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။ စွမ်းအင်အတက်ကျများကလည်း နယ်မြေတစ်လျှောက်လုံးကိုယ် ပြန့်နှံသွားခဲ့သည်။
ဟမ့် ။
ရွှေရောင်နဂါးမျိုးနွယ်စု၏ အကြီးကဲ ငါးယောက်က လည်း တပြိုင်ထဲ တားမြစ်နယ်မြေနေရာသို့ ကြည့်လိုက်ပြီး သူတို့ရှိနေသော နေရာမှ ပျောက်ကွယ်သွားခဲ့ကာ ထိုနေရာသို့ တားမြစ်နယ်မြေရှိရာ သို့ ထွက်ခွာလာခဲ့တော့သည်။
သူတို့ငါးယောက်စလုံး တားမြစ်နယ်မြေနားရောက်လေ တားမြစ်နယ်မြေ၏ အတွင်းမှာ စွမ်းအင်အတက်ကျများကိုယ် ခံစားမိလေဖြစ်သည်။ ဤအရှိန်ဝါက ကောင်းကင်သားရဲ ဘုံ အဆင့်ဖြစ်သည်။
ထိုအစဉ်မှာ ....
ကောင်းကင်ထက်သို့ အနီရောင်၊အပြာရောင်၊ အညိုရောင်၊ရွှေရောင်၊ အစိမ်းရောင်နှင့် လျှပ်စီး အလင်းတန်းကြီး တို့က လည်း ကောင်းကင်ထက်သို့ တပြိုင်နက်ထဲ ထပ်မံ၍ ထိုးတက်သွားပြန်သည်။
ဟမ့် ။
ဒါက ။
ဒြပ်စင်စွမ်းအားတွေ အများကြီးပါလား ။ ရွှေရောင်နဂါးမျိုးနွယ်စု အကြီးကဲ တစ်ဖြစ်သူအောင်းကျန်းဟန်က မယုံနိုင်စွာဖြစ်ရေရွတ်လိုက်သည်။
လုံထန်ကိုယ်သူတို့အများကြီး တွေးထားသော်လည်း အခုလို ကောင်းကင်ပေါ်တွင်တွေနေရသော ဒြပ်စင်စွမ်းအားခြောက်ခုကိုယ် တွေချိန်မှာ တော့ ယုံကြည့်နိုင်ခြင်းမရှိသေးချေ။
သူတို့ရွေရောင်နဂါးမျိုးနွယ်စုများမှာ လည်း ဒြပ်စင်ငါးမျိုးထိ ထိန်းချုပ်နိုင်၏ ။ သို့သော်လည်း သူတို့ အရှေကမှ လူကတော့ ဒြပ်စင် ခြောက်မျိုး ဖြစ်သည်။ ဤသည့်က ဘာလဲ။ အမှန်တရား သူတို့ကိုယ် ထိတ်လန့် တုန်လူပ်စေသည်။
ထိုအစဉ် သူတို့အတွေးများနှင့် ထိတ်လန့်နေစဉ်မှာ ......
ဝုန်း ။
စွမ်းအင်များက ပို၍ သိပ်သည်းသွားခဲ့ပြီးတော့ထိုအလင်းတန်း ခြောက်ခု ထွက်ပေါ်လာခဲ့သည်နှင့် ကောင်းကင်ထက်၌လည်း တိမ်ညိုတိမ်မဲများက လျှင်မြန်စွာ စုဝေးလာခဲ့ကြသည်။
ဂျိန်း ။
ဂျိန်း ။
တိမ်မဲများက လျှင်မြန်စွာ စုဝေးလာခဲ့ပြီး လျှင်မြန်စွာပင် ကျယ်ပြန့်လာခဲ့သည်။
လုံထန်လည်း သူ၏ ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီးနောက်တွင် တားမြစ်နယ်မြေ၏ အပြင်သို့ ထွက်လာခဲ့၍ ကောင်းကင်တက်သို့ပြန်တက်လိုက်၏ ။ ဤသည့်က ရှောင်လွဲမရပဲ ကောင်းကင်သားရဲ ဘုံကိုယ် တက်ရောက်သူတိုင်း ကြုံတွေရမည်။ ကပ်ဘေးမိုးကြိုးဖြစ်သည်။ ဤ အဆင့်မိုးကြိုးကပ်ဘေး ကိုးကြိမ် တိတိ ခံယူရမည်ဖြစ်သည်။ တစ်ကြိမ်ထက် တစ်ကြိမ်လည်း ပို၍ အားကောင်းလာမည်ဖြစ်သည်။
ဤအဆင့်မှာ သူတို့၏ ခန္ဓာကိုယ်များကိုယ် မသေမျိုးခန္ဓာကိုယ် အဆင့်သို့ ကူပြောင်းခြင်း အဆင့်လည်းဖြစ်သည်။ ထိုကြောင့်သူတို့၏ သေမျိုးခန္ဓာကိုယ် ကပ်ဘေးမိုးကြိုးဖြင့် ဆေးကြောခံပြီးတော့ မသေမျိုးခန္ဓာကိုယ် အဆင့်သို့ကူးပြောင်းခြင်းလဲ ဖြစ်သည်။
ဤအဆင့်က အလွန်အန္တာရာယ်များသော အဆင့်လည်း အဖြစ်၏။ အချို့သောလူများဆိုရင် မိုးကြိုးကပ်ဘေး၏ အောက်မှာ ထာဝရပျောက်ကွယ်သွားကြရသည်။
ထိုအပြင်လည်း ဤကောင်းကင်သားရဲဘုံအဆင့်ကိုယ်ချိုးဖြတ်ပြီးမှာ သူတို့၏ မျိုးရိုး သဘာဝ နတ်စွမ်းရည်တစ်ခု နိုးထလာရာ အဆင့်လည်း ဖြစ်သည်။ ထိုကြောင့် မိုးကြိုးကပ်ဘေးမှာ နိုးထလာမည့် နတ်စွမ်းရည်က အားကောင်း သန်မာလေ ပို၍ ပြင်းထန်လှလေဖြစ်သည်။
လုံထန်တစ်ယောက် ကောင်းကင်ထက်၌ ရပ်လိုက်သည်နှင့် ကောင်းကင်ယံထက်မှ တိမ်မဲ များကြားမှနေ၍ ကျယ်လှောင်အသံကြီး ထွက်ပေါ်လာခဲ့၏ ။
ဂျိန်း ။
အဖြုရောင်မိုးကြိုးတစ်စင်း ကလေး လက်မောင်းအရွယ်စားလောက်ရှိပြီးတော့ လုံထန်၏ ဦးခေါင်းရှိရာ စီသို့ ဦးတည်၍ ကျဆင်းလာခဲ့သည်။
ဟမ့် ။
လာစမ်းပါ ။
လုံထန်တစ်ယောက်သူ ၏ မိုးကြိုးလျှပ်စီးဒြပ်စင်စွမ်းအားကိုယ် အသက်သွင်းလိုက်၏ ။
သူ၏ ခန္ဓာကိုယ် ဝန်းကျင်တစ်ဝိူက်တွင် လျှင်မြန်စွာ သိပ်သည်းလှသော မိုးကြိုးလျှပ်စီးများ ရစ်သိုင်းလာခဲ့သည်။
သူ၏ လက်သီးကိုယ် ဆုပ်၍ ကျဆင်းလာသော မိုးကြိုးကိုယ် လက်သီးဖြင့် ထိုးချလိုက်သည်။
ပြိုကွဲလိုက်စမ်း ။
ဝုန်း ။
လုံထန်၏ လက်သီး အောက်မှာ ပထမဆုံး မိုးကြိုးမှာ ပြိုကွဲသွားခဲ့ပြီးတော့ လျှပ်စီး အမှုန့်လေးများဖြင့် ပြန်ကျဲသွား၏ ။ လုံထန်က ထိုပြန်ကျဲသွားသော လျှပ်စီးအမှုန့်လေးတွေကိုယ် သူ၏ ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူလိုက်၏ ။ ဤအမှုန့်လျှပ်စီးလေးများက သူ၏ ခန္ဓာကိုယ်ကို သန်စင်ရာတွင် များစွာ အထောက်ကူပြု၏ ။